< U-Isaya 40 >

1 Duduzani, liduduze abantu bami, utsho uNkulunkulu wenu.
သင်​တို့​ဘု​ရား​သ​ခင်​က``ငါ​၏​လူ​မျိုး​တော်​ကို နှစ်​သိမ့်​စေ​ကြ​လော့။ သူ​တို့​ကို​နှစ်​သိမ့်​စေ​ကြ​လော့။
2 Khulumani kunhliziyo yeJerusalema, limemeze kuyo ukuthi imfazo yayo iphelelisiwe, ukuthi ububi bayo buthethelelwe, ngoba yemukele esandleni seNkosi okuphindwe kabili ngazo zonke izono zayo.
ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ကို အား​ပေး​ကြ​လော့။ သူ​တို့​သည်​ကြာ​မြင့်​စွာ​ဆင်း​ရဲ​ဒုက္ခ ရောက်​ခဲ့​ကြ​သ​ဖြင့်၊ သူ​တို့​၏​အ​ပြစ်​များ​ကို​ယ​ခု ငါ​ဖြေ​လွှတ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း၊ သူ​တို့​အား​ကြား​ပြော​ကြ​လော့။ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​များ အ​တွက် အ​ပြစ်​ဒဏ်​အ​ပြည့်​အ​ဝ​ခတ်​ခဲ့​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။
3 Ilizwi lomemezayo ehlanelithi: Lungisani indlela yeNkosi, lenzele uNkulunkulu wethu umgwaqo omkhulu oqondileyo enkangala.
အ​သံ​တစ်​ခု​က``တော​ကန္တာ​ရ​၌​ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရန်​ခ​ရီး​လမ်း​ကို​အ​သင့်​ပြင်​ကြ​လော့၊ ငါ​တို့​ဘု​ရား​သ​ခင်​ကြွ​တော်​မူ​ရန် လမ်း​ကို​ရှင်း​လင်း​ကြ​လော့။
4 Sonke isigodi sizaphakanyiswa, layo yonke intaba loqaqa kuzakwehliswa; lokugobileyo kuzakwenziwa kuqonde, lendawo ezimaxhakaxhaka zibe ligceke.
ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို​ဖြို​ချ​ရ​ကြ​လိမ့်​မည်။ တောင်​ကုန်း​များ​သည် မြေ​ညီ​ဖြစ်​လျက် ကြမ်း​တမ်း​သည့်​နယ်​မြေ​သည် ချော​မော​၍​လာ​ရ​လိမ့်​မည်။
5 Inkazimulo yeNkosi izabonakaliswa, layo yonke inyama iyibone kanyekanye, ngoba umlomo weNkosi ukhulumile.
ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ တော်​သည် ပေါ်​လွင်​ထင်​ရှား​လာ​မည်​ဖြစ်​၍၊ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ထို​ဘုန်း အ​သ​ရေ​တော်​ကို​ဖူး​မြင်​ရကြ​လိမ့်​မည်။ ယင်း​သို့​ဖြစ်​ပျက်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​က​တိ​ပြု​တော်​မူ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​သည်။
6 Ilizwi lathi: Memeza! Wasesithi: Ngizamemeza ngithini? Yonke inyama ibutshani, labo bonke ubuhle bayo bunjengeluba leganga.
ထို​အ​သံ​က``ကြွေး​ကြော်​လော့'' ဟု​ဆို​သ​ဖြင့် ``အ​ဘယ်​အ​ရာ​ကို​ကြွေး​ကြော်​ရ​ပါ​မည်​နည်း'' ဟု​ငါ​မေး​လျှင် ``လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​တူ ကြောင်း​နှင့် တော​ပန်း​များ​ကဲ့​သို့​တာ​ရှည်​မ​ခံ​ကြောင်း​ကို ကြွေး​ကြော်​လော့။
7 Utshani buyabuna, iluba liyawohloka, ngoba uMoya weNkosi uphephetha kukho; isibili abantu babutshani.
ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သည့်​လေ​နှင့် ထိ​သော​အ​ခါ၊ မြက်​ပင်​သည်​သွေ့​ခြောက်​လျက်​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​၍​သွား​တတ်​၏။ လူ​တို့​သည်​မြက်​ပင်​တ​မျှ​သာ​လျှင် သန်​မာ​ကြ​ပါ​သည်​တ​ကား။
8 Utshani buyabuna, iluba liyawohloka; kodwa ilizwi likaNkulunkulu wethu limi kuze kube nini lanini.
မြက်​ပင်​သည်​အ​မှန်​ပင်​ခြောက်​သွေ့​လျက် ပန်း​များ​သည်​လည်း​အ​မှန်​ပင်​ညှိုး​နွမ်း​တတ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျောက်​မ​ပျက်​တတ်'' ဟု ဆို​၏။
9 Wena Ziyoni, oletha izindaba ezinhle, khwela entabeni ende; wena Jerusalema, oletha izindaba ezinhle, phakamisa ilizwi lakho ngamandla, liphakamise ungesabi; tshono emizini yakoJuda uthi: Khangelani, uNkulunkulu wenu.
