< 1 Mosebok 44 >

1 Siden bød han den som forestod hans hus: Fyll mennenes sekker med korn så meget de kan føre, og legg enhvers penger øverst i hans sekk!
ယော​သပ်​သည်​အိမ်​တော်​ဝန်​အား``ထို​သူ​တို့ ၏​အိတ်​များ​တွင်​ရိက္ခာ​စပါး​ကို​သူ​တို့​သယ်​နိုင် သ​မျှ​ဖြည့်​ပေး​လော့။ တစ်​ယောက်​စီ​၏​အိတ်ဝ ၌​လည်း​သူ​၏​စပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့။-
2 Men mitt beger, sølvbegeret, skal du legge øverst i den yngstes sekk sammen med pengene for hans korn. Og han gjorde som Josef bød ham.
အငယ်​ဆုံး​သော​သူ​၏​အိတ်​ဝ​တွင်​ငါ​၏​ဖ​လား​နှင့် သူ​၏​စ​ပါး​ဖိုး​ငွေ​ကို​ထည့်​ပေး​လော့'' ဟု​အ​မိန့် ပေး​၏။ အိမ်​တော်​ဝန်​သည်​ယော​သပ်​မိန့်​မှာ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။-
3 Om morgenen, da det blev lyst, lot de mennene med sine asener fare.
နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​မြည်း များ​နှင့်​တ​ကွ​ထွက်​သွား​ကြ​လေ​၏။-
4 Da de hadde draget ut av byen og ennu ikke var langt kommet, sa Josef til den som forestod hans hus: Ta avsted, sett efter mennene, og når du når dem, skal du si til dem: Hvorfor har I gjengjeldt godt med ondt?
သူ​တို့​သည်​မြို့​နှင့်​မ​လှမ်း​မ​ကမ်း​သော​အ​ရပ် သို့​ရောက်​ကြ​သော​အ​ခါ​ယော​သပ်​က သူ​၏​အိမ် တော်​ဝန်​အား``ထို​သူ​တို့​နောက်​သို့​အမြန်​လိုက်​လော့။ သူ​တို့​ကို​မီ​သော​အ​ခါ`သင်​တို့​သည်​အ​ဘယ် ကြောင့်​ကျေး​ဇူး​ရှင်​ကို​ကျေး​စွပ်​ရ​သ​နည်း။-
5 Er det ikke det beger som min herre drikker av, og som han spår i? Dette var ille gjort av eder.
ငါ့​သ​ခင်​၏​ငွေ​ဖ​လား​ကို​အ​ဘယ်​ကြောင့်​ခိုး​ရ သ​နည်း။ ထို​ဖ​လား​သည်​ငါ့​သ​ခင်​သောက်​သော ဖ​လား၊ နိ​မိတ်​ဖတ်​သော​ဖ​လား​ဖြစ်​၏။ သင်​တို့ သည်​ကြီး​လေး​သော​ပြစ်​မှု​ကို​ကူး​လွန်​လေ ပြီ' ဟု​ပြော​လော့'' ဟူ​၍​စေ​ခိုင်း​လေ​၏။
6 Og han innhentet dem og sa dette til dem.
အိမ်​တော်​ဝန်​သည်​ထို​သူ​တို့​နောက်​သို့​လိုက်​၍ မီ​သော​အ​ခါ ယော​သပ်​မှာ​ကြား​လိုက်​သည့် အ​တိုင်း​သူ​တို့​အား​ပြော​လေ​၏။-
7 Da sa de til ham: Hvorfor taler min herre således? Det være langt fra dine tjenere å gjøre noget slikt!
ထို​အ​ခါ​သူ​တို့​က``အ​ရှင်၊ ကျွန်​တော်​တို့​ကို ဤ​သို့​မစွပ်​စွဲ​ပါ​နှင့်။ ကျွန်​တော်​တို့​သည်​ထို သို့​သော​ပြစ်​မှု​ကို​မ​ကူး​လွန်​ကြောင်း​ကျိန် ဆို​ပါ​သည်။-
8 Se, de penger som vi fant øverst i våre sekker, hadde vi med oss tilbake til dig fra Kana'ans land; hvorledes skulde vi da stjele sølv eller gull fra din herres hus?
