< 1 Mosebok 46 >

1 Og Israel brøt op med alt det han hadde, og da han kom til Be'erseba, ofret han slaktoffer til sin far Isaks Gud.
ယာ​ကုပ်​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ထုပ်​ပိုး​၍ ခ​ရီး​ထွက်​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​အရပ် သို့​ရောက်​လျှင် သူ​၏​အ​ဖ​ဣ​ဇာက်​၏​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​လေ​၏။-
2 Og Gud sa til Israel i et syn om natten: Jakob, Jakob! Han svarte: Ja, her er jeg.
ည​အ​ချိန်​၌​သူ​မြင်​ရ​သော​ရူ​ပါ​ရုံ​တွင် ဘု​ရား​သ​ခင်​က``ယာ​ကုပ်၊ ယာ​ကုပ်'' ဟု​ခေါ် တော်​မူ​၏။ ``အ​ကျွန်ုပ်​ရှိ​ပါ​သည်​အ​ရှင်​ဘု​ရား'' ဟု ယာ​ကုပ်​ထူး​လေ​၏။
3 Da sa han: Jeg er Gud, din fars Gud; frykt ikke for å dra ned til Egypten, for der vil jeg gjøre dig til et stort folk.
ဘု​ရား​သ​ခင်​က``ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ် ၏။ သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရ​မည်​ကို​မ​စိုး​ရိမ်​နှင့်။ ထို​ပြည်​တွင်​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​လူ​မျိုး​ကြီး​ဖြစ်​လာ​စေ​မည်။-
4 Jeg skal selv dra ned med dig til Egypten, jeg skal visselig også føre dig op igjen; og Josef skal lukke dine øine.
ငါ​သည်​သင်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ကြွ​သွား မည်။ ငါ​ကိုယ်​တိုင်​သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို ဤ​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ သင်​သည် ယော​သပ်​၏​ပြု​စု​ခြင်း​ကို​ခံ​လျက်​စု​တေ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
5 Så brøt Jakob op fra Be'erseba; og Israels sønner kjørte Jakob, sin far, og sine barn og sine hustruer i de vogner som Farao hadde sendt til å hente ham i.
ထို​နောက်​ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ ထွက်​လာ​ခဲ့​လေ​သည်။ သူ​၏​သား​တို့​သည်​မိ​မိ တို့​၏​အ​ဖ​ယာ​ကုပ်၊ သူ​တို့​၏​မ​ယား​များ၊ သား သ​မီး​ငယ်​များ​အား​ဖာ​ရော​ဘု​ရင်​ပို့​လိုက် သော​လှည်း​များ​ကို​စီး​စေ​ကြ​၏။-
6 Og de tok med sig sin buskap og sitt gods som de hadde lagt sig til i Kana'ans land, og de kom til Egypten, Jakob og hele hans ætt med ham;
သူ​တို့​သည်​ခါ​နာန်​ပြည်​တွင်​စု​ဆောင်း​ရ​ရှိ​ခဲ့ သော​ပစ္စည်း​များ​နှင့် သိုး​ဆိတ်​စ​သော​တိ​ရစ္ဆာန် များ​ကို​ယူ​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​လာ ခဲ့​ကြ​၏။ ယာ​ကုပ်​သည်​သား​သ​မီး၊ မြေး၊ မြစ် များ​မှ​စ​သော​သူ​၏​မိ​သား​စု​အား​လုံး​တို့ ကို​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​ခဲ့​လေ​၏။
7 sine sønner og sine sønnesønner, sine døtre og sine sønnedøtre, hele sin ætt førte han med sig til Egypten.
