< UJeremiya 25 >
1 Ilizwi elafika kuJeremiya mayelana labantu bonke bakoJuda, ngomnyaka wesine kaJehoyakhimi indodana kaJosiya, inkosi yakoJuda (kwakungumnyaka wokuqala kaNebhukadirezari, inkosi yeBhabhiloni),
၁ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည် မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
2 alikhulumayo uJeremiya umprofethi kubo bonke abantu bakoJuda, lakubo bonke abahlali beJerusalema, esithi:
၂ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ အား၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား၊
3 Kusukela emnyakeni wetshumi lantathu kaJosiya, indodana kaAmoni, inkosi yakoJuda, kuze kube lamuhla, sekuyiminyaka engamatshumi amabili lantathu, ilizwi leNkosi lifikile kimi, njalo ngilikhulumile kini, ngivuka ngovivi ngikhuluma; kodwa kalilalelanga.
၃ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ် သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ် လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။
4 Futhi iNkosi ithumile kini zonke izinceku zayo, abaprofethi, ivuka ngovivi ibathuma; kodwa kalilalelanga, kalibekanga indlebe yenu ukuthi lizwe;
၄ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။
5 besithi: Phendukani khathesi ngulowo lalowo endleleni yakhe embi, lebubini bezenzo zenu, lihlale elizweni iNkosi elinike lina laboyihlo kusukela nininini kuze kube nininini;
၅ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည်၌ နေကြလော့။
6 njalo lingalandeli abanye onkulunkulu ukubasebenzela lokubakhonza, lingangithukuthelisi ngomsebenzi wezandla zenu; khona ngingayikulenzela okubi.
၆အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ၏။
7 Kodwa kalingilalelanga, itsho iNkosi, ukuze lingithukuthelise ngomsebenzi wezandla zenu, kuze kube kubi kini.
၇ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
8 Ngakho itsho njalo iNkosi yamabandla: Ngenxa yokuthi lingawalalelanga amazwi ami,
၈ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊
9 khangela, ngizathuma, ngilande zonke izinsapho zenyakatho, itsho iNkosi, lakuNebhukadirezari inkosi yeBhabhiloni inceku yami, ngibalethe bamelane lalelilizwe bamelane labakhileyo balo, bamelane lazo zonke lezizizwe inhlangothi zonke, ngibatshabalalise, ngibenze babe yisesabiso, babe ngokuncifelwayo, babe zincithakalo ezilaphakade.
၉ဤပြည်နှင့် ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသော လူအမျိုးမျိုးတို့ကို၎င်း စစ်တိုက်စေခြင်းငှါ၊ ငါ၏ ကျွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။
10 Futhi ngizaphelisa ngisuse kubo ilizwi lentokozo lelizwi lenjabulo, ilizwi lomyeni lelizwi likamakoti, umsindo wamatshe okuchola, lokukhanya kwesibane.
၁၀ဤသူတို့တွင် ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး ၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည်။
11 Lelizwe lonke leli lizakuba lunxiwa libe yisesabiso; lalezizizwe zizasebenzela inkosi yeBhabhiloni iminyaka engamatshumi ayisikhombisa.
၁၁ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည်။
12 Kuzakuthi-ke iminyaka engamatshumi ayisikhombisa isiphelele ngijezise inkosi yeBhabhiloni lalesosizwe, itsho iNkosi, ngobubi babo, lelizwe lamaKhaladiya, ngilenze libe ngamanxiwa laphakade.
၁၂ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
13 Ngehlisele phezu kwalelolizwe wonke amazwi ami engawakhuluma ngimelene lalo, konke okubhaliweyo kulolugwalo, uJeremiya akuprofethayo ngazo zonke izizwe.
၁၃ငါခြိမ်းသောစကားများတည်းဟူသော ယေရမိ သည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။
14 Ngoba izizwe ezinengi lamakhosi amakhulu zizabasebenzisa bona uqobo; njalo ngizabaphindisela njengokwenza kwabo lanjengokomsebenzi wezandla zabo.
