< Dommernes 10 >
1 Efter Abimelek stod Tola frem og frelste Israel; han var sønn av Pua, Dodos sønn, av Issakars stamme, og bodde i Samir på Efra'im-fjellet.
၁အဘိမလက်ကွယ်လွန်ပြီးနောက် ဣသရေလ လူမျိုးကိုကယ်ဆယ်ရန်ဒေါဒေါ၏မြေး၊ ဖုဝါ ၏သားတောလပေါ်ထွန်းလာ၏။ သူသည်ဣသ ခါအနွယ်ဝင်ဖြစ်၍ ဧဖရိမ်တောင်ကုန်းရှိ ရှမိရမြို့တွင်နေထိုင်၏။-
2 Han dømte Israel i tre og tyve år, og han døde og blev begravet i Samir.
၂သူသည်ဣသရေလအမျိုးသားတို့၏ခေါင်း ဆောင်အဖြစ်ဖြင့် နှစ်ဆယ့်သုံးနှစ်မျှဆောင်ရွက် ပြီးနောက်ကွယ်လွန်သော် သူ၏ရုပ်အလောင်းကို ရှမိရမြို့၌သင်္ဂြိုဟ်ကြလေသည်။
3 Efter ham stod gileaditten Ja'ir frem og dømte Israel i to og tyve år.
၃တောလကွယ်လွန်ပြီးနောက်ဂိလဒ်ပြည်သား ယာဣရပေါ်ထွန်းလာ၍ ဣသရေလအမျိုး သားတို့အားနှစ်ဆယ့်နှစ်နှစ်တိုင်ခေါင်းဆောင် ရ၏။-
4 Han hadde tretti sønner, som red på tretti asenfoler og hadde tretti byer; disse kalles den dag idag Ja'irs byer; de ligger i Gileads land.
၄သူ၌မြည်းတစ်ကောင်စီစီးသောသားသုံးကျိပ် ရှိ၏။ သူတို့သည်ဂိလဒ်ပြည်တွင်မြို့ပေါင်းသုံး ဆယ်ကိုအပိုင်စားရရှိကြလေသည်။ ထိုမြို့ တို့သည်`ယာဣရရွာများ' ဟူ၍ယနေ့တိုင် အောင်နာမည်တွင်လျက်ရှိနေသေးသတည်း။-
5 Og Ja'ir døde og blev begravet i Kamon.
၅ယာဣရကွယ်လွန်သောအခါသူ၏ရုပ် အလောင်းကိုကာမုန်မြို့၌သင်္ဂြိုဟ်ကြလေ သည်။
6 Og Israels barn gjorde atter det som var ondt i Herrens øine, og dyrket Ba'alene og Astarte-billedene og Arams guder og Sidons guder og Moabs guder og ammonittenes guder og filistrenes guder; de forlot Herren og tjente ham ikke.
၆ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-
7 Da optendtes Herrens vrede mot Israel, og han solgte dem i filistrenes hånd og i ammonittenes hånd,
၇သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုအမျက်ထွက်တော်မူ သဖြင့် ဖိလတ္တိအမျိုးသားနှင့်အမ္မုန်အမျိုး သားတို့၏လက်အောက်ခံဖြစ်စေတော်မူ၏။-
8 og de begynte i samme år å trenge og undertrykke Israels barn; i atten år trengte de alle Israels barn som bodde på hin side Jordan, i amorittenes land, i Gilead.
၈ထိုသူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာ မောရိနယ်မြေဂိလဒ်ပြည်တွင်နေထိုင်သော ဣသရေလအမျိုးသားတို့အား တစ်ဆယ့် နှစ်နှစ်တိုင်တိုင်ညှင်းပန်းနှိပ်စက်ကြ၏။-
9 Og Ammons barn satte også over Jordan for å stride mot Juda og mot Benjamin og mot Efra'ims hus; og Israel kom i stor trengsel.