အို ယေ​ရု​ရှ​လင်​မြို့၊ မြင့်​သော​တောင်​ပေါ်​သို့​တက်​၍၊ သ​တင်း​ကောင်း​ကို​ကြေ​ညာ​လော့။ အို ဇိ​အုန်​တောင်၊ အ​သံ​ကျယ်​စွာ​ဟစ်​၍​သ​တင်း​ကောင်း​ကို ကြေ​ညာ​လော့။ မ​ကြောက်​နှင့်၊ ပွင့်​လင်း​စွာ​ပြော​ကြား​လော့။ ယု​ဒ​မြို့​များ​အား​သူ​တို့​၏​ဘု​ရား​သ​ခင် ကြွ​လာ​စေ​တော်​မူ​မည့်​အ​ကြောင်း​ကို​ပြော​ကြား​လော့။
10 Khangela, iNkosi uJehova izakuza ngamandla, lengalo yayo izayibusela; khangela, umvuzo wayo ilawo, lenkokhelo yayo iphambi kwayo.
၁၀ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​ကယ်​တင်​ထား​တော်​မူ​သည့် လူ​တို့​ကို​ခေါ်​၍ တန်​ခိုး​တော်​နှင့်​အုပ်​စိုး​ရန်​ကြွ​လာ တော်​မူ​လိမ့်​မည်။
11 Izakwelusa umhlambi wayo njengomelusi, izabutha amawundlu ngengalo yayo, iwathwale esifubeni sayo, ikhokhele kuhle ezimunyisayo.
၁၁ကိုယ်​တော်​သည်​သိုး​ထိန်း​ကဲ့​သို့​မိ​မိ​၏​လူ​မျိုး တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ​လိမ့်​မည်။ သိုး​ထိန်း​သည်​သိုး​ငယ်​များ​ကို​စု​သိမ်း​၍ လက်​ဖြင့်​ချီ​ပွေ့​ကာ သူ​တို့​၏​မိ​ခင်​များ​ကို​ဖြည်း​ညှင်း​စွာ​လမ်း​ပြ ပို့​ဆောင်​တော်​မူ​လိမ့်​မည်။
12 Ngubani olinganise amanzi entendeni yesandla sakhe, walinganisa amazulu ngeminwe eyeluliweyo, wahlanganisa uthuli lomhlaba esilinganisweni, walinganisa izintaba ngesikali, lamaqaqa ngesilinganiso?
၁၂သ​မုဒ္ဒ​ရာ​ရေ​ကို​လက်​ခုပ်​ဖြင့်​ချင်​တွယ်​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်၊မိုး​ကောင်း​ကင်​ကို​လက်​နှင့်​ထွာ​၍ တိုင်း​တာ​နိုင်​သူ​ရှိ​ပါ​သ​လော။ မြေ​ဆီ​လွှာ​ရှိ​သ​မျှ​ကို​ခွက်​ဖ​လား​တွင်​ထည့် ထား​နိုင်​သူ၊ သို့​တည်း​မ​ဟုတ်​တောင်​ကြီး​တောင်​ငယ်​တို့​ကို ချိန်​ခွင်​နှင့်​ချိန်​စက်​နိုင်​သူ​ရှိ​ပါ​သ​လော။
13 Ngubani oqondise uMoya weNkosi, kumbe wamfundisa engumeluleki wakhe?
၁၃ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ်​သို့​ပြု​ရ​မည် ဟု ပြော​ဆို​နိုင်​သူ​ရှိ​ပါ​သ​လော။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​သွန်​သင် နိုင်​ပါ​သ​နည်း။ သို့​တည်း​မ​ဟုတ်​အ​ကြံ​ဉာဏ်​ပေး​နိုင် ပါ​သ​နည်း။
14 Yelulekane lobani, owayenza yaqedisisa, wayifundisa endleleni yesahlulelo, wayifundisa ulwazi, wayazisa indlela yokuqedisisa?
