< Nehemias 12 >
1 Dette er de prester og levitter som drog hjem med Serubabel, Sealtiels sønn, og Josva: Seraja, Jirmeja, Esras,
၁ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။
2 Amarja, Malluk, Hattus,
၂ယဇ်ပုရောဟိတ်များစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ စရာယ၊ယေရမိ၊ဧဇရ၊ အာမရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေခနိ၊ရေဟုံ၊မေရမုတ်၊ ဣဒေါ၊ဂိန္နေသုန်၊အဘိယ၊ မိညာမိန်၊မာဒျာ၊ဗိလဂ၊ ရှေမာယ၊ယောယရိပ်၊ယေဒါယ၊ သလ္လု၊အာမောက်၊ဟိလခိ၊ယေဒါယ။ ထိုသူတို့သည်ယောရှု၏လက်ထက်၌ မိမိတို့၏အဖော်ယဇ်ပုရောဟိတ်တို့၏ခေါင်းဆောင်များဖြစ်ကြ၏။
3 Sekanja, Rehum, Meremot,
၃
5 Mijamin, Ma'adja, Bilga,
၅
6 Semaja, Jojarib, Jedaja,
၆
7 Sallu, Amok, Hilkia og Jedaja. Disse var overhodene for prestene og for sine brødre på Josvas tid.
၇
8 Og levittene var: Josva, Binnui, Kadmiel, Serebja, Juda og Mattanja, som sammen med sine brødre forestod lovsangen,
၈လေဝိအနွယ်ဝင်များစာရင်း။ အောက်ပါတို့သည်ကျေးဇူးတော်ချီးမွမ်းရာဋ္ဌမ္မသီချင်းများသီဆိုမှုတွင်တာဝန်ယူဆောင်ရွက်ရသူများဖြစ်ကြသည်။ ယောရှု၊ဗိနွိ၊ကပ်မျေလ၊ ရှေရဘိ၊ယုဒနှင့်မဿနိ၊
9 mens deres brødre Bakbukja og Unno stod midt imot dem for å vareta sin tjeneste.
၉အောက်ပါတို့သည်တုန့်ပြန်သီဆိုမှုကိုပြုရသည့်သီချင်းသည်များဖြစ်ကြ၏။ ဗာကဗုကိ၊ ဥနိနှင့်အဖော်လေဝိအနွယ်ဝင်များ။
10 Josva fikk sønnen Jojakim, Jojakim fikk Eljasib, Eljasib fikk Jojada,
၁၀ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
11 Jojada fikk Jonatan, og Jonatan fikk Jaddua.
၁၁ယောယဒ၏သားသည်ယောနသန်၊ ယောနသန်၏သားမှာယာဒွါဖြစ်၏။
12 På Jojakims tid var disse prestenes familie-overhoder: for Serajas familie Meraja, for Jirmejas Hananja,
၁၂ယဇ်ပုရောဟိတ်မင်း ယောယကိမ်လက်ထက်၌အောက်ပါတို့သည် ယဇ်ပုရောဟိတ်သားချင်းစုတို့၏ဦးစီးခေါင်းဆောင်များအဖြစ်ဆောင်ရွက်ရကြ၏။ သားချင်းစု ဦးစီးခေါင်းဆောင် စရာယ မေရာယ ယေရမိ ဟာနနိ ဧဇရ မေရှုလံ အာမရိ ယောဟနန် မလ္လုတ် ယောနသန် ရှေခနိ ယောသပ် ဟာရိမ အာဒန မေရာယုတ် ဟေလကဲ ဣဒေါ ဇာခရိ ဂိန္နေသုန် မေရှုလံ အဘိယ ဇိခရိ မိညာမိန် ဟေဗြဲစာမူတွင်နာမည်မပါလာ မာဒျာ ပိလတဲ ဗိလဂ ရှမွာ ရှေမာယ ယေဟောနသန် ယောယရိပ် မတ္တေနဲ ယေဒါယ သြဇိ သလ္လု ကာလဲ အာမောက် ဧဗာ ဟိလခိ ဟာရှဘိ ယေဒါယ နာသနေလ
13 for Esras' Mesullam, for Amarjas Johanan,
၁၃
14 for Melukis Jonatan, for Sebanjas Josef,
၁၄
15 for Harims Adna, for Merajots Helkai,
၁၅
16 for Iddos Sakarias, for Ginnetons Mesullam,
၁၆
17 for Abias Sikri, for Minjamins, for Moadjas Piltai,
၁၇
18 for Bilgas Sammua, for Semajas Jonatan,
၁၈
19 for Jojaribs Mattenai, for Jedajas Ussi,
၁၉
20 for Sallais Kallai, for Amoks Eber,
၂၀
21 for Hilkias Hasabja og for Jedajas Netanel.
