< 1 Krønikebok 23 >
1 Da David var blitt gammel og mett av dager, gjorde han sin sønn Salomo til konge over Israel.
၁ဒါဝိဒ် မင်းသည် အသက် ကြီး၍ ကာလ ပြည့်စုံ ရာ အချိန်ရောက်သောအခါ၊ သား တော်ရှောလမုန် ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထား၍၊
2 Og han samlet alle Israels høvdinger og prestene og levittene.
၂ဣသရေလ မင်း ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား အပေါင်း တို့ကို စုဝေး စေတော်မူ၏။
3 Og levittene blev tellet fra tyveårsalderen og opover, og tallet på dem - en for en, alle som var av mannkjønn - var åtte og tretti tusen.
၃လေဝိ သားတို့တွင် အသက် သုံး ဆယ် လွန် ၍ စာရင်းဝင် သော ယောက်ျား ပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။
4 Av disse sa David skal fire og tyve tusen forestå arbeidet på Herrens hus, og seks tusen skal være tilsynsmenn og dommere,
၄ထို သူတို့တွင် နှစ်သောင်း လေးထောင်တို့သည် ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရကြ၏။ ခြောက် ထောင် တို့သည် အရာရှိ ၊ တရားသူကြီး လုပ်ရကြ ၏။
5 og fire tusen skal være dørvoktere, og fire tusen skal lovsynge Herren til de instrumenter jeg har latt gjøre til lovsangen.
၅လေး ထောင် တို့သည် တံခါး ကိုစောင့်ရကြ၏။ လေး ထောင် တို့သည် ဂုဏ် တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းရကြ၏။
6 Og David delte dem i skifter efter Levis sønner, Gerson, Kahat og Merari.
၆လေဝိ သား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ အမျိုး အသီးအသီးတို့ကို ဒါဝိဒ် ခွဲထား ၍ တမျိုး တခြားစီသင်းဖွဲ့စေ၏။
7 Til gersonittene hørte Ladan og Sime'i.
၇ဂေရရှုံ အမျိုးသားကား၊ လာဒန် နှင့် ရှိမိ တည်း။
8 Ladans sønner var Jehiel, overhodet, så Setam og Joel - tre i tallet.
၈လာဒန် သား အကြီး ကား၊ ယေဟေလ ၊ သူ၏ညီ ဇေသံ နှင့် ယောလ ၊ ပေါင်းသုံး ယောက်တည်း။
9 Sime'is sønner var Selomot og Hasiel og Haran - tre i tallet; dette var overhodene for Ladans familier.
၉ရှိမိ သား ကား ရှေလောမိတ် ၊ ဟာဇေလ ၊ ဟာရန် ၊ ပေါင်းသုံး ယောက်တည်း။ ဤ သူတို့သည်လာဒန် အဆွေအမျိုး သူကြီးဖြစ်ကြ၏။
10 Og Sime'is sønner var Jahat, Sisa og Je'us og Beria; dette var Sime'is sønner - fire i tallet.
၁၀ရှိမိ သား ကား ယာဟတ် ၊ ဇိဇ ၊ ယုရှ ၊ ဗေရိ ၊ ပေါင်း လေး ယောက်တည်း။
11 Jahat var overhodet, og Sisa den annen; men Je'us og Beria hadde ikke mange sønner, og de utgjorde derfor bare en familie, en embedsklasse.
၁၁ယာဟတ် ကားအကြီး ဖြစ် ၏။ ဇိဇ ကား ဒုတိယ အရာကို ရ၏။ ယုရှ နှင့် ဗေရိ ၌ကား သား များစွာ မ ရှိ။ သို့ဖြစ်၍ အဆွေအမျိုး အလိုက် စာရင်း တခုတည်း ၌ ပေါင်းကြ၏။
12 Kahats sønner var Amram, Jishar, Hebron og Ussiel - fire i tallet.
၁၂ကောဟတ် သား ကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ ၊ ပေါင်းလေး ယောက်တည်း။
13 Amrams sønner var Aron og Moses. Aron blev utskilt for å helliges som høihellig, både han og hans sønner gjennem alle tider, så de skulde brenne røkelse for Herren og tjene ham og velsigne i hans navn til evig tid.
