< Mika 7 >
1 Ve mig! For det er gått mig som når sommerfrukten er innsamlet, som når eftersankingen efter vinhøsten er til ende: det er ingen drue å ete, ingen tidlig fiken som jeg har lyst til.
၁ငါ သည် အ မင်္ဂလာရှိ၏။ နွေ ကာလ၌ ဆွတ် သော သင်္ဘောသဖန်းသီးကဲ့သို့ ၎င်း ၊ လိုက်၍ ကောက် သော စပျစ်သီး အကျန်အကြွင်းကဲ့သို့ ၎င်း ငါဖြစ် ၏။ စား စရာဘို့ စပျစ်သီးပြွတ် မ ရှိ။ အဦး မှည့်သော သင်္ဘောသဖန်းသီး ကို ငါ တောင့်တ ရ၏။
2 Den fromme er blitt borte fra jorden, og det finnes ikke en ærlig mann blandt menneskene; alle sammen lurer de efter blod, hver mann vil fange sin bror i sitt garn.
၂ကောင်း သော ပြည်သားအပေါင်းတို့သည် ကွယ်ပျောက် ကြပြီ။ ဖြောင့်မတ် သော သူတယောက် မျှမရှိ။ ခပ်သိမ်း သော သူ တို့ သည် လူအသက်ကို သတ် ခြင်းငှါ ချောင်း ၍ ကြည့်တတ် ကြ၏။ အချင်းချင်း တယောက် ကို တယောက် ကျော့ကွင်း နှင့်ဘမ်း တတ်ကြ၏။
3 Med begge hender arbeider de på å få det onde til å synes godt; fyrsten krever, og dommeren er villig mot betaling, og stormannen sier hvad han ønsker, og således forvender de retten.
၃ဒုစရိုက် ကို ကြိုးစား၍ပြု ခြင်းငှါ အသင့်ရှိကြ၏။ မင်း သည် လက်ဆောင်ကို တောင်း တတ်၏။ တရားသူကြီး သည် တံစိုး ကို စားတတ်၏။ သူတပါးထက်ကြီး သော သူသည် မတရားသော လောဘ ကို ထင်ရှား စေတတ်၏။ ထိုသို့အမှု ကို ရှုပ် စေခြင်းငှါပြုတတ်ကြ၏။
4 Den beste av dem er som en tornebusk, den ærligste verre enn en tornehekk; dine vekteres dag, din hjemsøkelse kommer, da blir de rådville.
၄အကောင်း ဆုံးသောသူ သည် ဆူး ပင်ကဲ့သို့ ဖြစ် ၏။ အဖြောင့် ဆုံးသောသူသည် ဆူး ခြံထက် ခက်လှ၏။ သင် ၏ကင်းစောင့် တို့သည် သတိပေးသောနေ့ ၊ သင် စစ်ကြော ခြင်းကို ခံရသောနေ့ရက်သည် ရောက် လာပြီ။ နှိပ်စက် နှောင့်ရှက်ရာကာလဖြစ် ၏။
5 Tro ikke på nogen som står dig nær, sett ikke lit til nogen venn! For henne som ligger ved din barm, må du vokte din munns dører!
၅အဆွေ ခင်ပွန်းကို မ ယုံ နှင့်။ လမ်းပြ သောသူကို အမှီ မ ပြုနှင့်။ သင့် ရင်ခွင် ၌ အိပ် သော မယားကို မယုံမူ၍၊ သင့် နှုတ် တံခါး ကို ပိတ် ထားလော့။
6 For en sønn forakter sin far, en datter setter sig op imot sin mor, en svigerdatter mot sin svigermor; en manns husfolk er hans fiender.
၆အကြောင်း မူကား၊ သား သည် အဘ ၏အသရေ ကို ဖျက်လိမ့်မည်။ သမီး သည် အမိ ကို ၎င်း ၊ ချွေးမ သည် ယောက္ခမ ကို ၎င်း ရန်ဘက်ပြုလိမ့်မည်။ ကိုယ် အိမ်သူ အိမ်သား တို့သည်လည်း ကိုယ် ရန်သူ ဖြစ်ကြလိမ့်မည်။
7 Men jeg vil skue ut efter Herren, bie på min frelses Gud; min Gud vil høre mig.
၇ငါ မူကား ၊ ထာဝရဘုရား ကို မြော်လင့် မည်။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို ငါခိုလှုံ မည်။ ငါ ၏ဘုရား သခင်သည် ငါ့ စကားကို နားထောင် တော်မူ မည်။
8 Gled eder ikke over mig, I mine fiender! Når jeg er falt, står jeg op igjen; når jeg sitter i mørket, er Herren lys for mig.
၈အချင်းရန်သူ ၊ ငါ့ အပေါ် မှာ ဝါကြွား ဝမ်းမြောက်ခြင်း မ ရှိနှင့်။ ငါလဲ သော်လည်း ထ ဦးမည်။ မှောင်မိုက် ၌ ထိုင် ရသော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ အလင်း ဖြစ် တော်မူလိမ့်မည်။
9 Herrens vrede vil jeg bære, for jeg har syndet mot ham - inntil han fører min sak og hjelper mig til min rett; han skal føre mig ut i lyset, jeg skal se med fryd på hans rettferdighet.
၉ငါသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ကို ခံရ ၏။ ငါ့ အမှု ကို စစ်ကြော ၍ တရား ဆုံးဖြတ် တော်မ မူမှီတိုင်အောင်ငါခံရ၏။ ငါ့ ကို အလင်း ထဲ သို့ ထုတ် ၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ် ခြင်း ပါရမီတော်ကို ငါမြင် ရလိမ့်မည်။
10 Og mine fiender skal se det, og skam skal dekke dem som sier til mig: Hvor er han, Herren din Gud? Mine øine skal se med fryd på dem, for da skal de bli trådt ned som skarn på gatene.
