< Esters 9 >
1 På den trettende dag i den tolvte måned, det er måneden adar, den dag da kongens ord og bud skulde settes i verk, og jødenes fiender hadde håpet å få dem i sin makt - nu hadde det vendt sig så at jødene fikk sine fiender i sin makt -
၁အာဒါလဆယ့်သုံးရက်နေ့ကျရောက်လာ၏။ ထိုနေ့ရက်သည်ဘုရင့်ကြေညာချက်စတင် အတည်ဖြစ်သည့်နေ့၊ မိမိတို့လက်တွင်းသို့ ယုဒအမျိုးသားများရောက်ရှိလာရန်အ တွက်ရန်သူတို့စောင့်မျှော်နေသောနေ့ဖြစ်၏။ သို့ရာတွင်သူတို့မျှော်လင့်သည့်အတိုင်း မဖြစ်ဘဲယုဒအမျိုးသားတို့ကသူ တို့အားအနိုင်ရကြလေသည်။-
2 den dag slo jødene sig sammen i sine byer i alle kong Ahasverus' landskaper for å legge hånd på dem som søkte deres ulykke; og ingen kunde stå sig mot dem, for frykt for dem var falt på alle folkene.
၂အင်ပါယာနိုင်ငံတော်အတွင်းမြို့တိုင်း၌ ယုဒအမျိုးသားများသည် ဘေးအန္တရာယ် ပြုမည့်သူတို့ကိုတိုက်ခိုက်ရန်မိမိတို့ရပ် ကွက်များတွင်စုရုံးလျက်နေကြ၏။ အရပ် ရပ်ရှိလူတို့သည်သူတို့အားကြောက်လန့် ကြ၏။ အဘယ်သူမျှသူတို့ကိုခုခံ တိုက်ခိုက်နိုင်စွမ်းမရှိချေ။-
3 Alle landskapenes fyrster og stattholderne og landshøvdingene og kongens embedsmenn hjalp jødene, for frykt for Mordekai var falt på dem;
၃အမှန်အားဖြင့်ဆိုသော်အုပ်ချုပ်ရေးမှူး များ၊ ဘုရင်ခံများနှင့်ဘုရင့်အမှုတော် ထမ်းများဖြစ်သည့်ပြည်နယ်အရာရှိ အပေါင်းတို့သည် မော်ဒကဲကိုကြောက်လန့် သဖြင့်ယုဒအမျိုးသားတို့အားကူညီ ကြလေသည်။-
4 for Mordekai var nu en stor mann i kongens hus, og hans ry gikk viden om i alle landskapene, for han - Mordekai - blev større og større.
၄ယခုအခါမော်ဒကဲသည်နန်းတော်တွင် တန်ခိုးကြီးသူတစ်ဦးဖြစ်ကြောင်း၊ သူ ၏တန်ခိုးအာဏာသည်တစ်နေ့တစ်ခြား တိုးတက်လာကြောင်းအင်ပါယာနိုင်ငံ တော်တွင်ကျော်ကြားလျက်ရှိသဖြင့်၊-
5 Så slo da jødene alle sine fiender med sverd og død og undergang, og de gjorde som de vilde, mot dem som hatet dem.
၅ယုဒအမျိုးသားများသည်ရန်သူများကို ပြုလိုသမျှပြုနိုင်ကြ၏။ ထို့ကြောင့်သူတို့ သည်ရန်သူများကိုဋ္ဌားဖြင့်သတ်ဖြတ်ကြ၏။
6 I borgen Susan drepte og ødela jødene fem hundre mann.
၆မြို့တော်ရှုရှန်၌ပင်လျှင်ယုဒအမျိုးသား တို့သည် လူပေါင်းငါးရာကိုသတ်လိုက်ကြ လေသည်။-
7 Også Parsandata og Dalfon og Aspata
၇ထိုသူတို့အထဲတွင်ယုဒအမျိုးသားတို့ ၏ရန်သူ၊ ဟမ္မေဒါသ၏သားဟာမန်၏သား တစ်ကျိပ်ဖြစ်ကြသောပါရှန္ဒာသ၊ ဒါလဖုန်၊ အာသပါသ၊ ပေါရသ၊ အာဒလိ၊ အာရိ ဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါအီ ဇာသတို့လည်းပါကြ၏။ သို့ရာတွင်သူ တို့သည်လုယက်မှုကိုမပြုကြ။
8 og Porata og Adalja og Aridata
၈
9 og Parmasta og Arisai og Aridai og Vaisata,
၉
10 de ti sønner til Haman, Hammedatas sønn, jødenes fiende, drepte de; men på byttet la de ikke hånd.
