< UMathewu 21 >
1 Kwathi-ke sebesondele eJerusalema, sebefikile eBetfage entabeni yeMihlwathi, khona uJesu wathuma abafundi ababili,
၁ယေရုရှလင်မြို့အနီးသို့ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှု သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊
2 esithi kubo: Hambani liye emzaneni okhangelene lani, lizahle libone ubabhemi ekhulekiwe, lethole lilaye; libakhulule, libalethe kimi.
၂သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသောမြည်းမနှင့် မြည်းကလေးကို သင် တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။
3 Futhi uba umuntu ekhuluma ulutho kini, lizakuthi: INkosi iyabaswela; njalo uzahle abathumele.
၃သူကတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟုပြန်ပြောကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။
4 Njalo konke lokhu kwenzeka, ukuze kugcwaliseke okwakhulunywa ngumprofethi, ukuthi:
၄ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊
5 Tshelani indodakazi yeSiyoni ukuthi: Khangela, iNkosi yakho iyeza kuwe, imnene igade ubabhemi, lethole inkonyana yenyamazana yokuthwala.
၅နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
6 Abafundi bahamba-ke, benza njengalokhu uJesu wayebalayile,
၆တပည့်တော်တို့သည်သွား၍ အမိန့်တော်အတိုင်းပြုသဖြင့်၊
7 baletha ubabhemi lethole, babeka izembatho zabo phezu kwabo, bamhlalisa phezu kwazo.
၇မြည်းမနှင့် မြည်းကလေးကိုဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင် ကိုယ်တော် သည် စီးတော်မူ၏။
8 Lenengi lexuku lendlala ezalo izembatho endleleni; labanye bagamula ingatsha zezihlahla, bazendlala endleleni.
၈အတိုင်းမသိများစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကိုခုတ်၍ လမ်း၌ခင်းကြ၏။
9 Lamaxuku ayehamba phambili lababelandela bamemeza, besithi: Hosana kuyo iNdodana kaDavida! Ubusisiwe ozayo ebizweni leNkosi. Hosana kweliphezulu!
၉ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။
10 Esengenile eJerusalema umuzi wonke wanyakazela usithi: Ngubani lo?
၁၀ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင်၊
11 Amaxuku asesithi: Lo nguJesu umprofethi, oweNazaretha yeGalili.
၁၁လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ၏။
12 UJesu wasengena ethempelini likaNkulunkulu, wabaxotsha bonke ababethengisa lababethenga ethempelini, wasegenqula amatafula ababentshintshelana imali, lezihlalo zalabo ababethengisa amajuba.
၁၂ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊
13 Wasesithi kubo: Kulotshiwe ukuthi: Indlu yami izabizwa ngokuthi yindlu yomkhuleko; kodwa lina liyenze ubhalu lwabaphangi.
၁၃ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။
14 Kwasekufika kuye iziphofu leziqhuli ethempelini; wasezisilisa.
၁၄ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။
15 Kodwa abapristi abakhulu lababhali sebebonile izimangaliso azenzayo, labantwana bememeza ethempelini, besithi: Hosana eNdodaneni kaDavida! bathukuthela,
၁၅ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊
16 basebesithi kuye: Uyakuzwa lokhu yini abakutshoyo laba? UJesu wasesithi kubo: Yebo; alikaze lifunde yini ukuthi: Emlonyeni wezingane lowabamunyayo uphelelise indumiso?
၁၆ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလောဟု မိန့်တော်မူ၏။
17 Wasebatshiya waphuma phandle komuzi esiya eBethani, walala khona.
၁၇ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညဉ့်ကို လွန်စေတော်မူ၏။
18 Kwathi ebuyela emzini ekuseni, walamba;
၁၈နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။
19 kwathi ebona umkhiwa othile endleleni, wasondela kuwo, kodwa katholanga lutho kuwo ngaphandle kwamahlamvu wodwa; wathi kuwo: Kakungabe kusavela isithelo kuwe lanini. Njalo umkhiwa wahle wabuna. (aiōn )
၁၉လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ၏။ (aiōn )
20 Kwathi bebona lokhu abafundi bakhe bamangala, besithi: Umkhiwa uhle wabuna njani?
၂၀တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်းသွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။
21 UJesu wasephendula wathi kubo: Ngiqinisile ngithi kini: Uba lilokholo, lingathandabuzi, kaliyikwenza lokhu okomkhiwa kuphela, kodwa loba lisithi lakulintaba: Qutshunwa uphoselwe olwandle, kuzakwenzeka.
၂၁ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ ကျ လော့ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။
22 Njalo konke loba kuyini elikucelayo emkhulekweni, likholwa, lizakwemukela.
၂၂ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
23 Kwathi esengenile ethempelini, abapristi abakhulu labadala babantu basondela kuye esafundisa, bathi: Izinto lezi uzenza ngaliphi igunya? Njalo ngubani okunike leligunya?
