< UGenesisi 12 >
1 INkosi yasisithi kuAbrama: Suka wena elizweni lakini lezihlotsheni zakho lemzini kayihlo, uye elizweni engizakutshengisa lona.
၁ထာဝရဘုရားကအာဗြံအား``သင်၏တိုင်း ပြည်၊ သင်၏ဆွေမျိုးသားချင်းနှင့်သင်၏ဖခင် အိမ်ကိုစွန့်ခွာ၍ ငါညွှန်ပြမည့်ပြည်သို့သွား လော့။-
2 Ngizakwenza-ke ube yisizwe esikhulu, ngikubusise, ngenze ibizo lakho libe likhulu, njalo ube yisibusiso.
၂ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
3 Njalo ngizababusisa abakubusisayo, lokuqalekisayo ngimqalekise; lakuwe kuzabusiswa zonke insapho zomhlaba.
၃သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
4 UAbrama wasehamba njengoba iNkosi ikhulumile kuye, loLothi wahamba laye. Njalo uAbrama wayeleminyaka engamatshumi ayisikhombisa lanhlanu ekusukeni kwakhe eHarani.
၄အာဗြံသည်ထာဝရဘုရားမိန့်မှာသည့်အတိုင်း ခါရန်မြို့မှထွက်ခွာသောအခါ အသက်ခုနစ် ဆယ့်ငါးနှစ်ရှိ၏။ လောတသည်သူနှင့်အတူ လိုက်ပါခဲ့၏။-
5 UAbrama wasethatha uSarayi umkakhe, loLothi indodana yomfowabo, lempahla yabo yonke ababeyiqoqile, lemiphefumulo ababeyizuzile eHarani; basebesuka ukuya elizweni leKhanani; bafika elizweni leKhanani.
၅အာဗြံသည်မယားစာရဲ၊ တူလောတ၊ ရှိသမျှ သောဥစ္စာပစ္စည်းနှင့်တကွ ခါရန်မြို့၌ရရှိသော ကျေးကျွန်အားလုံးတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့ခရီးထွက်ခဲ့လေသည်။ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊-
6 UAbrama wasedabula ilizwe waze wafika endaweni yeShekema, esihlahleni se-okhi seMore. LamaKhanani ayekhona elizweni ngalesosikhathi.
၆အာဗြံသည်ထိုပြည်ကိုဖြတ်သွားပြီးလျှင် ရှိခင် အရပ်၌ရှိသောမောရေသပိတ်ပင်သို့ရောက်ရှိ လာလေ၏။ (ထိုအချိန်ကခါနာန်အမျိုးသား တို့သည် ထိုပြည်တွင်နေထိုင်လျက်ရှိကြ၏။-)
7 INkosi yasibonakala kuAbrama, yathi: Kunzalo yakho ngizanika lelilizwe. Waseyakhela lapho iNkosi ilathi eyayibonakale kuye.
၇ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
8 Waseqhubeka esuka lapho waya entabeni empumalanga yeBhetheli, wamisa ithente lakhe, iBhetheli isentshonalanga leAyi empumalanga. Waseyakhela lapho iNkosi ilathi, wabiza ibizo leNkosi.
၈ထိုအရပ်မှသူသည်ဗေသလမြို့အရှေ့ဘက် တောင်ထူထပ်သောအရပ်သို့ပြောင်းရွှေ့၍ စခန်း ချလေသည်။ ထိုစခန်း၏အနောက်ဘက်တွင် ဗေသလမြို့၊ အရှေ့ဘက်တွင်အာဣမြို့တည်ရှိ လေသည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင် ကိုတည်၍ထာဝရဘုရားကိုကိုးကွယ်လေ သည်။-
9 UAbrama wasesuka wahamba eqhubeka esiya eningizimu.
၉ထိုမှတစ်ဖန်သူသည်အဆင့်ဆင့်ပြောင်းရွှေ့ လာခဲ့ရာ ခါနာန်ပြည်၏တောင်ပိုင်းသို့ရောက် ရှိလေသည်။
10 Kwasekusiba khona indlala elizweni. UAbrama wasesehlela ngaseGibhithe ukuthi ahlale khona njengowezizwe, ngoba indlala yayinzima elizweni.
၁၀ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်၍ အခြေအနေဆိုးရွားလာသ ဖြင့်အာဗြံသည် အီဂျစ်ပြည်၌ခေတ္တနေထိုင် ရန်တောင်ဘက်သို့ခရီးထွက်ခဲ့လေသည်။-
11 Kwasekusithi esesondela ukungena eGibhithe wathi kuSarayi umkakhe: Khangela-ke, ngiyazi ukuthi ungowesifazana omuhle obukekayo.