၁၃အာမရံ သား ကား အာရုန် နှင့် မောရှေ တည်း။ အာရုန် နှင့်သားစဉ် မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကိုမီးရှို့ခြင်း၊ အမှု တော်ကို ဆောင်ရွက်ခြင်း၊ နာမ တော်ကိုမြွက်၍ အစဉ် ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန် သန့်ရှင်းသောအရာတို့ကို သန့်ရှင်း စေခြင်းငှါ အခြားသူတို့နှင့် ခွဲထား သောသူဖြစ်ကြ၏။
14 Men sønnene til den Guds mann Moses regnes til Levi stamme.
၁၄ဘုရားသခင့် လူ မောရှေ ၏သား ကိုကား၊ လေဝိ အမျိုးသား တို့၏ စာရင်း ၌သွင်းရ၏။
15 Moses' sønner var Gersom og Elieser.
၁၅မောရှေ သား ကားဂေရရှုံ နှင့် ဧလျေဇာတည်း။
16 Av Gersoms sønner var Sebuel overhodet.
၁၆ဂေရရှုံ သား တို့တွင်၊ ရှေဗွေလ သည် အကြီး ဖြစ်၏။
17 Og av Eliesers barn var Rehabja overhodet; Elieser hadde ikke andre sønner, men Rehabjas sønner var overmåte tallrike.
၁၇ဧလျေဇာ သား အကြီး ရေဟဘိ တယောက်တည်းရှိ ၏။ ရေဟဘိ ၌ကား သား အလွန် များ၏။
18 Av Jishars sønner var Selomit overhodet.
၁၈ဣဇဟာ သား အကြီး ကားရှေလောမိတ်၊
19 Av Hebrons sønner var Jerija overhodet, Amarja den annen, Jahasiel den tredje og Jekamam den fjerde.
၁၉ဟေဗြုန် သား အကြီး ကားယေရိ ၊ ဒုတိယ သား အာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သားယေကမံ၊
20 Av Ussiels sønner var Mika overhodet, og Jissija den annen.
၂၀ဩဇေလ သား အကြီး ကားမိက္ခါ ၊ ဒုတိယ သား ယေရှိ တည်း။
21 Meraris sønner var Mahli og Musi. Mahlis sønner var Eleasar og Kis.
၂၁မေရာရိ သား ကားမဟာလိ နှင့် မုရှိ တည်း။ မဟာလိ သား ကား ဧလာဇာ နှင့် ကိရှ တည်း။
22 Da Eleasar døde, var det ingen sønner efter ham, men bare døtre, og dem tok deres frender Kis' sønner til ekte.
၂၂ဧလာဇာ သည်သား မ ရှိ။ သမီး သက်သက် ရှိ၍ သေ ၏။ သူ့သမီးတို့နှင့်သူ့ညီ ကိရှ သား တို့သည် စုံဘက် ကြ၏။
23 Musis sønner var Mahli og Eder og Jeremot - tre i tallet.
၂၃မုရှိ သား ကား မဟာလိ ၊ ဧဒါ ၊ ယေရိမုတ် ၊ ပေါင်း သုံး ယောက်တည်း။
24 Dette var Levis sønner efter sine familier, overhodene for familiene, så mange av dem som blev mønstret, efter sine navn, en for en, de som gjorde arbeidet ved tjenesten i Herrens hus, fra tyveårsalderen og opover.
