< Nahum 1 >

1 Dette er et utsagn om Ninive - en bok om elkositten Nahums syn.
ဤ​အ​ကြောင်း​အ​ရာ​သည်​နိ​နေ​ဝေ​မြို့​နှင့် ပတ်​သက်​သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၍ ဧ​လ ကော​ရှ​ရွာ​သား​နာ​ဟုံ​တွေ့​မြင်​ရ​သည့် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ပင်​ဖြစ်​ပေ သည်။
2 En nidkjær og hevnende Gud er Herren, en hevner er Herren og full av harme; en hevner er Herren mot sine motstandere og en som gjemmer på vrede mot sine fiender.
ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အား အံ​တု​ဖက်​ပြိုင်​သူ​တို့​ကို​သည်း​ခံ​တော်​မ​မူ။ ကိုယ်​တော်​သည်​အ​တိုက်​အ​ခံ​ပြု​သူ​များ​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ အ​မျက်​တော်​ထွက်​၍​သူ​တို့​အား လက်​စား​ချေ​တော်​မူ​၏။
3 Herren er langmodig, men han er stor i kraft, og ustraffet lar han aldri den skyldige være. I hvirvelvind og storm har Herren sin vei, og skyer er støvet under hans føtter.
ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွယ်​တ​ကူ အ​မျက်​ထွက်​တော်​မ​မူ​တတ်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​တန်​ခိုး​ကြီး တော်​မူ​၍၊ အ​ပြစ်​ရှိ​သူ​တို့​ကို​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ အ​ဘယ်​အ​ခါ​၌​မျှ​ထား​တော်​မ​မူ​ပါ။ ကိုယ်​တော်​လျှောက်​သွား​ရာ​အ​ရပ်​တို့​၌ လေ​မုန်​တိုင်း​များ​ကျ​ရောက်​တတ်​၏။ မိုး​တိမ်​များ​ကား​ကိုယ်​တော်​၏​ရွှေ​စက်​တော် အောက်​မှ ထ​သည့်​မြေ​မှုန့်​များ​ပင်​တည်း။
4 Han truer havet og tørker det ut, og alle elvene gjør han tørre; Basan visner og Karmel, og Libanons blomst visner bort.
ကိုယ်​တော်​သည်​ပင်​လယ်​ကို​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ​ပင်​လယ်​ရေ​သည်​ခန်း​ခြောက်​၍ သွား​၏။ ကိုယ်​တော်​သည်​မြစ်​တို့​ကို​လည်း ရေ​ကုန်​ခန်း​စေ​တော်​မူ​၏။ ဗာ​ရှန်​တောင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကာ က​ရ​မေ​လ​တောင်​သည်​အ​ညို​ရောင်​သန်း​၍ သွား​၏။ လေ​ဗ​နုန်​တောင်​မှ​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​ကြ​ကုန်​၏။
5 Fjellene skjelver for ham, og haugene smelter, og jorden hever sig for hans åsyn, jorderike og alle som bor der.
ကိုယ်​တော်​၏​ရှေ့​၌​တောင်​ကြီး​များ​သည် တုန်​လှုပ်​ကြ​လျက်၊ တောင်​ငယ်​များ​သည်​အ​ရည်​ပျော်​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​သော​အ​ခါ မြေ​င​လျင်​လှုပ်​၍၊ ကမ္ဘာ​လော​က​နှင့်​တ​ကွ​ကမ္ဘာ​သူ​ကမ္ဘာ​သား အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။
6 Hvem holder stand for hans harme, og hvem utholder hans brennende vrede? Hans harme strømmer frem som ild, og fjellene styrter sammen for ham.
ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။
7 Herren er god, et vern på trengselens dag, og han kjenner dem som tar sin tilflukt til ham.
ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍၊ မိ​မိ​၏​လူ​မျိုး​တော်​ဒုက္ခ​ရောက်​ချိန်​၌​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ အ​ထံ​တော်​တွင်​ခို​လှုံ​သူ​တို့​အား​ကြည့်​ရှု ပြု​စု​တော်​မူ​၏။
8 Men med en overskyllende flom skal han tilintetgjøre grunnen det står på, og mørket skal forfølge hans fiender.
ကိုယ်​တော်​သည်​အ​ရှိန်​ပြင်း​စွာ​လွှမ်း​မိုး​သည့် မြစ်​ရေ​ကဲ့​သို့​ရန်​သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​၏။ မိ​မိ​ကို​အ​တိုက်​အ​ခံ​ပြု​သူ​တို့​အား သေ​ရွာ​သို့ ပို့​ဆောင်​တော်​မူ​၏။
9 Hvad er det I tenker ut mot Herren? Han skal gjøre ende på eder; trengselen skal ikke komme to ganger.
သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆန့်​ကျင်​၍ အ​ဘယ်​အ​မှု​ကို​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း။ ကိုယ်​တော်​သည်​သင့်​ကို​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​တစ်​ကြိမ်​ထက်​ပို​၍ အ​တိုက်​အ​ခံ​မ​ပြု​နိုင်။
10 For er de enn så sammenflettet som torner og så fulle som deres fullskap kan gjøre dem, så blir de like fullt aldeles fortært som tørr halm.
