< Esaias 21 >
1 Utsagn om Havørkenen. Som stormvinder i ørkenen farer frem, kommer det fra ørkenen, fra det forferdelige land.
၁ဤဗျာဒိတ်တော်သည်ဗာဗုလုန်နှင့်သက်ဆိုင် သောဗျာဒိတ်တော်ဖြစ်၏။ သဲကန္တာရကိုဖြတ်ကျော်၍တိုက်ခတ်လာ သောလေဗွေကဲ့သို့ ဘေးအန္တရာယ်ဆိုးတစ်ခု သည်ကြောက်မက်ဖွယ်ကောင်းသည့်တိုင်းပြည် တစ်ပြည်မှသက်ရောက်လာလိမ့်မည်။-
2 Et hårdt syn er mig kunngjort: Røveren røver og ødeleggeren ødelegger. Dra op, Elam! Treng på, Media! Hvert sukk gjør jeg ende på.
၂ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
3 Derfor er mine lender fulle av smerte, veer har grepet mig, som den fødendes veer; jeg vrir mig så jeg ikke kan høre; jeg er forferdet så jeg ikke kan se.
၃ဗျာဒိတ်ရူပါရုံတွင်မြင်ရကြားရသောအမှု အရာများကြောင့် ငါသည်သားဖွားသည့်အမျိုး သမီးသဖွယ်ထိတ်လန့်၍ဝေဒနာခံရ၏။-
4 Mitt sinn er forvirret, redsel har forferdet mig; aftenen, som var min lyst, har han gjort til redsel for mig.
၄ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
5 De dekker bordet, vakten våker, de eter og drikker - op, I høvdinger, smør skjoldene!
၅ဗျာဒိတ်ရူပါရုံတွင်ညစာစားပွဲကြီးတစ် ခုအသင့်ပြင်ဆင်ထားသည်ကိုငါမြင်ရ၏။ ဧည့်သည်တို့ထိုင်ရန်အတွက်ကော်ဇောများ ကိုခင်းထားလေသည်။ သူတို့သည်စားသောက် လျက်နေကြစဉ်``တပ်မှူးတို့၊ သင်တို့၏ဒိုင်းလွှား များကိုအသင့်ပြင်ကြလော့'' ဟူသောအမိန့် တော်တစ်ရပ်ရုတ်တရက်ထွက်ပေါ်၍လာ၏။
6 For så sa Herren til mig: Gå og still vaktmannen ut! Det han ser, skal han melde.
၆ထိုနောက်ထာဝရဘုရားကငါ့အား``သင် သွား၍ကင်းစောင့်တစ်ဦးကိုချထားပြီး လျှင် သူတွေ့မြင်ရသည့်အရာများကို အစီရင်ခံရန်မှာကြားလော့။-
7 Og ser han et tog av ryttere, par efter par, et tog av asener, et tog av kameler, da skal han gi akt, gi nøie akt.
၇အကယ်၍နှစ်ယောက်တစ်တွဲနှစ်ယောက်တစ်တွဲ မြင်းစီးသူရဲများလာသည်ကိုလည်းကောင်း၊ မြည်းများကုလားအုတ်များကိုစီး၍လူတို့ လာကြသည်ကိုလည်းကောင်းမြင်လျှင် ထိုသူ တို့အားသတိထား၍ကြည့်ရန်ကင်းစောင့်ကို မှာကြားထားလော့'' ဟုမိန့်တော်မူပါ၏။
8 Da ropte han som en løve: Herre, på vakt står jeg alltid om dagen, og på min post er jeg stilt hver en natt;
၈ကင်းစောင့်က``အရှင်၊ အကျွန်ုပ်သည်ဤမျှော်စင် ပေါ်တွင်ရပ်၍ နေ့ရောညပါကင်းစောင့်လျက် နေပါ၏'' ဟုအော်၍ပြောကြားစဉ်၊
9 men se der! Der kommer et tog av ridende menn, par av ryttere! - Og han tok til orde og sa: Falt, falt er Babel, og alle dets guders billeder har han knust og kastet til jorden.
