< Esaias 66 >
1 Så sier Herren: Himmelen er min trone, og jorden mine føtters skammel; hvad hus kunde I bygge mig, og hvor skulde det finnes et hvilesteed for mig?
၁ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။ မြေကြီး သည် ငါ့ ခြေ တင် ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကို ငါ့ အဘို့ တည် ဆောက်ကြမည်နည်း။ အဘယ် အရပ်သည် ငါ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
2 Alt dette har jo min hånd gjort, og således blev alt dette til, sier Herren. Men den jeg vil se til, det er den elendige, og den som har en sønderbrutt ånd og er forferdet over mitt ord.
၂ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။
3 Den som slakter en okse, er som den som dreper en mann; den som ofrer et lam, er som den som bryter nakken på en hund; den som ofrer matoffer, er som den som ofrer svineblod; den som bærer frem ihukommelsesoffer av virak, er som den som priser avguder. Likesom de har valgt sine egne veier, og deres sjel har behag i deres vederstyggeligheter,
၃တဖန်မိန့်တော်မူသည်ကား၊ နွား ကိုသတ် သောသူသည် လူ ကို သတ် သောသူနှင့်တူ၏။ သိုးသငယ် ကို ယဇ် ပူဇော်သောသူသည် ခွေး လည်ပင်းကိုဖြတ် သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်း သောသူသည် ဝက် သွေး ကို လှူဒါန်း သောသူနှင့်တူ၏။ လောဗန် ကိုမီးရှို့ သောသူသည် ရုပ်တု ကိုကောင်းကြီး ပေး သော သူ နှင့် တ ူ၏။ အကယ်စင်စစ် ထိုသူ တို့သည် မိမိ အလိုရှိရာ လမ်း ကိုရွေး ကြ၏။ မိမိ ဆိုးညစ် သောအမှုတို့၌ မွေ့လျော် ကြ၏။
4 så vil jeg velge å gjøre ondt imot dem, og det de frykter for, vil jeg la komme over dem, fordi jeg ropte, men ingen svarte, jeg talte, men de hørte ikke, de gjorde det som ondt var i mine øine, og valgte det jeg ikke hadde behag i.
၄ငါ သည်လည်း ၊ သူ တို့ဘို့ ဘေးဥပဒ် များကိုရွေး မည်။ သူ တို့ကြောက် သောအမှုကို ရောက် စေမည်။ အကြောင်း မူကား၊ ငါခေါ် သောအခါ အဘယ်သူ မျှမထူး။ ငါပြော သောအခါ သူတို့သည် နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကိုကျင့် ၍ ၊ ငါ မ နှစ်သက် သော အရာ ကို ရွေးယူကြ၏။
5 Hør Herrens ord, I som er forferdet over hans ord! Eders brødre som hater eder, som støter eder fra sig for mitt navns skyld, sier: La Herren vise sin herlighet, så vi kan få se eders glede! Men de skal bli til skamme.
၅ထာဝရဘုရား ၏ နှုတ်ကပတ် စကားတော်ကြောင့် တုန်လှုပ် သောသူတို့၊ စကား တော်ကို နားထောင် ကြလော့။ သင် တို့ကိုမုန်း ၍၊ ငါ့ နာမ ကြောင့် နှင်ထုတ် သော ညီအစ်ကို တို့က၊ ငါတို့သည်သင် တို့၏ ဝမ်းမြောက် ခြင်းကို မြင် ရမည်အကြောင်း ၊ ထာဝရဘုရား သည် ဘုန်းပွင့် တော်မူစေ သတည်း ဟု ပြော တတ်သော်လည်း ၊ ရှက် ကြောက်ကြ လိမ့်မည်။
6 Hør! Bulder fra byen! En røst fra templet, Herrens røst, han som gjengjelder sine fiender det de har gjort!
၆မြို့ ၌ အုတ်အုတ် ကျက်ကျက်သောအသံ ၊ ဗိမာန် တော်ထဲက ထွက်သောအသံ ၊ ရန်သူ တို့အား အကျိုး အပြစ် ကိုပေး တော်မူသောထာဝရဘုရား ၏စကားသံ ပေတည်း။
7 Før hun var i barnsnød, har hun født; før veene kom over henne. har hun født et guttebarn til verden.
၇ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာ ကို မ ခံမှီသားကိုဘွား ၏။ ဝေဒနာ ခံချိန်မ ရောက် မှီ သား ယောက်ျားကိုမြင် ၏။
8 Hvem har hørt slikt? Hvem har sett sådanne ting? Kommer et land til verden på en dag, eller fødes et folk på en gang? For Sion har vært i barnsnød og med det samme født sine sønner.
၈ထို သို့သော အမှုကို အဘယ်သူ သည် ကြား ဘူး သနည်း။ ထိုသို့သော အမှုတို့ကို အဘယ် သူသည် မြင် ဘူး သနည်း။ တိုင်း နိုင်ငံကို တ နေ့ ခြင်းတွင် ဘွား တတ်သလော။ ပြည်သူ ပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွား တတ်သလော။ ဇိအုန် သတို့သမီးသည် သားဘွား ခြင်းဝေဒနာ ကို ခံ အ ံ့ဆဲဆဲ တွင်၊ သား များကို ဘွားမြင် ပါ သည် တကား။
9 Skulde jeg åpne modermunnen og ikke la føde? sier Herren. Eller skulde jeg som lar føde, lukke den igjen? sier din Gud.
