< 2 Samuel 5 >

1 Så kom alle Israels stammer til David i Hebron og sa: Her er vi; vi er av samme kjød og blod som du.
ထို​အ​ခါ​ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​လာ​ရောက်​၍​ဒါ​ဝိဒ် အား``အ​ရှင်​နှင့်​အ​ကျွန်ုပ်​တို့​သည်​သွေး​သား ချင်း​ဖြစ်​ကြ​ပါ​၏။-
2 Allerede for lenge siden, da Saul var konge over oss, var det du som førte Israel ut og inn, og Herren sa til dig: Du skal vokte mitt folk Israel, og du skal være fyrste over Israel.
အ​တိတ်​ကာ​လ​၌​ရှော​လု​ဘု​ရင်​ဖြစ်​စဉ်​အ​ခါ က​အ​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​၍​စစ်​ပွဲ​ဝင်​ခဲ့ ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း`သင်​သည်​ငါ ၏​လူ​မျိုး​တော်​ကို​ခေါင်း​ဆောင်​ရ​မည်။ သူ​တို့​၏ ဘု​ရင်​ဖြစ်​ရ​မည်' ဟု​အ​ရှင့်​အား​မိန့်​တော်​မူ ခဲ့​ပါ​၏'' ဟု​လျှောက်​ကြ​၏။-
3 Og alle Israels eldste kom til kongen i Hebron, og kong David gjorde en pakt med dem i Hebron for Herrens åsyn; og de salvet David til konge over Israel.
ထို့​ကြောင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​အ​ပေါင်း​တို့ သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​ကြ ၏။ ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် သူ​တို့​နှင့်​သစ္စာ​က​တိ​ပြု​တော်​မူ​သ​ဖြင့် သူ တို့​က​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။-
4 David var tretti år gammel da han blev konge, og han regjerte i firti år.
ဒါ​ဝိဒ်​ဘုရင်​ဖြစ်​သော​အ​ခါ​အ​သက်​သုံး ဆယ်​ရှိ​၏။ သူ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​နန်း​စံ​တော်​မူ​ရ​လေ​သည်။-
5 I Hebron regjerte han over Juda i syv år og seks måneder, og i Jerusalem regjerte han i tre og tretti år over hele Israel og Juda.
ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဟေ​ဗြုန်​မြို့​တွင် ခု​နစ်​နှစ်​ခွဲ၊ ဣ​သ​ရေ​လ​ပြည်​တစ်​ခု​လုံး​နှင့် ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင် မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော်​မူ သ​တည်း။
6 Så drog kongen og hans menn til Jerusalem mot jebusittene, som bodde der i landet; men de sa til David: Du kommer aldri inn her; blinde og lamme skal drive dig bort med de ord: David kommer aldri inn her.
ဒါ​ဝိဒ်​မင်း​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ထိုင်​သူ​ယေ​ဗု​သိ အ​မျိုး​သား​တို့​က ထို​မြို့​ကို​ဒါ​ဝိဒ်​သိမ်း​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​မ​ဝင်​နိုင်​အောင်​မျက် မ​မြင်​များ​နှင့်​ခြေ​ဆွံ့​သူ​များ​ပင်​ဆီး​တား နိုင်​ပါ​၏'' ဟု​ဆို​ကြ​၏။-
7 Men David inntok allikevel Sions borg, det er Davids stad.
(သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။)
8 Den dag sa David: Hver den som slår jebusittene og trenger frem til vannledningen og slår de lamme og blinde som hater David han skal være høvding og fører. Derav kommer det ord: En blind og en lam skal ikke komme inn i huset.
ထို​နေ့​၌​ဒါ​ဝိဒ်​က​မိ​မိ​၏​လူ​တို့​အား``ယေ ဗု​သိ​အ​မျိုး​သား​တို့​ကို​ငါ​မုန်း​သ​ကဲ့​သို့ မုန်း​သူ​တို့​အား​သတ်​ဖြတ်​မည့်​သူ​ရှိ​လျှင် ရေ​ပြွန်​ခေါင်း​အ​တွင်း​မှ​နေ​၍​မြို့​ထဲ​သို့​ဝင် ပြီး​လျှင်​မျက်​မ​မြင်​ခြေ​ဆွံ့​သူ​တို့​အား​တိုက် ခိုက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ (ထို​အ​ကြောင်း ကို​အ​စွဲ​ပြု​၍``မျက်​မ​မြင်​နှင့်​ခြေ​ဆွံ့​သူ​တို့ သည်​ထာဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​မ​ဝင် ရ​ကြ'' ဟု​ဆို​လေ့​ရှိ​လေ​သည်။)