၉မြင်းစီးသူရဲတို့သည်နှစ်ယောက်တစ်တွဲနှစ် ယောက်တစ်တွဲရုတ်တရက်ပေါ်လာကြ၏။ ထို ကြောင့်ကင်းစောင့်က``ဗာဗုလုန်မြို့ကျဆုံး သွားလေပြီ။ သူတို့ကိုးကွယ်သည့်ရုပ်တုမှန် သမျှသည်လည်းမြေပေါ်တွင်ကျိုးပဲ့ကြေမွ လျက်နေပါ၏'' ဟုသတင်းပေးပို့လိုက်၏။
10 Du mitt knuste, mitt gjennemtreskede folk! Det jeg har hørt av Herren, hærskarenes Gud, Israels Gud, har jeg kunngjort for eder.
၁၀ငါ၏အမျိုးသားတို့၊ သင်တို့သည်ဂျုံနှံ သဖွယ်အနင်းအနယ်ခံခဲ့ရကြ၏။ သို့ရာ တွင်ငါသည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံတော်မှကြားရသည့်သတင်းကို ယခုသင်တို့အားကြေညာပြီးလေပြီ။
11 Utsagn om Duma. Til mig roper de fra Se'ir: Vekter! Hvor langt er det på natten? Vekter! Hvor langt er det på natten?
၁၁ဤဗျာဒိတ်တော်သည်ဧဒုံပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ဧဒုံပြည်မှလူတစ်ယောက်ကငါအား``အို ကင်းစောင့်၊ ညဥ့်ယံကုန်ဆုံးရန်အဘယ်မျှ ကြာပါဦးမည်နည်း။ အဘယ်အခါ၌ကုန် ဆုံးမည်ကိုငါ့အားပြောပါလော့'' ဟုအော် ဟစ်မေးမြန်း၏။
12 Vekteren svarer: Det kommer morgen, men også natt; vil I spørre, så spør - kom igjen!
၁၂ငါကလည်း``မိုးသောက်ယံရောက်တော့မည်၊ သို့ရာတွင်ညဥ့်ယံပြန်လည်ကျရောက်လာ လိမ့်မည်။ သင်ထပ်မံမေးမြန်းလိုလျှင်နောက် တစ်ဖန်လာ၍မေးမြန်းလော့'' ဟုဖြေကြား လိုက်၏။
13 Utsagn mot Arabia. I skogen i Arabia skal I overnatte, I karavaner av dedanitter!
၁၃ဤဗျာဒိတ်တော်ကားအာရပ်ပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ သစ်ပင်မပေါက်သည့်အာရပ်နယ်မြေ၌၊ ကုန် စည်လှည်းရထားများကိုစခန်းချတတ် သည့်အချင်းဒေဒန်အမျိုးသားတို့၊-
14 Ut til de tørste fører de vann; de som bor i Temas land, kommer de flyktende i møte med brød;
၁၄သင်တို့ထံသို့လာရောက်ကြသည့်ရေငတ် သူတို့အားရေကိုပေးကြလော့။ အချင်း တေမပြည်သူတို့၊ စစ်ပြေးဒုက္ခသည်တို့ အားအစားအစာများကိုပေးကြလော့။-
15 for de flykter for sverdet, for det dragne sverd og den spente bue og for krigens trykk.
၁၅လူတို့သည်မိမိတို့အားခုတ်ရန်အသင့် ရှိသည့်ဋ္ဌားများ၏ဘေးမှလည်းကောင်း၊ ပစ်ရန်အသင့်ရှိသည့်လေးမြားတို့၏ဘေး မှလည်းကောင်း၊ စစ်ဘေးအန္တရာယ်ဟူသမျှမှ လည်းကောင်းလွတ်မြောက်ရန်ထွက်ပြေးလျက် ရှိကြ၏။
16 For så har Herren sagt til mig: Om et år, således som en dagarbeider regner året, skal det være forbi med all Kedars herlighet.
၁၆ထိုနောက်ထာဝရဘုရားကငါ့အား``တစ်နှစ် တိတိကြာသောအခါ ကေဒါလူမျိုးစု၏ ဘုန်းအသရေသည်လုံးဝကွယ်ပျောက်သွား လိမ့်မည်။-
17 Og tallet på de buer som levnes Kedars helter, skal bli lite; for Herren, Israels Gud, har talt.
၁၇ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။