၂၄ဤရွေ့ကား အသက် နှစ် ဆယ်လွန် ၍ ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရသောလေဝိ အမျိုးသား အဆွေအမျိုး အလိုက် စာရင်း ဝင်သော အဆွေအမျိုး သူကြီးဖြစ်သတည်း။
25 For David sa: Herren, Israels Gud, har gitt sitt folk ro og har nu sin bolig i Jerusalem til evig tid;
၂၅ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် မိမိ လူမျိုး အား ငြိမ်ဝပ် သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင် မြို့၌ အစဉ် နေ တော်မူသောကြောင့်၊
26 derfor har heller ikke levittene lenger nødig å bære tabernaklet og alle de til tjenesten der hørende redskaper.
၂၆လေဝိ သားတို့သည် တဲ တော်နှင့် တဲ တော်အမှု ဆောင်ရွက်ရာ တန်ဆာ များကို နောက်တဖန်မ ထမ်း ရဟု ဒါဝိဒ် မိန့် တော်မူ၏။
27 For det var efter Davids siste ord at Levis barn blev tellet fra tyveårsalderen og opover.
၂၇နောက်ဆုံး အမိန့် တော်အတိုင်း ၊ အသက် နှစ် ဆယ်လွန် သော လေဝိ သား တို့ကို စာရင်း ယူရ၏။
28 Og de blev satt til å gå Arons sønner til hånde ved tjenesten i Herrens hus; de skulde ha tilsyn med forgårdene og kammerne og sørge for rengjøringen av alt det hellige og utføre arbeidet ved tjenesten i Guds hus,
၂၈အကြောင်း မူကား၊ လေဝိသားတို့သည် အာရုန် သား တို့၏လက်ထောက် ဖြစ်သည်နှင့်အညီ ၊ သန့်ရှင်း သောအရာရှိသမျှ တို့ ကို စင်ကြယ် စေ၍၊ ထာဝရဘုရား ၏ အိမ် တော်နှင့်တန်တိုင်း များ၊ အခန်း များ၌ အမှု ကို ဆောင်ရွက် ရကြမည်။
29 både med skuebrødene og det fine mel til matofferet og med de usyrede brødleiver og med hellene og med det mel som skulde knaes, og med alle hulmål og lengdemål;
၂၉ရှေ့ တော်မုန့်ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာ မုန့်ညက် ကို၎င်း၊ တဆေးမဲ့ မုန့်ပြား ၊ သံပြား နှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော် ကို၎င်းလုပ်၍ ဘုရားသခင် ၏ အိမ် တော် အမှု ကိုလည်း ဆောင်ရွက် ရကြမည်။ တိုင်းထွာ ၊ ချိန်တွယ်၊ ခြင်တွက် ခြင်းအမှုအမျိုးမျိုး ကိုလည်း စီရင်ရကြမည်။
30 hver morgen skulde de stå og love og prise Herren, og likeså hver aften,
၃၀နံနက် တိုင်း၊ ညဦး တိုင်းရပ် လျက်၊ ကျေးဇူး တော် ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား ၏ ဂုဏ် တော်ကိုလည်း ချီးမွမ်းရကြမည်။
31 og de skulde hjelpe til ved enhver ofring av brennoffer til Herren på sabbatene, på nymåne-dagene og på høitidene, i fastsatt tall, således som det var foreskrevet for dem - all tid for Herrens åsyn.
၃၁ပညတ်တရားတော်အတိုင်းဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မ ပွဲနေ့၊ အစဉ်မပြတ် ထာဝရဘုရား ရှေ့ တော်၌ မီးရှို့ ရာ ယဇ်မျိုး တို့ကို ပူဇော် ရကြမည်။
32 Således skulde de da ta vare på hvad som var å vareta ved sammenkomstens telt, og hvad som var å vareta ved helligdommen, og hvad som var å vareta for deres brødre Arons sønner ved tjenesten i Herrens hus.
၃၂ပရိသတ်စည်းဝေး ရာတဲ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရား အိမ် တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကို အာရုန် သား တို့ကို၎င်း စောင့် ရကြမည်။