< 1 Mosebok 11 >
1 Og hele jorden hadde ett tungemål og ens tale.
၁မြေကြီး သားအပေါင်း တို့သည် ဘာသာ တ မျိုးတည်း။ စကား တ မျိုးတည်းရှိ ကြသည်ဖြစ်၍၊
2 Og da de drog frem mot øst, fant de en slette i landet Sinear, og de bosatte sig der.
၂အရှေ့ မျက်နှာမှ ခရီး သွားသဖြင့် ၊ ရှိနာ ပြည် ၌ မြေညီ ရာအရပ် ကိုတွေ့ ၍ နေရာ ချကြ၏။
3 Og de sa til hverandre: Kom, la oss gjøre teglsten og brenne dem vel! Og de brukte tegl istedenfor sten, og jordbek istedenfor kalk.
၃သူတို့ကလည်း လာ ကြ။ အုတ် လုပ် ၍ ခိုင်မာစွာ ဖုတ် ကြကုန်အံ့ဟု၊ တ ယောက်ကို တယောက် ပြော ကြ၏။ ထိုသို့ ကျောက် အရာ ၌ အုတ် ကို ၎င်း ၊ သရွတ် အရာ ၌ ရေညှိ တမျိုးကို၎င်း ရပြီးလျှင်၊
4 Så sa de: Kom, la oss bygge oss en by med et tårn som når op til himmelen, og gjøre oss et navn, så vi ikke skal spres over hele jorden!
၄လာ ကြ၊ မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား မည်ကို စိုးရိမ် ၍၊ မြို့ ကို ၎င်း ၊ မိုဃ်းကောင်းကင် သို့ မှီရသော ရဲတိုက် ကို၎င်း တည် လုပ်သဖြင့် ၊ ကျော်စော ကိတ္တိရှိစေခြင်းငှါ ပြု ကြကုန်အံ့ဟု ပြောဆို ကြ၏။
5 Da steg Herren ned for å se byen og tårnet som menneskenes barn hadde begynt å bygge.
၅ထိုသို့ လူ သား တို့တည် လုပ်သော မြို့ နှင့် ရဲတိုက် ကို ကြည့်ရှု ခြင်းငှါ ၊ ထာဝရဘုရား သည် ဆင်းသက် တော်မူ ၏။
6 Og Herren sa: Se, de er ett folk, og ett tungemål har de alle; dette er det første de tar sig fore, og nu vil intet være umulig for dem, hvad de så får i sinne å gjøre.
၆ထာဝရဘုရား က ကြည့်ရှု လော့။ လူ တ မျိုးတည်း ၊ စကား တ မျိုးတည်း ရှိသည်ဖြစ်၍၊ သူ တို့သည် ဤ အမှုကို အဦး ပြု ကြ၏။ ယခု ကြံစည် သမျှ တို့ကို အဆီး အတားမ ရှိ၊ သူ တို့ပြု ကြလိမ့်မည်။
7 La oss da stige ned der og forvirre deres tungemål, så den ene ikke forstår den andres tungemål!
၇လာ ကြ၊ ဆင်းသက် ကြကုန်အံ့။ သူတို့သည် အချင်းချင်း နား မ လည်စေခြင်းငှါ၊ သူ တို့စကား ကို ရှုပ်ထွေး ကြကုန်အံ့ဟု မိန့် တော်မူ၏။
8 Så spredte Herren dem derfra over hele jorden, og de holdt op med å bygge på byen.
၈ထိုသို့ ထာဝရဘုရား သည် သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သူတို့သည် မြို့ ကိုမ တည်ပဲ နေကြ၏။
9 Derfor kalte de den Babel; for der forvirret Herren hele jordens tungemål, og derfra spredte Herren dem ut over hele jorden.
၉သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရား သည် မြေကြီး သားအပေါင်း တို့၏ စကား ကိုရှုပ် ထွေး၍ ၊ သူ တို့ကို မြေကြီး တပြင်လုံး ၌ အရပ်ရပ် ကွဲပြား စေတော်မူသောကြောင့် ထို မြို့ သည် ဗာဗုလုန် မြို့ဟူ၍တွင် သတည်း။
10 Dette er historien om Sems ætt: Da Sem var hundre år gammel, fikk han sønnen Arpaksad to år efter vannflommen.
၁၀ရှေမ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ရှေမ သည် အသက် တ ရာရှိ၍ ၊ ရေ လွှမ်းမိုးသောနောက် နှစ် နှစ်ကြာ သော်၊ သားအာဖာဇဒ် ကို မြင် လေ၏။
11 Og efterat Sem hadde fått Arpaksad, levde han ennu fem hundre år og fikk sønner og døtre.
၁၁အာဖာဇဒ် ဘွားမြင် သောနောက် ၊ ရှေမ သည် အနှစ် ငါး ရာ အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
12 Da Arpaksad var fem og tretti år gammel, fikk han sønnen Salah.
၁၂အာဖာဇဒ် သည် အသက် သုံး ဆယ်ငါး နှစ်ရှိ သော်၊ သားရှာလ ကို မြင် လေ၏။
13 Og efterat Arpaksad hadde fått Salah, levde han ennu fire hundre og tre år og fikk sønner og døtre.
၁၃ရှာလ ဘွားမြင် သောနောက် ၊ အာဖာဇဒ် သည် အနှစ် လေး ရာ သုံး နှစ် အသက်ရှင် ၍ ၊ သား သမီး များကို မြင် လေ၏။
