< 1 Krønikebok 26 >
1 Vedkommende dørvokternes skifter, så hørte til korahittene Meselemja, Kores sønn, av Asafs barn.
၁အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူ မူကား။ ကောရဟိအမျိုးဧဗျာသပ်အနွှယ်၊ ကောရသား မေရှလေမိ၊
2 Og Meselemjas sønner var: Sakarja, den førstefødte, Jediael, den annen, Sebadja, den tredje, Jatniel, den fjerde,
၂မေရှလေမိ၏သားဦးဇာခရိ၊ ဒုတိယသား ယေဒျေလ၊ တတိယ သားဇေဗဒိ၊ စတုတ္ထသား ယာသ နေလ၊
3 Elam, den femte, Johanan, den sjette, Eljoenai, den syvende.
၃ပဥ္စမသားဧလံ၊ ဆဋ္ဌမသားယေဟနန်၊ သတ္တမ သားဧလဲဩနဲတည်း။
4 Obed-Edoms sønner var: Semaja, den førstefødte, Josabad, den annen, Joah, den tredje, og Sakar, den fjerde, og Netanel, den femte,
၄ဩဗဒေဒုံ၏သားဦးရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသားယောအာ၊ စတုတ္ထသားစာကာ၊ ပဥ္စမသားနာ သနေလ၊
5 Ammiel, den sjette, Issakar, den syvende, Pe'ulletai, den åttende; for Gud hadde velsignet ham.
၅ဆဋ္ဌမသားအမျေလ၊ သတ္တမသားဣသခါ၊ အဌမသားပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင် သည် ကောင်းကြီးပေးတော်မူ၏။
6 Hans sønn Semaja fikk og sønner, som blev de rådende i sin ætt; for de var dyktige menn.
၆သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ၏။
7 Semajas sønner var: Otni og Refael og Obed, Elsabad og hans brødre, dyktige menn, Elihu og Semakja.
၇
8 Alle disse var efterkommere av Obed-Edom, både de og deres sønner og brødre, dyktige og sterke menn til tjenesten - i alt to og seksti efterkommere av Obed-Edom.
၈အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် အောင်ခွန်အားကြီး သောဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။
9 Meselemja hadde også sønner og brødre, dyktige menn - i alt atten.
၉ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တကျိပ်ရှစ်ယောက်တည်း။
10 Sønnene til Hosa, som hørte til Meraris barn, var: Simri, overhodet - for vel var han ikke den førstefødte, men hans far satte ham til å være overhode -
၁၀မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိ သည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသော ကြောင့် သားအကြီးဖြစ်သတည်း။
11 Hilkia, den annen, Tebalja, den tredje, Sakarja, den fjerde; Hosas sønner og brødre var i alt tretten.
၁၁ဒုတိယသားကားဟိလခိ၊ တတိယသားတေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်း ကား တကျိပ်သုံးယောက်တည်း။
12 Disse dørvokter-skifter, det vil si deres overhoder, pålå det å gjøre vakttjeneste i Herrens hus sammen med sine brødre.
၁၂ဤရွေ့ကား ထာဝရဘုရား၏ အိမ်တော်၌ အလှည့်လှည့်စောင့်ခြင်းငှါ သင်းဖွဲ့သော တံခါးစောင့် အကြီးအကဲဖြစ်သတည်း။
13 Og de kastet lodd om hver port, den minste som den største, efter sine familier.
၁၃ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့အဆွေ အမျိုးအလိုက် တံခါးအသီးအသီး စောင့်စေခြင်းငှါ စာရေးတံ ပြုကြ၍၊
14 Loddet mot øst falt på Selemja; også for hans sønn Sakarja, en klok rådgiver, kastet de lodd, og hans lodd kom ut mot nord.
၁၄အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသား ပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာ ကို ရ၏။
15 For Obed-Edom falt loddet mot syd, og for hans sønner falt det ved forrådshuset.
၁၅ဩဗဒေဒုံသည် တောင်မျက်နှာကို၎င်း၊ သူ၏ သားတို့သည် အသုပိမ်အိမ်ကို၎င်း ရ၏။
16 For Suppim og Hosa falt loddet mot vest ved Salleket-porten på allfarveien som går opover, den ene vaktpost ved den andre.