9 David tok sin bolig i borgen og kalte den Davids stad; og David bygget rundt omkring fra Milo og innover.
ဒါ​ဝိဒ်​သည်​ခံ​တပ်​ကို​သိမ်း​ယူ​တော်​မူ​ပြီး နောက်​ထို​ခံ​တပ်​အ​တွင်း​၌​နေ​ထိုင်​တော်​မူ ၍​ယင်း​ကို​ဒါ​ဝိဒ်​မြို့​ဟု​သ​မုတ်​တော်​မူ​၏။ မင်း ကြီး​သည်​ထို​ခံ​တပ်​ပတ်​လည်​တွင်​တောင်​ကုန်း အ​ရှေ့၊ မြေ​ဖို့​ထား​ရာ​အ​ရပ်​မှ​အ​စ​ပြု​၍ မြို့​ကို​တည်​တော်​မူ​၏။-
10 David blev større og større, og Herren, hærskarenes Gud, var med ham.
၁၀အ​နန္တ​တန်ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​ဒါ​ဝိဒ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်​၍ သူ​၏​တန်​ခိုး​အာ​ဏာ​သည်​ပို​၍​ပို​၍​လွှမ်း​မိုး လာ​လေ​သည်။
11 Og Hiram, kongen i Tyrus, skikket sendemenn til David med sedertre, og han sendte tømmermenn og stenhuggere; og de bygget et hus for David.
၁၁တု​ရု​ဘု​ရင်​ဟိ​ရံ​မင်း​သည်​ဒါ​ဝိဒ်​ထံ​သို့​သံ တ​မန်​များ​ကို​စေ​လွှတ်​လေ​၏။ နန်း​တော်​တည် ဆောက်​ရန်​အ​တွက်​သစ်​က​တိုး​သစ်၊ လက်​သ​မား နှင့်​ပန်း​ရန်​ဆ​ရာ​များ​ကို​လည်း​ပေး​ပို့​လိုက်​၏။-
12 Og David forstod at Herren hadde stadfestet hans kongedømme over Israel, og at han hadde hevet hans rike høit for sitt folk Israels skyld.
၁၂ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣသ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​တည် ပြု​တော်​မူ​ကြောင်း​နှင့်​ကိုယ်​တော်​သည် မိ​မိ လူ​မျိုး​တော်​၏​အ​ကျိုး​ကို​ထောက်​၍ သူ​၏ နိုင်​ငံ​ကို​သာ​ယာ​ဝ​ပြော​စေ​တော်​မူ လျက်​ရှိ​ကြောင်း​ကို​သိ​မြင်​လာ​လေ​သည်။
13 David tok ennu flere medhustruer og hustruer fra Jerusalem efterat han var kommet fra Hebron, og han fikk ennu flere sønner og døtre.
၁၃ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​မှ​ပြောင်း​ရွှေ့​သွား​ပြီး နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​မောင်း​မ​များ​နှင့် မိ​ဖု​ရား​များ​ကို ထပ်​မံ​သိမ်း​ပိုက်​တော်​မူ သ​ဖြင့်​သား​သ​မီး​များ​ကို​ထပ်​မံ​ရ​ရှိ တော်​မူ​ပြန်​၏။-
14 Dette er navnene på de sønner han fikk i Jerusalem: Sammua og Sobab og Natan og Salomo
၁၄ယေ​ရု​ရှ​လင်​မြို့​တွင်​ရ​ရှိ​သော​သား​သ​မီး များ​မှာ​ရှ​မွာ၊ ရှော​ဗပ်၊ နာ​သန်၊ ရှော​လ​မုန်၊-
15 og Jibbar og Elisua og Nefeg og Jafia
၁၅ဣ​ဗ​ဟာ၊ ဧ​လိ​ရွှ၊ နေ​ဖက်၊ ယာ​ဖျာ၊
16 og Elisama og Eljada og Elifelet.
၁၆ဧ​လိ​ရှ​မာ၊ ဧ​လျာ​ဒ​နှင့်​ဧ​လိ​ဖ​လက်​တို့ ဖြစ်​ကြ​၏။
17 Da filistrene hørte at David var blitt salvet til konge over Israel, drog alle filistrene ut for å søke efter David; og da David hørte det, drog han ned til borgen.
