< 2 Krønikebok 36 >
1 Landets folk tok og gjorde Joakas, Josias' sønn, til konge i hans fars sted i Jerusalem.
၁ပြည်သူပြည်သားတို့သည် ယောရှိသား ယော ခတ်ကို ယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
2 Joakas var tre og tyve år gammel da han blev konge, og han regjerte tre måneder i Jerusalem.
၂ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
3 Men kongen i Egypten avsatte ham, så han ikke lenger var konge i Jerusalem, og lot landet bøte hundre talenter sølv og en talent gull.
၃ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။
4 Så gjorde kongen i Egypten Neko hans bror Eljakim til konge over Juda og Jerusalem og forandret hans navn til Jojakim, men hans bror Joakas tok han med sig og førte ham til Egypten.
၄အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
5 Jojakim var fem og tyve år gammel da han blev konge, og han regjerte elleve år i Jerusalem. Han gjorde hvad ondt var i Herrens, hans Guds øine.
၅ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံ လေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
6 Kongen i Babel Nebukadnesar drog op mot ham og lot ham binde med to kobberlenker for å føre ham til Babel.
၆ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
7 Nebukadnesar førte også en del av karene i Herrens hus til Babel og satte dem i sitt tempel i Babel.
၇ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
8 Hvad som ellers er å fortelle om Jojakim og om de vederstyggelige ting han gjorde sig skyldig i, og hvad ondt det ellers fantes hos ham, det er opskrevet i boken om Israels og Judas konger. Og hans sønn Jojakin blev konge i hans sted.
၈ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု၊ ထင်ရှာသော စိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
9 Jojakin var atten år gammel da han blev konge, og han regjerte tre måneder og ti dager i Jerusalem. Han gjorde hvad ondt var i Herrens øine.
၉ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက်စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၏။
10 Ved årsskiftet sendte kong Nebukadnesar krigsfolk avsted og lot ham føre til Babel, og med ham de kostbare kar i Herrens hus, og han gjorde hans bror Sedekias til konge over Juda og Jerusalem.
၁၀နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော် ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
11 Sedekias var en og tyve år gammel da han blev konge, og han regjerte elleve år i Jerusalem.
၁၁ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
12 Han gjorde hvad ondt var i Herrens, hans Guds øine; han ydmyket sig ikke for profeten Jeremias, hvis ord kom fra Herrens munn.
၁၂ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။
13 Han gjorde også oprør mot kong Nebukadnesar, som hadde latt ham sverge sig troskap ved Gud; han var hårdnakket og forherdet sitt hjerte, så han ikke vendte om til Herren, Israels Gud.
၁၃ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
14 Også alle prestenes og folkets høvdinger forsyndet sig storlig og fulgte alle hedningefolkenes vederstyggelige skikker, og de gjorde Herrens hus urent, det som han hadde helliget i Jerusalem.
၁၄ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
15 Herren, deres fedres Gud, sendte sine ord til dem ved sine sendebud tidlig og sent; for han ynkedes over sitt folk og over sin bolig.
၁၅ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
16 Men de spottet Guds sendebud og foraktet hans ord og hånte hans profeter, inntil Herrens vrede mot sitt folk blev så sterk at det ikke lenger var nogen lægedom.
၁၆ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်း နိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
17 Da lot han kaldeernes konge dra op mot dem, og han drepte deres unge menn med sverdet i deres hellige hus og sparte hverken unggutter eller jomfruer eller gamle og gråhårede - alle gav han i hans hånd.
၁၇ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
18 Alle karene i Guds hus, både store og små, og skattene i Herrens hus og kongens og hans høvdingers skatter - alt førte han til Babel.
၁၈ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို၎င်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ် ဘဏ္ဍာရှိသမျှတို့ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
19 De brente op Guds hus og rev ned Jerusalems mur; alle dets palasser brente de op med ild, og alle dets kostbare kar blev ødelagt.
၁၉ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
20 Dem som sverdet hadde levnet, førte han som fanger til Babel, og de blev hans og hans sønners træler, til perserriket fikk makten,
၂၀ထားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့ သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
21 forat Herrens ord i Jeremias' munn skulde bli opfylt - til landet hadde gjort fyldest for sine sabbatsår; alle de dager det lå øde, hadde det hvile - til sytti år var gått til ende.
၂၁ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။
22 Så var det i perserkongen Kyros' første år; da vakte Herren, forat hans ord i Jeremias' munn skulde opfylles, slike tanker i perserkongen Kyros' ånd at han lot utrope i hele sitt rike og dessuten kunngjøre ved en skrivelse:
၂၂
23 Så sier Kyros, kongen i Persia: Herren, himmelens Gud, har gitt mig alle jordens riker, og han har pålagt mig å bygge ham et hus i Jerusalem i Juda. Er det nogen blandt eder av alt hans folk, så være Herren hans Gud med ham, og han kan dra dit!
၂၃