< Abahluleli 10 >
1 Emva kukaAbhimeleki kwasekuvela uThola indodana kaPhuwa indodana kaDodo, indoda yakoIsakari ukukhulula uIsrayeli; wayehlala eShamiri entabeni yakoEfrayimi.
၁အဘိမလက် လက်ထက်နောက် မှ၊ ဣသရေလ အမျိုးကို ကယ်တင် သောသူ ဣသခါ အမျိုး ၊ ဒေါဒေါ သား ဖုဝါ ၏သား တောလ သည် ပေါ်ထွန်း ၍ ၊ ဧဖရိမ် တောင် ပေါ်၊ ရှမိရ မြို့မှာ နေ လေ၏။
2 Wasesahlulela uIsrayeli iminyaka engamatshumi amabili lantathu. Wafa, wangcwatshelwa eShamiri.
၂ထိုသူသည် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် သုံး နှစ်ပတ်လုံးအုပ်စိုး ပြီးမှ သေ ၍ ၊ ရှမိရ မြို့မှာ သင်္ဂြိုဟ် လေ၏။
3 Lemva kwakhe kwavela uJayiri umGileyadi, wahlulela uIsrayeli iminyaka engamatshumi amabili lambili.
၃ထိုသူ လက်ထက်နောက် မှ၊ ဂိလဒ် ပြည်သားယာဣရ သည် ပေါ်ထွန်း ၍ ၊ ဣသရေလ အမျိုးကို အနှစ်နှစ်ဆယ် နှစ် နှစ် ပတ်လုံးအုပ်စိုး ၏။
4 Wayelamadodana angamatshumi amathathu agada amathole abobabhemi angamatshumi amathathu, elemizi engamatshumi amathathu, abayithi yiHavothi-Jayiri kuze kube lamuhla, eselizweni leGileyadi.
၄ထိုမင်း ၌ ကား သား သုံးဆယ် ရှိ ၍ ၊ သူ တို့သည် မြည်း သငယ်သုံးဆယ် တို့ကို စီး လျက် ဂိလဒ် ပြည် ၌ ယာဝုတ် ယာဣရ အမည်ဖြင့် ယနေ့ တိုင်အောင် ခေါ်ဝေါ် သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
5 UJayiri wasesifa, wangcwatshelwa eKamoni.
၅ယာဣရ သေ ၍ ကာမုန် မြို့မှာ သင်္ဂြိုဟ် လေ၏။
6 Abantwana bakoIsrayeli basebebuya besenza okubi emehlweni eNkosi, bakhonza oBhali laboAshitarothi, labonkulunkulu beSiriya labonkulunkulu beSidoni labonkulunkulu bakoMowabi labonkulunkulu babantwana bakoAmoni labonkulunkulu bamaFilisti; bayitshiya iNkosi, kabaze bayikhonza.
၆တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ ဗာလ ဘုရား၊ အာရှတရက် ဘုရား၊ ရှုရိ ဘုရား ၊ ဇိဒုန် ဘုရား ၊ မောဘ ဘုရား ၊ အမ္မုန် ဘုရား ၊ ဖိလိတ္တိ ဘုရား တို့ကို ဝတ်ပြု ၍ ထာဝရဘုရား ကို ဝတ် မ ပြုစွန့် ထားကြ၏။
7 Ulaka lweNkosi lwaselumvuthela uIsrayeli, yabathengisa ezandleni zamaFilisti lezandleni zabantwana bakoAmoni.
၇ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ဖိလိတ္တိ လူတို့၌ ၎င်း၊ အမ္မုန် အမျိုးသားတို့၌ ၎င်း၊ ရောင်း တော်မူသဖြင့်၊
8 Asebachitha abacindezela abantwana bakoIsrayeli ngalowomnyaka - iminyaka elitshumi leyisificaminwembili, bonke abantwana bakoIsrayeli ababengaphetsheya kweJordani elizweni lamaAmori eliseGileyadi.
၈ယော်ဒန် မြစ်တစ်ဘက် အာမောရိ လူနေရာ ဂိလဒ် ပြည်၌ နေသောဣသရေလ အမျိုးသားအပေါင်း တို့ကို ထို နှစ် မှစ၍တဆယ် ရှစ် နှစ် ပတ်လုံးညှဉ်းဆဲ ကြ၏။
9 Njalo abantwana bakoAmoni bachapha iJordani ukuze balwe ngitsho bemelene loJuda njalo bemelene loBhenjamini bemelene lendlu kaEfrayimi; ngalokho uIsrayeli wacindezeleka kakhulu.
