< २ शमूएल 24 >
1 फेरि इस्राएलको विरुद्धमा परमप्रभुको क्रोध पर्यो र उहाँले दाऊदलाई यसो भनेर उत्तेजित गर्नुभयो, “जा, इस्राएल र यहूदाको गणना गर् ।”
၁နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။
2 राजाले आफूसँग भएका फौजका कमाण्डर योआबलाई भने, “दानदेखि बेर्शेबासम्मका इस्राएलका सबै कुलमा जाऊ र सबै मानिसको गणना गर ताकि युद्धको निम्ति योग्य मानिसहरूका जम्माजम्मी सङ्ख्या मलाई थाहा होस् ।”
၂ရှင်ဘုရင်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား၍၊ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ် မင်းယွာဘအားမိန့်တော်မူ၏။
3 योआबले राजालाई भने, “परमप्रभु तपाईंका परमेश्वरले मानिसहरूका सङ्ख्यामा सय गुणा वृद्धि गर्नुभएको होस् र मेरा मालिक महाराजाले यसो भएको आफ्नै आँखाले देखून् । तर मेरा मालिक महाराजालाई यो किन चाहियो?”
၃ယွာဘကလည်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတရာတိုးပွါး စေသဖြင့်၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည် အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော် သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ ၏။
4 तापनि, योआब र फौजका कमाण्डरहरूका विरुद्धमा राजाको बोली नै अन्तिम भयो । त्यसैले योआब र कमाण्डरहरू इस्राएलका मानिसहरूको सङ्ख्या गणना गर्न राजाको उपस्थितिबाट निस्केर गए ।
၄သို့သော်လည်း အမိန့်တော်သည် ယွာဘစကား နှင့် ဗိုလ်များ စကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များ တို့သည် လူတို့ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက် သွားကြ၏။
5 तिनीहरू यर्दन नदी तरे र बेसीमा सहरको दक्षिणतिर अरोएरनेर छाउनी हाले । अनि तिनीहरू गाददेख याजेरसम्म हिंडे ।
၅ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချ ကြ၏။
6 तिनीहरू गिलाद र तातीम-हदोशीमा आए अनि दान-यान र सीदोनको सेरोफेरोसम्म पुगे ।
၆ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ ဝိုင်းသွား၍၊
7 तिनीहरू टुरोस अनि हिव्वीहरू र कनानीहरूका सबै सहरका किल्लासम्म पुगे । अनि तिनीहरू यहूदाको बर्शेबामा भएको नेगेवतिर गए ।
၇တုရုရဲတိုက်သို့၎င်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့၎င်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရ ရှေဘမြို့၌ လက်စသတ်ကြ၏။
8 जब तिनीहरू देशमा सबैतिर गए, तब तिनीहरू नौ महिना बिस दिनको अन्तमा यरूशलेममा फर्केर आए ।
၈ထိုသို့တပြည်လုံး ရှောက်သွား၍ ကိုးလနှင့် အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ၏။
9 त्यसपछि योआबले लडाकु मानिसका जम्मा सङ्ख्या राजालाई बताइदिए । इस्राएलमा तरवार चलाउन सक्ने साहसी मानिसहरू ८,००,००० थिए र यहूदामा ५,००,००० मानिसहरू थिए ।
၉ယွာဘသည်လည်းလူပေါင်းစာရင်းကို ရှင်ဘုရင်အား ဆက်၍၊ ဣသရေလအမျိုး၌ ထားကိုင် သူရဲရှစ်သိန်း၊ ယုဒအမျိုး၌ ငါသိန်းရှိကြ၏။
10 दाऊदले गणना गरेपछि तिनको हृदय दुःखी भयो । त्यसैले तिनले परमप्रभुलाई भने, “मैले यसो गरेर ठुलो पाप गरेको छु । अब हे परमप्रभु, आफ्नो सेवकको दोष हटाइदिनुहोस्, किनकि मैले धेरै मूर्ख भएर काम गरेको छु ।”
၁၀ဒါဝိဒ်သည် လူတို့ကို ရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရ ဘုရား၊ ကိုယ်တော်ကျွန်၏အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ၏။
11 जब दाऊद बिहान उठे, दाऊदका दर्शी गाद अगमवक्ताकहाँ परमेश्वरको वचन यसो भनेर आयो,
၁၁ဒါဝိဒ်သည် နံနက်အချိန်၌ ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ်သို့ ရောက်လာ၍၊
12 “जा र दाऊदलाई भन्, 'परमप्रभु यसो भन्नुहुन्छ, “म तँलाई तीन वटा विकल्प रोज्न दिन्छु । तिमध्ये एउटा रोज ।”
၁၂ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကိုသင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
13 त्यसैले गाद दाऊदकहाँ गए र तिनलाई भने, “तपाईंको देशमा तीन वर्षको अनकाल आउने छ? वा तपाईंका शत्रुहरूले तपाईंलाई खेद्दा तीन महिनासम्म तपाईं भाग्नुहुने छ? वा तपाईंको देशमा तीन दिन रुढी हुने छ? मलाई पठाउनुहुनेलाई मैले के जवाफ दिऊँ अब निर्णय गर्नुहोस् ।”
၁၃ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍၊ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံးကာလနာ ရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
14 त्यसपछि दाऊदले गादलाई भने, “म ठुलो कष्टमा परेको छु । मानिसको हातमा पर्नुभन्दा परमप्रभुको हातमा नै हामी परौं, किनकि उहाँका दयापूर्ण कामहरू धेरै महान् छन् ।”
