< Dommernes 1 >
1 Efter Josvas død spurte Israels barn Herren: Hvem av oss skal først dra op mot kana'anittene og stride mot dem?
၁ယောရှု အနိစ္စ ရောက်သောနောက် ၊ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ခါနနိ လူတို့ရှိရာသို့ ရှေ့ဦးစွာ ချီ သွားရပါမည်နည်းဟု ထာဝရဘုရား အား မေး လျှောက်ကြလျှင်၊
2 Og Herren sa: Juda skal dra op; jeg har gitt landet i hans hånd.
၂ထာဝရဘုရား က၊ ယုဒ သည် ချီ သွားရမည်။ ထိုပြည် ကို သူ ၏လက် ၌ ငါအပ် မည်ဟု မိန့် တော်မူ၏။
3 Da sa Juda til sin bror Simeon: Dra op med mig til min lodd og la oss stride mot kana'anittene! Så skal jeg og dra med dig til din lodd. Og Simeon drog med ham.
၃ယုဒ သည် မိမိ အစ်ကို ရှိမောင် အား ၊ ခါနနိ လူတို့ကို တိုက် ခြင်းငှါ ငါ့ အမွေမြေ သို့ ငါ နှင့်အတူ လိုက် ပါ။ သင့် အမွေမြေ သို့ လည်း သင် နှင့်အတူ ငါ လိုက် သွားမည်ဟုဆို သည်အတိုင်း ရှိမောင် သည် လိုက် သွားလေ၏။
4 Så drog Juda op, og Herren gav kana'anittene og ferisittene i deres hånd; de slo dem i Besek, ti tusen mann.
၄ယုဒ ချီ သွား၍ ထာဝရဘုရား သည် ခါနနိ လူ၊ ဖေရဇိ လူတို့ကို အပ် တော်မူသဖြင့် ၊ ဗေဇက် မြို့၌ လူ တထောင် ကိုသတ် လေ၏။
5 I Besek traff de på Adoni-Besek og stred mot ham; de slo kana'anittene og ferisittene,
၅အဒေါနိဗေဇက် မင်းကို ဗေဇက် မြို့၌ တွေ့ ၍ ၊ ခါနနိ လူ၊ ဖေရဇိ လူတို့ကိုသတ် သောအခါ၊
6 men Adoni-Besek flyktet, og de forfulgte ham og grep ham og avhugg hans tommelfingrer og tommeltær.
၆အဒေါနိဗေဇက် သည် ပြေး လေ၏။ ယုဒလူတို့သည် လိုက် ၍ ဘမ်း မိပြီးလျှင် လက်မ ၊ ခြေမတို့ကို ဖြတ် ကြ၏။
7 Da sa Adoni-Besek: Sytti konger med avhugne tommelfingrer og tommeltær sanket smuler under mitt bord; som jeg gjorde, har Gud gjort mot mig igjen. Og de førte ham til Jerusalem, og der døde han.
၇အဒေါနိဗေဇက် ကလည်း ၊ လက်မ နှင့် ခြေမဖြတ် သော မင်းကြီး ခုနစ်ဆယ် တို့သည်၊ အထက်က ငါ့ စားပွဲ အောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ၏။ ငါပြု ဘူးသည်အတိုင်း ၊ ဘုရား သခင်သည် ငါ ၌ အပြစ် ပေးတော်မူပြီဟု ဆို ၏။ ထိုမင်း ကို ယေရုရှလင် မြို့သို့ ပို့ ၍ သူသည် ထို မြို့မှာ သေ လေ၏။
8 Og Judas barn stred mot Jerusalem og inntok det og slo det med sverdets egg, og de satte ild på byen.
၈ယုဒ အမျိုးသားတို့သည် ယေရုရှလင် မြို့ကို တိုက် ယူ ၍ ထား နှင့် လုပ်ကြံ ပြီးမှ မီး ရှို့ ကြ၏။
9 Siden drog Judas barn ned for å krige mot de kana'anitter som bodde i fjellbygdene og i sydlandet og i lavlandet.
၉ထိုနောက် တောင် ပေါ်၌၎င်း ၊ တောင် မျက်နှာ၌၎င်း ၊ ချိုင့် ထဲ၌၎င်း နေ သောခါနနိ လူတို့ကို အတိုက် သွား ကြ၏။
10 Og Juda drog imot de kana'anitter som bodde i Hebron - Hebrons navn var før Kirjat-Arba - og de slo Sesai og Akiman og Talmai.
