< 2 Kongebok 3 >

1 Joram, Akabs sønn, blev konge over Israel i Samaria i Judas konge Josafats attende år, og han regjerte tolv år.
ယု​ဒ​ပြည်​ဘု​ရင်​ယော​ရှ​ဖတ်​၏​နန်း​စံ​တစ်​ဆယ့် ရှစ်​နှစ်​မြောက်​၌ အာ​ဟပ်​၏​သား​တော်​ယော​ရံ​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​တွင်​တစ်​ဆယ့်​နှစ်​နှစ်​စိုး​စံ​ရ​၏။-
2 Han gjorde hvad ondt var i Herrens øine, dog ikke som sin far og mor; for han tok bort den Ba'al-støtte som hans far hadde latt gjøre.
သူ​သည်​ဘု​ရား​သခင်​အား​ပြစ်​မှား​သော်​လည်း မိ​မိ ၏​ခ​မည်း​တော်​သို့​မ​ဟုတ်​မယ်​တော်​ယေ​ဇ​ဗေ​လ လောက်​မ​ဆိုး​ချေ။ သူ​သည်​ခ​မည်း​တော်​တည်​လုပ် ခဲ့​သော​ဗာ​လ​ဘု​ရား​ကျောက်​တိုင်​ကို​ပယ်​ရှား လိုက်​လေ​သည်။-
3 Dog blev han hengende ved Jeroboams, Nebats sønns synder, de synder som Jeroboam hadde fått Israel til å gjøre; dem vek han ikke fra.
သို့​ရာ​တွင်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သည့်​နေ​ဗတ် ၏​သား​ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​စေ​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ပေး​လေ​သည်။ ထို​သို့​အ​ပြစ် ကူး​လွန်​မှု​ကို​အ​မြဲ​ပြု​၏။
4 Mesa, kongen i Moab, hadde meget fe, og han betalte i skatt til Israels konge hundre tusen lam og ull av hundre tusen værer.
မော​ဘ​ဘု​ရင်​မေ​ရှာ​သည်​သိုး​များ​ကို​မွေး​မြူ​ကာ နှစ်​စဉ်​နှစ်​တိုင်း​ဣ​သ​ရေ​လ​ဘု​ရင်​အား​သိုး​ငယ် အ​ကောင်​တစ်​သိန်း​ကို​လည်း​ကောင်း၊ သိုး​ကြီး​အ ကောင်​တစ်​သိန်း​မှ​ရ​ရှိ​သော​သိုး​မွေး​ကို​လည်း ကောင်း အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​ဆက်​သ​လေ့​ရှိ​၏။-
5 Men da Akab var død, falt kongen i Moab fra Israels konge.
သို့​ရာ​တွင်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​ကွယ်​လွန် သွား​သော​အ​ခါ မေ​ရှာ​သည်​ဣ​သ​ရေ​လ​ပြည် ကို​ပုန်​ကန်​လေ​၏။-
6 Da drog kong Joram ut fra Samaria og mønstret hele Israel.
ယော​ရံ​မင်း​သည်​ချက်​ချင်း​ပင်​ရှ​မာ​ရိ​မြို့​မှ ထွက်​၍ စစ်​သည်​တော်​တို့​ကို​စု​ရုံး​၏။-
7 Så sendte han bud til Judas konge Josafat og lot si: Moabs konge er falt fra mig; vil du dra med mig og stride mot Moab? Han svarte: Ja, jeg vil dra med; som du, så jeg, som ditt folk, så mitt folk, som dine hester, så mine hester.
ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​ထံ​သို့​သံ​တ​မန်​စေ လွှတ်​၍``မော​ဘ​မင်း​သည်​အ​ကျွန်ုပ်​ကို​ပုန်​ကန် လေ​ပြီ။ သို့​ဖြစ်​၍​သူ့​အား​တိုက်​ခိုက်​ရန်​အ​ဆွေ တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ပါ မည်​လော'' ဟု​မေး​မြန်း​၏။ ယော​ရှ​ဖတ်​က``ကျွန်ုပ်​ဝင်​ပါ​မည်။ ကျွန်ုပ်​သည် အ​ဆွေ​တော်​ခိုင်း​ရာ​ကို​ပြု​ရန်​အ​သင့်​ရှိ​ပါ သည်။ ကျွန်ုပ်​၏​စစ်​သည်​တော်​များ၊ မြင်း​များ သည်​လည်း​အ​ဆွေ​တော်​၏​စစ်​သည်၊ မြင်း​များ ကဲ့​သို့​ဖြစ်​ပါ​၏။-
8 Og han spurte: Hvilken vei skal vi dra dit op? Han svarte: Gjennem Edoms ørken.
တိုက်​ခိုက်​ရန်​အ​ဘယ်​လမ်း​ဖြင့်​ချီတက်​ကြ​ပါ​မည် နည်း'' ဟု​မေး​၏။ ယော​ရံ​က``ကျွန်ုပ်​တို့​သည်​ဧ​ဒုံ​တော​ကန္တာ​ရ​လမ်း​ကို ဖြတ်​၍ လမ်း​ရှည်​ဖြင့်​ချီ​တက်​ကြ​ပါ​မည်'' ဟု​ဖြေ ကြား​၏။
9 Så drog Israels konge og Judas konge og Edoms konge avsted, og da de hadde faret syv dagsreiser omkring, fantes det ikke vann, hverken for hæren eller for buskapen som de hadde med sig.
သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်၊ ယု​ဒ​ဘု​ရင်​နှင့်​ဧဒုံ ဘု​ရင်​တို့​သည်​ထွက်​ခွာ​သွား​ကြ​ရာ ခု​နစ်​ရက်​မျှ ကြာ​သော​အ​ခါ​တပ်​သား​များ​အ​တွက်​သော် လည်း​ကောင်း၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​တွက်​သော် လည်း​ကောင်း​သောက်​သုံး​ရန်​ရေ​ကုန်​သွား​သ​ဖြင့်၊-
10 Da sa Israels konge: Akk, at Herren har kalt disse tre konger hit for å gi dem i Moabs hånd!
၁၀ယော​ရံ​မင်း​က``ငါ​တို့​အ​ခက်​ကြုံ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​မင်း​သုံး​ပါး​ကို​မော​ဘ​ဘု​ရင် ၏​လက်​သို့​အပ်​တော်​မူ​လေ​ပြီ​တ​ကား'' ဟု​ဆို​၏။
11 Men Josafat sa: Er det ikke nogen av Herrens profeter her, så vi kunde spørre Herren til råds gjennem ham? Da svarte en av Israels konges tjenere: Elisa, Safats sønn, er her, han som helte vann over Elias' hender.
၁၁ယော​ရှ​ဖတ်​မင်း​က``ထာ​ဝရ​ဘု​ရား​အား​မေး လျှောက်​ပေး​မည့်​ပ​ရော​ဖက်​တစ်​ပါး​မျှ ဤ​အ​ရပ် တွင်​မ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။ ယော​ရံ​၏​တပ်​များ​မှ​တပ်​မှူး​တစ်​ယောက်​က``ရှာ ဖတ်​၏​သား​ဧ​လိ​ရှဲ​ရှိ​ပါ​သည်။ သူ​သည်​ဧ​လိ​ယ ၏​လက်​ထောက်​ဖြစ်​ခဲ့​ဖူး​ပါ​၏'' ဟု​လျှောက်​လေ​၏။
12 Så drog Israels konge og Josafat og Edoms konge ned til ham.
၁၂ယော​ရှ​ဖတ်​မင်း​က``ထို​သူ​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​ပေ​သည်'' ဟု​ဆို​သ​ဖြင့်​မင်း​သုံး​ပါး တို့​သည်​ဧ​လိ​ရှဲ​ထံ​သို့​သွား​ကြ​၏။
13 Men Elisa sa til Israels konge: Hvad har jeg med dig å gjøre? Gå du til din fars profeter og til din mors profeter! Israels konge svarte ham: Tal ikke så! For Herren har kalt disse tre konger hit for å gi dem i Moabs hånd.