၂၁
22 I Eljasibs, Jojadas, Johanans og Jadduas tid blev levittenes familieoverhoder optegnet, likeså prestene under perseren Darius' regjering.
၂၂ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။
23 Familie-overhodene for Levis barn blev optegnet i krønikeboken, og det like til Johanans, Eljasibs sønns tid.
၂၃သို့ရာတွင်လေဝိအိမ်ထောင်ဦးစီးများစာရင်းကိုဧလျာရှိပ်၏မြေးယောဟနန်၏လက်ထက်တိုင်အောင်သာလျှင်တရားဝင်မှတ်တမ်းများတွင်တွေ့ရှိရ၏။
24 Levittenes overhoder var: Hasabja, Serebia og Josva, Kadmiels sønn, og deres brødre stod midt imot dem for å love og prise Gud, således som den Guds mann David hadde befalt, flokk ved flokk.
၂၄ဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။
25 Mattanja, Bakbukja, Obadja, Mesullam, Talmon og Akkub holdt som dørvoktere vakt over forrådskammerne ved portene.
၂၅ဗိမာန်တော်အဝင်တံခါးအနီးရှိပစ္စည်းသိုလှောင်ခန်းများကိုတာဝန်ယူစောင့်ထိန်းရသောဗိမာန်တော်အစောင့်တပ်သားများမှာမဿနိ၊ ဗာကဗုကိ၊ သြဗဒိ၊ မေရှုလံ၊ တာလမုန်နှင့်အက္ကုပ်တို့ဖြစ်ကြ၏။
26 Disse levde i Jojakims, Josvas sønns, Josadaks sønns tid, og i stattholderen Nehemias' og i presten Esras', den skriftlærdes, tid.
၂၆ဤသူအပေါင်းတို့သည်ယောဇဒက်၏မြေး၊ ယောရှု၏သားယောယကိန်၊ ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်မြောက်သူယဇ်ပုရောဟိတ်ဧဇရတို့၏လက်ထက်၌နေထိုင်ကြသူများဖြစ်ပေသည်။
27 Til innvielsen av Jerusalems mur hentet de levittene fra alle deres bosteder og førte dem til Jerusalem for å holde innvielse og gledesfest både med lovprisning og med sang, med cymbler, harper og citarer.
၂၇ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။
28 Og sangernes barn kom sammen både fra landet rundt om Jerusalem og fra netofatittenes landsbyer
၂၈ဋ္ဌမ္မသီချင်းကိုဆိုသောလေဝိအိမ်ထောင်စုများသည်၊ မိမိတို့အတည်တကျနေထိုင်ရာယေရုရှလင်မြို့ပတ်ဝန်းကျင်ဒေသနေတောဖာပတ်ဝန်းကျင်ရှိမြို့များ၊-
29 og fra Bet-Haggilgal og fra Gebas og Asmavets jorder; for sangerne hadde bygget sig landsbyer rundt omkring Jerusalem.
