< 2 Kongebok 21 >

1 Manasse var tolv år gammel da han blev konge, og han regjerte fem og femti år i Jerusalem; hans mor hette Hefsiba.
မနာရှေ သည် အသက် တဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဟဇ္ဇိဘ အမည် ရှိ၏
2 Han gjorde hvad ondt var i Herrens øine, efter de vederstyggelige skikker hos de hedningefolk Herren hadde drevet bort for Israels barn.
ထိုမင်းသည် ဣသရေလ အမျိုးသား ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသော တပါးအမျိုးသား ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
3 Han bygget op igjen de offerhauger som hans far Esekias hadde ødelagt, og reiste altere for Ba'al og gjorde et Astarte-billede, likesom Israels konge Akab hadde gjort, og han tilbad hele himmelens hær og dyrket den.
ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဣသရေလ ရှင်ဘုရင် အာဟပ် ပြု သကဲ့သို့ ဗာလ အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏
4 Og han bygget altere i Herrens hus, enda Herren hadde sagt: I Jerusalem vil jeg la mitt navn bo.
ယေရုရှလင် မြို့၌ ငါ့ နာမ ကိုငါ တည်စေမည်ဟု ထာဝရဘုရား မိန့် တော်မူသောမြို့၊ ဗိမာန် တော်၌ ယဇ် ပလ္လင် တည်းဟူသော၊ “
5 For hele himmelens hær bygget han altere i begge forgårdene til Herrens hus.
ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏
6 Han lot sin sønn gå gjennem ilden og gav sig av med å spå av skyene og å tyde varsler og fikk sig dødningemanere og sannsigere; han gjorde meget som var ondt i Herrens øine, så han vakte hans harme.
မိမိ သား ကို မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သော အတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌ များစွာ သော ဒုစရိုက် ကိုပြု ၏
7 Og han satte det Astarte-billede han hadde gjort, i det hus hvorom Herren hadde sagt til David og hans sønn Salomo: I dette hus og i Jerusalem, som jeg har utvalgt blandt alle Israels stammer, vil jeg la mitt navn bo til evig tid,
ဤ ဗိမာန် ၌ ၎င်း ၊ ဣသရေလ ခရိုင် များတို့တွင် ငါရွေးကောက် သော ယေရုရှလင် မြို့၌ ၎င်း၊ ငါ့ နာမ ကို အစဉ် အမြဲငါ တည်စေမည်ဟု ထာဝရဘုရား သည် ဒါဝိဒ် နှင့် သား တော်ရှောလမုန် အား မိန့် တော်မူရာ ၌၊ ရည်ဆောင် သော ဗိမာန် တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့် တူအောင် လုပ် သော ရုပ်တု ကို တင် ထား၏
8 og jeg vil ikke mere la Israel vandre hjemløs bort fra det land jeg gav deres fedre, så sant de bare gir akt på å gjøre alt det jeg har pålagt dem, efter hele den lov min tjener Moses gav dem.
ငါမှာ ထားသမျှ အတိုင်း ငါ့ ကျွန် မောရှေ မှာ ထား သမျှ သော တရား အတိုင်း ဣသရေလ အမျိုးသားတို့သည် ကျင့် ခြင်းငှါ စောင့်ရှောက် လျှင် ၊ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် မှ သူတို့ကို နောက် တဖန် ငါမ ရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊”
9 Men de vilde ikke høre, og Manasse forførte dem, så de gjorde ennu mere ondt enn de hedningefolk som Herren hadde utryddet for Israels barn.
သူတို့သည် နား မ ထောင်၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ထာဝရဘုရား ဖျက်ဆီး တော်မူသော လူမျိုး တို့ ပြုသည်ထက် သာ၍ဒုစရိုက် ကိုပြု စေခြင်းငှါ မနာရှေ သည် သွေးဆောင် လေ၏
10 Da talte Herren ved sine tjenere profetene og sa:
၁၀ထိုကြောင့် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့ဖြင့် မိန့် တော်မူသည်ကား၊”
11 Fordi Judas konge Manasse har gjort disse vederstyggelige ting - gjort det som er verre enn alt det amorittene som var før ham gjorde, og tilmed har forført Juda til synd med sine motbydelige avguder,
၁၁ယုဒ ရှင်ဘုရင် မနာရှေ သည် သူ့ ရှေ့ မှာ ဖြစ်ဘူး သော အာမောရိ လူတို့ပြု သမျှ ထက် သာ၍ရွံရှာဘွယ် သော ဤ ဒုစရိုက် တို့ကို ပြုသောကြောင့် ၎င်း ၊ မိမိ ရုပ်တု ဆင်းတုအားဖြင့် ယုဒ အမျိုးကို ပြစ်မှား စေသောကြောင့် ၎င်း၊”
12 derfor sier Herren, Israels Gud, så: Se, jeg fører ulykke over Jerusalem og Juda, så det skal ringe for begge ørene på hver den som hører om det.
၁၂ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်းကြား သော သူ တိုင်း နား နှစ်ဘက် ခါး စေခြင်းငှါငါ သည် ယေရုရှလင် မြို့၊ ယုဒ ပြည် ၌ ဘေး ရောက် စေမည်
13 Jeg vil utstrekke samme målesnor over Jerusalem som over Samaria og bruke samme vektlodd som mot Akabs hus, og jeg vil tørke bort Jerusalem, likesom en tørker av et fat og når det er avtørket, snur op ned på det.
