< U-Isaya 13 >
1 Umthwalo weBhabhiloni awubonayo uIsaya indodana kaAmozi.
၁ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
2 Phakamisani uphawu entabeni eligceke, libaphakamisele ilizwi, liqhwebe ngesandla, ukuze bangene eminyango yeziphathamandla.
၂ရှင်းလင်းသော တောင်ပေါ်မှာအလံကို ထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။သူတို့သည် မင်းတို့နေရာတံခါးများကို ဝင်ကြစေ။
3 Mina ngibalayile abangcwelisiweyo bami, ngibizile lamaqhawe ami kuntukuthelo yami, abathokozayo ngobukhosi bami.
၃ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ။
4 Ukuxokozela kwexuku ezintabeni, kungathi ngokwabantu abanengi, umsindo wokuxokozela kwemibuso, kwezizwe ezibutheneyo; iNkosi yamabandla ibutha ibutho lempi.
၄ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
5 Bavela elizweni elikhatshana, emkhawulweni wamazulu, iNkosi kanye lezikhali zentukuthelo yayo, ukuchitha ilizwe lonke.
၅ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ၊ ဝေး သောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။
6 Qhinqani isililo, ngoba usuku lweNkosi lusondele; njengokuchitheka okuvela kuSomandla luzafika.
၆ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်။
7 Ngenxa yalokhu izandla zonke zizaxega, lenhliziyo yonke yomuntu incibilike;
၇ထိုကြောင့်၊ရှိသမျှသော လက်တို့သည် ကျကြ လိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
8 babesebetshaywa luvalo; imihelo lobuhlungu kubabambe; bafuthelwe njengowesifazana obelethayo; bamangale ngulowo ngomakhelwane wakhe; ubuso babo buyibuso bamalangabi.
၈နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက်၊ တ ယောက်ကိုတယောက် ကြည့်ရှု၍မှိုင်တွေသဖြင့်၊သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။
9 Khangelani, usuku lweNkosi luyeza, lulesihluku lokufutheka lolaka oluvuthayo, ukubeka umhlaba ube yincithakalo; ibhubhise izoni zawo zisuke kuwo.
၉ထိုပြည်ကိုဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။
10 Ngoba inkanyezi zamazulu lemithala yazo kaziyikukhanyisa ukukhanya kwazo; ilanga lizakuba mnyama ekuphumeni kwalo, lenyanga kayiyikukhanyisa ukukhanya kwayo.
၁၀မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်း ကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက် လျက်၊ လ သည်လည်း မထွန်းမလင်းဘဲလျက်ရှိလိမ့်မည်။
11 Ngoba ngizaphindisela ububi phezu komhlaba, laphezu kwabakhohlakeleyo izono zabo; ngiqede ukuzigqaja kwabazikhukhumezayo; ngithobise ukuzikhukhumeza kwabalesihluku.
၁၁ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသော သူတို့၏ ဒုစရိုက်များကို၎င်းငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ကြမ်း ကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။
12 Ngizakwenza ukuthi indoda ibe ligugu elikhulu kulegolide elicwengekileyo, lomuntu kulegolide leOfiri.
၁၂လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။
13 Ngenxa yalokhu ngizazamazamisa amazulu, lomhlaba uzanyikinyeka usuke endaweni yawo, entukuthelweni yeNkosi yamabandla, losukwini lokuvutha kolaka lwayo.
၁၃သို့ဖြစ်၍၊ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ ရက်၌၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီး လည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။
14 Njalo kuzakuba njengomziki oxotshwayo, lanjengezimvu okungelamuntu oziqoqayo; bazaphenduka ngulowo lalowo ebantwini bakibo, babalekele ngulowo lalowo elizweni lakhe.
၁၄ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။
15 Wonke ozatholakala uzagwazwa, laye wonke ozabanjwa uzakuwa ngenkemba.
၁၅တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေး လျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့် မည်။
16 Labantwana babo bazachotshozwa phambi kwamehlo abo, izindlu zabo ziphangwe, labomkabo badlwengulwe.
၁၆သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့ အိမ်များကို လုယက် ၍၊သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်။
17 Khangela, ngizabavusela amaMede, angakhathaleli isiliva, legolide, angathokozi ngalo.
၁၇ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော် မည်။
18 Lamadandili awo azachoboza amajaha; njalo kawayikuba lesihawu ngesithelo sesizalo; ilihlo lawo kaliyikuhawukela abantwana.
၁၈သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့် မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။
19 LeBhabhiloni, udumo lwemibuso, ubuhle bokuziqhenya kwamaKhaladiya, izakuba njengokugenqulwa nguNkulunkulu kweSodoma leGomora.
၁၉တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။
20 Kakuyikuba lendawo yokuhlala kuze kube nininini, njalo kayiyikuhlalwa kusizukulwana lesizukulwana; lomArabhiya kayikumisa ithente khona, labelusi kabayikulalisa umhlambi khona.
၂၀ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။
21 Kodwa izilo zeganga zizalala khona, lezindlu zayo zizagcwala izilo ezikhonyayo; lamadodakazi ezintshe azahlala khona, lamagogo aqolotshe khona.
၂၁တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။
22 Lezimpisi zizaphendulana emanxiweni ayo, lemigobho ezigodlweni ezilentokozo. Lesikhathi sayo siseduze ukufika, lezinsuku zayo kaziyikuphuziswa.
၂၂တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌၎င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌၎င်း၊အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလနီးလှပြီ။ ထိုမြို့၏ အသက် တာမရှည်ရ။