ကျွန်​တော်​တို့​၏​အိတ်​ဝ​များ​၌​တွေ့​ရှိ​သော ငွေ​ကို​ပင် ခါ​နာန်​ပြည်​မှ​ပြန်​၍​ယူ​ခဲ့​ကြောင်း အ​ရှင်​သိ​ပါ​သည်။ သို့​ဖြစ်​၍​ကျွန်​တော်​တို့ သည်​ဘု​ရင်​ခံ​၏​အိမ်​မှ​ရွှေ​ငွေ​ကို​အ​ဘယ် ကြောင့်​ခိုး​ယူ​ရ​ပါ​မည်​နည်း။-
9 Den av dine tjenere som det finnes hos, han skal dø, og vi andre skal være min herres træler.
ကျွန်​တော်​တို့​အ​နက်​တစ်​ယောက်​ယောက်​ထံ ၌​ထို​ဖ​လား​ကို​တွေ့​လျှင် ထို​သူ​သည်​သေ ဒဏ်​သင့်​ပါ​စေ။ ကျန်​သော​ကျွန်​တော်​တို့​သည် လည်း​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ​မည်'' ဟု​ဆို လေ​၏။
10 Og han sa: Vel, la det være som I har sagt! Den som det finnes hos, skal være min træl, men I skal være uten skyld.
၁၀အိမ်​တော်​ဝန်​က``သင်​တို့​ပြော​သည့်​အ​တိုင်း ဖြစ်​ပါ​စေ။ သို့​ရာ​တွင်​ဖ​လား​ကို​ခိုး​သော​သူ သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ​မည်။ ကျန်​သော သူ​တို့​သည်​ချမ်း​သာ​ခွင့်​ရ​စေ​မည်'' ဟု​ဆို​၏။-
11 Så skyndte de sig og løftet hver sin sekk ned på jorden, og enhver åpnet sin sekk.
၁၁ထို​ကြောင့်​သူ​တို့​သည်​အ​သီး​သီး​မိ​မိ​တို့ ၏​အိတ်​များ​ကို​မြေ​ပေါ်​သို့​အ​လျင်​အ​မြန် ချ​၍​ဖွင့်​ပြ​ကြ​၏။-
12 Og han så efter; han begynte hos den eldste og endte hos den yngste, og begeret blev funnet i Benjamins sekk.
၁၂အိမ်​တော်​ဝန်​သည်​ညီ​အစ်​ကို​တို့​တွင်​အ​သက် အ​ကြီး​ဆုံး​မှ​အ​ငယ်​ဆုံး​အ​ထိ အ​စဉ်​လိုက် တစ်​ဦး​စီ​၏​အိတ်​ကို​ရှာ​ဖွေ​ရာ​ဗင်္ယာ​မိန် အိတ်​တွင်​ဖ​လား​ကို​တွေ့​ရ​လေ​၏။-
13 Da sønderrev de sine klær og lesste hver på sitt asen og vendte tilbake til byen.
၁၃ထို​အ​ခါ​သူ​တို့​သည်​စိတ်​ပျက်​ဝမ်း​နည်း​လျက် မိ​မိ​တို့​၏​အ​ဝတ်​ကို​ဆုတ်​ဖြဲ​ကြ​၏။ ထို​နောက် မြည်း​များ​ပေါ်​သို့​စပါး​အိတ်​များ​ကို​တင်​ပြီး လျှင်​မြို့​ထဲ​သို့​ပြန်​၍​လိုက်​လာ​ကြ​လေ​သည်။
14 Og Juda og hans brødre kom til Josefs hus mens han ennu var der, og de kastet sig til jorden for ham.
၁၄ယု​ဒ​နှင့်​ညီ​များ​တို့​သည် ယော​သပ်​၏​အိမ်​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ ယော​သပ်​သည်​အိမ်​၌ ရှိ​နေ​သေး​၏။ သူ​တို့​သည်​ယော​သပ်​၏​ရှေ့​တွင် ပျပ်​ဝပ်​ကြ​၏။-