၁၄ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။
15 त्यसैले परमप्रभुले बिहानदेखि तोकिएको समयसम्म इस्राएलमा रुढी पठाउनुभयो र दानदेखि बेर्शेबासम्म सत्तरी हजार मानिसहरू मरे ।
၁၅ထိုနေ့နံနက်မှစ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ ကာလ နာကို လွှတ်လိုက်တော်မူ၍၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် လူခုနစ်သောင်းသေကြ၏။
16 जब स्वर्गदूतले यरूशलेमलाई नाश गर्न आफ्नो हात त्यता पसारे, तब त्यसले ल्याउने हानिको कारणले परमप्रभुले आफ्नो मन बदल्नुभयो र उहाँले मानिसहरूलाई नाश पारिरहेका स्वर्गदूतलाई भन्नुभयो, “पुग्यो! अब तिम्रो हात थाम ।” त्यस बेला स्वर्गदूत यबूसी अरौनाको खलामा खडा भएका थिए ।
၁၆ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရား သည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန်သည် ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားမှာ ရှိ၏။
17 अनि जब दाऊदले मानिसहरूलाई आक्रमण गर्ने स्वर्गदूत देखे तब तिनले भने, “मैले पाप गरेको छु, र मैले भ्रष्ट किसिमले काम गरेको छु । तर यी भेडाहरू, तिनीहरूले के गरेका छन् र? कृपया, तपाईंको हातले मलाई र मेरो बुबाको परिवारलाई दण्ड दिनुहोस् ।”
၁၇လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါ သနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ် အဆွေ အမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။
18 अनि त्यस दिन गाद दाऊदकहाँ आए र तिनलाई भने, “माथि जानुहोस् र यबूसी अरौनाको खलामा परमप्रभुको निम्ति एउटा वेदी बनाउनुहोस् ।”
၁၈ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ ကောက်နယ် တလင်း၌ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ရမည် ဟု၊
19 जसरी परमप्रभुले गादलाई गर्ने आज्ञा गर्नुभयो, त्यसरी नै दाऊद माथि गए ।
၁၉ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ၏။
20 अरौनाले बाहिर हेरे र राजा र तिनका सेवकहरू आइरहेको देखे । त्यसैले अरौना बाहिर गएर आफ्नो अनुहार भुईंमा घोप्टो पारेर राजालाई दण्डवत् गरे ।
၂၀ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့်၍မြင်လျှင်၊ ပြင်သို့ ထွက်၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပြပ်ဝပ်လျက်၊
21 तब अरौनाले भने, “मेरो मालिक महाराजा आफ्नो सेवककहाँ किन आउनुभएको छ?” दाऊदले जवाफ दिए, “तिम्रो खला किन्नलाई ताकि म परमप्रभुको निम्ति एउटा वेदी बनाउन सकौं, जसले गर्दा मानिसहरूबाट रुढी हटाइयोस् ।”
၂၁ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်း ဟု မေးလျှောက်လျှင်၊ ဒါဝိဒ်က၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှါ လာသည်ဟု အမိန့်ရှိသော်၊
22 अरौनाले दाऊदलाई भने, “ए मेरो मालिक महाराजा, त्यो आफ्नैझैं लिनुहोस् । तपाईंको दृष्टिमा जे असल छ सो त्यसमा गर्नुहोस् । हेर्नुहोस्, होमबलिको निम्ति गोरूहरू अनि दाउराको निम्ति दाइँ गर्ने काठहरू र जुवाहरू छन् ।
၂၂အရောနက၊ ကျွန်တော်သခင်အရှင်မင်းကြီး သည် စိတ်တော်ရှိသည်အတိုင်း ယူ၍ ပူဇော်တော်မူပါ။ မီးရှို့ရာယဇ်ဘို့ နွားများရှိပါ၏။ ထင်းဘို့ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ် အား လျှောက်လျက်၊
23 यी सबै म अरौनाले मेरो महाराजालाई दिने छु ।” तब तिनले राजालाई भने, “परमप्रभु तपाईंका परमेश्वरले तपाईंलाई स्वीकार गर्नुभएको होस् ।”
၂၃အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်၍၊ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ၏။
24 राजाले अरौनालाई भने, “होइन, मैले मूल्य दिएर किन्नमा नै जोड दिन्छु । मलाई कुनै मूल्य नपर्ने कुनै पनि कुरा म परमप्रभुलाई होमबलि चढाउँदिनँ ।” त्यसैले दाऊदले खला र गोरुहरूलाई चाँदीका पचास सिक्कामा किने ।
၂၄ရှင်ဘုရင်ကလည်း၊ ထိုသို့ငါမယူရ။ စင်စစ်အဘိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအား ဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကို ပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကို ဝယ်ပြီးမှ၊
25 दाऊदले त्यहाँ परमप्रभुको निम्ति एउटा वेदी बनाए र त्यसमा होमबलि र मेलबलि चढाए । त्यसैले परमप्रभुले देशको निम्ति गरिएको प्रार्थनाको जवाफ दिनुभयो र इस्राएलमाथिको रुढी थामियो ।
၂၅ထိုအရပ်၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော် လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဘို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာ ဘေးကို ငြိမ်းစေတော်မူ၏။