၁၃ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``အ​ဘယ် ကြောင့်​သင့်​အား ငါ​ကူ​ညီ​ရ​ပါ​မည်​နည်း။ သင် ၏​ခ​မည်း​တော်၊ မယ်​တော်​တို့​၏​အ​တိုင်​ပင်​ခံ ပ​ရော​ဖက်​များ​ထံ​သို့​သွား​၍​တိုင်​ပင်​ပါ​လော့'' ဟု​ဆို​၏။ ယော​ရံ​က``ဤ​သို့​မ​ဆို​ပါ​နှင့်။ ငါ​တို့​မင်း​သုံး ပါး​ကို မော​ဘ​ဘု​ရင်​၏​လက်​သို့​အပ်​တော်​မူ သော​အ​ရှင်​မှာ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော် မူ​ပါ​၏'' ဟု​ဆို​၏။
14 Da sa Elisa: Så sant Herren, hærskarenes Gud, lever, han hvis tjener jeg er: Var det ikke for Judas konge Josafats skyld, så vilde jeg ikke ense dig eller se på dig.
၁၄ဧ​လိ​ရှဲ​က``ငါ​ကိုး​ကွယ်​လျက်​နေ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း​အ​ကယ်​၍​ငါ​သည်​ယု​ဒ​ဘု​ရင် ယော​ရှ​ဖတ်​၏​မျက်​နှာ​တော်​ကို​သာ​မ​ထောက် ခဲ့​သော်​သင့်​အား​လှည့်​၍​ပင်​ကြည့်​မည်​မ​ဟုတ် ပါ။-
15 Men hent nu en harpespiller til mig! Da så harpespilleren spilte på sin harpe, kom Herrens Ånd over ham.
၁၅ယ​ခု​ငါ့​ထံ​သို့​စောင်း​သ​မား​တစ်​ဦး​ကို ခေါ်​ခဲ့​ပါ​လော့'' ဟု​ဆို​၏။ စောင်း​သ​မား​သည်​စောင်း​တီး​၍​နေ​စဉ် ဘု​ရား​သ​ခင် ၏​တန်​ခိုး​တော်​သည်​ဧ​လိ​ရှဲ​အ​ပေါ်​သို့​သက်​ရောက် လာ​၏။-
16 Og han sa: Så sier Herren: Gjør grøft ved grøft i dalen her!
၁၆သို့​ဖြစ်​၍​ဧ​လိ​ရှဲ​က``ထာ​ဝ​ရ​ဘု​ရား​က`ခြောက် သွေ့​လျက်​ရှိ​သည့်​ဤ​ချောင်း​တွင်​မြောင်း​များ​ကို တူး​လော့။-
17 For sa sier Herren: I skal ikke se vind og ikke se regn, men allikevel skal denne dal fylles med vann, så I får drikke, både I selv og eders buskap og eders kløvdyr.
၁၇သင်​တို့​သည်​မိုး​နှင့်​လေ​ကို​မ​တွေ့​မ​မြင်​ရ​သော် လည်း ဤ​ချောင်း​သည်​ရေ​ပြည့်​လိမ့်​မည်။ သင်​တို့​နှင့် သင်​တို့​၏​သိုး​နွား​များ​ဝန်​တင်​တိ​ရစ္ဆာန်​များ အ​တွက် သောက်​သုံး​ရန်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ လိမ့်​မည်' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ပြီ'' ဟု ဆို​၏။-
18 Men dette er ikke nok i Herrens øine; han vil også gi Moab i eders hånd.
၁၈ထို့​နောက်​ဧ​လိ​ရှဲ​သည်​ဆက်​၍``ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​ရန်​လွယ်​ကူ​သော​အ​မှု ဖြစ်​၏။ ကိုယ်​တော်​သည်​မော​ဘ​ပြည်​သား​တို့ အား သင်​တို့​၏​လက်​သို့​အပ်​တော်​မူ​လိမ့်​မည်။-
19 Og I skal innta hver fast by og hver storby, og hvert godt tre skal I felle, og alle vannkilder skal I tilstoppe, og hvert godt stykke land skal I ødelegge med sten.