၁၀တဖန် ယုဒ အမျိုးသည်၊ ကိရယသာဘ အမည် ဟောင်း ရှိသောဟေဗြုန် မြို့၌ နေ သောခါနနိ လူတို့ ရှိရာသို့ ချီ သွား၍၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲ တို့ကို လုပ်ကြံ ကြ၏။
11 Derfra drog han mot innbyggerne i Debir - Debirs navn var før Kirjat-Sefer.
၁၁တဖန် ကိရယဿေဖာ အမည်ဟောင်း ရှိ သောဒေဗိရ မြို့သားတို့ရှိရာသို့ ချီ ပြန်၍၊
12 Og Kaleb sa: Den som vinner over Kirjat-Sefer og inntar det, ham vil jeg gi min datter Aksa til hustru.
၁၂ကာလက် က၊ ကိရယဿောဖာ မြို့ကို တိုက်ယူ လုပ်ကြံ သောသူ အား ၊ ငါ သည် သမီး အာခသ ကို ပေးစား မည်ဟု ဆို လျှင်၊
13 Og kenisitten Otniel, Kalebs yngre bror, inntok det; og han gav ham sin datter Aksa til hustru.
၁၃ကာလက် ညီ ကေနတ် ၏ သား ဩသံယေလ သည် ထိုမြို့ ကို တိုက် ယူ၍၊ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။
14 Og da hun kom (til sin manns hus), egget hun ham til å be hennes far om en jordeiendom, og hun sprang ned av asenet. Da sa Kaleb til henne: Hvad vil du?
၁၄ထိုမိန်းမ သည် ခရီးသွား စဉ် အခါ၊ လယ် တကွက်ကို အဘ ၌ တောင်း ခြင်းငှါ လင် နှင့် တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က၊ အဘယ် အလိုရှိသနည်းဟုမေး လျှင်၊
15 Hun svarte: Gi mig en avskjedsgave! Du har giftet mig bort til dette tørre sydlandet, gi mig nu vannkilder! Så gav Kaleb henne de øvre og de nedre kilder.
၁၅သမီးက၊ ကောင်းကြီး ပေး စေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ် ကိုပေး ပါပြီ။ စမ်း ရေတွင်း တို့ကိုလည်း ပေး တော်မူပါဦးဟု တောင်း သည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။
16 Efterkommerne av kenitten, Moses' svoger, drog med Judas barn fra Palmestaden op til Juda ørken, som ligger sønnenfor Arad; og de kom og bosatte sig blandt folket der.
၁၆မောရှေ ယောက္ခမ ၏သား မြေးဖြစ်သော ကေနိ အမျိုးသားတို့သည်၊ ယုဒ အမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ် မြို့ တောင် ဘက်၊ ယုဒ တော သို့ လိုက် သွား၍ နေရာကျ ကြ၏။
17 Siden drog Juda ut med sin bror Simeon, og de slo de kana'anitter som bodde i Sefat; de slo byen med bann; derfor kalte de den Horma.
၁၇တဖန် ယုဒ သည် အစ်ကို ရှိမောင် နှင့်အတူ သွား ၍ ဇေဖတ် မြို့၌နေ သောခါနနိ လူတို့ကို လုပ်ကြံ ၍ မြို့ ကို ရှင်းရှင်းဖျက်ဆီး ပြီးလျှင် ၊ ထိုမြို့ ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။
18 Og Juda inntok Gasa med tilhørende bygder og Askalon med tilhørende bygder og Ekron med tilhørende bygder.
၁၈ယုဒ သည် ဂါဇ မြို့နှင့် မြို့နယ် ၊ အာရှကေလုန် မြို့နှင့် မြို့နယ် ၊ ဧကြုန် မြို့နှင့် မြို့နယ် တို့ကိုလည်း တိုက် ယူလေ၏။
19 Og Herren var med Juda, så han tok fjellbygdene i eie; men han var ikke i stand til å drive bort innbyggerne i dalen, for de hadde jernvogner.