8 Og dette er navnene på Israels barn som kom til Egypten, Jakob og hans sønner: Jakobs førstefødte sønn Ruben,
ယာ​ကုပ်​နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​သွား​ရောက် ကြ​သော မိ​သား​စု​တို့​၏​နာ​မည်​စာ​ရင်း​ကို ဖော်​ပြ​ပေ​အံ့။ သား​ဦး​ရု​ဗင်​နှင့်၊-
9 og Rubens sønner: Hanok og Pallu og Hesron og Karmi,
ရု​ဗင်​၏​သား​များ​ဖြစ်​ကြ​သော ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊-
10 og Simeons sønner: Jemuel og Jamin og Ohad og Jakin og Sohar og Saul, som han hadde fått med en kana'anitterkvinne,
၁၀ရှိ​မောင်​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ယေ မွေ​လ၊ ယာ​မိန်၊ သြ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန် အ​မျိုး​သ​မီး​နှင့်​ရ​သော​သား​ရှော​လ။-
11 og Levis sønner: Gerson, Kahat og Merari,
၁၁လေ​ဝိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။-
12 og Judas sønner: Er og Onan og Sela og Peres og Serah - men Er og Onan døde i Kana'ans land - og Peres' sønner var Hesron og Hamul;
၁၂ယု​ဒ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော​ရှေ​လ၊ ဖာ​ရက်၊ ဇာ​ရ (ယု​ဒ​၏​အ​ခြား​သား​များ​ဖြစ် ကြ​သော​ဧရ​နှင့်​သြ​နန်​တို့​သည်​ခါ​နာန်​ပြည် ၌​သေ​ဆုံး​ကြ​၏။) ဖာ​ရက်​၏​သား​များ​ဖြစ် ကြ​သော​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ။-
13 og Issakars sønner: Tola og Puva og Job og Simron,
၁၃ဣ​သ​ခါ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော တော​လ၊ ဖု​ဝါ၊ ယော​ဘ၊ ရှိ​မ​ရုန်။-
14 og Sebulons sønner: Sered og Elon og Jahle'el;
၁၄ဇာ​ဗု​လုန်​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော သ​ရက်၊ ဧ​လုန်၊ ယာ​လေ​လ။-
15 dette var Leas sønner, som hun fødte Jakob i Mesopotamia, og dessuten Dina, hans datter, i alt tre og tretti sjeler, sønner og døtre.
၁၅ဤ​သူ​တို့​သည်​ယာ​ကုပ်​နှင့်​မ​ယား​လေ​အာ တို့​မှ​မက်​ဆို​ပို​တေး​မီး​ယား​ပြည်​မြောက်​ပိုင်း တွင်​ပေါက်​ဖွား​သော​သား​နှင့်​မြေး​များ​ဖြစ် ကြ​သည်။ ထို​သား​တို့​အ​ပြင်​သ​မီး​ဒိ​န​ရှိ သေး​၏။ ထို့​ကြောင့်​လေ​အာ​မှ​ပေါက်​ဖွား​သော သား​မြေး​စု​စု​ပေါင်း​မှာ​သုံး​ဆယ့်​သုံး​ယောက် ရှိ​သ​တည်း။
16 Og Gads sønner: Sifion og Haggi, Suni og Esbon, Eri og Arodi og Areli,
၁၆ဂဒ်​နှင့်​သူ​၏​သား​ဖြစ်​ကြ​သော​ဇိ​ဖျုန်၊ ဟ္ဂိ၊ ရှု​နိ၊ ဧ​ဇ​ဗုန်၊ ဧ​ရိ၊ အ​ရော​ဒိ၊ အ​ရေ​လိ။-
17 - og Asers sønner: Jimna og Jisva og Jisvi og Bria og Serah, deres søster, og Brias sønner var Heber og Malkiel;
၁၇အာ​ရှာ​နှင့်​သူ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော ယိ​မ​န၊ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ​နှင့်​သူ​တို့​၏​နှ​မ စေ​ရ။ ဗေ​ရိ​ယ​၏​သား​များ​ဖြစ်​ကြ​သော​ဟေ​ဗာ နှင့်​မာ​လ​ချေ​လ။-
18 dette var barn av Silpa, som Laban gav sin datter Lea; hun fødte Jakob disse barn, seksten sjeler.