၁၉သင်​တို့​သည်​ထို​သူ​တို့​၏​လှ​ပ​သည့်​ခံ​တပ်​မြို့ များ​ကို​သိမ်း​ယူ​၍ သစ်​သီး​ပင်​ရှိ​သ​မျှ​ကို​ခုတ် လှဲ​ပစ်​ကြ​လိမ့်​မည်။ သူ​တို့​၏​စမ်း​ရေ​တွင်း​ရှိ​သ​မျှ ကို​ပိတ်​ဆို့​ကာ မြေ​ကောင်း​မြေ​သန့်​ရှိ​သ​မျှ​တို့ ကို​ကျောက်​ခဲ​များ​နှင့်​ဖုံး​၍​ဖျက်​ဆီး​ကြ​လိမ့် မည်'' ဟု​ဆင့်​ဆို​၏။
20 Og morgenen efter, ved den tid matofferet blir båret frem, da kom det vann fra Edoms-kanten, og landet fyltes med vann.
၂၀နောက်​တစ်​နေ့​နံ​နက်​ယဇ်​ပူ​ဇော်​နေ​ကျ​အ​ချိန်​၌ ရေ​သည်​ဧ​ဒုံ​ပြည်​ဘက်​မှ​စီး​ဆင်း​လာ​ပြီး​လျှင် မြေ​ပြင်​ကို​ဖုံး​လွှမ်း​လေ​၏။
21 Da moabittene fikk høre at kongene hadde draget op for å stride mot dem, blev de alle kalt sammen, så mange som på nogen måte kunde bære våben, og de stilte sig op ved grensen.
၂၁ဘု​ရင်​သုံး​ပါး​တို့​စစ်​ချီ​လာ​ကြ​ကြောင်း​မော​ဘ ပြည်​သား​တို့​သိ​ရှိ​လာ​ကြ​သော​အ​ခါ သူ​တို့​သည် လက်​နက်​ကိုင်​ဆောင်​နိုင်​သူ​အ​ကြီး​ဆုံး​မှ​အ​ငယ် ဆုံး​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့​ကို​စု​ရုံး​စေ ၍ နယ်​စပ်​တွင်​နေ​ရာ​ယူ​စေ​ကြ​၏။-
22 Men tidlig om morgenen, da solen gikk op over vannet, så det ut for moabittene som om vannet foran dem var rødt som blod.
၂၂နောက်​တစ်​နေ့​နံနက်​သူ​တို့​အိပ်​ယာ​မှ​နိုး​ထ​ချိန်​၌ နေ​သည်​ရေ​ပေါ်​တွင်​အ​ရောင်​ဟပ်​သ​ဖြင့် ရေ​ကို သွေး​ကဲ့​သို့​နီ​မြန်း​သော​အ​သွင်​ကို​ဆောင်​စေ​၏။-
23 Og de sa: Det er blod; kongene har gjort ende på hverandre og slått hverandre ihjel. Nu til plyndring, moabitter!
၂၃မော​ဘ​ပြည်​သား​တို့​က``သွေး​တွေ​ပါ​တ​ကား။ ရန်​သူ့ တပ်​မ​တော်​သုံး​ခု​သည်​အ​ချင်း​ချင်း​တိုက်​ခိုက်​သတ် ဖြတ်​ကြ​လေ​ပြီ။ ငါ​တို့​သွား​၍​သူ​တို့​၏​တပ်​စ​ခန်း ကို​လု​ယက်​ကြ​ကုန်​အံ့'' ဟု​ကြွေး​ကြော်​ကြ​၏။
24 Men da de kom til Israels leir, reiste lsraelittene sig og slo moabittene, som flyktet for dem, og de trengte inn i landet og slo atter moabittene.