14 Da Salah var tretti år gammel, fikk han sønnen Eber.
၁၄ရှာလ သည် အသက် သုံး ဆယ်ရှိ သော်၊ သားဟေဗာ ကို မြင် လေ၏။
15 Og efterat Salah hadde fått Eber, levde han ennu fire hundre og tre år og fikk sønner og døtre.
၁၅ဟေဗာ ဘွားမြင် သောနောက် ၊ ရှာလ သည် အနှစ် လေး ရာ သုံး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
16 Da Eber var fire og tretti år gammel, fikk han sønnen Peleg.
၁၆ဟေဗာ သည် အသက်သုံး ဆယ့်လေး နှစ် ရှိ သော်၊ သားဖာလက် ကို မြင် လေ၏။
17 Og efterat Eber hadde fått Peleg, levde han ennu fire hundre og tretti år og fikk sønner og døtre.
၁၇ဖာလက် ဘွားမြင် သောနောက် ၊ ဟေဗာ သည် အနှစ် လေး ရာ သုံး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
18 Da Peleg var tretti år gammel, fikk han sønnen Re'u.
၁၈ဖာလက် သည် အသက် သုံး ဆယ်ရှိ သော်၊ သားရာဂေါ ကို မြင် လေ၏။
19 Og efterat Peleg hadde fått Re'u, levde han ennu to hundre og ni år og fikk sønner og døtre.
၁၉ရာဂေါ ဘွားမြင် သောနောက် ၊ ဖာလက် သည် အနှစ် နှစ် ရာကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို ဘွားမြင် လေ၏။
20 Da Re'u var to og tretti år gammel, fikk han sønnen Serug.
၂၀ရာဂေါ သည် အသက် သုံး ဆယ်နှစ် နှစ်ရှိ သော်၊ သားစေရောက် ကို မြင် လေ၏။
21 Og efterat Re'u hadde fått Serug, levde han ennu to hundre og syv år og fikk sønner og døtre.
၂၁စေရောက် ဘွားမြင် သောနောက် ၊ ရာဂေါ သည် အနှစ် နှစ် ရာခုနစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
22 Da Serug var tretti år gammel, fikk han sønnen Nakor.
၂၂စေရောက် သည်အသက် သုံး ဆယ်ရှိ သော်၊ သားနာခေါ် ကို မြင် လေ၏။
23 Og efterat Serug hadde fått Nakor, levde han ennu to hundre år og fikk sønner og døtre.
၂၃နာခေါ် ဘွားမြင် သောနောက် ၊ စေရောက် သည် အနှစ် နှစ် ရာအသက် ရှင်၍ သား သမီး များကို မြင် လေ၏။
24 Da Nakor var ni og tyve år gammel, fikk han sønnen Tarah.
၂၄နာခေါ် သည် အသက် နှစ် ဆယ်ကိုး နှစ်ရှိ သော်၊ သားတေရ ကို မြင် လေ၏။
25 Og efterat Nakor hadde fått Tarah, levde han ennu hundre og nitten år og fikk sønner og døtre.
၂၅တေရ ဘွားမြင် သောနောက် ၊ နာခေါ် သည် အနှစ် တ ရာတဆယ် ကိုး နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
26 Da Tarah var sytti år gammel, fikk han sønnene Abram, Nakor og Haran.
၂၆တေရ သည် အသက် ခုနစ် ဆယ်ရှိ သော်၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
27 Dette er historien om Tarah og hans ætt: Tarah fikk sønnene Abram, Nakor og Haran. Og Haran fikk sønnen Lot.
၂၇တေရ ၏ သားစဉ် မြေးဆက်ဟူမူကား ၊ တေရ သည် အာဗြံ ၊ နာခေါ် ၊ ခါရန် တို့ကိုမြင် လေ၏။
28 Og Haran døde hos sin far Tarah i sitt fedreland, i Ur i Kaldea.
၂၈ခါရန် သည်လည်း လောတ ကိုမြင် လေ၏။ ခါရန် သည်၊ အဘ တေရ မ သေမှီ၊ မိမိ ဘွား ရာအရပ် ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့၌ သေ လေ၏။
29 Og Abram og Nakor tok sig hustruer; Abrams hustru hette Sarai, og Nakors hustru hette Milka og var en datter av Haran, far til Milka og Jiska.
၂၉အာဗြံ နှင့် နာခေါ် သည် မယား ကို ယူ ၍ ၊ အာဗြံ ၏ မယား ကား၊ စာရဲ အမည် ရှိ၏။ နာခေါ် ၏ မယား ကား၊ ခါရန် ၏သမီး မိလခါ အမည် ရှိ၏။ ခါရန်သည် မိလခါ နှင့် ဣသခ ၏အဘ ဖြစ်သတည်း။
30 Og Sarai var ufruktbar, hun hadde ikke noget barn.
၃၀စာရဲ မူကား မြုံ သော မိန်းမဖြစ် ၍ သားသမီး မ ရှိ။
31 Og Tarah tok med sig Abram, sin sønn, og Lot, Harans sønn, sin sønnesønn, og Sarai, sin sønnekone, sin sønn Abrams hustru; og de drog ut sammen fra Ur i Kaldea for å reise til Kana'ans land, og de kom til Karan og bosatte sig der.
၃၁တေရ သည်သား အာဗြံ ကို၎င်း ၊ ခါရန် ၏သား ဖြစ်သောမြေး လောတ ကို၎င်း ၊ သားအာဗြံ ၏မယား ဖြစ် သော မိမိ ချွေးမ စာရဲ ကို၎င်း ခေါ်၍၊ သူတို့သည် ခါနာန် ပြည် သို့ သွား ခြင်းငှါ ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ ထွက် သဖြင့်၊ ခါရန် မြို့သို့ ရောက် ၍ နေ ကြ၏။
32 Og Tarahs dager blev to hundre og fem år; så døde Tarah i Karan.
၃၂တေရ သည် အသက် နှစ် ပေါင်းနှစ် ရာငါး နှစ် ရှိ သော်၊ ခါရန် မြို့၌ သေ လေ၏။