၉အမ္မုန် အမျိုးသားတို့သည်လည်း ၊ ယော်ဒန် မြစ်ကို ကူး ၍ ယုဒ အမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ် အမျိုးသား တို့ကို တိုက် သဖြင့် ၊ ဣသရေလ အမျိုးသားတို့သည် ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်ကြ၏။
10 Abantwana bakoIsrayeli basebekhala eNkosini besithi: Sonile kuwe, njalo ngoba sitshiyile uNkulunkulu wethu, sasesikhonza oBhali.
၁၀ထိုအခါ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ပြစ်မှား ပါပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ကို စွန့် ၍ ၊ ဗာလ ဘုရားတို့ကို ဝတ်ပြု မိပါပြီဟု ထာဝရဘုရား အား ဟစ်ကြော် ကြ၏။
11 INkosi yasisithi ebantwaneni bakoIsrayeli: Kangilikhululanga yini kumaGibhithe lakumaAmori lakubantwana bakoAmoni lakumaFilisti?
၁၁ထာဝရဘုရား ကလည်း ၊ ငါသည် သင်တို့ကို အဲဂုတ္တု လူ၊ အာမောရိ လူ၊ အမ္မုန် လူ ၊ ဖိလိတ္တိ လူတို့လက်မှ ကယ်နှုတ်သည် မဟုတ် လော။
12 AmaSidoni lawo lamaAmaleki lamaMahoni alicindezela, laselikhala kimi, ngalikhulula esandleni sawo.
၁၂ဇိဒုန် လူ၊ အာမလက် လူ၊ မောနိ လူတို့ ညှဉ်းဆဲ သောအခါ၌လည်း ၊ သင်တို့သည် ငါ့ ကို ဟစ်ကြော် ၍ ၊ သူ တို့လက် မှ ငါကယ်နှုတ် ၏။
13 Kanti lina lingitshiyile lakhonza abanye onkulunkulu; ngakho kangisayikulikhulula.
၁၃သို့သော်လည်း သင် တို့သည် ငါ့ ကို စွန့် ၍ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု သောကြောင့် ၊ နောက်တဖန် ငါမ ကယ်နှုတ်။
14 Hambani liyekhala kubonkulunkulu elibakhethileyo; kabalikhulule bona ngesikhathi sokuhlupheka kwenu.
၁၄သင်တို့ ရွေးယူသော ဘုရား တို့ကို သွား ၍ ဟစ်ကြော် ကြလော့။ အမှု ရောက်သော ယခု ကာလ ၌ သူ တို့သည် ကယ်နှုတ် ကြစေဟု ဣသရေလ အမျိုးသားတို့အား မိန့် တော်မူ၏။
15 Abantwana bakoIsrayeli-ke bathi eNkosini: Sonile; yenza wena kithi njengakho konke okuhle emehlweni akho; kuphela sikhulule, siyakuncenga, lamuhla.
၁၅ဣသရေလ အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြု တော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ် တော်မူမည်အကြောင်းအကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရား အား တောင်း လျှောက်လျက်၊
16 Basebesusa onkulunkulu bezizweni phakathi kwabo, bakhonza iNkosi; umphefumulo wayo wasudabuka ngohlupho lukaIsrayeli.
၁၆တပါး အမျိုးသားကိုးကွယ်သော ဘုရား တို့ကို ပယ် ၍ ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလ အမျိုး ခံရသောဒုက္ခ ဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံး ရှိတော်မူ၏။
17 Kwasekubizelwa ndawonye abantwana bakoAmoni, bamisa inkamba eGileyadi, labantwana bakoIsrayeli babuthana bamisa inkamba eMizipa.
၁၇အမ္မုန် အမျိုးသားတို့သည် စည်းဝေး ၍ ဂိလဒ် ပြည်၌ တပ်ချ ကြ၏။ ဣသရေလ အမျိုးသားတို့သည် စည်းဝေး ၍ မိဇပါ မြို့မှာ တပ်ချ ကြ၏။
18 Labantu, iziphathamandla zeGileyadi, bathi omunye komunye: Ngubani umuntu ozaqala ukulwa emelene labantwana bakoAmoni? Uzakuba yinhloko phezu kwabo bonke abahlali beGileyadi.
၁၈ဂိလဒ် ပြည်သားမင်း များတို့က၊ အကြင်သူ သည် အမ္မုန် အမျိုးသားတို့ကို အဦး တိုက် ၏၊ ထိုသူသည် ဂိလဒ် ပြည်သား အပေါင်း တို့၏ အထွဋ် ဖြစ် စေဟု တိုင်ပင် စီရင်ကြ၏။