၂၄သို့​ရာ​တွင်​ထို​တပ်​စ​ခန်း​သို့​သူ​တို့​ရောက်​ရှိ​လာ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က သူ​တို့​အား​တိုက်​ခိုက်​နှင်​ထုတ်​ကြ​လေ​သည်။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​ပြည် သား​တို့​အား ဆက်​လက်​လိုက်​လံ​သတ်​ဖြတ်​ပြီး လျှင်​သူ​တို့​၏​မြို့​များ​ကို​ဖျက်​ဆီး​ကြ​၏။-
25 De rev ned byene, og på hvert godt stykke land kastet de hver sin sten og fylte det op, og hver vannkilde tilstoppet de, og hvert godt tre felte de, så det ikke blev levnet annet enn stenene i Kir-Hareset; og denne by omringet slyngekasterne og skjøt på den.
၂၅မြေ​ကောင်း​မြေ​သန့်​ကို​တွေ့​ရှိ​သည့်​အ​ခါ​တိုင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ ကျောက်​ခဲ​တစ်​လုံး​စီ​ပစ်​ချ​ကြ​သ​ဖြင့် နောက်​ဆုံး ၌​ထို​မြေ​တို့​ကို​ကျောက်​ခဲ​များ​ဖြင့်​ဖုံး​အုပ်​စေ ကြ​၏။ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို​လည်း​ပိတ်​ဆို့​၍ သစ်​သီး​ပင်​များ​ကို​လည်း​ခုတ်​လှဲ​ကြ​၏။ နောက် ဆုံး​၌​ကိ​ရ​ဟ​ရက်​မြို့​တော်​သာ​လျှင်​ကျန်​တော့ သ​ဖြင့် လောက်​လွှဲ​တပ်​သား​တို့​သည်​ထို​မြို့​ကို ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​၏။
26 Da Moabs konge så at striden blev ham for hård, tok han med sig syv hundre våbenføre menn og vilde bryte igjennem på den kant hvor Edoms konge stod; men de kunde ikke.
၂၆မော​ဘ​ဘု​ရင်​သည်​မိ​မိ​ရှုံး​နိမ့်​လျက်​ရှိ​ကြောင်း ကို​သိ​သော​အ​ခါ ဋ္ဌား​ကိုင်​စစ်​သူ​ရဲ​ခု​နစ်​ရာ​ကို ခေါ်​၍​ရန်​သူ​၏​တပ်​ကို​ထိုး​ဖောက်​ပြီး​လျှင် ရှု​ရိ ဘု​ရင်​ထံ​သို့​ထွက်​ပြေး​ရန်​အား​ထုတ်​လေ​သည်။ သို့​ရာ​တွင်​မ​အောင်​မြင်​ချေ။-
27 Da tok han sin førstefødte sønn, som skulde bli konge i hans sted, og ofret ham som brennoffer på muren. Da kom det en stor vrede over Israel, og de brøt op derfra og vendte tilbake til sitt land.
၂၇ထို့​ကြောင့်​သူ​သည်​မိ​မိ​၏​အ​ရိုက်​အ​ရာ​ဆက်​ခံ မည့်​သား​ဦး​ကို​မြို့​ရိုး​ပေါ်​တွင် မော​ဘ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လေ​၏။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ကြောက်​လန့်​၍ မော​ဘ​အ​မျိုး​သား တို့​၏​ဘု​ရား​တစ်​ခု​ခု​ပြု​လုပ်​မည်​ကို​ကြောက် သော​ကြောင့်​လည်း​ကောင်း၊ သို့​မ​ဟုတ်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား တစ်​ခု​ခု​ပြု​လုပ်​မည်​ကို​ကြောက်​ကြ​သ​ဖြင့် လည်း​ကောင်း ထို​မြို့​မှ​ဆုတ်​ခွာ​၍​မိ​မိ​တို့​ပြည် သို့​ပြန်​ကြ​ကုန်​၏။

< 2 Kongebok 3 >