< 1 Samuels 3 >
1 Gutten Samuel tjente Herren under Elis tilsyn, og Herrens ord var dyrt i de dager; av syner var der lite.
၁သူငယ်ရှမွေလသည်ဧလိညွှန်ကြားမှုကို ခံယူကာ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုကာလ၌ထာဝရ ဘုရားထံမှဗျာဒိတ်တော်များကိုများစွာ မကြားရကြ။ ဗျာဒိတ်ရူပါရုံများကို လည်းမြင်တွေ့ရမှုနည်းပါးလေသည်။-
2 Så var det en dag mens Eli lå i sitt rum - hans øine hadde begynt å bli sløve, så han ikke kunde se,
၂တစ်ညသ၌မျက်စိအလင်းကွယ်လုနီးပါး ရှိသောဧလိသည် မိမိ၏အခန်းတွင်အိပ်စက် လျက်နေ၏။-
3 og Guds lampe var ennu ikke sluknet, og Samuel lå i Herrens helligdom, hvor Guds ark var -
၃ရှမွေလမူကားပဋိညာဉ်သေတ္တာတော်ရှိရာ တဲတော်တွင်အိပ်လျက်နေသတည်း။ အရုဏ် မတက်သေးသဖြင့် မီးခွက်ကိုမငြိမ်းမသတ် ရသေးမီအချိန်၌၊-
4 da ropte Herren på Samuel, og han sa: Ja, her er jeg.
၄ထာဝရဘုရားသည်ရှမွေလအားခေါ် တော်မူ၏။ ရှမွေလကလည်း``ရှိပါသည် အရှင်'' ဟုထူးပြီးလျှင်၊-
5 Og han løp til Eli og sa: Her er jeg; du ropte jo på mig. Men han sa: Jeg ropte ikke; gå tilbake og legg dig! Og han gikk og la sig.
၅ဧလိထံသို့ပြေး၍သွားကာ``အရှင်ခေါ် သဖြင့် ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``သင့်ကိုငါမခေါ်။ ပြန်၍ အိပ်လော့'' ဟုဆို၏။ သို့ဖြစ်၍ရှမွေလသည် ပြန်၍အိပ်လေ၏။
6 Men Herren ropte ennu en gang: Samuel! Og Samuel stod op og gikk til Eli og sa: Her er jeg du ropte jo på mig. Men han sa: Jeg ropte ikke, min sønn; gå tilbake og legg dig!
၆ဘုရားသခင်သည်ရှမွေလကိုတစ်ဖန်ခေါ်တော် မူပြန်၏။ သူငယ်သည်ထာဝရဘုရားခေါ်တော် မူမှန်းကိုမသိ။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည် သူ့အားအဘယ်အခါကမျှဗျာ ဒိတ်ပေးတော်မမူခဲ့ဘူးသောကြောင့်ဖြစ်၏။ ထို့ ကြောင့်သူသည်ဧလိထံသို့သွားပြီးလျှင်``အရှင် ခေါ်သောကြောင့် လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``ငါ့သားသင့်ကိုငါ မခေါ်။ သင်ပြန်၍အိပ်လော့'' ဟုဆို၏။
7 Samuel kjente ennu ikke Herren; for Herrens ord var ennu ikke åpenbaret for ham.
၇
8 Da ropte Herren tredje gang: Samuel! Og han stod op og gikk til Eli og sa: Her er jeg; du ropte jo på mig. Da skjønte Eli at det var Herren som ropte på gutten.
၈ထာဝရဘုရားသည်ရှမွေလကိုတတိယ အကြိမ်ခေါ်တော်မူပြန်၏။ သူသည်ထ၍ ဧလိထံသို့သွားပြီးလျှင်``အရှင်ခေါ်သော ကြောင့်ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ ထိုအခါဧလိသည်သူငယ်ကိုခေါ်သောသူ ကား ထာဝရဘုရားပင်ဖြစ်တော်မူကြောင်း ရိပ်မိသဖြင့်၊-
9 Og Eli sa til Samuel: Gå og legg dig, og blir det ropt på dig, så skal du si: Tal, Herre, din tjener hører! Og Samuel gikk og la sig på sin plass.