15 Da sa Josef til dem: Hvad er det for noget I har gjort? Visste I ikke at en mann som jeg kan spå?
၁၅ယော​သပ်​က``သင်​တို့​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု ဘိ​သ​နည်း။ ငါ​သည်​သင်​တို့​ပြု​သ​မျှ​တို့​ကို နိ​မိတ်​ဖတ်​ခြင်း​ဖြင့်​သိ​နိုင်​စွမ်း​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော'' ဟု​ဆို​လေ​၏။
16 Og Juda sa: Hvad skal vi svare min herre? Hvad skal vi si, og hvad skal vi rettferdiggjøre oss med? Gud har funnet dine tjeneres misgjerning; se, vi er min herres træler, både vi og den som begeret blev funnet hos.
၁၆ယု​ဒ​က``ကျွန်​တော်​တို့​သည် အ​ရှင်​အား​မည်​သို့ လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ မည်​ကဲ့​သို့​ဆင်​ခြေ တက်​နိုင်​ပါ​မည်​နည်း။ ကျွန်​တော်​တို့​မ​ကူး​လွန် ကြောင်း မည်​ကဲ့​သို့​သက်​သေ​အ​ထောက်​အ​ထား ပြ​နိုင်​ပါ​အံ့​နည်း။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် က​ကျွန်​တော်​တို့​၏​အ​ပြစ်​ကို​ဖော်​ထုတ်​တော် မူ​ပါ​ပြီ။ ဖ​လား​နှင့်​တွေ့​ရ​သူ​တစ်​ဦး​သာ​မ​က ကျွန်​တော်​တို့​အား​လုံး​အ​ရှင့်​ထံ​၌​ကျွန်​ခံ​ပါ မည်'' ဟု​လျှောက်​ထား​လေ​၏။
17 Men han sa: Det være langt fra mig å gjøre slikt! Den mann som begeret blev funnet hos, han skal være min træl, men dra I andre i fred op til eders far!
၁၇ယော​သပ်​က``ထို​သို့​ငါ​မ​ပြု​လုပ်​နိုင်။ ဖ​လား နှင့်​တွေ့​ရ​သူ​ကို​သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ မည်။ ကျန်​သော​သူ​တို့​သည်​သင်​တို့​၏​အဖ​ထံ သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​သွား​ကြ​လော့''ဟု ဆို​လေ​၏။
18 Da gikk Juda frem til ham og sa: Hør mig, herre! La din tjener få tale et ord for min herres ører, og la ikke din vrede optendes mot din tjener; for du er som Farao selv.
၁၈ထို​နောက်​ယု​ဒ​သည်​ယော​သပ်​ထံ​သို့​ချဉ်း​ကပ် ၍``အ​ရှင်​အား​စ​ကား​တစ်​ခွန်း​ကို​လျှောက်​တင် ပါ​ရ​စေ။ ကျွန်​တော်​အား​အ​မျက်​ထွက်​တော်​မ မူ​ပါ​နှင့်။ အ​ရှင်​သည်​ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ပင်​ကြီး​မြတ်​တော်​မူ​ပါ​၏။-
19 Min herre spurte sine tjenere: Har I far eller bror?
၁၉အ​ရှင်​က`သင်​တို့​တွင်​ဖ​ခင်​ရှိ​သေး​သ​လော။ ညီ​ရှိ သေး​သ​လော' ဟု​မေး​ပါ​သည်။-
20 Da sa vi til min herre: Vi har en gammel far, og han har en ung sønn, som er født i hans alderdom; hans bror er død, og han er alene igjen efter sin mor, og hans far har ham så kjær.
၂၀ကျွန်​တော်​တို့​က​အ​သက်​အ​ရွယ်​အို​မင်း​သော ဖ​ခင်​ရှိ​ပါ​သည်။ ဖ​ခင်​အ​သက်​ကြီး​မှ​ရ​သော ညီ​တစ်​ယောက်​လည်း​ရှိ​ပါ​သေး​သည်။ ထို​သူ​ငယ် ၏​အစ်​ကို​အ​ရင်း​သေ​ဆုံး​ပြီ​ဖြစ်​သော​ကြောင့် သူ​၏​မိ​ခင်​ဖွား​သည့်​သား​များ​အ​နက်​ဤ သား​တစ်​ယောက်​တည်း​သာ​ကျန်​ရှိ​ပါ​သည်။ သူ​၏​ဖခင်​က​သူ့​အား​အ​လွန်​ချစ်​ပါ​သည်' ဟု​ပြော​ကြား​ခဲ့​ပါ​သည်။-