၁၇ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​ခြင်း​ကို​ခံ​ရ​ကြောင်း​ဖိ​လိတ္တိ​အ​မျိုး သား​တို့​ကြား​သိ​ကြ​သ​ဖြင့်​သူ့​ကို​ဖမ်း​ဆီး ရန်​ချီ​တက်​လာ​ကြ​၏။ ထို​သ​တင်း​ကို​ဒါ​ဝိဒ် ကြား​သော​အ​ခါ​ခံ​တပ်​ရှိ​ရာ​သို့​ကြွ​တော် မူ​၏။-
18 Og filistrene kom og spredte sig utover i Refa'im-dalen.
၁၈ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း ကို​သိမ်း​ပိုက်​လိုက်​ကြ​၏။-
19 Da spurte David Herren: Skal jeg dra ut mot filistrene? Vil du gi dem i min hånd? Og Herren svarte: Dra ut! Jeg vil gi filistrene i din hånd.
၁၉ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ်​တော် ကျွန်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင် သည်​ကိုယ်​တော့်​ကျွန်​အား​အောင်​ပွဲ​ခံ​စေ တော်​မူ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။
20 Så kom David til Ba'al-Perasim, og der slo han dem, og han sa: Herren har brutt igjennem mine fiender foran mig, som vann bryter igjennem. Derfor blev dette sted kalt Ba'al-Perasim.
၂၀ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ ငါ​သည်​သင့် အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​မည်'' ဟု​မိန့်​တော် မူ​သ​ဖြင့်​ဒါ​ဝိဒ်​သည်​ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့ သွား​၍​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဖြို​ခွင်း ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဟုန်​ပြင်း သည့်​ရေ​လျှံ​မြစ်​ကဲ့​သို့​ငါ​၏​ရန်​သူ​များ​ကို ဖြို​ခွင်း​တော်​မူ​လေ​ပြီ'' ဟု​မြွက်​ဆို​၏။ သို့ ဖြစ်​၍​ထို​အ​ရပ်​ကို​ဗာ​လ​ပေ​ရ​ဇိန်​ဟု ခေါ်​ဝေါ်​ကြ​ခြင်း​ဖြစ်​၏။-
21 Der lot de efter sig sine avgudsbilleder, og David og hans menn tok dem med sig.
၂၁ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ကိုး ကွယ်​သော​ရုပ်​တု​များ​ကို​ထို​အ​ရပ်​တွင်​စွန့် ပစ်​ခဲ့​ကြ​သ​ဖြင့် ယင်း​တို့​ကို​ဒါ​ဝိဒ်​၏​လူ တို့​က​သိမ်း​ယူ​ကြ​လေ​သည်။
22 Men filistrene drog ut ennu en gang og spredte sig utover i Refa'im-dalen.
၂၂ထို​နောက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရေ​ဖိမ် ချိုင့်​ဝှမ်း​သို့​ပြန်​လာ​ပြီး​လျှင်​ထို​အ​ရပ်​ကို သိမ်း​ပိုက်​ကြ​ပြန်​၏။-
23 Og David spurte Herren, men han sa: Du skal ikke dra dit op; gå omkring så du kommer bakenfor dem, og gå så på dem midt for baka-trærne,
၂၃ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တစ်​ဖန်​စုံ​စမ်း မေး​လျှောက်​ပြန်​၏။ ကိုယ်​တော်​က``သူ​တို့​အား ဤ​အ​ရပ်​မှ​နေ​၍​မ​တိုက်​မ​ခိုက်​နှင့်။ သူ​တို့ ၏​တပ်​နောက်​ဘက်​ပိုင်း​ကို​ကွေ့​၍​သွား​ပြီး လျှင်​ပိုး​စာ​တော​အ​နီး​မှ​တိုက်​ခိုက်​လော့။-
24 og når du hører lyden av skritt i baka-trærnes topper, da skynd dig! For da har Herren draget ut foran dig for å slå filistrenes hær.
၂၄သင်​သည်​သစ်​ပင်​များ​ထိပ်​၌​စစ်​ချီ​သံ​ကို ကြား​သော​အ​ခါ​စ​တင်​တိုက်​ခိုက်​လော့။ ထို အ​ခါ​၌​ငါ​သည်​ဖိ​လိတ္တိ​တပ်​ကို​ချေ​မှုန်း ရန်​သင်​၏​ရှေ့​မှ​ကြွ​နှင့်​မည်''ဟု​မိန့်​တော်​မူ​၏။-
25 David gjorde således som Herren hadde befalt ham; og han slo filistrene og forfulgte dem fra Geba til bortimot Geser.
၂၅ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လိုက်​နာ​၍​ဖိ​လိတ္တိ​တပ်​ကို ဂေ​ဗ​မြို့​မှ​ဂါ​ဇ​ရ​မြို့​တိုင်​အောင်​နှင်​ထုတ် နိုင်​လေ​သည်။

< 2 Samuel 5 >