< 1 Korintierne 9 >

1 Er jeg ikke fri? er jeg ikke apostel? har jeg ikke sett Jesus, vår Herre? er ikke I mitt verk i Herren?
ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့ သခင် ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။
2 Er jeg ikke apostel for andre, så er jeg det i det minste for eder; for I er innseglet på mitt apostel-embede i Herren.
ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း၊ သင်တို့အားတမန်တော် အမှန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ် ခတ်ကြ၏။
3 Dette er mitt forsvar mot dem som dømmer mig.
ငါ့ကိုစစ်ဆေးမေးမြန်းသော သူတို့အား ငါ အပြစ်ဖြေရာစကားဟူမူကား၊
4 Har vi ikke rett til å ete og drikke?
ငါတို့သည် စားသောက်ခြင်း အခွင့်မရှိသလော။
5 Har vi ikke rett til å føre en søster med oss som hustru, likesom de andre apostler og Herrens brødre og Kefas?
ကေဖနှင့်သခင်ဘုရား၏ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည်ဒေသစာရီ လှည့် လည်သည်တွင် နှမဖြစ်သော မယားပါစေခြင်းငှါ အခွင့် မရှိသလော။
6 Eller er det bare jeg og Barnabas som ikke har rett til å slippe å arbeide?
ငါနှင့်ဗာနဗသာ အလုပ်မလုပ်ဘဲနေရသော အခွင့်မရှိဟု ဆိုရသလော။
7 Hvem gjør vel nogensinne krigstjeneste på egen lønning? hvem planter en vingård og eter ikke av dens frukt? eller hvem før en hjord og eter ikke av hjordens melk?
အဘယ်သူသည် ကိုယ်စရိတ်ကို သုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး၍ အသီးကိုမစားဘဲနေရသနည်း။ အဘယ်သူသည် သိုးထိန်း လုပ်၍ သိုးနို့ကိုမသုံးဘဲနေရသနည်း။
8 Taler jeg dette bare på menneskelig vis, eller sier ikke også loven dette?
လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆို သလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။
9 I Mose lov er det jo skrevet: Du skal ikke binde munnen til på en okse som tresker. Er det oksene som ligger Gud på hjerte,
မောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊ စပါးနင်းနယ်သော နွား၏ နှုတ်ကိုမချုပ်တည်းရဟု လာ၏။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူ သလော။
10 eller sier han ikke dette bare for vår skyld? For vår skyld er det jo skrevet at den som pløier, skal pløie med håp, og den som tresker, skal gjøre det med håp om å få sin del.
၁၀သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူ သလော။ လယ်ထွန်သောသူသည် မြော်လင့်လျက် လယ်ထွန်စေခြင်းငှါ၎င်း၊ မြော်လင့်လျက် စပါးနင်းနယ် သောသူသည် မြော်လင့်သည်အတိုင်း ရစေခြင်းငှါ၎င်း၊ ငါတို့ကြောင့်သာဤသို့ ကျမ်းစာလာ၏။
11 Har vi sådd for eder de åndelige goder, er det da noget stort om vi høster eders timelige goder?
၁၁ငါတို့သည် သင်တို့၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီး မည်လော။
12 Har andre rett over eder, skulde da ikke vi meget mere ha det? Men denne rett har vi ikke brukt; vi tåler alt, for ikke å legge nogen hindring for Kristi evangelium.
၁၂အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့် ကိုရလျှင် ငါတို့သည် သာ၍ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိ စေခြင်းငှါ အရာရာ၌ သည်းခံကြ၏။
13 Vet I ikke at de som gjør tjeneste i templet, får sin føde av templet, og de som tjener ved alteret, deler med alteret?
၁၃ဓမ္မကိစ္စအမှုကို ဆောင်ရွက်သော သူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကို၎င်း၊ ယဇ်ပူဇော် ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့ မသိကြသလော။
14 Så har også Herren fastsatt for dem som forkynner evangeliet, at de skal leve av evangeliet.
၁၄ထိုနည်းတူ၊ ဧဝံဂေလိတရားကိုဟောသော သူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည် အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။
15 Men jeg har ikke gjort bruk av noget av dette. Jeg skriver ikke dette forat det skal bli så med mig; for heller vil jeg dø enn at nogen skulde gjøre det til intet som jeg roser mig av.
၁၅သို့သော်လည်းထိုအခွင့်ကို ငါသည် အလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှါ ဤစကား ကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကိုသူတပါးဖျက်ဆီးသည်ထက် ငါသေသော် သာ၍ ကောင်း၏။
16 For om jeg forkynner evangeliet, er det ikke noget å rose mig av; det er en nødvendighet som påligger mig; for ve mig om jeg ikke forkynner evangeliet!
၁၆ငါသည်ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။
17 For gjør jeg dette frivillig, da har jeg lønn; men gjør jeg det nødtvunget, da er det en husholdning som er mig betrodd.
၁၇သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။
18 Hvad er da min lønn? At jeg, når jeg forkynner evangeliet, gjør det for intet, så jeg ikke gjør bruk av min rett i evangeliet.
၁၈သို့ဖြစ်၍ ငါ၏အကျိုးအဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ၌အကျိုးရှိ၏။
19 For om jeg enn er fri fra alle, har jeg dog selv gjort mig til tjener for alle, for å vinne de fleste,
၁၉ငါသည် အဘယ်သူ၏ကျွန် မဖြစ်သော်လည်း သာ၍များသော သူတို့ကိုရခြင်းအလိုငှါ လူတကာတို့၏ ကျွန်ခံရ၏။
20 og jeg er blitt som en jøde for jødene, for å vinne jøder, for dem som er under loven, som en som er under loven - om jeg enn ikke selv er under loven - for å vinne dem som er under loven;
၂၀ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကိုကိုယ်တိုင် မဆည်းကပ် သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။
21 for dem som er uten lov, er jeg blitt som en som er uten lov - om jeg enn ikke er lovløs for Gud, men lovbundet for Kristus - for å vinne dem som er uten lov;
၂၁ဘုရားသခင်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ် တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သော သူကဲ့သို့ဖြစ်၏။
22 for de skrøpelige er jeg blitt skrøpelig, for å vinne de skrøpelige; for dem alle er jeg blitt alt, for i alle tilfelle å frelse nogen.
၂၂အားနည်းသော သူတို့၌ အားနည်းသော သူကဲ့သို့ဖြစ်၏။ အချို့သော သူတို့ကို တစုံတခုသော အမှု အရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသော သူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။
23 Men alt gjør jeg for evangeliets skyld, forat også jeg kan få del i det.
၂၃သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။
24 Vet I ikke at de som løper på rennebanen, de løper vel alle, men bare én får prisen? Løp da således, forat I kan vinne den!
၂၄မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်း သာလျှင် ဆုကိုရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။
25 Hver som er med i veddekamp, er avholdende i alt, hine for å få en forgjengelig krans, men vi en uforgjengelig.
၂၅ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။
26 Jeg løper da ikke som på det uvisse; jeg fekter ikke som en som slår i været;
၂၆ထိုကြောင့် ငါပြေးသောအခါ၊ အမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။
27 men jeg undertvinger mitt legeme og holder det i trældom, forat ikke jeg som preker for andre, selv skal finnes uverdig.
၂၇သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။

< 1 Korintierne 9 >