၁၆ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ရှလ္လေခက်တံခါးကိုရ၍ တဘက်တချက်၌ စောင့်ရ၏။
17 Mot øst stod seks levitter, mot nord hver dag fire, mot syd hver dag fire, og ved forrådshuset to og to.
၁၇နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌လေးယောက်၊ တောင်မျက်နှာ၌လေးယောက်၊ အသုပိမ်ဘက် မှာနှစ်ယောက်၊ တန်တိုင်းတော်ပြင်မှာနှစ်ယောက်၊
18 Ved Parbar mot vest stod fire ved veien og to ved selve Parbar.
၁၈အနောက်မျက်နှာ လမ်းဝမှာလေးယောက်၊ တန်တိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ၏။
19 Dette var dørvokternes skifter av korahittenes barn og av Meraris barn.
၁၉ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း။
20 Av levittene hadde Akia opsyn over skattene i Guds hus og over de til Herren helligede ting.
၂၀လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။
21 Ladans sønner, gersonittenes efterkommere gjennem Ladan, overhodene for gersonitten Ladans familier, var jehielittene.
၂၁အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊
22 Jehielittenes sønner Setam og hans bror Joel hadde opsyn over skattene i Herrens hus.
၂၂သူ၏သားဇေသံ ယောလတို့သည်လည်း ဘုရား သခင်၏ အိမ်တော်ဘဏ္ဍာကိုအုပ်ရ၏။
23 Vedkommende amramittene, jisharittene, hebronittene, ossielittene,
၂၃အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးသားအချို့ပါကြ၏။
24 så var Sebuel, sønn av Moses' sønn Gersom, overopsynsmann over skattene.
၂၄မောရှေသားဂေရရှုံ၏သား ရှေဗွေလသည် လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။
25 Og hans frender av Eliesers ætt var Eliesers sønn Rehabja Og hans sønn Jesaja og hans sønn Joram Og hans sønn Sikri Og hans sønn Selomot.
၂၅ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသားရေဟဗိ၊ သူ၏သားယေရှာယ၊ သူ၏သားယောရံ၊ သူ၏သားဇိခရိ၊ သူ၏သားရှေလောမိတ်တည်း။
26 Denne Selomot Og hans brødre hadde opsyn over alle de til Herren helligede ting, som kong David og familiehodene blandt høvedsmennene over tusen og over hundre og hærførerne hadde helliget;
၂၆ထိုရှေလောမိတ်နှင့်သူ၏ညီတို့သည် ဒါဝိဒ် မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာ အုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။
27 efter krigene hadde de helliget det av hærfanget for å sette Herrens hus i stand.
၂၇ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှါ ပူဇော် တတ်ကြ၏။
28 Og alt det seeren Samuel og Saul, Kis' sønn, og Abner, Ners sønn, og Joab, Serujas sønn, hadde helliget - alt som nogen hadde helliget - var under opsyn av Selomit og hans brødre.
၂၈ပရောဖက်ရှမွေလ၊ ကိရှသားရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
29 Blandt jisharittene var Kenanja og hans sønner satt til å røkte de verdslige gjøremål i Israel som tilsynsmenn og dommere.
၂၉ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။
30 Blandt hebronittene var Hasabja og hans brødre, dyktige menn, tusen og syv hundre i tallet, satt over Israel i landet på vestsiden av Jordan i alt som vedkom Herrens gjerning og kongens tjeneste.
၃၀ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီတထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။
31 Til hebronittene hørte Jerija, overhodet for hebronittene efter deres ætter og familier; i det firtiende år av Davids regjering blev det foretatt undersøkelse blandt dem, og det fantes blandt dem dyktige krigsmenn i Jaser i Gilead.
၃၁ဟေဗြုန်အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ်မင်းနန်းစံ လေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ် ပြည်ယာဇာမြို့၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့၏။
32 Hans frender, dyktige menn, var to tusen og syv hundre, som alle var familiehoder; dem satte kong David over rubenittene og gadittene og den halve Manasse stamme i alle Guds saker og kongens saker.
၃၂ယေရိယ၏ပေါက်ဘော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီးခန့်ထာသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ကို အုပ်စိုး၍ ဘုရားသခင်၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။