၁၀
11 Samme dag fikk kongen vite tallet på dem som var drept i borgen Susan.
၁၁ထိုနေ့၌ရှုရှန်မြို့တွင်အသတ်ခံရသည့် လူဦးရေကို မင်းကြီးအားသံတော်ဦး တင်ကြ၏။-
12 Da sa kongen til dronning Ester: I borgen Susan har jødene drept og utryddet fem hundre mann og Hamans ti sønner; hvad har de da ikke gjort i kongens andre landskaper? Hvad er nu din bønn? Den skal tilståes dig. Og hvad ønsker du mere? Ditt ønske skal bli opfylt.
၁၂ထိုအခါမင်းကြီးသည်မိဖုရားဧသတာ အား``ရှုရှန်တစ်မြို့တည်း၌ပင်ယုဒအမျိုး သားတို့သည် ဟာမန်၏သားတစ်ကျိပ်အပါ အဝင်လူပေါင်းငါးရာကိုသတ်ဖြတ်လိုက် ကြလေပြီ။ သူတို့သည်ပြည်နယ်များတွင် အဘယ်မျှသတ်ဖြတ်ကြဦးမည်နည်း။ ယခုသင်သည်အဘယ်အရာကိုအလို ရှိပါသနည်း။ ငါပေးမည်။ အဘယ်ဆုကို တောင်းလိုပါသေးသနည်း။ ငါပေးမည်'' ဟုမိန့်တော်မူ၏။
13 Ester svarte: Tykkes det kongen godt, så la jødene i Susan også imorgen få lov til å gjøre likedan som idag, og la Hamans ti sønner bli hengt i galgen!
၁၃ဧသတာက``အရှင်မင်းကြီးသဘောတူ တော်မူပါလျှင်ယနေ့ရှုရှန်မြို့တွင်ယုဒ အမျိုးသားများပြုခဲ့သည့်အတိုင်းနက် ဖြန်ခါ၌လည်းပြုခွင့်ပေးတော်မူပါ။ ထို နောက်ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူပါ'' ဟုပြန်လည်လျှောက်ထား၏။-
14 Kongen bød at så skulde gjøres, og det blev utferdiget en befaling derom i Susan; Hamans ti sønner blev hengt.
၁၄မင်းကြီးသည်ဧသတာလျှောက်ထားသည့် အတိုင်း ရှုရှန်မြို့တွင်ကြေညာချက်ထုတ် ပြန်ကာ ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူ၏။-
15 Jødene i Susan slo sig sammen også på den fjortende dag i måneden adar og drepte i Susan tre hundre mann; men på byttet la de ikke hånd.
၁၅အာဒါလတစ်ဆယ့်လေးရက်နေ့၌ရှုရှန် မြို့ရှိယုဒအမျိုးသားများသည်စုရုံး၍ လူပေါင်းသုံးရာကိုထပ်မံသတ်ဖြတ်ကြ လေသည်။ သို့ရာတွင်ဤတစ်ကြိမ်၌လည်း သူတို့သည်လုယက်မှုကိုမပြုကြ။
16 De andre jøder i kongens landskaper slo sig også sammen og verget sitt liv og fikk ro for sine fiender; de drepte fem og sytti tusen av dem som hatet dem; men på byttet la de ikke hånd.
၁၆ပြည်နယ်များတွင်နေထိုင်သောယုဒအမျိုး သားတို့သည်လည်း မိမိတို့ကိုယ်ကိုအသက် ဘေးမှကာကွယ်ကြ၏။ သူတို့သည်မိမိတို့ အားမုန်းထားသူလူပေါင်းခုနစ်ထောင့်ငါး ရာကိုသတ်ဖြတ်ခြင်းအားဖြင့် ရန်သူများ ကိုသုတ်သင်ပယ်ရှင်းကြလေသည်။ သို့ရာ တွင်လုယက်မှုကိုမူမပြုကြ။-
17 Dette hendte den trettende dag i måneden adar; og på den fjortende dag hvilte de ut, og de gjorde den til en gjestebuds- og gledesdag.
၁၇ထိုနေ့ကားအာဒါလဆယ့်သုံးရက်နေ့ ဖြစ်သတည်း။ ဆယ့်လေးရက်နေ့၌သူတို့ သည်သတ်ဖြတ်မှုကိုမပြုကြတော့ဘဲ ရွှင်လန်းသောစားသောက်ပွဲကိုကျင်းပ ကြကုန်၏။-
18 Men jødene i Susan slo sig sammen både på den trettende dag og på den fjortende dag i måneden, og på den femtende dag hvilte de ut, og de gjorde den til en gjestebuds- og gledesdag.
၁၈ရှုရှန်မြို့ရှိယုဒအမျိုးသားတို့မူကား ဆယ့်သုံးရက်နှင့်ဆယ့်လေးရက်တွင်ရန်သူ များကိုသတ်ဖြတ်၍ ဆယ့်ငါးရက်နေ့တွင် ရပ်နားကာထိုနေ့၌ရွှင်လန်းသောစား သောက်ပွဲကိုကျင်းပကြလေသည်။-
19 Derfor høitideligholder jødene på landet - de som bor i landsbyene - den fjortende dag i måneden adar som en gledesdag med gjestebud og høitid, og på den sender de hverandre gaver av den mat de har laget til.