21 Og du sa til dine tjenere: Før ham ned til mig, så jeg kan få se ham med mine egne øine!
၂၁အ​ရှင်​က`ထို​သူ​ငယ်​ကို​ခေါ်​ဆောင်​ခဲ့​ကြ၊ ငါ တွေ့​မြင်​လို​သည်' ဟု​မိန့်​ကြား​ပါ​သည်။-
22 Da sa vi til min herre: Gutten kan ikke forlate sin far; for hvis han forlater sin far, da vil hans far dø.
၂၂ကျွန်​တော်​တို့​က`သူ​ငယ်​သည်​အ​ဖ​နှင့်​မ​ခွဲ​နိုင် ပါ။ အ​ဖ​နှင့်​ခွဲ​ခွာ​ခဲ့​လျှင်​အ​ဖ​သေ​ပါ​လိမ့် မည်' ဟု​ပြော​ပါ​သည်။-
23 Men du sa til dine tjenere: Dersom ikke eders yngste bror kommer ned med eder, skal I ikke mere komme for mine øine.
၂၃ထို​အ​ခါ​အ​ရှင်​က`သင်​တို့​၏​ညီ​မ​ပါ​လာ​လျှင် ငါ့​ထံ​သို့​နောက်​တစ်​ဖန်​မ​ဝင်​ရ' ဟု​မိန့်​ကြား ပါ​သည်။
24 Da vi så kom hjem til din tjener min far, fortalte vi ham hvad min herre hadde sagt
၂၄``ကျွန်​တော်​တို့​အ​ဖ​ထံ​သို့​ပြန်​ရောက်​ကြ​သော အ​ခါ အ​ရှင်​မိန့်​ကြား​သ​မျှ​ကို​အဖ​အား​ပြန် ကြား​ပါ​သည်။-
25 Og vår far sa: dra avsted igjen og kjøp litt korn til oss!
၂၅ထို​နောက်​အ​ဖ​က`သင်​တို့​သွား​၍​ငါ​တို့​အ​တွက် ရိက္ခာ​ဝယ်​ဦး​လော့' ဟု​စေ​ခိုင်း​ပါ​သည်။-
26 Da sa vi: Vi kan ikke dra ned, men dersom vår yngste bror er med oss, da vil vi dra ned; for vi kan ikke komme mannen for øie uten at vår yngste bror er med.
၂၆ကျွန်​တော်​တို့​က`ကျွန်​တော်​တို့​မ​သွား​ပါ​ရ​စေ​နှင့်။ ကျွန်​တော်​တို့​၏​ညီ​အ​ငယ်​ဆုံး​မ​လိုက်​ပါ​ခဲ့​လျှင် ဘု​ရင်​ခံ​ထံ​သို့​ဝင်​ရ​မည်​မ​ဟုတ်​ပါ။ ကျွန်​တော် တို့​၏​ညီ​အ​ငယ်​ဆုံး​လိုက်​ပါ​မည်​ဆို​လျှင် ကျွန်​တော်​တို့​သွား​ပါ​မည်' ဟု​ဖ​ခင်​အား​ပြန် ပြော​ပါ​သည်။-
27 Men din tjener min far sa til - oss: I vet at min hustru fødte mig to sønner,
၂၇ဖ​ခင်​က`သင်​တို့​သိ​သည့်​အ​တိုင်း​ရာ​ခေ​လ​သည် သား​နှစ်​ယောက်​တည်း​ဖွား​မြင်​၍၊-
28 og den ene gikk bort fra mig, og jeg sa: han er visselig revet ihjel; og jeg har aldri sett ham siden.
