< Jeremias 35 >
1 Dette er det ord som kom til Jeremias fra Herren i Judas konge Jojakims, Josias' sønns dager:
၁ယုဒဘုရင်ယောရှိ၏သား ယောယကိမ်မင်း လက်ထက်၌ထာဝရဘုရားသည်ငါ့အား၊-
2 Gå til rekabittenes slekt og tal til dem og før dem inn i Herrens hus, i et av kammerne, og gi dem vin å drikke!
၂``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။-
3 Og jeg tok Ja'asanja, sønn av Jirmeja, sønn av Habasinja, og hans brødre og alle hans sønner og hele rekabittenes slekt,
၃သို့ဖြစ်၍ငါသည်(အခြားယေရမိ၏သား၊ ဟာဗဇိညာ၏မြေး) ယာဇညာနှင့်သူ၏ ညီအစ်ကိုများ၊ သားများဖြစ်ကြသော ရေခပ်သားချင်းစုအပေါင်းတို့ကို၊-
4 og jeg førte dem inn i Herrens hus, i det kammer som tilhørte sønnene til den Guds mann Hanan, Jigdaljas sønn, og som lå ved siden av høvdingenes kammer, ovenover dørvokteren Ma'asejas, Sallums sønns kammer.
၄ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။-
5 Og jeg satte frem for rekabittenes slekt skåler fulle av vin, og begere, og jeg sa til dem: Drikk vin!
၅ထိုနောက်ငါသည်စပျစ်ရည်အပြည့်ရှိသည့် ခွက်ဖလားများနှင့် အိုးများကိုရေခပ်အ နွယ်ဝင်တို့၏ရှေ့တွင်ချထား၍သူတို့ အား``စပျစ်ရည်အနည်းငယ်သောက်ကြပါ'' ဟုပြော၏။-
6 Men de sa: Vi vil ikke drikke vin; for vår far Jonadab, Rekabs sønn, har gitt oss det bud: I skal aldri drikke vin, hverken I eller eders barn,
၆သို့ရာတွင်ထိုသူတို့က``ရေခပ်၏သား၊ အကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သူယောနဒပ် ကအကျွန်ုပ်တို့သည်သားစဉ်မြေးဆက် အ ဘယ်အခါ၌မျှစပျစ်ရည်ကိုမသောက် ရန်ပညတ်ခဲ့သည်ဖြစ်၍အကျွန်ုပ်တို့ သည်စပျစ်ရည်မသောက်ကြပါ။-
7 og I skal ikke bygge hus og ikke så korn og ikke plante vingård eller eie noget sådant; men i telt skal I bo alle eders dager, så I kan leve lenge i det land I bor i som fremmede.
၇သူသည်အကျွန်ုပ်တို့အားအိမ်များကိုမ ဆောက်ကြရန်နှင့် လယ်များကိုမလုပ်ကြ ရန်သော်လည်းကောင်း၊ စပျစ်ဥယျာဉ်များ ကိုမစိုက်မပျိုး၊ မဝယ်မယူကြရန်သော် လည်းကောင်းမှာကြားထားပါသေး၏။ အ ကျွန်ုပ်တို့သည်သူစိမ်းတစ်ရံဆံအဖြစ်နှင့် နေထိုင်ရာပြည်တွင် ဆက်လက်နေထိုင်နိုင် ကြမည့်အကြောင်းတဲရှင်များတွင်သာ နေကြရန်ကိုလည်းမိန့်မှာခဲ့ပါ၏။-
8 Og vi adlød vår far Jonadab, Rekabs sønn, i alt han bød oss - at vi aldri skulde drikke vin, hverken vi eller våre hustruer eller våre sønner eller våre døtre,
၈အကျွန်ုပ်တို့သည်မိမိတို့ဘိုးဘေးရေခပ် ၏သားယောနဒပ်၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခဲ့ကြပါပြီ။ အကျွန်ုပ်တို့ ကိုယ်တိုင်နှင့်အကျွန်ုပ်တို့၏ဇနီး၊ သားသမီး များသည်စပျစ်ရည်ကိုအဘယ်အခါမျှ မသောက်ကြပါ။-
9 og ikke bygge oss hus å bo i og ikke ha vingård eller aker og ikke så korn.
၉အကျွန်ုပ်တို့သည်မိမိတို့နေထိုင်ရန်အိမ်များ ကိုမဆောက်မလုပ်ကြပါ။ စပျစ်ဥယျာဉ်များ၊ လယ်ယာများသို့မဟုတ်ဂျုံစပါးများကို လည်းမပိုင်ကြပါ။-
10 Og vi bodde i telt og var lydige og gjorde alt som vår far Jonadab hadde pålagt oss.
၁၀အကျွန်ုပ်တို့သည်တဲရှင်များတွင်နေထိုင် ကြပါသည်။ မိမိတို့ဘိုးဘေးယောနဒပ် ၏ပညတ်ကို အကြွင်းမဲ့လိုက်နာခဲ့ကြပါ ပြီ။-
11 Men da Babels konge Nebukadnesar drog op mot landet, da sa vi: Kom og la oss dra inn i Jerusalem, så vi kan slippe unda kaldeernes og syrernes hærer! Og så tok vi bolig i Jerusalem.