၁၄များစွာသော လူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင် တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ ကျင့်သော အကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။
15 Ngoba itsho njalo iNkosi uNkulunkulu kaIsrayeli kimi: Thatha inkezo yewayini yalolulaka esandleni sami, wenze zonke izizwe engikuthuma kuzo ziyinathe.
၁၅ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။
16 Njalo zizanatha, zidiyazele, zihlanye, ngenxa yenkemba engizayithuma phakathi kwazo.
၁၆သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊
17 Ngasengithatha inkezo esandleni seNkosi, nganathisa zonke izizwe iNkosi eyayingithume kizo,
၁၇ငါသည် ထာဝရဘုရား၏ လက်တော်မှ ထို ဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ၏။
18 iJerusalema, lemizi yakoJuda, lamakhosi ayo, leziphathamandla zayo, ukubenza babe yincithakalo, babe yisesabiso, babe yinto yokuncifelwa, babe yisiqalekiso, njengalamuhla;
၁၈ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊
19 uFaro inkosi yeGibhithe, lezinceku zakhe, leziphathamandla zakhe, labantu bakhe bonke;
၁၉အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသော သူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ၊
20 labo bonke abaxubeneyo, lawo wonke amakhosi elizwe leUzi, lawo wonke amakhosi elizwe lamaFilisti, leAshikeloni, leGaza, leEkhironi, lensali yeAshidodi;
၂၀ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊
21 iEdoma, loMowabi, labantwana bakoAmoni;
၂၁ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန် ပြည်သား၊
22 lawo wonke amakhosi eTire, lawo wonke amakhosi eSidoni, lamakhosi ezihlenge ezingaphetsheya kolwandle;
၂၂တုရုမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ် တဘက်၌ အစိုးရသောမင်းများ၊
23 iDedani, leTema, leBuzi, labo bonke abaqunywe ezingonsini;
၂၃ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ၊
24 lamakhosi wonke eArabhiya, lamakhosi wonke abantu abaxubeneyo abahlala enkangala;
၂၄အာရပ်မင်းအပေါင်း၊ တော၌နေ၍ အမျိုးမစစ် သော လူများကို အစိုးရသော မင်းအပေါင်း၊
25 lamakhosi wonke eZimri, lamakhosi wonke eElamu, lamakhosi wonke eMede;
၂၅ဇိမရိမင်းအပေါင်း၊ ဧလံမင်းအပေါင်း၊ မေဒိမင်း အပေါင်း၊
26 lawo wonke amakhosi enyakatho, aseduze lakhatshana, omunye lomunye, layo yonke imibuso yomhlaba, esebusweni bomhlaba; lenkosi yeSheshaki izanatha emva kwabo.
၂၆တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့်၊ မြေကြီးတပြင်လုံး၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း။ နောက်ဆုံး ၌ ရှေရှက်ရှင်ဘုရင်သောက်ရမည်။
27 Ubususithi kibo: Itsho njalo INkosi yamabandla, uNkulunkulu kaIsrayeli: Nathani lidakwe, lihlanze, liwe, lingasukumi, ngenxa yenkemba engizayithuma phakathi kwenu.
၂၇သင်တို့အလယ်သို့ ငါစေလွှတ်သော ထား ကြောင့် သောက်၍ ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။
28 Kuzakuthi-ke lapho besala ukuthatha inkezo esandleni sakho ukuthi banathe, uthi kibo: Itsho njalo iNkosi yamabandla: Lizanatha isibili.
၂၈သူတို့သည် သောက်ခြင်းငှါ ထိုဖလားကို သင်၏ လက်မှမခံ၊ ငြင်းပယ်လျှင်လည်း၊ စင်စစ်သောက်ရကြ မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့။
29 Ngoba khangela, ngiyaqala ukwenza okubi emzini obizwa ngebizo lami, lina-ke belizakuba ngabangelacala isibili yini? Kaliyikuba ngabangelacala; ngoba ngizabizela inkemba phezu kwabo bonke abakhileyo bomhlaba, itsho iNkosi yamabandla.
