< गन्ती 20 >
1 यसैले इस्राएलका सारा समुदाय पहिलो महिनामा जीनको मरुभूमिमा गए; तिनीहरू कादेशमा बसे ।
၁ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
2 त्यहाँ मिरियम मरिन् र तिनलाई त्यहीँ गाडियो । समुदायको निम्ति त्यहाँ पानी थिएन, त्यसैले तिनीहरू मोशा र हारूनको विरुद्ध भेला भए ।
၂စခန်းချရာအရပ်တို့တွင်ရေမရှိသောကြောင့် သူတို့သည်မောရှေနှင့်အာရုန်တို့ထံသို့စုရုံး လာကြပြီးလျှင်၊-
3 मानिसहरूले मोशा विरुद्ध गनगन गरे । तिनीहरूले भने, “हाम्रा सङ्गी इस्राएलीहरू परमप्रभुको सामु मर्दा हामी पनि मरेका भए राम्रो हुन्थ्यो ।
၃``အကျွန်ုပ်တို့သည်ယခုကဲ့သို့သောဆင်းရဲ ဒုက္ခခံရသည်ထက် အကျွန်ုပ်တို့၏သားချင်း များနှင့်အတူထာဝရဘုရား၏တဲတော် ရှေ့တွင်သေရသည်ကပို၍ကောင်းပါသေး သည်။-
4 परमप्रभुको समुदाय, हामी र हाम्रा पशुहरू मर्नलाई किन यहाँ ल्याउनुभएको?
၄အကျွန်ုပ်တို့၏တိရစ္ဆာန်များနှင့်အတူသေ ကြေပျက်စီးစေခြင်းငှာ သင်တို့သည်အကျွန်ုပ် တို့အားဤတောကန္တာရသို့အဘယ်ကြောင့် ခေါ်ဆောင်ခဲ့ပါသနည်း။-
5 यो डरलाग्दो ठाउँमा ल्याउन हामीलाई किन मिश्रबाट आउन लगाउनुभयो? यहाँ बिउ, नेभारा, दाख वा अनार केही पनि छैन र पिउने पानी पनि छैन ।”
၅အဘယ်ကြောင့်အကျွန်ုပ်တို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်၍ မည်သည့်အပင်မျှမပေါက်သောဤ ခေါင်သည့်အရပ်သို့ခေါ်ဆောင်ခဲ့ပါသနည်း။ ဤ အရပ်တွင်ကောက်ပဲသီးနှံပင်မရှိ၊ သဖန်းပင် မရှိ၊ စပျစ်ပင်မရှိ၊ သလဲပင်မရှိ၊ သောက် စရာရေမရှိ'' ဟုညည်းတွားကြလေသည်။-
6 यसैले मोशा र हारून समुदायको सामु गए । तिनीहरू भेट हुने पालको प्रवेश-द्वारमा गए र घोप्टो परे । त्यहाँ परमप्रभुको उज्ज्वल महिमा देखा पर्यो ।
၆ထိုအခါမောရှေနှင့်အာရုန်တို့သည်လူအစု အဝေးမှထွက်ခွာ၍ တဲတော်တံခါးဝတွင်ရပ် နေကြ၏။ သူတို့သည်ပျပ်ဝပ်လျက်နေကြစဉ် ထာဝရဘုရား၏တောက်ပသောဘုန်းအသ ရေတော်ထင်ရှားလာ၏။
7 परमप्रभुले मोशालाई भन्नुभयो,
၇ထာဝရဘုရားကမောရှေအား၊-
8 “लहुरो ले र समुदाय, तँ र तेरा दाजु हारूनलाई भेला गर् । तिनीहरूको नजरकै सामुन्ने चट्टानलाई भन् र पानी निकाल्न यसलाई आज्ञा दे । तैँले त्यो चट्टानबाट तिनीहरूका निम्ति पानी निकाल्ने छस् र तैँले यो तिनीहरूलाई र तिनीहरूका गाईवस्तुहरूलाई दिनू ।”
၈``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
9 परमप्रभुले मोशालाई आज्ञा गर्नुभएजस्तै मोशाले परमप्रभुको सामुबाट लहुरो लिए ।
၉မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း တောင်ဝှေးကိုယူခဲ့လေသည်။
10 अनि मोशा र हारूनले चट्टानको सामु मानिसहरू भेला पारे । मोशाले तिनीहरूलाई भने, “अब हे बागीहरू हो, सुन । के हामीले तिमीहरूलाई यो चट्टानबाट पानी निकाल्नपर्छ?