၁၀သင်​သည်​ဆူး​ချုံ​မြက်​ခြောက်​သ​ဖွယ် မီး​လောင်​ကျွမ်း​သွား​လိမ့်​မည်။
11 Fra dig gikk det ut en som tenkte ut ondt mot Herren, som la op ugudelige råd.
၁၁အို နိ​နေ​ဝေ​မြို့၊ စီ​မံ​ကိန်း​အ​မျိုး​မျိုး​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား မ​ကောင်း​ကြံ​စည်​သူ​လူ​တစ်​ယောက် သည်​သင့်​အ​ထဲ​က​ထွက်​ပေါ်​လာ​လေ​ပြီ။-
12 Så sier Herren: Er de enn i full kraft og mange i tall, skal de allikevel bli nedmeiet som de er, og borte er de. Har jeg plaget dig, så vil jeg ikke plage dig mere;
၁၂ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``အာ​ရှု​ရိ အ​မျိုး​သား​တို့​သည်​ခွန်​အား​ကြီး​၍​အ​ရေ အ​တွက်​အား​ဖြင့်​များ​သော်​လည်း သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​လျက်​ကွယ်​ပျောက် သွား​ကြ​လိမ့်​မည်။ အို ငါ​၏​လူ​မျိုး​တော်၊ ငါ သည်​သင်​တို့​အား​ဒုက္ခ​ရောက်​စေ​ခဲ့​ဖူး​သော် လည်း​နောက်​တစ်​ဖန်​ထို​သို့​ပြု​တော့​မည် မ​ဟုတ်။-
13 men nu vil jeg bryte det åk han la på dig, og sønderrive dine bånd.
၁၃သင်​တို့​အား​အာ​ရှု​ရိ​ပြည်​၏​လက်​အောက်​မှ လွတ်​မြောက်​စေ​မည်။ သင်​တို့​ကို​ချည်​နှောင် ထား​သည့်​သံ​ကြိုး​များ​ကို​ဖြတ်​တောက် ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
14 Men om dig byder Herren så: Det skal ikke mere fødes nogen som bærer ditt navn; av din guds hus vil jeg utrydde både utskårne og støpte billeder; jeg vil gjøre i stand en grav for dig, for du er funnet for lett.
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​အ​မျိုး​သား တို့​နှင့်​ပတ်​သက်​၍``လူ​တို့​သည်​ထို​သူ​တို့​ကို မေ့​ပျောက်​၍​သွား​လိမ့်​မည်။ သူ​တို့​၏​ဗိ​မာန် တော်​များ​ရှိ​ရုပ်​တု​တို့​ကို ငါ​သုတ်​သင်​ဖျက် ဆီး​မည်။ ငါ​သည်​အာ​ရှု​ရိ​အ​မျိုး​သား​တို့ အ​တွက်​သင်္ချိုင်း​ကို​ပြင်​ဆင်​မည်။ သူ​တို့​သည် အ​သက်​ရှင်​ထိုက်​သူ​များ​မ​ဟုတ်'' ဟု​အ​မိန့် စီ​ရင်​ချက်​ချ​တော်​မူ​၏။
15 Se der på fjellene dens føtter som kommer med godt budskap - som forkynner fred! Hold dine høitider, Juda, opfyll dine løfter! For de ugudelige skal ikke mere trenge inn i ditt land, de er alle utryddet.
၁၅ကြည့်​လော့၊ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ သူ​စေ​တ​မန်​သည်​တောင်​များ​ကို​ကျော်​ဖြတ် လျက်​နေ​၏။ သူ​သည်​အောင်​ပွဲ​ခံ​ရ​သည့်​သ​တင်း ကို​ကြေ​ညာ​ရန်​လာ​လျက်​ရှိ​ပေ​သည်။ အို ယု​ဒ ပြည်​သား​တို့​သင်​တို့​၏​ဋ္ဌမ္မ​ပွဲ​သ​ဘင်​များ ကို​ကျင်း​ပ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​ကပ်​ပေး​လှူ​ကြ​လော့။ သူ​ယုတ် မာ​များ​သည်​သင်​တို့​ပြည်​သို့​နောက်​တစ်​ဖန် ချင်း​နင်း​ဝင်​ရောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့​သည်​လုံး​ဝ​ဆုံး​ပါး​ပျက်​စီး​သွား ကြ​လေ​ကုန်​ပြီ။

< Nahum 1 >