၁၈ဤ​သူ​တစ်​ဆယ့်​ခြောက်​ယောက်​တို့​သည်​လာ​ဗန်​က သူ​၏​သ​မီး​လေ​အာ​အား​ပေး​အပ်​သော​အ​ထိန်း ဇိ​လ​ပ​နှင့် ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော​သား သမီး​နှင့်​မြေး​များ​ဖြစ်​ကြ​သ​တည်း။
19 Jakobs hustru Rakels sønner: Josef og Benjamin;
၁၉ယာ​ကုပ်​၏​မ​ယား​ရာ​ခေ​လ​သည် သား​များ ဖြစ်​ကြ​သော​ယော​သပ်​နှင့်​ဗင်္ယာ​မိန်​တို့​ကို ဖွား​မြင်​၏။-
20 og Josef fikk barn i Egyptens land med Asnat, datter til Potifera, presten i On: Manasse og Efra'im;
၂၀ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ရှိ​သြ​န​မြို့​မှ​ယဇ် ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ​နတ် နှင့်​သား​နှစ်​ယောက်​ဖြစ်​ကြ​သော​မ​နာ​ရှေ​နှင့် ဧ​ဖ​ရိမ်​တို့​ကို​ရ​သည်။-
21 og Benjamins sønner: Bela og Beker og Asbel, Gera og Na'aman, Ehi og Ros, Muppim og Huppim og Ard;
၂၁ဗင်္ယာ​မိန်​၏​သား​များ​ဖြစ်​ကြ​သော​ဗေ​လ၊ ဗေ​ခါ၊ အာ​ရှာ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။-
22 dette var de barn som Jakob fikk med Rakel, i alt fjorten sjeler.
၂၂ဤ​သူ​တစ်​ဆယ့်​လေး​ယောက်​တို့​သည်​ယာ​ကုပ် နှင့်​ရာ​ခေ​လ​တို့​မှ​ပေါက်​ဖွား​သော​သား​မြေး များ​ဖြစ်​ကြ​သ​တည်း။
23 Og Dans sønn: Husim,
၂၃ဒန်​နှင့်​သူ​၏​သား​ဟု​ရှိမ်၊-
24 og Naftalis sønner: Jahse'el og Guni og Jeser og Sillem;
၂၄န​ဿ​လိ​နှင့်​သူ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇာ၊ ရှိ​လင်။-
25 dette var sønnene til Bilha, som Laban gav sin datter Rakel; hun fødte Jakob disse barn, i alt syv sjeler.
၂၅ဤ​သူ​ခု​နစ်​ယောက်​တို့​သည်​လာ​ဗန်​က​သူ့ သ​မီး​ရာ​ခေ​လ​အား​ပေး​အပ်​သော​အ​ထိန်း ဗိ​လ​ဟာ​နှင့်​ယာ​ကုပ်​တို့​မှ​ပေါက်​ဖွား​သော သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။
26 Alle de som kom med Jakob til Egypten, og som var utgått av hans lend, foruten Jakobs sønnekoner, var i alt seks og seksti sjeler.
၂၆ယာ​ကုပ်​၏​ချွေး​မ​များ​မှ​အ​ပ​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​သော​ယာ​ကုပ်​၏​သွေး​ရင်း​သား ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​ဆယ့်​ခြောက်​ယောက် ရှိ​သ​တည်း။-
27 Og Josefs sønner, som han fikk i Egypten, var to; alle av Jakobs hus, som kom til Egypten, var sytti sjeler.
၂၇အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​၌​သား​နှစ်​ယောက် ဖွား​မြင်​၏။ သို့​ဖြစ်​၍​အီ​ဂျစ်​ပြည်​သို့​သွား ရောက်​သော ယာ​ကုပ်​၏​မိ​သား​စု​ဦး​ရေ​မှာ လူ​ပေါင်း​ခု​နစ်​ဆယ်​ယောက်​ဖြစ်​သ​တည်း။
28 Og han sendte Juda i forveien til Josef og bad at han skulde vise ham vei til Gosen; så kom de til landet Gosen.
၂၈ယာ​ကုပ်​သည်​ဂေါ​ရှင်​အ​ရပ်​၌​မိ​မိ​နှင့်​တွေ့ ဆုံ​ရန်​ယု​ဒ​ကို​ကြို​တင်​စေ​လွှတ်​၍ ယော​သပ် အား​ပြော​စေ​၏။ သူ​တို့​သည်​ဂေါ​ရှင်​အ​ရပ် သို့​ရောက်​ရှိ​ကြ​၏။-
29 Og Josef lot spenne for sin vogn og drog op til Gosen for å møte Israel, sin far; og da han fikk se ham, falt han ham om halsen og gråt lenge i hans armer.