၁၉တံတိုင်းမရှိသည့်မြို့ငယ်များတွင်နေထိုင် ကြသည့်ယုဒအမျိုးသားတို့သည် အာဒါ လဆယ့်လေးရက်နေ့ကိုပျော်ရွှင်ရာမင်္ဂလာ နေ့၊ အချင်းချင်းအစားအစာလက်ဆောင် များပေးကမ်းရာနေ့အဖြစ်ကျင်းပကြ သတည်း။
20 Mordekai skrev op disse hendelser og sendte brev til alle jødene i alle kong Ahasverus' landskaper, nær og fjern,
၂၀မော်ဒကဲသည်ဤအဖြစ်အပျက်များကို မှတ်တမ်းတင်၍ထားစေ၏။ သူသည်ပေရသိ အင်ပါယာနိုင်ငံတော်အတွင်းရပ်နီးရပ် ဝေးရှိယုဒအမျိုးသားအပေါင်းတို့အား၊-
21 og fastsatte det som en lov for dem at de år efter år skulde høitideligholde den fjortende dag og den femtende dag i måneden adar,
၂၁နှစ်တိုင်းအာဒါလဆယ့်သုံးရက်နှင့်ဆယ့် လေးရက်နေ့ကို ပျော်ရွှင်ရာနေ့များအဖြစ် ကျင်းပရန်အမှာစာများရေးသားပေး ပို့လိုက်လေသည်။-
22 fordi det var på de dager jødene hadde fatt ro for sine fiender, og fordi det var i den måned deres bedrøvelse hadde vendt sig til glede og deres sorg til høitid; derfor skulde de gjøre disse dager til gjestebuds- og gledesdager og sende mat til hverandre og gaver til de fattige.
၂၂ထိုနေ့ရက်များသည်ရန်သူတို့အားယုဒ အမျိုးသားတို့သုတ်သင်ပယ်ရှင်းသည့်နေ့ များဖြစ်သည်။ ထိုလသည်သူတို့စိတ်ပျက် ဝမ်းနည်းခြင်းမှဝမ်းမြောက်ရွှင်မြူးခြင်းသို့ ကူးပြောင်းရာလဖြစ်၏။ သို့ဖြစ်၍သူတို့ သည်ထိုနေ့ရက်တို့တွင်ပျော်ရွှင်ပွဲများ ကျင်းပကာ မိမိတို့အချင်းချင်းအား လည်းကောင်း၊ ဆင်းရဲသူများအားလည်း ကောင်းအစားအစာလက်ဆောင်များ ပေးကမ်းကြရန်ဖြစ်ပေသည်။-
23 Jødene vedtok som fast skikk hvad de hadde begynt å gjøre, og hvad Mordekai hadde skrevet til dem om;
၂၃ယုဒအမျိုးသားတို့သည်မော်ဒကဲ၏ညွှန် ကြားချက်များကိုလိုက်နာကြသဖြင့် ထို ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းကျင်းပသည့် ဋ္ဌလေ့ထုံးစံဖြစ်လာသည်။
24 for agagitten Haman, Hammedatas sønn, alle jøders fiende, hadde lagt råd op mot jødene for å utrydde dem og kastet pur, det er lodd, for å ødelegge og utrydde dem,
၂၄အာဂတ်မှဆင်းသက်သူဟမ္မေဒါသ၏သား ဟာမန်သည်ပုရဟုခေါ်သည့်မဲစနစ်ဖြင့် ယုဒ အမျိုးသားတို့အားသတ်ဖြတ်ရန်နေ့ရက် ကိုရွေးချယ်ခဲ့၏။ သူတို့တစ်မျိုးလုံးကို သုတ်သင်ပယ်ရှင်းရန်ကြံစည်ခဲ့၏။-
25 men da det kom kongen for øre, hadde han ved et brev påbudt at det onde råd han hadde lagt op mot jødene, skulde vende tilbake på hans eget hode, så han selv og hans sønner blev hengt i galgen.
