< होशे 2 >
1 आफ्ना दाजुभाइलाई ‘मेरा मानिसहरू’ र आफ्ना दिदीबहिनीलाई ‘तिमीहरूलाई कृपा गरिएको छ’ भन ।”
၁သင်တို့ ညီအစ်ကိုများကို ငါ၏လူဟူ၍၎င်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ်ကြလော့။
2 आफ्नी आमाको विदरुद्धमा एउटा मुद्धा हाल, एउटा मुद्धा हाल, किनकि त्यो मेरी पत्नी होइन, र न त म त्यसको पति हुँ । त्यसले आफ्नो सामनेबाट आफ्नो वेश्यागमन, र आफ्ना स्तनहरूको बिचबाट आफ्नो व्यभिचारका कामहरूलाई हटाओस् ।
၂သင်တို့အမိနှင့် ဆွေးနွှေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့။ ပြည်တန်ဆာမျက်နှာကို ပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။
3 होइन भने, म त्यसलाई नाङ्गो पार्नेछु र त्यो जन्मको दिनमा झैं म त्यसको नग्नता देखाउनेछु । उजाड-स्थानजस्तै, एउटा सुख्खा लागेको देशजस्तै, म त्यसलाई बनाउनेछु, र त्यसलाई तिर्खाले मर्ने म बानउनेछु ।
၃မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
4 त्यसका छोराछोरीलाई म कृपा देखाउनेछैनँ, किनकि ती वेश्यागमनका सन्तान हुन् ।
၄သူ၏သားသမီးတို့သည် သူမျောက်မထား၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည်။
5 किनकि तिनीहरूकी आमा वेश्या थिई, र तिनीहरूलाई गर्भधारण गर्नेले लज्जास्पद किसिमले काम गरेकी छे । त्यसले भनी, “म आफ्ना प्रमीहरूको पछि जानेछु, किनकि तिनीहरूले मलाई मेरो रोटी र पानी, मेरो ऊन र सूती कपडा, मेरो तेल र दाखमद्य दिन्छन् ।”
၅သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။
6 यसकारण त्यसको मार्ग रोक्नलाई म काँडे झाडीका बार लगाउनेछु । त्यसले आफ्नो बाटो पत्ता नलगाओस् भनेर, म त्यसको विरुद्ध पर्खाल लगाउनेछु ।
၆သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည်၌ ကျောက်ရိုးကို လည်း တည်မည်။
7 त्यो आफ्ना प्रेमीहरूको पछि लाग्नेछ, तर त्यसले तिनीहरूलाई भेट्टाउनेछैन । त्यसले तिनीहरूलाई खोज्नेछ, तर त्यसले तिनीहरूलाई पाउनेछैन । अनि त्यसले भन्नेछ, “म आफ्नो पहिलो पतिकहाँ नै फर्कनेछु, किनभने अहिलेभन्दा त्यो नै मेरो निम्ति असल थियो ।”
၇သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်ဟု ဆိုလိမ့်မည်။
8 किनकि त्यसलाई अन्न, नयाँ दाखमद्य र तेल दिने, म नै थिएँ भनी त्यसलाई थाहा भएको थएन, र जसले त्यसलाई प्रशस्त चाँदी र सुन दियो जसलाई तिनीहरूले त्यस बेला बालको निम्ती प्रयोग गरे ।
၈ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။
9 यसैले फसलको समयमा म त्यसको अन्न, र दाखमद्यको मौसममा म त्यो फिर्ता लिनेछु । त्यसको नग्नतालाई ढाक्न प्रयोग भएका, मेरो ऊन र सूतीको कपडा म फिर्ता लिनेछु ।
၉သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။
10 तब त्यसका प्रेमीहरूकै सामु म त्यसलाई नाङ्गो बनाउनेछु, र मेरो हातबाट त्यसलाई कसैले बचाउनेछैन ।
၁၀ယခုပင် သူ၏ ရည်းစားများရှေ့၌ သူ့အဝတ်ကို ငါလှစ်လှန်၍ အရှက်ခွဲမည်။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ။
11 त्यसका सबै उत्सवहरू, त्यसका भोजहरू, त्यसका औँसीका उत्सवहरू, त्यसका शबाथहरू, र त्यसका निर्धारित सबै चाडलाई म अन्त गरिदिनेछु ।
