< 1 Samuels 31 >

1 Filistrene stred mot Israel, og Israels menn flyktet for filistrene, og det lå mange falne på Gilboa-fjellet.
ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။
2 Og filistrene var like i hælene på Saul og hans sønner, og de drepte Jonatan og Abinadab og Malkisua, Sauls sønner.
ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။
3 Og striden blev hård der hvor Saul stod; bueskytterne kom over ham, og han blev grepet av redsel for skytterne.
စစ်တိုက် ရာတွင် ရှောလု သည် အလွန်ခံရ၏။ လေး သမားတို့ ပစ် သော မြှားမှန်၍ အလွန် နာ သောကြောင့်၊
4 Da sa Saul til sin våbensvenn: Dra ditt sverd og gjennembor mig med det, så ikke disse uomskårne skal komme og gjennembore mig og fare ille med mig! Men våbensvennen vilde ikke; han var for redd. Så tok Saul sitt sverd og styrtet sig i det.
လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင်သင့် ထား ကို ထုတ် ၍ ငါ့ ကို ထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ငါ့ ကိုထိုး ပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ် မှာ လှဲ ၍ သေလေ၏။
5 Og da våbensvennen så at Saul var død, styrtet også han sig i sitt sverd og døde med ham.
ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထား ဖျားပေါ် မှာ လှဲ ၍ သေ ၏။
6 Således døde Saul og hans tre sønner og hans våbensvenn og alle hans menn på en og samme dag.
ထိုသို့ ရှောလု မှစ၍သူ ၏ သား သုံး ယောက်၊ သူ ၏ လက်နက် ဆောင် လုလင်၊ သူ ၏ လူ အပေါင်း တို့သည် ထို နေ့ခြင်းတွင် အတူ သေ ကြ၏။
7 Og da de israelitter som bodde på den andre side av dalen, og de som bodde på Jordan-siden, så at israelittene var flyktet, og at Saul og hans sønner var død, forlot de byene og flyktet; og filistrene kom og bosatte sig i dem.
ဣသရေလ လူ ပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏သား များသေ ကြောင်း ကို ချိုင့် တစ်ဘက် ၊ ယော်ဒန် မြစ်တစ်ဘက် ၌ နေသော ဣသရေလ လူ တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့် ပြေး သဖြင့် ၊ ဖိလိတ္တိ လူတို့သည် လာ ၍ နေ ကြ၏။
8 Dagen efter kom filistrene for å plyndre de falne; da fant de Saul og hans tre sønner liggende på Gilboafjellet.
နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ၊ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် လဲ သေလျက် ရှိသည်ကို တွေ့မြင် ကြ၏။
9 De hugg hodet av ham og røvet hans våben og sendte dem rundt omkring i filistrenes land for å forkynne det glade budskap i deres avguders templer og for folket.
ရှောလု၏ ခေါင်း ကို ဖြတ် ၍ လက်နက် တော်ကို ချွတ် ပြီးမှ သူ တို့ ရုပ်တု ကျောင်း များ၌၎င်း၊ လူ များတို့၌၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။
10 Og hans våben la de i Astartetemplet, og hans kropp hengte de op på muren i Betsan.
၁၀လက်နက် တော်ကိုလည်း အာရှတရက် ကျောင်း ၌ ထား ၍ အလောင်း တော်ကို ဗက်ရှန် မြို့ရိုး ၌ ဆွဲ ထားကြ၏။
11 Da innbyggerne i Jabes i Gilead fikk høre hvad filistrene hadde gjort med Saul,
၁၁ရှောလု ၌ ဖိလိတ္တိ လူတို့ ပြု သော အမှုကိုဂိလဒ် ပြည် ယာဗက်မြို့သား များကြား လျှင်၊
12 tok alle våbenføre menn avsted og gikk hele natten; de tok Sauls og hans sønners kropper ned av Betsans mur, og da de var kommet til Jabes, brente de dem der.
၁၂သူရဲ အပေါင်း တို့သည် ညဉ့် အခါ ထ သွား ၍ ၊ ရှောလု ၏အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ဗက်ရှန် မြို့ရိုး မှ ချ ပြီးလျှင် ၊ ယာဗက် မြို့သို့ ဆောင် ခဲ့၍ မီး ရှို့ကြ၏။
13 Deres ben tok de og begravde under tamarisken i Jabes, og så holdt de faste i syv dager.
၁၃အရိုး တို့ကိုလည်း ယူ ၍ ယာဗက် မြို့မှာ သစ်ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ၏။

< 1 Samuels 31 >