< याकूब 1 >
1 परमेश्वर र प्रभु येशू ख्रीष्टका सेवक याकूबबाट, छरपष्ट भएका बाह्र कुललाई अभिवादन ।
၁ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
2 मेरा भाइहरू हो, तिमीहरूले अनेकौँ किसिमका समस्याहरूको अनुभव गर्दा त्यसलाई पूर्ण रूपमा आनन्द सम्झ,
၂ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊
3 तिमीहरू जान्दछौ, कि तिमीहरूको विश्वासको जाँचले धैर्य उत्पन्न गराउँदछ ।
၃ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။
4 धैर्यलाई पूर्ण रूपमा काम गर्न देओ, ताकि तिमीहरू सम्पूर्ण रूपमा सुधारिएको र पूर्ण हुन सक र तिमीहरूमा कुनै कुराको कमी नहोस् ।
၄သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။
5 तर यदि तिमीहरूमध्ये कसैलाई बुद्धिको खाँचो छ भने, माग्ने जति सबैलाई उदारतासँग र नहप्काइकन दिनुहुने परमेश्वरसँग उसले मागोस् र उहाँले उसलाई त्यो दिनुहुनेछ ।
၅သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။
6 तर उसले शङ्का नगरी विश्वाससाथ मागोस् । किनभने शङ्का गर्नेचाहिँ बतासले हुत्त्याउने र यताउता पल्टाउने समुद्रको छालजस्तो हुन्छ ।
၆သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။
7 त्यस्तो व्यक्तिले परमप्रभुबाट कुनै पनि कुरा पाउनेछु भनी नसोचोस् ।
၇ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊
8 त्यस्तो व्यक्ति दोहोरो मनको हुन्छ, र आफ्ना सबै चालमा ऊ अस्थिर हुन्छ ।
၈ထာဝရ ဘုရား၏ လက်တော်မှတစုံတခုကို ရမည်ဟုမထင်မမှတ်စေနှင့်။
9 दीन भाइले आफ्नो उच्च अवस्थामा गर्व गरोस्,
၉အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။
10 तर धनी मानिसले आफ्नो दीनतामा गर्व गरोस्, किनभने ऊ घाँसमा फलेको जङ्गली फुलझैँ ओइलाएर बितिजानेछ ।
၁၀ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူ ကား၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘောရှိ၏။
11 किनकि प्रचण्ड तापसहित सूर्य उदाउँछ र घाँसलाई सुकाइदिन्छ । फुल झर्छ, र त्यसको सौन्दर्य नष्ट हुन्छ । त्यसै गरी, धनी मानिस आफ्नो यात्राको बिचमा नै बिलाएर जानेछ ।
၁၁နေသည်ပူသော အရှိန်နှင့်ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သော သူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ရောက်တတ်၏။
12 त्यो मानिस धन्यको हो जो परीक्षामा स्थिर रहन्छ । किनभने परीक्षामा सफलता प्राप्त गरिसकेपछि उसले जीवनको मुकुट पाउनेछ, जुन परमेश्वरलाई प्रेम गर्नेहरूका निम्ति प्रतिज्ञा गरिएको छ ।
၁၂စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။
13 परीक्षामा पर्दा “यो परीक्षा परमेश्वरबाट आएको हो” भनी कसैले पनि नभनोस् किनभने दुष्टबाट परमेश्वरको परीक्षा हुँदैन र उहाँ आफैँले पनि कसैको परीक्षा गर्नुहुन्न ।
၁၃အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူ သည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။
14 तर हरेक व्यक्ति आफ्नै अभिलाषाद्वारा परीक्षामा पर्दछ, जसले उसलाई बहकाउँछ र प्रलोभनमा पार्दछ ।
၁၄မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။
15 अभिलाषाले गर्भधारण गरेपछि त्यसले पाप जन्माउँछ । अनि पाप पूर्ण रूपमा बढेपछि त्यसले मृत्यु ल्याउँछ ।
၁၅တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ်၏။
16 मेरा प्रिय भाइहरू हो, धोकामा नपर ।
၁၆ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။
17 हरेक असल वरदान र हरेक सिद्ध वरदान माथिबाटको हो । ज्योतिका पिताबाट त्यो तल आउँछ । उहाँ बद्लिरहने छायाजस्तो बद्लिनुहुन्न ।
၁၇ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။
18 उहाँले सृष्टि गर्नुभएका सबै कुरामध्ये हामी पहिलो फलझैँ हुन सकौँ भनेर परमेश्वरले सत्यको वचनद्वारा हामीलाई जीवन दिनलाई चुन्नुभयो ।
၁၈နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။
19 मेरो प्रिय भाइहरू हो, तिमीहरू यो जान्दछौः हरेक मानिस सुन्नमा छिटो, बोल्नमा ढिलो र रिसाउनमा धीमा होस् ।
၁၉သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
20 किनभने मानिसको रिसले परमेश्वरको धार्मिकताको काम गर्दैन ।
၂၀လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။
21 यसकारण, सबै पापमय घिनलाग्दा कुरा र दुष्टताको प्रचुरतालाई मिल्काइदेओ । रोपिएको वचनलाई विनम्रतामा धारण गर जसले तिमीहरूका प्राणलाई बचाउन सक्छ ।
၂၁ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့။
22 आफैँलाई धोका दिने गरी वचन सुन्ने मात्र होइन, तर पालन पनि गर ।
၂၂ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။
23 किनकि यदि कोही वचन सुन्ने मात्र व्यक्ति हो, तर पालन गर्ने व्यक्ति होइन भने ऊ ऐनामा आफ्नो स्वाभाविक अनुहार जाँच्ने मानिसजस्तै हो ।
၂၃တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။
24 उसले आफैँलाई जाँच्छ र गइहाल्छ र ऊ कस्तो थियो भन्ने कुरा तुरुन्तै बिर्सिहाल्छ ।
၂၄အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။
25 तर सुनेर बिर्सने व्यक्ति मात्र नभई स्वतन्त्रताको सिद्ध व्यवस्थालाई होसियारीपूर्वक ध्यान दिने र निरन्तर त्यस्तै गरिरहने व्यक्तिचाहिँ उसले गर्ने कामहरूमा आशिषित हुनेछ ।
၂၅လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။
26 यदि कसैले आफैँलाई धार्मिक ठान्दछ, तर उसले आफ्नो जिब्रोलाई नियन्त्रण गर्दैन भने उसले आफ्नो हृदयलाई धोका दिन्छ र उसको धर्म व्यर्थको हुन्छ ।
၂၆သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏။
27 हाम्रा परमेश्वर र पिताको सामु पवित्र र निष्कलङ्क धर्म यही होः अनाथ र विधवाहरूको कष्टमा तिनीहरूलाई सहायता गर्नु, अनि आफैँलाई संसारबाट दोषरहित राख्नु ।
၂၇ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။