၂၉ဂိလဂါလ၊ ဂေဗနှင့်အာဇမာဝက်ကျေးလက်များမှလာရောက်ကြလေသည်။-
30 Og prestene og levittene renset sig, og de renset folket og portene og muren.
၃၀ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ပြည်သူများ၊ မြို့တံခါးများ၊ မြို့ရိုးအတွက်လည်းကောင်းဘာသာရေးထုံးနည်းအရသန့်စင်မှုကိုပြုကြ၏။
31 Da lot jeg Judas høvdinger stige op på muren, og jeg opstilte to store lovsangskor og festtog; det ene gikk til høire ovenpå muren frem til Møkkporten;
၃၁ငါသည်ယုဒခေါင်းဆောင်များအားမြို့ရိုးပေါ်တွင်စုရုံးစေပြီးလျှင် မြို့ကိုလှည့်လည်၍ကျေးဇူးတော်ကိုသီဆိုချီးမွမ်းရန်လူစုကြီးနှစ်စုကိုကြီးကြပ်စေ၏။ ပထမတစ်စုသည်အမှိုက်ပုံတံခါးသို့ဦးတည်လျက်မြို့ရိုးပေါ်တွင်လက်ယာရစ်လှည့်ကြ၏။-
32 og efter dem gikk Hosaja og halvdelen av Judas høvdinger,
၃၂သီချင်းသည်များ၏နောက်မှဟောရှယလိုက်၏။ သူ၏နောက်တွင်ယုဒခေါင်းဆောင်တစ်ဝက်လိုက်ကြ၏။-
33 Asarja, Esras og Mesullam,
၃၃ထိုနောက်ယဇ်ပုရောဟိတ်များဖြစ်ကြသောအာဇရိ၊ ဧဇရ၊မေရှုလံ၊-
34 Juda, Benjamin, Semaja og Jirmeja
၃၄ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယနှင့်ယေရမိတို့နှင့်၊-
35 og likeså nogen av prestenes barn, som bar trompeter; det var Sakarja, sønn av Jonatan, sønn av Semaja, sønn av Mattanja, sønn av Mikaja, sønn av Sakkur, sønn av Asaf,
၃၅ယဇ်ပုရောဟိတ်အချို့က တံပိုးခရာများမှုတ်၍လိုက်ကြ၏။ ထိုနောက်ရှေမာယ၏မြေး၊ ယောနသန်၏သားဇာခရိလိုက်လေသည်။ (သူ၏ဘိုးဘေးများတွင်အာသပ်သားချင်းစုဝင်ဖြစ်ကြသောမဿနိ၊ မိက္ခာယနှင့်ဇက္ကုရတို့လည်းပါဝင်လေသည်။-)
36 og hans brødre Semaja og Asarel, Milalai, Gilalai, Ma'ai, Netanel, Juda og Hanani med den Guds mann Davids sanginstrumenter; og Esras, den skriftlærde, gikk foran dem.
၃၆သူ၏နောက်၌သူ့သားချင်းစုဝင်များဖြစ်ကြသောရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒနှင့်ဟာနနိတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်မင်းတီးမှုတ်သည့်တူရိယာမျိုးတို့ကိုကိုင်ဆောင်လျက်လိုက်ကြ၏။ ကျမ်းတတ်မြောက်သူဧဇရကဤလူစုတို့လှည့်လည်ရာတွင်ဦးစီးခေါင်းဆောင်ပြုလေသည်။-
37 De gikk over Kildeporten og rett frem, opover trappene til Davids stad, der hvor en stiger op på muren ovenfor Davids hus, helt frem til Vannporten i øst.
၃၇စမ်းရေတွင်းတံခါးသို့ရောက်သောအခါသူတို့သည် ဒါဝိဒ်မြို့သို့သွားရာလှေကားထစ်များကိုတက်၍ ဒါဝိဒ်နန်းတော်ကိုဖြတ်ကျော်ကာမြို့အရှေ့ဘက်၊ ရေတံခါးအနီးရှိမြို့ရိုးသို့ပြန်လည်ရောက်ရှိလာကြ၏။
38 Det andre lovsangskor gikk til den motsatte side, og jeg fulgte efter det med den andre halvdel av folket, ovenpå muren, ovenfor Ovnstårnet, bort til den brede mur,
၃၈ကျေးဇူးတော်ချီးမွမ်းသည့်အခြားလူစုသည်မြို့ရိုးပေါ်တွင်လက်ဝဲရစ်လှည့်၏။ ငါသည်ကျန်ပရိသတ်တစ်ဝက်နှင့်အတူသူတို့၏နောက်မှလိုက်ကြ၏။ ငါတို့သည်မုန့်ဖိုပြအိုးကိုဖြတ်၍မြို့ရိုးကျယ်အထိလျှောက်သွားကြပြီးလျှင်၊-
39 og over Efra'im-porten, den gamle port og Fiskeporten, forbi Hananel-tårnet og Mea-tårnet, helt frem til Fåreporten; de stanset ved Fengselsporten.