၉``သင်သည်ပြန်၍အိပ်လော့။ အကယ်၍သင့်အား နောက်တစ်ကြိမ်ခေါ်လျှင်`ထာဝရဘုရား၊ အမိန့် ရှိတော်မူပါ။ ကိုယ်တော်၏ကျွန်နာခံလျက်ရှိ ပါ၏' ဟုလျှောက်ထားလော့'' ဟုမှာကြားလိုက်၏။ သို့ဖြစ်၍ရှမွေလသည်ပြန်၍အိပ်လေ၏။
10 Da kom Herren og stod der og ropte nu som før: Samuel, Samuel! Og Samuel sa: Tal, din tjener hører!
၁၀ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။
11 Da sa Herren til Samuel: Nu vil jeg gjøre noget i Israel så det skal ringe for begge ørene på hver den som hører om det.
၁၁ထာဝရဘုရားက``တစ်နေ့သောအခါ ဣသရေလအမျိုးသားတို့အားငါပြုမည့် အမှုသည်လွန်စွာကြောက်မက်ဖွယ်ကောင်းသဖြင့် ယင်းအကြောင်းကိုကြားသိရသူလူအပေါင်း တို့သည်ထိတ်လန့်၍သွားကြလိမ့်မည်။-
12 På den dag vil jeg la komme over Eli alt det jeg har talt om hans hus, fra først til sist.
၁၂ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-
13 For jeg har kunngjort ham at jeg vil dømme hans hus for alltid for den misgjernings skyld at han visste at hans sønner førte forbannelse over sig, men allikevel ikke holdt dem i age.
၁၃သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။-
14 Og derfor har jeg svoret Elis ætt: Aldri i evighet skal Elis ætts misgjerninger kunne sones med slaktoffer eller med matoffer.
၁၄သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။
15 Samuel blev liggende til om morgenen; da åpnet han døren til Herrens hus, men han vågde ikke å fortelle synet til Eli.
၁၅ရှမွေလသည်မိုးလင်းသည်တိုင်အောင်အိပ် ရာတွင်နေပြီးမှ ဘုရားသခင်၏အိမ်တော် တံခါးများကိုဖွင့်၏။ သူသည်မိမိမြင်ရ သည့်ဗျာဒိတ်ရူပါရုံအကြောင်းကိုဧလိ အားမပြောဝံ့။-
16 Da ropte Eli til Samuel og sa: Samuel, min sønn! Og han svarte: Ja, her er jeg.
၁၆ဧလိက``ငါ့သားရှမွေလ'' ဟုခေါ်လျှင်၊ ``ရှိပါသည်အရှင်'' ဟုလျှောက်၏။
17 Han sa: Hvad var det han sa til dig? Kjære, dølg det ikke for mig! Gud la det gå dig ille både nu og siden om du dølger for mig noget av det han sa til dig!
၁၇ဧလိက``သင့်အားထာဝရဘုရားအဘယ်သို့ မိန့်တော်မူသနည်း။ ငါ့ထံမှအဘယ်အရာကို မျှထိမ်ဝှက်၍မထားနှင့်။ ဘုရားသခင်မိန့် တော်မူသမျှသောအရာတို့ကိုငါ့အား မဖော်ပြပါမူ ကိုယ်တော်သည်သင့်အားပြင်း ထန်စွာဒဏ်ခတ်တော်မူလိမ့်မည်'' ဟုဆို၏။-
18 Så fortalte Samuel ham alt sammen og dulgte ikke noget for ham. Da sa han: Han er Herren; han gjøre hvad der er godt i hans øine!
၁၈ထို့ကြောင့်ရှမွေလသည်အဘယ်အရာကိုမျှ ချန်လှပ်၍မထားဘဲ မိန့်တော်မူသမျှကိုပြန် ကြားလျှောက်ထားလေ၏။ ဧလိက``ကိုယ်တော် သည်ထာဝရဘုရားဖြစ်တော်မူ၏။ အလို တော်ရှိသည်အတိုင်းပြုတော်မူပါစေသော'' ဟုဆို၏။
19 Og Samuel vokste til, og Herren var med ham, og han lot ikke noget av alle sine ord falle til jorden.
၁၉ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။-
20 Da skjønte hele Israel fra Dan til Be'erseba at Samuel var betrodd å være profet for Herren.
၂၀သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။-
21 Og Herren blev ved å la sig se i Silo; for Herren åpenbarte sig for Samuel i Silo ved Herrens ord.
၂၁ရှိလောမြို့သည်ရှမွေလအားထာဝရဘုရား ဗျာဒိတ်ပေးတော်မူရာအရပ်ဖြစ်၏။ ကိုယ်တော် သည်ထိုမြို့တွင်အကြိမ်ကြိမ်ထင်ရှားတော် မူ၏။ ရှမွေလမိန့်ကြားသည့်အခါများ၌ ဣသရေလအမျိုးသားအပေါင်းတို့နာခံ ကြလေသည်။