၁၀သူသည်အာရုန်နှင့်အတူ လူအပေါင်းတို့ကို ကျောက်ဆောင်ရှေ့တွင်စုရုံးစေ၏။ ထိုနောက် မောရှေက``ပုန်ကန်သူတို့၊ နားထောင်လော့။ ဤ ကျောက်ဆောင်ထဲမှသင်တို့အဖို့ရေထွက် ရအောင် ငါတို့ပြုလုပ်ရမည်လော'' ဟုဆိုလျက်၊-
11 अनि मोशाले आफ्नो हात उठाएर चट्टानलाई दुई पटक हिर्काए, र पानी निस्क्यो । समुदाय र तिनीहरूका गाईवस्तुहरूले पानी पिए ।
၁၁တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
12 परमप्रभुले मोशा र हारूनलाई भन्नुभयो, “तिमीहरूले इस्राएलका मानिसहरूको नजरमा मलाई पवित्र जनको रूपमा आदर नगरेकाले वा मलाई भरोसा नगरेकाले तिमीहरूले यो समुदायलाई मैले तिनीहरूलाई दिन्छु भनेको भूमिमा ल्याउनेछैनौ ।”
၁၂သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။
13 यो ठाउँलाई मेरीबाको पानी भनियो, किनभने इस्राएलका मानिसहरूले त्यहाँ परमप्रभुसँग झगडा गरेका थिए, र उहाँले आफैलाई पवित्र जनको रूपमा प्रकट गर्नुभएको थियो ।
၁၃မေရိဘအရပ်ကား ဣသရေလအမျိုးသား တို့ထာဝရဘုရားအားညည်းတွားသော၊ ထာဝရ ဘုရားကမိမိသည် ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုပြသောအရပ်ဖြစ်သတည်း။
14 मोशाले कादेशबाट एदोमको राजाकहाँ समाचारवाहकहरू पठाएः तपाईंको भाइ इस्राएलले भन्छ, “हामीमाथि आइपरेका सबै कठिनाइ तपाईं जान्नुहुन्छ ।
၁၄မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။-
15 हाम्रा पुर्खाहरू मिश्रमा गए र मिश्रमा नै लामो समयसम्म बसेको तपाईंलाई थाहा छ । मिश्रीहरूले हामी र हाम्रा पुर्खाहरूलाई रुखो व्यवहार गरे ।
၁၅အကျွန်ုပ်တို့၏ဘိုးဘေးများသည်အီဂျစ် ပြည်သို့သွားရောက်၍ နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရာအီဂျစ်အမျိုးသားတို့သည်ဘိုး ဘေးများနှင့်အကျွန်ုပ်တို့ကိုညှင်းဆဲနှိပ်စက် ခဲ့ပါ၏။-
16 जब हामीले परमप्रभुलाई पुकार्यौँ, उहाँले हाम्रो आवाज सुन्नुभयो, र एउटा स्वर्गदूत पठाउनुभयो अनि हामीलाई मिश्रबाट ल्याउनुभयो । हे्र्नुहोस्, हामी तपाईंको देशको सिमानामा पर्ने सहर कादेशमा छौँ ।
၁၆အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