၃၉ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုးနှင့်ရာပြည့်ပြအိုးတို့ကိုဖြတ်၍ သိုးတံခါးသို့သွားပြီးနောက်ဗိမာန်တော်အနီးရှိတံခါးတွင်ရပ်နေကြ၏။
40 Således stod begge lovsangskorene ved Guds hus, likeså jeg og halvdelen av formennene med mig
၄၀သို့ဖြစ်၍ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းသည့်လူစုနှစ်စုစလုံးပင်ဗိမာန်တော်နယ်မြေသို့ရောက်ရှိလာကြလေသည်။ ငါနှင့်အတူလိုက်ပါလာသည့်ခေါင်းဆောင်များအပြင်၊-
41 og prestene Eljakim, Ma'aseja, Minjamin, Mikaja, Eljoenai, Sakarja og Hananja med trompeter,
၄၁ငါ၏လူစုတွင်တံပိုးခရာမှုတ်သူယဇ်ပုရောဟိတ်များဖြစ်ကြသည့်ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိသြနဲ၊ ဇာခရိနှင့်ဟာနနိတို့ပါဝင်ကြ၏။-
42 og Ma'aseja, Semaja, Eleasar, Ussi, Johanan, Malkia, Elam og Eser. Og sangerne istemte sangen, og den som ledet den, var Jisrahja.
၄၂သူတို့၏နောက်မှမာသေယ၊ ရှေမာယ၊ ဧလာဇာ၊ သြဇိ ၊ ယောဟနန်၊ မာလခိယ၊ ဧလံနှင့်ဧဇာတို့ကလိုက်ကြ၏။ ယေဇရာဟိခေါင်းဆောင်သောသီချင်းသည်များသည်အသံကုန်ဟစ်၍သီဆိုကြ၏။
43 De ofret den dag store offer og gledet sig, for Gud hadde latt dem vederfares en stor glede; også kvinnene og barna gledet sig, og jubelen i Jerusalem hørtes lang vei.
၄၃ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
44 Samme dag blev det innsatt menn som skulde ha tilsyn med forrådskammerne for de hellige gaver, førstegrøden og tiendene; der skulde de samle fra bymarkene det som efter loven tilkom prestene og levittene; for det var glede i Juda over at prestene og levittene nu utførte sin tjeneste.
၄၄ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။
45 Og de varetok hvad det var å vareta for deres Gud, og hvad det var å vareta ved renselsen; likeså varetok sangerne og dørvokterne sin tjeneste, således som David og hans sønn Salomo hadde befalt.
၄၅
46 For allerede i gammel tid, i Davids og Asafs dager, var det ledere for sangerne, og det lød lov- og takkesanger til Gud.
၄၆ရှေးကာလဒါဝိဒ်မင်းနှင့်ဂီတပညာသည်အာသပ်၏လက်ထက်မှအစပြု၍ ဘုရားသခင်၏ဂုဏ်တော်နှင့်ကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုဂီတပညာသည်များကဦးဆောင်သီဆိုခဲ့ကြသည်။-
47 Og i Serubabels og Nehemias' dager gav hele Israel sangerne og dørvokterne det som tilkom dem for hver dag; og de gav levittene hellige gaver, og levittene gav Arons barn hellige gaver.
၄၇ဇေရုဗဗေလ၏လက်ထက်နှင့်နေဟမိ၏လက်ထက်၌လည်း ဣသရေလအမျိုးသားအပေါင်းတို့သည်ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားတို့အတွက် ရိက္ခာများကိုနေ့စဉ်နေ့တိုင်းထောက်ပံ့လှူဒါန်းကြလေသည်။ ပြည်သူတို့သည်လေဝိအနွယ်ဝင်တို့အားသန့်ရှင်းသည့်အရာတို့ကိုလှူဒါန်းကြ၏။ လေဝိအနွယ်ဝင်များကလည်း ယဇ်ပုရောဟိတ်တို့အားသင့်ရာအချိုးကိုတစ်ဆင့်လှူဒါန်းကြ၏။