၁၉ထာဝရဘုရား သည် ယုဒ နှင့်အတူ ရှိ တော်မူ၍ ၊ သူသည် တောင် ပေါ်မှာ နေသောသူတို့ ကို နှင်ထုတ် လေ၏။ ချိုင့် သားတို့ကို မ နှင်ထုတ် နိုင်။ အကြောင်းမူကား ၊ သူ တို့သည် သံ ရထား ရှိကြ၏။
20 Og de gav Hebron til Kaleb, således som Moses hadde sagt, og han drev de tre Anaks sønner bort derfra.
၂၀မောရှေ မှာ ထားသည်အတိုင်း ဟေဗြုန် မြို့ကို ကာလက် အား ပေး ကြ၍ ၊ သူသည် အာနက သား သုံး ယောက်တို့ကို ထို မြို့မှ နှင်ထုတ် လေ၏။
21 Men jebusittene, som bodde i Jerusalem, fikk Benjamins barn ikke drevet bort, og jebusittene blev boende sammen med Benjamins barn i Jerusalem og har bodd der til denne dag.
၂၁ဗင်္ယာမိန် အမျိုးသားတို့သည်၊ ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကို မ နှင်ထုတ် ဘဲ၊ သူ တို့သည် ယနေ့ တိုင်အောင် ဗင်္ယာမိန် အမျိုးသားတို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။
22 Josefs barn drog også ut; de gikk imot Betel, og Herren var med dem.
၂၂ယောသပ် အမျိုးသားတို့သည်လည်း ၊ ဗေသလ မြို့သို့ ချီ သွား၍ ၊ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။
23 Og Josefs barn sendte speidere til Betel - byen hette før Luz -
၂၃လုဇ အမည် ဟောင်း ရှိသောထိုမြို့ ကို စူးစမ်းစေခြင်းငှါ စေလွှတ် သော သူလျှိုတို့သည်၊
24 og speiderne fikk se en mann som gikk ut av byen, og de sa til ham: Vis oss hvor vi kan komme inn i byen! Så vil vi vise barmhjertighet mot dig.
၂၄မြို့ ထဲက ထွက် လာသောလူ တယောက်ကို တွေ့မြင် ၍၊ မြို့ ထဲသို့ ဝင် သောလမ်းကို ပြ ပါတော့။ သို့ပြလျှင် သင့် ကို ချမ်းသာ ပေးမည်ဟု ဆို သော်၊
25 Og han viste dem hvor de kunde komme inn i byen, og de slo byen med sverdets egg; men mannen og hele hans slekt lot de gå.
၂၅ထိုသူသည် မြို့ ထဲသို့ ဝင် သောလမ်းကို ပြ သဖြင့် ၊ သူတို့သည် မြို့ သားတို့ကို ထား နှင့် လုပ်ကြံ ၍ ၊ ထိုလူ နှင့် သူ ၏အိမ်သား အပေါင်း တို့ကို လွှတ် ကြ၏။
26 Og mannen drog til hetittenes land, og han bygget en by og kalte den Luz; det navn har den hatt til denne dag.
၂၆ထိုသူ သည် ဟိတ္တိ ပြည် သို့ သွား ပြီးလျှင် ၊ မြို့ ကို တည်ထောင် ၍ လုဇ အမည် ဖြင့် သမုတ် လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
27 Men Manasse drev ikke bort innbyggerne i Bet-Sean med tilhørende småbyer eller i Ta'anak med tilhørende småbyer eller innbyggerne i Dor med tilhørende småbyer eller innbyggerne i Jibleam med tilhørende småbyer eller innbyggerne i Megiddo med tilhørende småbyer; og det lyktes kana'anittene å bli boende der i landet.
