< UJona 4 >
1 Kodwa kwaba kubi kakhulukazi kuJona, wathukuthela yena.
၁ဤသို့ဖြစ်ရခြင်းကြောင့်ယောနသည်လွန်စွာ စိတ်မကျေမချမ်းဖြစ်၍စိတ်ဆိုးသဖြင့်၊-
2 Wasekhuleka eNkosini, wathi: Ngiyakuncenga, Nkosi, leli lalingesilo ilizwi lami ngiseselizweni lakithi yini? Ngenxa yalokhu ngandulela ngokubalekela eTarshishi; ngoba ngangisazi ukuthi wena unguNkulunkulu olomusa lolesihawu, ophuza ukuthukuthela, omkhulu ngothando, njalo ozisola ngokubi.
၂``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-
3 Ngakho-ke, Nkosi, susa, ngiyakuncenga, impilo yami kimi, ngoba kungcono kimi ukufa kulokuphila.
၃သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်လျှင် အကျွန်ုပ်အားသေရသောအခွင့်ကိုပေး တော်မူပါ။ အကျွန်ုပ်အတွက်အသက်ရှင် ရခြင်းထက်သေရခြင်းကသာ၍ကောင်း ပါ၏'' ဟုဆုတောင်းလေ၏။
4 INkosi yasisithi: Wenza kuhle yini ngokuthukuthela kwakho?
၄ထာဝရဘုရားက``သင်ဤသို့အမျက် ထွက်သင့်သလော'' ဟုမေးတော်မူ၏။
5 UJona wasephuma emzini, wahlala ngasempumalanga komuzi, wazenzela idumba khona, wahlala ngaphansi kwalo emthunzini, aze abone okuzakwenzakala kuwo umuzi.
၅ထိုနောက်ယောနသည်မြို့အရှေ့ဘက်သို့ ထွက်၍ မိမိအတွက်တဲထိုးပြီးလျှင်တဲ၏ အရိပ်အောက်တွင်ထိုင်လျက် နိနေဝေမြို့ မည်သို့ဖြစ်မည်ကိုစောင့်ကြည့်နေ၏။-
6 INkosi uNkulunkulu yasimisa umhlafutho, yawukhulisa ngaphezu kukaJona, ukuze ube ngumthunzi phezu kwekhanda lakhe, ukumkhulula kubuhlungu bakhe. UJona wasethokoza ngenxa yomhlafutho ngentokozo enkulu.
၆ထိုအခါယောနအားနေပူရှိန်မှသက်သာ စေရန် ထာဝရအရှင်ဘုရားသခင်သည် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေပြီးလျှင် ယောန၏အပေါ်သို့အရိပ်ကျစေတော် မူ၏။ ယောနသည်ထိုအပင်ပေါက်လာသည့် အတွက်အလွန်ဝမ်းသာလျက်ရှိ၏။-
7 Kodwa uNkulunkulu wamisa impehlane ekuveleni kokusa kusisa, yatshaya umhlafutho, waze wabuna.
၇သို့ရာတွင်နောက်တစ်နေ့မိုးသောက်ချိန်၌ ဘုရားသခင်သည်ယောနအရိပ်ခိုနေ သောအပင်ကို ပိုးကောင်တစ်ကောင်အား ကိုက်စေသဖြင့်ထိုအပင်သေလေ၏။-
8 Kwasekusithi ekuphumeni kwelanga, uNkulunkulu wamisa umoya wempumalanga otshisayo; njalo ilanga latshaya phezu kwekhanda likaJona, waze waphela amandla; wafisa emphefumulweni wakhe ukuthi afe, wathi: Kungcono kimi ukufa kulokuphila.
၈နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
9 UNkulunkulu wasesithi kuJona: Wenza kuhle yini ngokuthukuthela kwakho ngenxa yomhlafutho? Wasesithi: Ngenza kuhle ngokuthukuthela kwami kuze kube sekufeni.
၉သို့ရာတွင်ဘုရားသခင်ကယောနအား``ကြက် ဆူပင်တစ်ပင်အတွက်သင်အမျက်ထွက်သင့် သလော'' ဟုမေးတော်မူ၏။ ယောနက``သေချင်အောင်အမျက်ထွက် ပါ၏'' ဟုလျှောက်၏။
10 INkosi yasisithi: Wena ube lozwelo phezu komhlafutho ongawutshikatshikelanga, ongawukhulisanga; owaba khona ngobusuku bunye, wabhubha ngobusuku bunye.
၁၀ထာဝရဘုရားက``သင်သည်သင်ကိုယ်တိုင် မစိုက်မပြုစုရဘဲ တစ်ညချင်းတွင်ပင် ပေါက်ပြီးတစ်ညတွင်းပင်သေသွားသော ကြက်ဆူပင်ကိုနှမြောသည်မဟုတ်လော။-
11 Mina-ke ngabe kangihawukeli yini iNineve, umuzi omkhulu, okuthi kuwo kulabantu abedlula izinkulungwane ezilikhulu lamatshumi amabili abangaziyo ukwehlukanisa phakathi kwesandla sabo sokunene lesandla sabo sokhohlo, kanye lenkomo ezinengi?
၁၁ထိုနည်းတူပင်အမှားအမှန်ကိုမဝေခွဲ နိုင်သည့်ကလေးသူငယ်တစ်သိန်းနှစ်သောင်း ကျော်နှင့်တိရစ္ဆာန်အမြောက်အများရှိသော နိနေဝေမြို့ကိုငါပို၍နှမြောသင့်သည် မဟုတ်လော'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။