17 हामीलाई तपाईंको भूमिको बाटो भएर जान दिनुहोस् भनी म बिन्ती गर्दछु । हामी खेत वा दाखबारीतिर पस्दैनौँ, न त हामी तपाईंका ईनारहरूको पानी पिउँछौँ । हामीले तपाईंको देशको सिमाना नकाटेसम्म दायाँ वा बायाँ लाग्ने छैनौँ ।”
၁၇ကိုယ်တော်၏ပြည်ကိုဖြတ်သန်းခွင့်ပေးတော် မူပါ။ အကျွန်ုပ်တို့နှင့်တကွသိုး၊ နွား၊ တိရစ္ဆာန် တို့သည်ကိုယ်တော်၏လယ်များ၊ စပျစ်ဥယျာဉ် များကိုဖြတ်သန်းခြင်းပြုမည်မဟုတ်ပါ။ ရေတွင်းများမှရေကိုလည်းသောက်သုံးမည် မဟုတ်ပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်၏ ပိုင်နက်လွန်သည် အထိလမ်းမကြီးအတိုင်း ဖြတ်သန်းသွားပါမည်'' ဟုလျှောက်ထား ကြလေသည်။
18 तर एदोमको राजाले तिनलाई जवाफ दिए, “तिमीहरू यो मुलुक भएर जान सक्दैनौ । तिमीहरू आयौ भने, म तरवार लिएर आक्रमण गर्न आउने छु ।”
၁၈ဧဒုံအမျိုးသားတို့က``သင်တို့အားငါတို့ ၏ပြည်ကိုဖြတ်သန်းခွင့်မပြုနိုင်။ သင်တို့ ဖြတ်သန်းလာလျှင်ငါတို့သည်အလုံး အရင်းနှင့်ချီတက်၍သင်တို့အားတိုက်ခိုက် မည်'' ဟုဖြေကြားကြလေသည်။
19 अनि इस्राएलका मानिसहरूले तिनलाई भने, “हामी राजमर्ग भएर मात्र जाने छौँ । यदि हामी र हाम्रा गाईवस्तुहरूले पानी पिए भने हामी यसको मूल्य तिर्ने छौँ । कुनै कुरा नगरी हामीलाई पैदल जान मात्र दिनुहोस् ।”
၁၉ဣသရေလအမျိုးသားတို့က``အကျွန်ုပ်တို့ သည်လမ်းမကြီးအတိုင်းသာဖြတ်သန်းသွား ကြပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏ တိရစ္ဆာန်များသည် ကိုယ်တော်၏ပြည်မှရေကို သောက်သုံးမိလျှင်ရေဖိုးကိုပေးပါမည်။ ဖြတ်သန်းခွင့်ကိုသာပေးတော်မူပါ'' ဟု လျှောက်ထားကြလေသည်။
20 तर एदोमका राजाले जवाफ दिए, “तिमीहरू जान सक्दैनौँ ।” यसैले एदोमको राजा ठुलो फौजसहित इस्राएलको विरुद्ध लड्न आए ।
၂၀ဧဒုံအမျိုးသားတို့က``ငါတို့ဖြတ်သန်းခွင့် မပြုနိုင်'' ဟုဆို၍ဣသရေလအမျိုးသား တို့ကိုတိုက်ခိုက်ရန် ဗိုလ်ပါအလုံးအရင်း နှင့်ချီတက်လာကြလေသည်။-
21 एदोमका राजाले इस्राएललाई आफ्नो सिमाना भएर जान दिन इन्कार गरे । यसैले इस्राएल एदोमको भूमिबाट तर्किएर गए ।
၂၁ဧဒုံအမျိုးသားတို့ကမိမိတို့ပြည်ကိုဖြတ် သန်းခွင့်မပြုကြသောကြောင့် ဣသရေလ အမျိုးသားတို့သည်လှည့်လည်၍အခြား သောလမ်းဖြင့်ခရီးဆက်ကြလေသည်။
22 मानिसहरू कादेशबाट हिँडे । इस्राएलका मानिसहरू अर्थात् सारा समुदाय होर पर्वतमा आए ।