၂၇မနာရှေအမျိုးသည်၊ ဗက်ရှန် မြို့ ရွာများ၊ တာနက် မြို့ ရွာများ၊ ဒေါရ မြို့ ရွာများ၊ ဣဗလံ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့ ရွာများ၌ နေ သောသူတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့သည် အနိုင်နေ ကြ၏။
28 Men da Israel blev sterkt, gjorde de kana'anittene arbeidspliktige, men de drev dem ikke bort.
၂၈တဖန် ဣသရေလ အမျိုးသားတို့သည် အား ကြီးသောအခါ ၊ ခါနနိ လူတို့ကို မ နှင်ထုတ် သော်လည်း အခွန် ကို ဆက်သွင်းစေကြ၏။
29 Og Efra'im drev ikke bort de kana'anitter som bodde i Geser, men kana'anittene blev boende midt iblandt dem i Geser.
၂၉ထိုအတူ ဧဖရိမ် အမျိုးသည် ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ဂေဇာ မြို့၌ ရောနှောလျက် နေ ကြ၏။
30 Sebulon drev ikke bort innbyggerne i Kitron og innbyggerne i Nahalol, men kana'anittene blev boende midt iblandt dem og blev arbeidspliktige.
၃၀ထိုအတူ ဇာဗုလုန် အမျိုးသည် ကိတရုန် မြို့ သား၊ နဟာလောလ မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့ သည် ရောနှော လျက်နေ ၍ ၊ အခွန် ပေးကြ၏။
31 Aser drev ikke bort innbyggerne i Akko og innbyggerne i Sidon og Ahlab og Aksib og Helba og Afik og Rehob,
၃၁ထိုအတူ အာရှာ အမျိုးသည် အက္ခော မြို့ သား၊ ဇိဒုန် မြို့ သား၊ အာလပ် မြို့သား၊ အာခဇိပ် မြို့သား၊ ဟေလဗ မြို့သား၊ အာဖိတ် မြို့သား၊ ရဟောဘ မြို့သားတို့ကို မ နှင်ထုတ် ဘဲ၊
32 men aserittene bosatte sig midt iblandt kana'anittene som bodde i landet; de drev dem ikke bort.
၃၂အာရှာ အမျိုးသားတို့သည် ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။
33 Naftali drev ikke bort innbyggerne i Bet-Semes og innbyggerne i Bet-Anat, men bosatte sig midt iblandt kana'anittene som bodde i landet, og innbyggerne i Bet-Semes og Bet-Anat blev arbeidspliktige under dem.
၃၃ထိုအတူ နဿလိ အမျိုးသည် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။ သို့ရာတွင် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့သားတို့ သည် အခွန် ပေးလျက် နေကြ၏။
34 Og amorittene trengte Dans barn op i fjellene; de lot dem ikke få komme ned i dalen.
၃၄အာမောရိ လူတို့သည်လည်း ဒန် အမျိုးသားတို့ကို တောင် ပေါ်သို့ နှင် သဖြင့်၊ ချိုင့် ထဲမှာ နေ ရသောအခွင့် ကို မ ပေးကြ။
35 Det lyktes amorittene å bli boende i Har-Heres, i Ajalon og i Sa'albim; men Josefs barns hånd lå tungt på dem, og de blev arbeidspliktige.
၃၅အာမောရိ လူတို့သည် ဟေရက် တောင် ပေါ်မြို့၊ အာဇလုန် မြို့၊ ရှာလဗိမ် မြို့၌ အနိုင်နေ ကြ၏။ သို့ရာတွင် ယောသပ် အမျိုးသားတို့သည် အား ကြီး သဖြင့် အာမောရိလူတို့သည် အခွန် ပေးရကြ၏။
36 Amorittenes grense gikk fra Akrabbim-skaret, fra Hassela og opefter.
၃၆အာမောရိ လူနေရသောအရပ် သည် အကရဗ္ဗိမ် ကုန်း နား၊ သေလ မြို့မှစ၍ အထက် အရပ်ပေတည်း။