၉သားဘွားမည်အကြောင်းကို ငါ သည်စီရင် ပြီးမှ ၊ မ ဘွား စေဘဲနေရမည်လောဟု ထာဝရဘုရား မေး တော်မူ ၏။ ငါ သည် ပဋိသန္ဓေ ပေးပြီးမှ ၊ မဘွားနိုင်အောင် ချုပ် ထားရမည်လောဟု သင် ၏ဘုရား သခင်မေး တော်မူ ၏။
10 Gled eder med Jerusalem og juble over henne, alle I som elsker henne! Fryd eder storlig med henne, alle I som sørger over henne!
၁၀ယေရုရှလင် မြို့ကို ချစ် သောသူအပေါင်း တို့၊ သူ နှင့် အတူ ဝမ်းမြောက် ရွှင်လန်း ကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွား သောသူအပေါင်း တို့၊ သူ နှင့် အတူ အလွန်ဝမ်းမြောက် ကြလော့။
11 Så skal I få die og mettes av hennes husvalende bryst, suge og glede eder ved hennes store herlighet.
၁၁သို့ပြုလျှင် ၊ သူ ၏ချမ်းသာ ခြင်းသားမြတ် ကိုစို့ ၍ ဝ ကြလိမ့်မည်။ သူ ၏စည်းစိမ် ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော် ကြလိမ့်မည်။
12 For så sier Herren: Se, jeg lar fred komme over henne som en elv og hedningenes herlighet som en overstrømmende bekk, og I skal få die; på armen skal I bæres, og på knærne skal I kjærtegnes.
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မြစ် ကဲ့သို့ ချမ်းသာ ကို၎င်း ၊ စီး သောရေ ကဲ့သို့ တပါး အမျိုးသား တို့၏ စည်းစိမ် ကို၎င်းယေရုရှလင် မြို့သို့ ငါ ရောက် စေမည်။ သင်တို့သည် သားမြတ်ကိုစို့ ၍ ခါး ၌ချီ ခြင်း၊ ဒူး ပေါ် မှာ မြှူ ခြင်းကို ခံစားရကြလိမ့်မည်။
13 Som en mor trøster sitt barn, således vil jeg trøste eder; i Jerusalem skal I få trøst.
၁၃အမိ သည် သား ငယ်ကို နှစ်သိမ့် စေသကဲ့သို့ ၊ သင် တို့ကို ငါ နှစ်သိမ့် စေမည်။ ယေရုရှလင် မြို့၌ ချမ်းသာ ရကြလိမ့်မည်။
14 Og I skal se det, og eders hjerte skal fryde sig, og eders ben skal grønnes som gresset, og det skal kjennes at Herrens hånd er med hans tjenere, men han skal vredes på sine fiender.
၁၄ထိုသို့ တွေ့ မြင်သဖြင့် ၊ သင် တို့၏နှလုံး သည် ရွှင်မြူး ၍ ၊ အရိုး တို့ သည်စိမ်းလန်းသော အပင် ကဲ့သို့ သန် ကြလိမ့်မည်။ ထာဝရဘုရား ၏ လက် တော်သည်လည်း ကျွန် တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့ အား၎င်း ထင်ရှား လိမ့်မည်။
15 For se, Herren skal komme i ild, og hans vogner skal være som stormvind, for å gjengjelde med sin vrede i glødende brand og med sin trusel i ildsluer;
၁၅ကြည့်ရှု လော့။ ထာဝရဘုရား သည် ပြင်းစွာသော အရှိန် အားဖြင့် အမျက် တော်ကို၎င်း၊ မီးလျှံ အားဖြင့် ဆုံးမ တော်မူခြင်းကို၎င်းထင်ရှားစွာ ပြ ခြင်းငှါ ၊ လေဘွေ ကဲ့သို့ သော ရထား တော်တို့ကိုစီး၍ ၊ မီး ကဲ့သို့ကြွလာ တော်မူလိမ့်မည်။
16 for med ild skal Herren holde dom og med sitt sverd slå alt kjød, og mange skal det bli som Herren slår ihjel.
၁၆ထာဝရဘုရား သည် မီး နှင့် ထား အားဖြင့် ၊ လူ သတ္တဝါအပေါင်း တို့ကို အပြစ် ပေးတော်မူ၍၊ ထာဝရဘုရား ကွပ်မျက် တော်မူသောသူတို့ သည် များ ကြလိမ့်မည်။
17 De som helliger og renser sig for havene efter en som er midt iblandt dem, de som eter svinekjøtt og vederstyggelige dyr, endog mus, de skal omkomme alle sammen, sier Herren.