၂၉ယော​သပ်​သည်​အ​ဖ​ဣ​သ​ရေ​လ​အား​ကြို​ဆို ရန်​ဂေါ​ရှင်​အ​ရပ်​သို့​ရ​ထား​ဖြင့်​သွား​လေ​၏။ ဖ​ခင်​ရှေ့​သို့​ရောက်​သော​အ​ခါ​ဖ​ခင်​ကို​ဖက် ၍​ကြာ​ရှည်​စွာ​ငို​ကြွေး​လေ​၏။-
30 Da sa Israel til Josef: Nu vil jeg gjerne dø, efterat jeg har sett ditt ansikt og vet at du ennu lever.
၃၀ယာ​ကုပ်​က​ယော​သပ်​အား``ငါ​သည်​သင့်​မျက်​နှာ ကို​မြင်​ရ​၍​သင်​အ​သက်​ရှင်​လျက်​ရှိ​သေး​သည် ကို​သိ​ရ​သ​ဖြင့်​သေ​ပျော်​ပါ​ပြီ'' ဟု​ဆို​လေ​၏။
31 Og Josef sa til sine brødre og til sin fars hus: Jeg vil dra op og melde det til Farao og si til ham: Mine brødre og min fars hus, som var i Kana'ans land, er kommet til mig;
၃၁ထို​နောက်​ယော​သပ်​က​သူ​၏​အစ်​ကို​တို့​နှင့် အ​ခြား​သား​ချင်း​တို့​အား``ကျွန်ုပ်​သည်​ဖာ​ရော ဘု​ရင်​ထံ​သို့​သွား​၍​ခါ​နာန်​ပြည်​မှ​ကျွန်​တော် မျိုး​၏​အ​ဖ​နှင့်​ညီ​အစ်​ကို​တို့​သည်​ကျွန်​တော် မျိုး​ထံ​သို့​ရောက်​ရှိ​လာ​ကြ​ပါ​ပြီ။-
32 Og mennene er fehyrder, de er folk som driver feavl, og sitt småfe og sitt storfe og alt det de eier, har de hatt med sig hit.
၃၂သူ​တို့​သည်​သိုး​ထိန်း​များ​ဖြစ်​၍​တိ​ရစ္ဆာန်​များ ကို​ထိန်း​ကျောင်း​ရ​ပါ​သည်။ သူ​တို့​သည်​သိုး ဆိတ်​နှင့်​ရှိ​သ​မျှ​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့ ကြ​ပါ​ပြီ​ဟု​လျှောက်​ထား​ပါ​မည်။-
33 Og når Farao kaller eder til sig og sier: Hvad er eders levevei?
၃၃ဖာ​ရော​ဘု​ရင်​က​သင်​တို့​ကို​ဆင့်​ခေါ်​၍ သင်​တို့​၏​အ​လုပ်​အ​ကိုင်​ကို​မေး​လျှင်၊-
34 da skal I si: Dine tjenere har drevet feavl fra vår ungdom av og til nu, både vi og våre fedre - da får I bo i landet Gosen; for alle fehyrder er en vederstyggelighet for egypterne.
၃၄ကျွန်​တော်​မျိုး​တို့​သည်​ဘိုး​ဘေး​များ​လက်​ထက် မှ​စ​၍ ယ​နေ့​အ​ထိ​သိုး​နွား​များ​ကို​မွေး​မြူ​သူ များ​ဖြစ်​ကြ​ပါ​သည်​ဟု​လျှောက်​ရ​မည်။ သို့​မှ သာ​လျှင်​သင်​တို့​အား​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင် ခွင့်​ပေး​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​လေ​၏။ အီ​ဂျစ် အ​မျိုး​သား​တို့​သည် သိုး​ထိန်း​များ​ကို​စက်​ဆုတ် ရွံ​ရှာ​ကြ​သော​ကြောင့်​ယော​သပ်​က​ထို​သို့​ပြော ခိုင်း​ခြင်း​ဖြစ်​သည်။

< 1 Mosebok 46 >