၁၃ယေရုရှလင် မြို့ အပေါ် မှာ ရှမာရိ မျဉ်းကြိုး နှင့် အာဟပ် အမျိုး ၏ ချိန်ကြိုး ကို ငါတန်းချ မည်။ ပုကန် ကို သုတ် ၍ သုတ် ပြီးမှ မှောက် ထားသကဲ့သို့ ယေရုရှလင် မြို့ကို ငါပြု မည်
14 Og jeg vil støte fra mig levningen av min arv og overgi dem i deres fienders hånd, og de skal bli til bytte og rov for alle sine fiender,
၁၄ကျန်ကြွင်း သောငါ့ အမွေ လူတို့ကိုငါစွန့် ၍ ရန်သူ လက် သို့ အပ် သဖြင့် ၊ သူ တို့သည်ရန်သူ အပေါင်း တို့၏ လုယက် နှိပ်စက် ရာ ဖြစ် ကြလိမ့်မည်
15 fordi de har gjort hvad ondt er i mine øine, og egget mig til vrede fra den dag deres fedre gikk ut av Egypten og like til denne dag.
၁၅အကြောင်း မူကား ဘိုးဘေး တို့သည် အဲဂုတ္တု ပြည်က ထွက် သော နေ့ မှစ၍ ယနေ့ တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ ရှေ့ မှာ ဒုစရိုက် ကို ပြု ၍ ငါ့ အမျက် ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏
16 Manasse utøste også uskyldig blod i så stor mengde at han fylte Jerusalem dermed fra ende til ende, foruten den synd at han forførte Juda til å synde og gjøre hvad ondt var i Herrens øine.
၁၆မနာရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ယုဒ အမျိုးကို ပြစ်မှား စေသော အပြစ် မှတပါး အပြစ် မရှိသော သူအများတို့ကိုသတ် ၍ ယေရုရှလင် မြို့တဘက် မှ တဘက် တိုင်အောင် သူတို့အသွေး နှင့် ပြည့် စေခြင်းငှါပြု၏
17 Hvad som ellers er å fortelle om Manasse og om alt det han gjorde, og om den synd som han gjorde, det er opskrevet i Judas kongers krønike.
၁၇မနာရှေ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့နှင့် ပြစ်မှား သော အပြစ် တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
18 Og Manasse la sig til hvile hos sine fedre og blev begravet i haven til sitt hus, i Ussas have, og hans sønn Amon blev konge i hans sted.
၁၈မနာရှေ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဩဇ ဥယျာဉ် တည်းဟူသော မိမိ အိမ် နှင့်ဆိုင်သော ဥယျာဉ် ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာမုန် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
19 Amon var to og tyve år gammel da han blev konge, og han regjerte to år i Jerusalem; hans mor hette Mesullemet; hun var datter av Harus og var fra Jotba.
၁၉အာမုန် သည် အသက် နှစ်ဆယ် နှစ် နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ယုပ္ဘါ မြို့သူဟာရုပ် သမီး မေရှုလမက် အမည် ရှိ၏
20 Han gjorde hvad ondt var i Herrens øine, likesom hans far Manasse hadde gjort.
၂၀ထိုမင်း သည် ခမည်းတော် မနာရှေ ပြု သကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏
21 Han vandret i alle deler på den vei hans far hadde vandret, og dyrket de motbydelige avguder hans far hadde dyrket, og tilbad dem.
၂၁ခမည်းတော် လိုက် သမျှ သော လမ်း သို့ လိုက် ၏။ ခမည်းတော် ဝတ်ပြု သော ရုပ်တု ဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏
22 Han forlot Herren, sine fedres Gud, og vandret ikke på Herrens vei.
၂၂ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ထာဝရဘုရား ၏ လမ်း တော်ကို လွှဲရှောင် ၏
23 Og Amons tjenere sammensvor sig mot ham og drepte kongen i hans hus.
၂၃မိမိ ကျွန် တို့သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကို နန်းတော် ၌ လုပ်ကြံ ကြ၏
24 Men landets folk slo ihjel alle dem som hadde sammensvoret sig mot kong Amon, og så gjorde de hans sønn Josias til konge i hans sted.
၂၄အာမုန် မင်းကြီး တဘက် ၌ သင်းဖွဲ့ သောသူ အပေါင်း တို့ကို ပြည်သူ ပြည်သားတို့သည် ကွပ်မျက် ၍ သား တော်ယောရှိ ကို ခမည်းတော် အရာ ၌ နန်းတင် ကြ၏
25 Hvad som ellers er å fortelle om Amon, om det han gjorde, det er opskrevet i Judas kongers krønike.
၂၅အာမုန် ပြုမူသော အမှု အရာ ကြွင်း လေသမျှတို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
26 Han blev begravet i sin grav i Ussas have, og hans sønn Josias blev konge i hans sted.
၂၆ဩဇ ဥယျာဉ် တွင် မိမိ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍ ၊ သား တော်ယောရှိ သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏

< 2 Kongebok 21 >