၂၅သို့ရာတွင်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရောက်လျှောက်ထားရာမင်းကြီးသည် ကြေညာချက်ထုတ်ပြန်တော်မူသဖြင့် ဟာမန် သည်ယုဒအမျိုးသားတို့အတွက်ကြံစည် ခဲ့သည့်ဘေးဆိုးကိုမိမိပင်ကြုံတွေ့ရလေ ၏။ သူနှင့်သူ၏သားတစ်ကျိပ်သည်လည်ဆွဲ တိုင်၌ကွပ်မျက်ခြင်းခံရကြ၏။-
26 Derfor kalte de disse dager purim efter ordet pur. Og på grunn av alt det som stod i dette brev, og det som de selv hadde sett, og som hadde hendt dem,
၂၆ထို့ကြောင့်ထိုပွဲနေ့များကိုမဲဟုအနက် အဋ္ဌိပ္ပါယ်ရသည့်ပုရဟူသောပုဒ်ကိုအစွဲ ပြု၍ ပုရပွဲတော်ဟုခေါ်ဆိုကြလေသည်။ မော်ဒကဲပေးပို့လိုက်သည့်စာကြောင့်လည်း ကောင်း၊ ဖြစ်ပျက်ခဲ့သည့်အမှုအရာများ ကြောင့်လည်းကောင်း၊-
27 fastsatte jødene og vedtok som ubrytelig skikk for sig og sine efterkommere og for alle som gikk over til deres tro, at de år efter år skulde høitideligholde disse to dager efter forskriften om dem og på den for dem fastsatte tid,
၂၇ယုဒအမျိုးသားများသည်မိမိတို့ကိုယ် တိုင်သာမက သားမြေးများနှင့်ယုဒဘာသာ သို့ကူးပြောင်းလာသူများအတွက် ထုံးတမ်းစဉ် လာတစ်ရပ်အနေဖြင့်နှစ်စဉ်နှစ်တိုင်းအချိန် ကျသောအခါ ဆိုခဲ့သောနှစ်ရက်ကိုမော်ဒကဲ ၏ညွှန်ကြားချက်များနှင့်အညီကျင်းပရန် သော်လည်းကောင်း၊-
28 og at disse dager skulde ihukommes og høitideligholdes gjennem alle tider, i hver ætt, i hvert landskap og i hver by, og at disse purim-dager ikke skulde falle bort blandt jødene, og minnet om dem aldri ophøre blandt deres efterkommere.
၂၈ပြည်နယ်အသီးသီးနှင့်မြို့အသီးသီးတို့ တွင်ယုဒအိမ်ထောင်စုမှန်သမျှသည် ထိုပုရ ပွဲတော်ကိုသားစဉ်မြေးဆက်သတိရကျင်း ပရန်လည်းကောင်းဆုံးဖြတ်ကြ၏။
29 Dronning Ester, Abiha'ils datter, og jøden Mordekai skrev atter et brev med myndige ord for å slå fast som lov det som stod i dette nye brev om purim.
၂၉ထိုနောက်အဘိဟဲလ၏သမီးမိဖုရား ဧသတာနှင့်မော်ဒကဲတို့သည် ပုရပွဲတော် နှင့်ပတ်သက်၍မော်ဒကဲရေးသားပေးပို့ခဲ့ သည့်စာကိုဧသတာ၏အာဏာဖြင့်အတည် ပြုရန်စာရေးကြ၏။-
30 Og han sendte skrivelser til alle jødene i de hundre og syv og tyve landskaper i Ahasverus' rike med vennlige og alvorlige ord,
၃၀ထိုစာမိတ္တူကိုပေရသိအင်ပါယာနိုင်ငံ တော်အတွင်းတစ်ရာ့နှစ်ဆယ်ခုနစ်ပြည်နယ် များရှိယုဒအမျိုးသားအပေါင်းတို့ထံ ပေးပို့လေသည်။ ထိုစာတွင်ယုဒအမျိုး သားတို့အားဘေးရန်ကင်း၍အေးချမ်း စေကြောင်းဆုမွန်တောင်းပြီးနောက်၊-
31 for å slå fast som lov at de skulde holde disse purim-dager på de for dem fastsatte tider, således som jøden Mordekai og dronning Ester hadde foreskrevet om dem, og således som de hadde vedtatt det for sig selv og sine efterkommere om fastene og klageropene på dem.
၃၁အချိန်ကျရောက်သောအခါမိမိတို့ သဘောတူပြဋ္ဌာန်းခဲ့သည်နှင့်အညီ သူ တို့နှင့်သူတို့၏သားမြေးများသည်အစာ ရှောင်ခြင်း၊ ဝမ်းနည်းမြည်တမ်းခြင်းတို့ကို ပြုသည့်ပြင်ပုရနေ့များကိုစောင့်ရန်ညွှန် ကြားလေသည်။ ဤညွှန်ကြားချက်သည် မိဖုရားဧသတာနှင့်ယုဒအမျိုးသား မော်ဒကဲတို့အမိန့်ထုတ်ပြန်ချက်ဖြစ် သည်။-
32 Således blev disse forskrifter om purim-festen fastsatt som lov ved Esters bud, og det blev opskrevet i en bok.
၃၂ပုရပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်များကို ဧသတာ၏အမိန့်အရအတည်ပြု၍ စာလိပ်တွင်ရေးသားထားသတည်း။