၂၈သား​တစ်​ယောက်​မှာ​မ​ရှိ​တော့​ပြီ။ သူ​သည်​သား​ရဲ တိ​ရစ္ဆာန်​တို့​၏​ကိုက်​ဖြတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။ ထို့​ကြောင့်​ငါ​သည်​ယ​နေ့​ထက်​တိုင်​သူ့​ကို​မ​မြင်​ရ။-
29 Tar I nu også denne fra mig, og det møter ham nogen ulykke, så sender I mine grå hår med sorg ned i dødsriket. (Sheol h7585)
၂၉ယ​ခု​ဤ​သား​ကို​သင်​တို့​ခေါ်​ဆောင်​သွား​၍​သူ​သည် ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ​သော် သင်​တို့​အ​ဖေ​အို ကြီး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ​ရ​ပါ​မည်' ဟု​ဆို​ပါ​သည်။ (Sheol h7585)
30 Skal jeg nu komme hjem til din tjener min far, og gutten, som han henger ved med hele sin sjel, ikke er med oss,
၃၀``သို့​ဖြစ်​၍​ကျွန်​တော်​သည်​သူ​ငယ်​မ​ပါ​ဘဲ​နှင့် အ​ဖ​ထံ​သို့​ပြန်​ရောက်​လျှင် အ​ဖ​က​ကျွန်​တော် တို့​နှင့်​အ​တူ​သူ​ငယ်​မ​ပါ​လာ​ကြောင်း​သိ​ရ​သော် သူ​သည်​မု​ချ​သေ​ရ​ပါ​လိမ့်​မည်။
31 så blir det hans død med det samme han ser at gutten ikke er med, og vi må sende din tjener vår fars grå hår med sorg ned i dødsriket. (Sheol h7585)
၃၁ဖ​ခင်​သည်​ဤ သူ​ငယ်​ကြောင့်​သာ​အ​သက်​ရှင်​လျက်​ရှိ​ပါ​သည်။ ကျွန်​တော်​တို့​သည်​ဖ​ခင်​အို​အား​ယူကြုံး​မ​ရ ဝမ်း​နည်း​လျက်​သေ​စေ​အောင်​ပြု​လုပ်​ရာ​ရောက် ပါ​မည်။- (Sheol h7585)
32 For din tjener tok på sig å svare for gutten hos min far og sa: dersom jeg ikke har ham med tilbake til dig, vil jeg være min fars skyldner alle mine dager.
၃၂ထို့​အ​ပြင်​ကျွန်​တော်​သည်​သူ​ငယ်​အ​တွက်​ဖ​ခင် ထံ​၌​အာ​မ​ခံ​ခဲ့​သူ​ပင်​ဖြစ်​ပါ​သည်။ ကျွန်​တော် က`သူ​ငယ်​ကို​ဖ​ခင်​ထံ​သို့​ပြန်​၍​မ​ခေါ်​ဆောင်​ခဲ့ လျှင်​ကျွန်​တော်​သည်​တစ်​သက်​လုံး​အ​ပြစ်​ခံ ပါ​ရ​စေ' ဟု​ဖ​ခင်​အား​ကတိ​ပေး​ခဲ့​ပါ​သည်။-
33 La derfor din tjener bli i guttens sted som træl hos min herre, men la gutten dra hjem med sine brødre!
၃၃ထို့​ကြောင့်​သူ​ငယ်​၏​ကိုယ်​စား​ကျွန်​တော်​သည် အ​ရှင့်​ထံ​၌​ကျွန်​ခံ​နေ​ရစ်​ပါ​ရ​စေ။ သူ​ငယ် ကို​သူ​၏​အစ်​ကို​များ​နှင့်​ပြန်​ခွင့်​ပြု​ရန်​တောင်း ပန်​ပါ​သည်။-
34 For hvorledes skulde jeg dra hjem til min far uten at gutten var med mig? Jeg kunde ikke se på den sorg som vilde komme over min far.
၃၄ကျွန်​တော်​သည်​သူ​ငယ်​မ​ပါ​ဘဲ​ဖခင်​ထံ​သို့​မည် သို့​ပြန်​နိုင်​ပါ​မည်​နည်း။ ဖ​ခင်​ခံ​ရ​မည့်​စိတ်​ဆင်း ရဲ​ခြင်း​ကို​ကျွန်​တော်​မ​မြင်​ရက်​နိုင်​ပါ'' ဟု လျှောက်​ထား​လေ​၏။

< 1 Mosebok 44 >