၁၁သူသည်အီဂျစ်ပြည်ထဲသို့ဝင်ရန်နယ်စပ် ကိုဖြတ်ကျော်ခါနီးတွင် သူ၏မယားစာရဲ အား``သင်သည်ရုပ်ရည်လှသောအမျိုးသမီး ဖြစ်၏။-
12 Njalo kuzakuthi lapho amaGibhithe ekubona, azakuthi: Lo ngumkakhe; abesengibulala, kodwa wena akugcine uphila.
၁၂အီဂျစ်ပြည်သားတို့မြင်လျှင်`သူသည်အာဗြံ ၏မယားဖြစ်၏' ဟုဆို၍ငါ့ကိုသတ်ပြီး နောက် သင့်ကိုအသက်ချမ်းသာပေးကြလိမ့်မည်။-
13 Ake uthi ungudadewethu, ukuze kube kuhle kimi ngenxa yakho, lomphefumulo wami uphile ngenxa yakho.
၁၃ထို့ကြောင့်သူတို့ကမေးလျှင်သင်သည်ငါ၏ နှမဖြစ်သည်ဟုပြောပါ။ ထိုအခါသင့်အတွက် ကြောင့် ငါ့ကိုအသက်ချမ်းသာပေး၍ကောင်းစွာ ပြုစုဆက်ဆံကြလိမ့်မည်'' ဟူ၍မှာကြားထား လေ၏။-
14 Kwasekusithi lapho uAbrama esefikile eGibhithe, amaGibhithe ambona owesifazana, ukuthi muhle kakhulu.
၁၄သူသည်နယ်စပ်ကိုဖြတ်၍ အီဂျစ်ပြည်ထဲ သို့ဝင်လာသောအခါ ထိုပြည်သားတို့က သူ၏မယားသည် ရုပ်ရည်လှသောအမျိုး သမီးဖြစ်ကြောင်းတွေ့မြင်ကြ၏။-
15 Iziphathamandla zikaFaro lazo zambona, zambabaza phambi kukaFaro. Owesifazana waselethwa endlini kaFaro.
၁၅နန်းတော်မှမှူးမတ်အချို့တို့ကလည်းစာရဲ ၏ရုပ်ရည်အလှကိုမြင်ရ၍ ဖာရောဘုရင် ထံသို့သံတော်ဦးတင်ကြသဖြင့် သူမသည် နန်းတော်သို့ခေါ်ဆောင်ခြင်းကိုခံရလေ၏။-
16 Wasemphatha kuhle uAbrama ngenxa yakhe; njalo waba lezimvu lezinkabi labobabhemi lezinceku lezincekukazi labobabhemikazi lamakamela.
၁၆သူ့အတွက်ကြောင့်ဘုရင်သည်အာဗြံအား ကောင်းစွာပြုစု၍သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကျေး ကျွန်နှင့်ကုလားအုတ်များကိုဆုချပေး သနားတော်မူ၏။
17 Kodwa iNkosi yamhlupha uFaro ngezinhlupheko ezinkulu, lendlu yakhe, ngendaba kaSarayi umkaAbrama.
၁၇သို့သော်လည်းဘုရင်က စာရဲကိုသိမ်းပိုက် မိခြင်းကြောင့်ထာဝရဘုရားသည်ဘုရင်နှင့် တကွ နန်းတွင်းသားတို့အားကြောက်မက်ဖွယ် သောရောဂါဆိုးဒဏ်ကိုခံစေတော်မူ၏။-
18 UFaro wasembiza uAbrama, wathi: Kuyini lokhu okwenze kimi? Kungani ungangitshelanga ukuthi ungumkakho?
၁၈ထိုအခါ၌ဘုရင်သည်အာဗြံကိုဆင့်ခေါ် ၍``သင်သည်ငါ့အားအဘယ်သို့ပြုသနည်း။ စာရဲသည်သင်၏မယားဖြစ်ကြောင်းကို ငါ့ အားအဘယ်ကြောင့်မပြောပြသနည်း။-
19 Utsholoni ukuthi ungudadewenu, ngize ngimthathe ukuba ngumkami? Ngakho khangela-ke umkakho; mthathe uhambe.
၁၉သူ့ကိုငါ၏မယားအဖြစ်သိမ်းပိုက်စေရန် သူ သည်သင်၏နှမဖြစ်သည်ဟုအဘယ်ကြောင့် သင်ဆိုသနည်း။ ယခုပင်သင်၏မယားကို ခေါ်၍ထွက်သွားလော့'' ဟုအမိန့်ပေး၏။-
20 UFaro waselaya amadoda ngaye; asemmukisa lomkakhe lakho konke ayelakho.
၂၀ထိုသို့အမိန့်ချမှတ်သည့်အတိုင်းမင်း၏အမှု ထမ်းတို့သည် အာဗြံအားသူ၏မယားနှင့် တကွပိုင်ဆိုင်သမျှတို့ကိုယူဆောင်စေပြီး တိုင်းပြည်မှထွက်ခွာသွားစေကြ၏။