၁၁သို့ရာတွင်ဤမြို့သည်ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာချင်းနင်းဝင်ရောက်လာသောအခါ၌ ဗာဗုလုန်နှင့်ရှုရိတပ်များကင်းဝေးစေရန် အကျွန်ုပ်တို့သည် ယေရုရှလင်မြို့သို့လာ ရောက်ရန်စိတ်ပိုင်းဖြတ်ခဲ့ကြပါ၏။ ထို့ကြောင့် ယခုအခါယေရုရှလင်မြို့တွင် အကျွန်ုပ်တို့ နေထိုင်လျက်ရှိခြင်းဖြစ်ပါသည်'' ဟုပြန် ပြောကြ၏။
12 Da kom Herrens ord til Jeremias, og det lød så:
၁၂ထိုအခါဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့အားယုဒပြည်သားများနှင့်ယေရုရှလင် မြို့သူမြို့သားများထံသို့စေလွှတ်၍သူတို့ အား``သင်တို့သည်အဘယ်ကြောင့်ငါ၏ညွှန် ကြားချက်များကိုမလိုက်နာကြပါ သနည်းဟု ငါထာဝရဘုရားမေး၏။-
13 Så sier Herren, hærskarenes Gud, Israels Gud: Gå og si til Judas menn og til Jerusalems innbyggere: Vil I ikke ta imot tukt og lyde mine ord? sier Herren.
၁၃
14 Jonadabs, Rekabs sønns bud er blitt holdt, de som han gav sine barn, at de ikke skulde drikke vin, og like til denne dag har de ikke drukket vin, men lydt sin fars bud. Og jeg har talt til eder tidlig og sent, men I har ikke adlydt mig.
၁၄ယောနဒပ်၏သားမြေးတို့သည်စပျစ်ရည် မသောက်ရန်ယောနဒပ်ပေးအပ်ခဲ့သည့်ပညတ် ကိုစောင့်ထိန်းခဲ့ကြလေပြီ။ သူတို့သည်မိမိ တို့ဘိုးဘေး၏အမိန့်ကိုနာခံကြသည်ဖြစ် ၍ ယနေ့တိုင်အောင်အဘယ်သူမျှစပျစ်ရည် ကိုမသောက်ကြ။ သို့ရာတွင်သင်တို့သည် ငါအဖန်ဖန်အထပ်ထပ်သင်တို့အားပြော ဆိုခဲ့သော်လည်းငါ၏စကားကိုနားမ ထောင်။-
15 Og jeg sendte til eder alle mine tjenere, profetene, tidlig og sent, og sa: Vend om, hver fra sin onde vei, og bedre eders gjerninger og følg ikke andre guder for å tjene dem! Så skal I få bo i det land jeg har gitt eder og eders fedre. Men I vendte ikke eders øre til og adlød mig ikke.
၁၅ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
16 Ja, Jonadabs, Rekabs sønns barn har holdt de bud som deres far gav dem; men dette folk har ikke adlydt mig.
၁၆ယောနဒပ်၏သားမြေးများသည်မိမိတို့ ဘိုးဘေး၏အမိန့်ကိုနားထောင်ကြ၏။ သင် တို့မူကားငါ၏အမိန့်ကိုနားမထောင် ကြ။-
17 Derfor sier Herren, hærskarenes Gud, Israels Gud, så: Se, jeg lar komme over Juda og over alle Jerusalems innbyggere all den ulykke jeg har truet dem med, fordi de ikke vilde høre når jeg talte til dem, og ikke svarte når jeg kalte på dem.
၁၇သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် မိမိကတိထားခဲ့သည့်ဘေး အန္တရာယ်ဆိုးကိုယုဒပြည်သူများနှင့်ယေရု ရှလင်မြို့သူမြို့သားများအပေါ်သို့သက် ရောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ငါပြောသောအခါနားမထောင်၊ ငါ ခေါ်သောအခါ၌မထူးကြသောကြောင့် ဖြစ်၏ဟုမိန့်တော်မူကြောင်းပြောကြား လော့'' ဟုမိန့်တော်မူ၏။
18 Men til rekabittenes slekt sa Jeremias: Så sier Herren, hærskarenes Gud, Israels Gud: Fordi I har lydt eders far Jonadabs ord og holdt alle hans bud og i alt gjort som han bød eder,
၁၈ထိုနောက်ငါသည်ရေခပ်သားချင်းစုအား ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်မိမိတို့ဘိုးဘေးယောနဒပ်ပေးအပ် သည့်ပညတ်ကိုစောင့်ထိန်းကြလေပြီ။ သူ၏ ညွှန်ကြားချက်များကိုလိုက်နာကျင့်သုံးကာ သူမိန့်မှာသမျှသောအမှုတို့ကိုပြုကြ လေပြီ။-
19 derfor sier Herren, hærskarenes Gud, Israels Gud, så: Det skal aldri fattes en mann av Jonadabs, Rekabs sønns ætt som skal stå for mitt åsyn.
၁၉သို့ဖြစ်၍ရေခပ်၏သားယောနဒပ်သည်ငါ ၏အမှုတော်ကိုထမ်းဆောင်မည့်သားမြေးများ အစဉ်မပြတ်ထွန်းကားရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ငါထာဝရဘုရားကတိ ပြု၏'' ဟုမိန့်တော်မူကြောင်းပြန်ကြား ပြောဆိုလေသည်။