၁၀သင် ၏ဘုရား သခင်ထာဝရဘုရား ကား၊ အဘယ်မှာ ရှိသနည်းဟုမေး သော ငါ့ ရန်သူ သည် ထိုအမှု ကို မြင် ၍ ရှက်ကြောက် လိမ့်မည်။ သူ ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်း မှာ ရွံ့ ကဲ့သို့ ကျော်နင်း ခြင်းကို ခံရ လိမ့်မည်။
11 Det kommer en dag da dine murer skal bygges op igjen; den dag skal dine grenser flyttes langt ut.
၁၁သင် ၏မြို့ရိုး တည် သောကာလ သည် ရောက်လိမ့်မည် ။ အမိန့် တော်အရှိန် ကုန်လိမ့်မည်။
12 På den dag skal de komme til dig like fra Assur og Egyptens byer og fra Egypten like til elven og fra hav til hav og fra fjell til fjell.
၁၂ထို ကာလ ၌ အာရှုရိ ပြည်နှင့် အဲဂုတ္တု မြို့ များမှ ၎င်း ၊ အဲဂုတ္တု ပြည်နှင့် မြစ် ကြီးစပ်ကြားအရပ်မှ၎င်း ၊ ပင်လယ် ကမ်းနားအရပ်ရပ်၊ တောင် ခြေရင်းအရပ်ရပ်တို့ မှ ၎င်း ၊ သင့် ထံ သို့လာ ကြလိမ့်မည်။
13 Men landet skal først bli øde for sine innbyggeres skyld - for deres gjerningers skyld.
၁၃ထိုသို့ မဖြစ်မှီ ပြည်သူ ပြည်သားပြု မိသော ဒုစရိုက် အပြစ်ကြောင့် ပြည် တော်သည် လူဆိတ်ညံ လျက် ရှိ ရလိမ့်မည်။
14 Vokt ditt folk med din stav, den hjord som er din arv, som bor for sig selv i en skog på Karmel! La dem beite i Basan og Gilead, som i gamle dager!
၁၄ကိုယ်တော် ၏လူ တည်းဟူသောအပေါင်းအဘော်မရှိဘဲ၊ တော တွင် ကရမေလတောင်ပေါ်မှာ နေ ရ သော အမွေ တော်သိုးစု ကို သိုးထိန်း နှင်တံ နှင့် ထိန်း တော်မူ ပါ။ ရှေး ကာလ ၌ ရှိသကဲ့သို့ ၊ ဗာရှန် ပြည်နှင့် ဂိလဒ် ပြည် ၌ ကျက်စား သော အခွင့်ကိုပေး တော်မူပါ။
15 Som i de dager da du drog ut av Egyptens land, vil jeg la dig få se underfulle ting.
၁၅သင် သည် အဲဂုတ္တု ပြည် မှ ထွက် သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩ ဘွယ်သော အမှုတို့ကို ငါပြ မည်။
16 Hedningefolk skal se det og skamme sig ved alt sitt velde; de skal legge hånden på sin munn, deres ører skal bli døve.
၁၆လူ အမျိုးမျိုးတို့သည် ငါ၏လူတို့၌ရှိသမျှ သော တန်ခိုး ကိုမြင် ၍ မိန်းမော တွေဝေလျက်၊ မိမိ တို့နှုတ် ကို လက် နှင့်ပိတ် ၍ နားပင်း ကြလိမ့်မည်။
17 De skal slikke støv som ormen; som jordens kryp skal de gå bevende frem av sine borger; til Herren vår Gud skal de komme skjelvende og frykte for dig.
၁၇မြွေ ကဲ့သို့ မြေမှုန့် ကိုလျက် ၍၊ တီ ကဲ့သို့ တွင်း ထဲက တုန်လှုပ် လျက် ထွက်ကြလိမ့်မည်။ ငါ တို့ဘုရား သခင် ထာဝရ ဘုရား ကို ၎င်း ၊ သင့် ကို ၎င်း ကြောက်ရွံ့ ကြလိမ့်မည်။
18 Hvem er en Gud som du, en Gud som tar bort misgjerning og går overtredelse forbi for dem som er tilbake av hans arv? Han holder ikke til evig tid fast ved sin vrede, for han har lyst til miskunnhet.
၁၈အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။
19 Han skal igjen forbarme sig over oss, han skal trede våre misgjerninger under føtter. Du skal kaste alle deres synder i havets dyp.
၁၉ကိုယ်တော်သည် အကျွန်ုပ် တို့ကို တဖန် သနား ၍၊ အကျွန်ုပ် တို့၏ ဒုစရိုက် ရှိသမျှတို့ကို ကျော်နင်း တော်မူလိမ့်မည်။ အကျွန်ုပ် တို့၏ အပြစ် အလုံးစုံ တို့ကို နက်နဲ သော ပင်လယ် ထဲ သို့ ချ ပစ်တော်မူလိမ့်မည်။
20 Du skal vise Jakob trofasthet, Abraham miskunnhet, som du har svoret våre fedre fra fordums dager.
၂၀ရှေး ကာလ မှစ၍ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သည်အတိုင်း ၊ ယာကုပ် ၌ သစ္စာ စောင့်ခြင်း၊ အာဗြဟံ အား ကရုဏာ ကျေးဇူးပြုခြင်းကို စီရင် တော်မူလိမ့်မည်။