< 1 Johannes 1 >
1 Det som var fra begynnelsen, det som vi har hørt, det som vi har sett med våre øine, det som vi skuet og våre hender følte på - om livets Ord
၁ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ၏။
2 - og livet blev åpenbaret, og vi har sett det og vidner og forkynner eder livet, det evige, som var hos Faderen og blev åpenbaret for oss - (aiōnios )
၂ထိုအသက်သည်ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။ (aiōnios )
3 det som vi har sett og hørt, det forkynner vi og eder, forat og I kan ha samfund med oss; men vårt samfund er med Faderen og med hans Sønn Jesus Kristus.
၃ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။
4 Og dette skriver vi forat eders glede kan være fullkommen.
၄သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
5 Og dette er det budskap som vi har hørt av ham og forkynner eder, at Gud er lys, og det er intet mørke i ham.
၅ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသောတရားစကားဟူမူကား၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
6 Dersom vi sier at vi har samfund med ham, og vandrer i mørket, da lyver vi og gjør ikke sannheten;
၆ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရား ကိုမကျင့်။ မုသာကိုသုံးသောသူ ဖြစ်ကြ၏။
7 men dersom vi vandrer i lyset, likesom han er i lyset, da har vi samfund med hverandre, og Jesu, hans Sønns blod renser oss fra all synd.
၇ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။
8 Dersom vi sier at vi ikke har synd, da dårer vi oss selv, og sannheten er ikke i oss;
၈ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။
9 dersom vi bekjenner våre synder, er han trofast og rettferdig, så han forlater oss syndene og renser oss fra all urettferdighet.
၉ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
10 Dersom vi sier at vi ikke har syndet, da gjør vi ham til løgner, og hans ord er ikke i oss.
၁၀ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော် လည်း ငါတို့၌မရှိ။