၉အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။
10 Da ropte Israels barn til Herren og sa: Vi har syndet mot dig; vi har forlatt vår Gud og dyrket Ba'alene.
၁၀ထိုအခါသူတို့သည် ထာဝရဘုရားထံ တော်သို့ဟစ်အော်ကာ``အကျွန်ုပ်တို့သည် ကိုယ်တော်အားပြစ်မှားမိကြပါပြီ။ အကျွန်ုပ် တို့၏ဘုရားသခင်ကိုစွန့်ပယ်ကာ ဗာလ ဘုရားများကိုဝတ်ပြုမိကြပါပြီ'' ဟု လျှောက်ထားကြ၏။
11 Og Herren sa til Israels barn: Har jeg ikke frelst eder fra egypterne og amorittene og Ammons barn og filistrene?
၁၁ထာဝရဘုရားကဤသို့ပြန်၍မိန့်ကြား တော်မူ၏။ ``အတိတ်ကာလကအီဂျစ်အမျိုး သား၊ အာမောရိအမျိုးသား၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိအမျိုးသား၊-
12 Og da sidonierne og Amalek og Maon undertrykte eder, og I ropte til mig, frelste jeg eder av deres hånd.
၁၂ဇိဒုန်အမျိုးသား၊ အာမလက်အမျိုးသား နှင့်မောနိအမျိုးသားတို့သည် သင်တို့အား ညှင်းဆဲနှိပ်စက်ကြသောအခါ ငါ့ထံသို့သင် တို့အော်ဟစ်လျှောက်ထားခဲ့ကြ၏။ ငါသည် လည်းထိုသူတို့လက်မှသင်တို့ကိုကယ်ဆယ် ခဲ့သည်မဟုတ်ပါလော။
13 Men I forlot mig og dyrket andre guder; derfor vil jeg ikke frelse eder mere.
၁၃သို့သော်သင်တို့သည်ငါ့ကိုစွန့်ပယ်၍ အခြား ဘုရားတို့အားဝတ်ပြုရှိခိုးကြပြန်၏။ ထို့ ကြောင့်ငါသည်သင်တို့အားနောက်တစ်ဖန် ကယ်တော့မည်မဟုတ်။-
14 Gå bort og rop til de guder I har valgt eder! La dem frelse eder, nu da I er i slik trengsel!
၁၄သင်တို့ရွေးချယ်ထားသည့်အခြားဘုရား များထံသို့သွား၍အော်ဟစ်ကြလော့။ သင် တို့ဒုက္ခရောက်ရာကာလ၌ထိုဘုရားတို့ သည်သင်တို့အားကယ်ဆယ်ပါလေစေ။''
15 Da sa Israels barn til Herren: Vi har syndet! Gjør med oss hvad der tykkes dig godt; bare du vil frelse oss denne gang!
၁၅သို့ရာတွင်ဣသရေလအမျိုးသားတို့က ထာဝရဘုရားအား``အကျွန်ုပ်တို့သည် အပြစ်ကူးလွန်မိကြပါပြီ။ ကိုယ်တော် အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့ ရာတွင်ယခုတစ်ကြိမ်သာလျှင် အကျွန်ုပ် တို့အားကယ်ဆယ်တော်မူပါ'' ဟုအသ နားခံကြ၏။-
16 Og de hadde de fremmede guder bort fra sig og tjente Herren; da kunde han ikke tåle å se på Israels nød.
၁၆သူတို့သည်လူမျိုးခြားတို့ကိုးကွယ်သည့် ဘုရားများကိုလည်း စွန့်ပယ်ကာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြကုန်၏။ ကိုယ် တော်သည်လည်းထိုသူတို့ခံရသောဆင်းရဲ ဒုက္ခအတွက်ကရုဏာသက်တော်မူ၏။
17 Og Ammons barn blev kalt til våben og leiret sig i Gilead; og Israels barn samlet sig og leiret sig i Mispa.
၁၇ထိုအခါ၌အမ္မုန်တပ်မတော်သည်စစ်ပွဲဝင် ရန်အသင့်ပြင်လျက် ဂိလဒ်ပြည်တွင်စခန်း ချလေသည်။ ဣသရေလအမျိုးသားတို့ သည်စုရုံး၍ ဂိလဒ်ပြည်မိဇပါမြို့၌တပ် ချကြ၏။-
18 Da sa krigsfolket, høvdingene i Gilead, til hverandre: Hvor er den mann som vil gå først i striden mot Ammons barn? Han skal være høvding over alle som bor i Gilead.
၁၈သူတို့က``ဤတိုက်ပွဲတွင်ငါတို့အားအဘယ် သူဦးဆောင်ပါမည်နည်း။ ဦးဆောင်မည့်သူ သည်ဂိလဒ်ပြည်သားအပေါင်းတို့၏ခေါင်း ဆောင်ဖြစ်လာစေရမည်'' ဟုမိမိတို့၏ ခေါင်းဆောင်များနှင့်အချင်းချင်းဆွေးနွေး တိုင်ပင်ကြ၏။