< 1 Kongebok 10 >
1 Da dronningen av Saba hørte Salomos ry, som skyldtes Herrens navn, kom hun for å sette ham på prøve med gåter.
၁ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန်၏ ဂုဏ်အသရေနှင့် ထာဝရဘုရား၏ နာမတော် သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါ လာ၏။
2 Hun kom til Jerusalem med et stort følge, med kameler som bar krydderier og en stor mengde gull og dyre stener; og da hun var kommet til Salomo, talte hun til ham om alt som lå henne på hjerte.
၂နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ၊ လိုက်သော သူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။
3 Men Salomo tydet alle hennes gåter; det var ikke et ord av det hun sa, som var dulgt for kongen, så han ikke kunde tyde det.
၃သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင် သောအရာ တစုံတခုမျှမရှိ။
4 Da dronningen av Saba så all Salomos visdom og så det hus han hadde bygget,
၄ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကို၎င်း၊ တည်ဆောက်သောအိမ်တော်ကို၎င်း၊
5 og rettene på hans bord, og hvorledes hans tjenere satt ved bordet, og bordsvennene stod omkring, og hvorledes de var klædd, og hans munnskjenker, og den trapp han gikk op på til Herrens hus, var hun rent ute av sig selv av forundring.
၅စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည် အခြင်းအရာ ကို၎င်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
6 Og hun sa til kongen: Så var det da sant det jeg hørte hjemme i mitt land om dig og din visdom.
၆ကိုယ်တော်၏ အခြင်းအရာနှင့်ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကားမှန်ပါ၏။
7 Jeg trodde ikke det de fortalte, før jeg kom og fikk se det med egne øine; men nu ser jeg at de ikke har fortalt mig halvdelen; du overgår i visdom og lykke det rykte jeg har hørt.
၇သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသော စကား သည် တဝက်ကိုမျှမမှီ။ ကိုယ်တော်၏ ပညာနှင့်ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသော သိတင်းကို လွန်ကဲ ပါ၏။
8 Lykkelige er dine menn, lykkelige disse dine tjenere som alltid står for ditt åsyn og hører din visdom.
၈ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
9 Lovet være Herren din Gud, som hadde velbehag i dig, så han satte dig på Israels trone! Fordi Herren elsker Israel til evig tid, satte han dig til konge for å håndheve rett og rettferdighet.
၉ကိုယ်တော်ကို နှစ်သက်၍၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူ ပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
10 Så gav hun kongen hundre og tyve talenter gull og krydderier i stor mengde og dyre stener; aldri er det mere kommet en sådan mengde krydderier til landet som det dronningen av Saba gav kong Salomo.
၁၀ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။
11 Men også Hirams skiber som hentet gull fra Ofir, hadde ført sandeltre i stor mengde og dyre stener med derfra.
၁၁ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ၏။
12 Av sandeltreet lot kongen gjøre rekkverk til Herrens hus og til kongens hus og citarer og harper for sangerne; aldri er det siden kommet eller blitt sett så meget sandeltre i landet.
၁၂ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။
13 Og kong Salomo gav dronningen av Saba alt det hun hadde lyst til og bad om, foruten de gaver som det sømmet sig for så mektig en konge som Salomo å gi henne. Så tok hun avsted og drog hjem til sitt land med sine tjenere.
၁၃ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ဒပြည့်စုံစေ ခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။
14 Vekten av det gull som i ett år kom inn til Salomo, var seks hundre og seks og seksti talenter,
၁၄ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။
15 foruten det som kom inn fra kjøbmennene og ved kremmernes handel og fra alle kongene i Arabia og fra stattholderne i landet.
၁၅ထိုမှတပါးကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။
16 Og kong Salomo lot gjøre to hundre store skjold av uthamret gull - det gikk seks hundre sekel gull med til hvert skjold -
၁၆ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။
17 og tre hundre små skjold av uthamret gull - til hvert av disse skjold gikk det med tre miner gull - og kongen satte dem i Libanon-skoghuset.
၁၇
18 Kongen lot også gjøre en stor elfenbenstrone og klædde den med rent gull.
၁၈ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ်၍ရွှေစင်နှင့်မွမ်းမံလေ၏။
19 Tronen hadde seks trin og en rund topp baktil; på begge sider av setet var det armer, og tett ved armene stod det to løver;
၁၉ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ် ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာတဘက်တချက်၌ မှီစရာလက်ရုံးတန်းနှင့်ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။
20 og på begge sider av de seks trin stod det tolv løver. Noget sådant har aldri vært gjort i noget annet kongerike.
၂၀လှေကားခြောက်ထစ်အပေါ်တွင် တဘက်တချက်၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။
21 Alle kong Salomos drikkekar var av gull, og alle karene i Libanon-skoghuset var av fint gull; der var intet av sølv, det blev ikke regnet for noget i Salomos dager.
၂၁ရှောလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။
22 For kongen hadde Tarsis-skiber på havet sammen med Hirams skiber; en gang hvert tredje år kom Tarsis-skibene hjem og hadde med gull og sølv, elfenben og aper og påfugler.
၂၂ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
23 Kong Salomo blev større enn alle jordens konger i rikdom og visdom.
၂၃ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။
24 Fra alle jordens kanter kom folk for å se kong Salomo og høre hans visdom, som Gud hadde lagt i hans hjerte,
၂၄ရှောလမုန်၏ နှလုံး၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။
25 og hver av dem hadde gaver med: sølvkar og gullkar og klær og våben og krydderier, hester og mulesler; så gjorde de år om annet.
၂၅လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်း၊ လားတို့ကို နှစ်တိုင်းအခွန် ဆက်ရကြ၏။
26 Salomo la sig til mange stridsvogner og hestfolk; han hadde fjorten hundre stridsvogner og tolv tusen hestfolk; dem la han dels i vognbyene, dels hos sig selv i Jerusalem.
၂၆ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲ များကို ဆည်းဖူး၍၊ ရထားတထောင်နှင့် လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်း မြို့တို့၌ ၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်းထား၏။
27 Kongen gjorde sølvet i Jerusalem like så almindelig som sten, og sedertre like så almindelig som morbærtrærne i lavlandet.
၂၇ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။
28 Sine hester lot Salomo innføre fra Egypten; en del kjøbmenn som kongen sendte avsted, hentet fra tid til annen en flokk for en fastsatt pris.
၂၈ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။
29 Hver vogn som hentedes op fra Egypten og innførtes, kostet seks hundre sekel sølv og hver hest hundre og femti. Og på samme måte hentet de også vogner og hester derfra til alle hetittenes konger og til kongene i Syria.
၂၉အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။