၁၁သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။
12 “म त्यसका दाखका बोटहरू र अन्जीरका रुखहरूलाई नष्ट गरिदिनेछु, जसका विषयमा त्यसले भन्थी, ‘मेरा प्रेमीहरूले मलाई दिएका ज्याला यी नै हुन् ।’ तिनलाई म झाडी तुल्याउनेछु, र मैदानका पशुहरूले ती खानेछन् ।
၁၂ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။
13 बाल देवताका भोजका दिनका निम्ति म त्यसलाई दण्ड दिनेछु, जति बेला त्यसले तिनीहरूका निम्ति धूप बाली, जति बेला त्यसले आफ्ना औँठीहरू र गहनाले आफूलाई सुसज्जिए पारी, अनि त्यो आफ्ना प्रेमीहरूको पछि गई र मलाई बिर्सी, यो परमप्रभुको घोषणा हो ।”
၁၃ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
14 यसैले म त्यसलाई फकाउन जानेछु । म त्यसलाई उजाड-स्थानमा ल्याउनेछु र त्योसँग कोमल भएर बोल्नेछु ।
၁၄သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။
15 त्यसका दाखबारीहरू र आशाको ढोकाको रूपमा आकोरको बेसी, म त्यसलाई फिर्ता गरिदिनेछु । त्यसको जवानीका दिनहरूमा झैं, र मिश्रदेशबाट बाहिर आएको दिनहरूमा झैं, त्यसले मलाई त्यहाँ जवाफ दिनेछ ।
၁၅တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။
16 “यो परमप्रभुको घोषणा हो, त्यो दिन यस्तो हुनेछ, तैंले मलाई ‘मेरो पति’ भन्नेछस्, अनि फेरि मलाई ‘मेरो बाल’ भन्नेछैनस् ।
၁၆ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။
17 किनकि म त्यसको मुखबाट बालको नाउँ हटाइदिनेछु, र तिनका नाउँ फेरि कहिल्यै सम्झना हुनेछैन ।”
၁၇အခြားတပါးသော သခင်တို့၏ ဘွဲ့နာမများကို သူ၏ နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ။
18 “त्यस दिन मैदानका पशुहरूसँगै, आकाशका चराहरूसँगै, अनि जमिनमा घस्रने जीवजन्तुसँगै, म तिनीहरूसँग एउटा करार बाँध्नेछु । म देशबाट धनु, तरवार, र युद्धलाई हटाउनेछु, र म तँलाई सुरक्षासाथ पल्टिन दिनेछु ।
၁၈ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။
19 सदासर्वदाको निम्ति तेरो पति हुने प्रतिज्ञा म गर्नेछु । धार्मिकता, न्याय, करारको विश्वस्तता र कृपामा तेरो पति हुने प्रतिज्ञा म गर्नेछु ।
၁၉ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်။
20 विश्वस्ततामा प्रतिज्ञा गरेर म आफैंलाई तँकहाँ सुम्पनेछु, र तैंले परमप्रभुलाई चिन्नेछस् ।
၂၀သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။
21 त्यो दिनमा जवाफ दिनेछु, यो परमप्रभुको घोषणा हो, म आकाशमण्डललाई जवाफ दिनेछु, र तिनले पृथ्वीलाई जवाफ दिनेछन् ।
၂၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုဃ်းကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။
22 पृथ्वीले अन्न, नयाँ दाखमद्य र तेललाई जवाफ दिनेछ र तिनले यिजरेललाई जवाफ दिनेछन् ।
၂၂မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။
23 आफ्नो निम्ति म त्यसलाई जमिनमा रोप्नेछु, र मैले लो-रूहामामाथि कृपा गर्नेछु । लो-अम्मीलाई म भन्नेछु, ‘तिमीहरू मेरा मानिसहरू हौ’ र तिनीहरूले मलाई भन्नेछन्, ‘तपाईं मेरा परमेश्वर हुनुहुन्छ ।’”
၂၃ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။