၂၂ဣသရေလအမျိုးသားတို့သည်ကာဒေရှ အရပ်မှထွက်ခွာခဲ့ရာ ဧဒုံပြည်နယ်စပ်ရှိ ဟောရတောင်သို့ရောက်ရှိကြလေသည်။ ထို အရပ်တွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား၊-
23 एदोमको सिमानामा पर्ने होर पर्वतमा परमप्रभुले मोशा र हारूनलाई भन्नुभयो,
၂၃
24 “हारून आफ्ना मानिसहरूकहाँ जानुपर्छ, किनभने मैले इस्राएललाई दिएको भूमिमा त्यो प्रवेश गर्ने छैन । यो तिमीहरू दुवैले मेरीबाको पानीमा मेरो विरुद्ध विद्रोह गरेकाले गर्दा हो ।
၂၄``အာရုန်သည်အနိစ္စရောက်လိမ့်မည်။ သူသည် ဣသရေလအမျိုးသားတို့အား ငါကတိ ထားသောပြည်သို့ဝင်ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးသည် မေရိဘအရပ်တွင် ငါ၏အမိန့်တော်ကို မနာခံခဲ့သောကြောင့်ဖြစ်သည်။-
25 हारून र त्यसका छोरा एलाजारलाई होर पर्वतमाथि ले ।
၂၅အာရုန်နှင့်သူ၏သားဧလာဇာကိုဟောရ တောင်ပေါ်သို့ခေါ်ဆောင်ခဲ့ပြီးလျှင်၊-
26 हारूनको पुजारीको पोशाक फुकाल् र त्यो एलाजारलाई लगाइदे । हारून मर्नुपर्छ र आफ्ना मानिसहरूसँग मिल्नुपर्छ ।”
၂၆အာရုန်၏ယဇ်ပုရောဟိတ်ဝတ်စုံကိုချွတ်၍ ဧလာဇာအားဝတ်ဆင်ပေးလော့။ အာရုန်သည် ထိုအရပ်တွင်အနိစ္စရောက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
27 मोशाले परमप्रभुले आज्ञा गर्नुभएबमोजिम गरे । तिनीहरू सारा समुदायको सामुबाट होर पर्वतमाथि गए ।
၂၇ထာဝရဘုရားမိန့်မှာတော်မူသည်အတိုင်း မောရှေဆောင်ရွက်လေသည်။ ဣသရေလအမျိုး သားအပေါင်းတို့ရှေ့တွင် သူတို့သည်ဟောရ တောင်ပေါ်သို့တက်သွားကြ၏။-
28 मोशाले हारूनको पुजारीको पोशाक फुकाले र त्यो तिनका छोरा एलाजारलाई लगाइदिए । पर्वतको चुचुरोमाथि हारून मरे । अनि मोशा र एलाजार तल ओर्ले ।
၂၈တောင်ပေါ်တွင်မောရှေသည်အာရုန်၏ယဇ် ပုရောဟိတ်ဝတ်စုံများကိုချွတ်၍ ဧလာဇာ အားဝတ်ဆင်ပေးလေသည်။ အာရုန်သည်ထို တောင်ပေါ်တွင်အနိစ္စရောက်လေ၏။ မောရှေ နှင့်ဧလာဇာတို့သည်တောင်အောက်သို့ ဆင်းလာကြ၏။-
29 जब हारून मरेका सारा समुदायले देखे, तब सारा जाति हारूनको निम्ति तिस दिनसम्म रोए ।
၂၉ဣသရေလအမျိုးသားအပေါင်းတို့သည် အာရုန်အနိစ္စရောက်ကြောင်းကြားသိရသော အခါ ရက်ပေါင်းသုံးဆယ်ပတ်လုံးဝမ်းနည်း ပူဆွေးကြလေသည်။