၂၉အကြောင်းမူကား၊ ငါ၏နာမဖြင့် သမုတ်သော မြို့ကို ငါသည် အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲမနေရကြ။ ငါသည် မြေကြီးသားရှိသမျှတို့အဘို့ ထားကို မှာလိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
30 Wena-ke profetha wonke lamazwi umelene labo, uthi kubo: INkosi izabhonga iphezulu, iphumise ilizwi layo isendaweni yayo engcwele; izabhonga kakhulu phezu kwendawo yayo yokuhlala, imemeze iphendule njengabanyathela izithelo zevini, imelene labo bonke abakhileyo bomhlaba.
၃၀ထိုကြောင့်၊ သင်သည် ပရောဖက်ပြုလျက် သူတို့ အား ဟောပြောရသောစကားများဟူမူကား၊ ထာဝရ ဘုရားသည် မြင့်သော အရပ်က ကြွေးကြော်တော် မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့် တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ်ဌာန တဘက်၌ ပြင်းစွာ ကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ်သကဲ့သို့၊ မြေကြီးသားများ တဘက်၌ အော်ဟစ်တော်မူမည်။
31 Umsindo uzafika emkhawulweni womhlaba; ngoba iNkosi ilempikisano lezizwe, izakwehlulela yonke inyama; abakhohlakeleyo izabanikela enkembeni, itsho iNkosi.
၃၁မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှု လုပ်တော်မူမည်။ ဆိုးသောသူတို့ကို ထားနှင့်ကွပ်မျက် စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
32 Itsho njalo iNkosi yamabandla: Khangela, ububi buzaphuma esizweni busiya esizweni, lesivunguzane esikhulu sizavuswa sisuka ezinhlangothini zomhlaba.
၃၂ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တပြည်မှတပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့ မှ ပြင်းစွာသော လေဘွေသည် ထလိမ့်မည်။
33 Langalolosuku ababuleweyo beNkosi bazasukela komunye umkhawulo womhlaba baze bafike komunye umkhawulo; kabayikulilelwa, kabayikubuthwa, kabayikungcwatshwa; bazakuba ngumquba phezu kobuso bomhlaba.
၃၃ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသော သူတို့သည် မြေကြီးတဘက်မှတဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြ လိမ့်မည်။
34 Qhinqani isililo, belusi, likhale, lizibhuqe emlotheni, zikhulu zomhlambi; ngoba izinsuku zokuhlatshwa lezokuhlakazeka kwenu zigcwalisekile, njalo lizakuwa njengesitsha esiloyisekayo.
၃၄အို သိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကို သတ်ရသော အချိန်ရောက်လေပြီ။ အရပ်ရပ် သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။
35 Lokubaleka kuzaphela kubelusi, lokuphunyuka kuzikhulu zomhlambi.
၃၅သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီး သိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။
36 Kuzakuba lelizwi lokukhala kwabelusi lokuqhinqa isililo kwezikhulu zomhlambi; ngoba iNkosi izachitha idlelo labo.
၃၆သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီး သိုးမြတ်များ မြည်သံကိုကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရား သည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။
37 Lezibaya ezilokuthula zizachithwa ngenxa yokuvutha kolaka lweNkosi.
၃၇ထာဝရဘုရား သည်ပြင်းစွာအမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ၏။
38 Itshiyile ubhalu lwayo njengesilwane esitsha, ngoba ilizwe labo seliyincithakalo ngenxa yokuvutha komcindezeli, langenxa yokuvutha kolaka lwayo.
၃၈ခြင်္သေ့ဘာသာဓလေ့၊ နေတော်မူရာခြုံကို စွန့် ထွက်တော်မူပြီ။ ညှဉ်းဆဲသော သူ၏ပြင်းထန်ခြင်း၊ ပြင်း စွာ အမျက်ထွက်ခြင်းအားဖြင့်၊ သူတို့ ပြသည် လူဆိတ်ညံ ရာအရပ်ဖြစ်ရ၏။