၁၄ဤ​မည်​သော​အ​မှု​တို့​ကို​အ​ဘယ်​သို့​ပြု​ရ မည်​ကို သိ​နိုင်​ရန် အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​များ​ကို​ရ​ရှိ နိုင်​ရန် ကိုယ်​တော်​သည် အ​ဘယ်​သူ​နှင့်​တိုင်​ပင်​တော်​မူ​ပါ​သ​နည်း။
15 Khangela, izizwe zinjengethonsi lenkonxa, zibalwa njengothuli lwesikali. Khangela, uphakamisa izihlenge njengento encinyane kakhulu.
၁၅ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​လူ​မျိုး​တ​ကာ တို့​သည် ဘာ​မျှ​မ​ဟုတ်​ပါ။ သူ​တို့​သည်​ရေ​စက်​တစ်​စက်​ကဲ့​သို့​သာ ဖြစ်​ပေ​သည်။ ရပ်​ဝေး​ရှိ​ကျွန်း​တို့​သည်​လည်း​မြူ​မှုန်​တ​မျှ သာ​လျှင် အ​လေး​ချိန်​စီး​ကြ​၏။
16 LeLebhanoni kayeneli ukutsha, lenyamazana zayo kazeneli umnikelo wokutshiswa.
၁၆လေ​ဗ​နုန်​တော​တွင်​ရှိ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့ သည် ငါ​တို့​ဘု​ရား​သ​ခင်​အား​ယဇ်​ပူ​ဇော်​ရန်​အ​တွက် မ​လုံ​လောက်။ ထို​တော​မှ​သစ်​ပင်​တို့​သည်​လည်း​မီး​မွှေး​ရန်​အ​တွက် မ​လုံ​လောက်။
17 Zonke izizwe zinjengezingasilutho phambi kwayo, zibalwa kuyo zincinyane kulokungelutho lokuyize.
၁၇လူ​မျိုး​တ​ကာ​တို့​သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌ အ​ချည်း​နှီး​သာ​ဖြစ်​ကြ​၏။
18 Pho, lizamfananisa lobani uNkulunkulu, loba mfanekiso bani elizamlinganisa lawo?
၁၈ဘု​ရား​သ​ခင်​အား​အ​ဘယ်​သူ​နှင့် နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ပုံ​သဏ္ဌာန်​တော်​ကို​သင်​တို့ အ​ဘယ်​သို့​ဖော်​ပြ​နိုင်​ပါ​မည်​နည်း။
19 Ingcitshi incibilikisa isithombe esibaziweyo, lomkhandi wegolide uyasinameka ngegolide, abumbe ngokuncibilikisa amaketane esiliva.
၁၉ကိုယ်​တော်​သည်​အ​တတ်​ပ​ညာ​သည်​များ​သွန်း လုပ်​၍၊ ပန်း​ထိမ်​ဆ​ရာ​တို့​ရွှေ​ဖြင့်​မွမ်း​မံ​ကာ၊ငွေ အ​ခြေ​ခံ​တွင် တပ်​ဆင်​ထား​သည့်​ရုပ်​တု​နှင့်​မ​တူ။
20 Lowo ongumyanga ongelamnikelo ukhetha isihlahla esingaboliyo, azidingele umbazi oyingcitshi ukuze alungise isithombe esingayikunyikinywa.
၂၀ငွေ၊ရွှေ၊မ​တတ်​နိုင်​သူ​သည်​မ​ဆွေး​မြေ့​နိုင်​သည့် သစ်​သား​ကို​ရွေး​ချယ်​တတ်​၏။ သူ​သည်​မြဲ​မြံ​စွာ​ရပ်​တည်​နိုင်​သည့် ရုပ်​တု​ကို​ပြု​လုပ်​ရန်​ကျွမ်း​ကျင်​သူ​ပန်း​ပု ဆ​ရာ​ကို ရှာ​တတ်​၏။
21 Kalazi yini? Kalizwanga yini? Kalitshelwanga yini kwasekuqaleni? Kaliqedisisanga yini kwasekusekelweni komhlaba?
၂၁ကမ္ဘာ​မြေ​ကြီး​အ​ဘယ်​သို့​ဖြစ်​ပေါ်​လာ​သည် အ​ကြောင်း​ကို​သင်​တို့​မ​ကြား​ဘူး​ကြ​ပါ​သ​လော။ ရှေး​မ​ဆွ​က​ပင်​လျှင်​သင်​တို့​အား​ဖော်​ပြ​ခဲ့​သူ မ​ရှိ​ပါ​သ​လော။ သင်​တို့​မ​ကြား​ဘူး​ကြ​မ​သိ​ကြ​ပါ​သ​လော။
22 Kunguye ohlala phezu kwesigombolozi somhlaba, labahlali bawo banjengentethe; owendlala amazulu njengekhetheni, awelule njengethente lokuhlala;
၂၂ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။ အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။
23 owenza iziphathamandla zingabi yilutho, enze abehluleli bomhlaba babe njengeze.