၁၇တဖန်မိန့်တော်မူသည်ကား၊ ဝက် သား ၊ ကြွက် သား၊ ရွံရှာဘွယ် သောအရာကို စား လျက်၊ ဥယျာဉ် တို့တွင် အလယ် ၌ရှိသောသူတ ယောက်နောက် သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်း စင်ကြယ်စေသောသူတို့ သည် တပြိုင်နက် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ သူ တို့၏အကျင့် ကို၎င်းအကြံအစည် တို့ကို၎င်းငါ သိ၏။
18 Og jeg, jeg gjør deres gjerninger og deres tanker til intet; den tid kommer da jeg samler alle folk og tungemål, og de skal komme og se min herlighet.
၁၈အချိန်တန်မှ ဘာသာ စကားခြားနားသော လူ အမျိုးမျိုးအပေါင်း တို့ကို ငါစည်းဝေး စေသဖြင့် ၊ သူတို့သည် လာ ၍ ငါ ၏ဘုန်း ကို ဖူးမြင် ကြလိမ့်မည်။
19 Og jeg vil gjøre et tegn på dem og sende nogen av de undkomne blandt dem til hedningefolkene, til Tarsis, Ful og Lud, bueskytterne, til Tubal og Javan, til de fjerne kyster som ikke har hørt tidenden om mig og ikke sett min herlighet; og de skal kunngjøre min herlighet blandt hedningefolkene.
၁၉ထိုသူ တို့တွင် အလံ ကို ငါထူ မည်။ ဘေးလွတ် သောသူတို့ ကို တာရှု ပြည် ၊ ဖုလ ပြည်၊ လေး လက်နက်ကို သုံး တတ်သော လုဒ ပြည်၊ တုဗလ ပြည်၊ ယာဝန် ပြည်မှစ၍၊ ငါ ၏နာမ ကိုမ ကြား ၊ ငါ ၏ဘုန်း ကိုမ မြင် ၊ ဝေး စွာသော တကျွန်း တနိုင်ငံအရပ်သို့ စေလွှတ် သဖြင့် ၊ တပါး အမျိုးသား တို့တွင် ငါ ၏ဘုန်း ကို ဟော ပြောကြလိမ့်မည်။
20 Og fra alle hedningefolkene skal de komme med alle eders brødre til matoffer for Herren, på hester, på vogner, i bærestoler, på mulesler og på hurtigløpende kameler, og føre dem op på mitt hellige berg i Jerusalem, sier Herren, likesom Israels barn bærer matofferet i rene kar til Herrens hus;
၂၀ဣသရေလ အမျိုးသား တို့သည် စင်ကြယ် သော ဖလား စသည်တို့နှင့် ၊ ပူဇော် သက္ကာကို ဗိမာန် တော်သို့ ဆောင် ခဲ့သကဲ့သို့ ၊ ထိုသူတို့သည် သင် တို့၏ ညီအစ်ကို အပေါင်း ကို မြင်း ၊ ရထား ၊ ထမ်းစင် ၊ မြည်း ၊ ကုလားအုပ် ပေါ် ၌တင်၍၊ ထာဝရဘုရား အား ပူဇော် ဘို့ရာ၊ ခပ်သိမ်း သောအပြည် ပြည်တို့မှ ငါ ၏ သန့်ရှင်း သောတောင် ၊ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
21 også av dem vil jeg ta mig nogen til prester, til levitter, sier Herren.
၂၁ထိုသူ အချို့တို့ကို ငါရွေး ယူ၍၊ ယဇ်ပုရောဟိတ် အရာ နှင့် လေဝိ လူအရာ ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
22 For likesom den nye himmel og den nye jord som jeg gjør, blir til evig tid for mitt åsyn, sier Herren, således skal eders ætt og eders navn bli til evig tid.
၂၂ငါ ဖန်ဆင်း သော ကောင်းကင် သစ် နှင့် မြေကြီး သစ် သည် ငါ့ ရှေ့ ၌ တည် သကဲ့သို့ ၊ သင် တို့၏အမျိုး အနွယ်နှင့် သင် တို့၏ နာမ သည်လည်း တည် ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
23 Og det skal skje: Nymåne efter nymåne og sabbat efter sabbat skal alt kjød komme for å tilbede for mitt åsyn, sier Herren.
၂၃လူ သတ္တဝါအပေါင်း တို့သည် ငါ့ ရှေ့ မှာ ကိုးကွယ် ခြင်းငှါ လဆန်း နေ့နှင့် ဥပုသ် နေ့အစဉ်အတိုင်းလာ ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
24 Og de skal gå ut og se på de døde kropper av de menn som er falt fra mig; for deres orm skal ikke dø, og deres ild skal ikke slukkes, og de skal være en gru for alt kjød.
၂၄ထိုသူတို့သည်၊ ငါ့ ကို ပြစ်မှား သောသူ တို့၏ အသေ ကောင်များကို ထွက် ၍ ကြည့် ရှုကြလိမ့်မည်။ သူ တို့၏ ပိုး သည်မ သေ နိုင်ရာ။ သူ တို့၏မီး သည်လည်း မ ငြိမ်း နိုင်ရာ။ လူ သတ္တဝါအပေါင်း တို့၌ ရွံရှာဘွယ် ဖြစ် ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။