၂၃ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊
24 UJesu wasephendula wathi kubo: Lami ngizalibuza umbuzo ube munye; uba lingitshela lokhu, lami ngizalitshela ukuthi ngenza lezizinto ngaliphi igunya:
၂၄ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည်။
25 Ubhabhathizo lukaJohane lwavela ngaphi? Ezulwini kumbe ebantwini? Basebekhulumisana, besithi: Uba sisithi: Ezulwini, uzakuthi kithi: Pho kalikholwanga kuye ngani?
၂၅ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။
26 Kodwa uba sisithi: Ebantwini, siyesaba ixuku; ngoba bonke bamphatha uJohane njengomprofethi.
၂၆လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
27 Basebemphendula uJesu bathi: Kasazi. Wasesithi kubo: Lami kangilitsheli ukuthi ngenza lezizinto ngaliphi igunya.
၂၇အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။
28 Kanti licabangani? Umuntu wayelamadodana amabili; waya kweyokuqala wathi: Mntanami, hamba, uyesebenza lamuhla esivinini sami.
၂၈သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟုဆိုလျှင်၊
29 Kodwa yaphendula yathi: Angifuni. Kodwa emva kwalokho yaphenduka, yahamba.
၂၉သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍သွားလေ၏။
30 Wasesiya kweyesibili watsho ngokunjalo. Yona-ke yaphendula yathi: Ngiyahamba, nkosi. Kodwa kayiyanga.
၃၀အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားကသွားပါမည်အဘသခင် ဟု ဆိုသော်လည်း မသွားဘဲနေ၏။
31 Yiyiphi kulawo amabili eyenza intando kayise? Bathi kuye: Eyokuqala. UJesu wathi kubo: Ngiqinisile ngithi kini: Abathelisi lezifebe bayangena embusweni kaNkulunkulu phambi kwenu.
၃၁ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကိုဆောင်သနည်းဟု မေးတော်မူလျှင်၊ သား အကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်တတ်ကြ၏။
32 Ngoba uJohane wafika kini ngendlela yokulunga, kalikholwanga kuye; kodwa abathelisi lezifebe bakholwa kuye; kodwa lina selikubonile kaliphendukanga emva kwalokho ukuthi likholwe kuye.
၃၂အကြောင်းမူကား၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကိုကျင့်၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင် သော်လည်း ယုံကြည်မည်အကြောင်း နောက်တဖန်နောင်တမရကြ။
33 Zwanini omunye umfanekiso. Kwakukhona umuntu othile ongumninimuzi, owahlanyela isivini, wasibiyela ngothango, wagebha isikhamelo kuso, wakha umphotshongo, wasiqhatshisa kubalimi, waya kwelinye ilizwe.
၃၃အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။
34 Kwathi sekusondele isikhathi sezithelo, wathuma inceku zakhe kubalimi, ukuze zemukele izithelo zakhe.
၃၄အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။
35 Abalimi basebezibamba inceku zakhe, enye bayitshaya, lenye bayibulala, lenye bayikhanda ngamatshe.
၃၅ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။
36 Wabuya wathuma ezinye inceku ezinengi kulezokuqala; basebesenza njalo kulezo.
၃၆နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။
37 Ekucineni wasethuma indodana yakhe kubo, esithi: Bazayihlonipha indodana yami.
၃၇နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။
38 Kodwa abalimi sebeyibonile indodana bakhulumisana besithi: Le yindlalifa; wozani, siyibulale, njalo sibambe ilifa layo.
၃၈ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊
39 Basebeyibamba bayiphosela ngaphandle kwesivini, bayibulala.
၃၉ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။
40 Ngakho mhla kufika umninisivini, uzabenzani abalimi labo?
၄၀သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။
41 Bathi kuye: Uzababhubhisa kakubi labo ababi, njalo uzaqhatshisa isivini kwabanye abalimi, abazamnika izithelo ngezikhathi zazo.
၄၁ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။
42 UJesu wathi kubo: Alikaze lifunde yini emibhalweni ukuthi: Ilitshe abakhi abalalayo, yilo eseliyinhloko yengonsi; lokhu yikwenza kweNkosi; njalo kuyamangalisa emehlweni ethu?
၄၂ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက်မှောက်၌ လည်း အံ့ဩဘွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။
43 Ngakho ngithi kini: Lizakwemukwa umbuso kaNkulunkulu, unikwe isizwe esithela izithelo zawo.
၄၃ထို့ကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနှုတ်၍ နိုင်ငံတော်၏အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့။
44 Lalowo owela phezu kwalelilitshe uzaphahlazwa; kodwa loba ngubani eliwela phezu kwakhe lizamchoboza.
၄၄အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
45 Kwathi abapristi abakhulu labaFarisi sebezwile imifanekiso yakhe bazi ukuthi ubekhuluma ngabo.
၄၅ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။
46 Kwathi sebedinga ukumbamba besaba amaxuku, ngoba ayemphatha njengomprofethi.
၄၆ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။