၂၃ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ဘု​ရင်​တို့​ကို ဖြုတ်​ချ​တော်​မူ​၍၊ ထို​သူ​တို့​ကို​မ​ရေ​ရာ​သော​သူ​များ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​၏။
24 Yebo, kabayikugxunyekwa; yebo, kabayikuhlanyelwa; yebo, isiqu sabo kasiyikugxila emhlabathini; laye uzaphephetha phezu kwabo, babune; lesivunguzane sibasuse njengamabibi.
၂၄သူ​တို့​သည်​စိုက်​ပျိုး​၍​အ​မြစ်​စွဲ​ကာ​စ အ​ပင်​ငယ်​များ​နှင့်​တူ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ကို​တိုက်​စေ​တော်​မူ သော​အ​ခါ၊ ထို​အ​ပင်​တို့​သည်​ခြောက်​သွေ့​၍​ဖွဲ​သ​ဖွယ် လွင့်​ပါ​သွား​ကုန်​၏။
25 Pho, lizangifananisa lobani, engizafanana laye? kutsho oNgcwele.
၂၅မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​နှင့်​နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​နှင့်​တူ​သော​သူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​သ​လော။
26 Phakamiselani amehlo enu phezulu, libone odale lezizinto; okhipha ibutho lazo ngenani; azibize zonke ngamabizo ngobukhulu bamandla akhe, ngoba eqinile emandleni; kayikho leyodwa esilelayo.
၂၆မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​ရ​သည့်​ကြယ်​များ​ကို​အ​ဘယ်​သူ ဖန်​ဆင်း​တော်​မူ​ပါ​သ​နည်း။ ယင်း​တို့​အား​စစ်​သည်​ဗိုလ်​ခြေ​သ​ဖွယ် ထုတ်​ဆောင်​လာ​တော်​မူ​သော​အ​ရှင်​ပင် ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကြယ်​များ​ကို​ရေ​တွက် ထား​တော်​မူ​ပြီး​လျှင်​နာ​မည်​တပ်​၍ ခေါ်​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​လွန်​စွာ​တန်​ခိုး​ကြီး​တော်​မူ​သ​ဖြင့် ထို​ကြယ်​တို့​သည်​တစ်​လုံး​တစ်​လေ​မျှ ပျောက်​ပျက်​သည့်​အ​ခါ​ဟူ​၍​မ​ရှိ။
27 Utsholoni, wena Jakobe, ukhulume, wena Israyeli ukuthi: Indlela yami isithekile eNkosini lesahlulelo sami sedlulisiwe nguNkulunkulu wami?
၂၇အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဆင်း​ရဲ​ဒုက္ခ များ​ကို သိ​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း သင်​တို့​၏​အ​မှု​ကိစ္စ​များ​အ​ဆင်​ပြေ​ရေး​အ​တွက် စိတ်​ဝင်​စား​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ်​ကြောင့်​သင်​တို့​သည် ညည်း​ညူ​ကြ​ပါ​သ​နည်း။
28 Kawazi yini, kawukezwa yini? UNkulunkulu olaphakade, iNkosi, uMdali wemikhawulo yomhlaba kapheli amandla njalo kadinwa? Kakuphenyeki ukuqedisisa kwakhe.
၂၈ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် တည်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ မ​ကြား​ဘူး​ကြ​ပါ​သ​လော။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မော​ပန်း နွမ်း​လျ​တော်​မ​မူ​ပါ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော် တို့​ကို နား​မ​လည်​နိုင်​ပါ။
29 Inika abadangeleyo amandla, lakwabangaqinanga yandisa amandla.
၂၉ကိုယ်​တော်​သည်​နွမ်း​လျ​မော​ပန်း​သူ​တို့​ကို အား​ပေး​တော်​မူ​ပါ​၏။
30 Labatsha bazaphelelwa ngamandla, badinwe, lamajaha azakuwa lokuwa;
၃၀အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။ လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။
31 kodwa abalindela iNkosi bazavuselela amandla; bazaqonga ngempiko njengenkozi, bagijime bangadinwa, bahambe bangapheli amandla.
၃၁သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။

< U-Isaya 40 >