< UHezekheli 24 >

1 Ilizwi leNkosi laselifika kimi, ngomnyaka wesificamunwemunye, ngenyanga yetshumi, ngolwetshumi lwenyanga, lisithi:
သက္ကရာဇ်ကိုးခု၊ ဒသမလဆယ်ရက်နေ့တွင်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 Ndodana yomuntu, zibhalele ibizo losuku, lwalona lolusuku; inkosi yeBhabhiloni yazimisa ukumelana leJerusalema ngalona lolusuku.
အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက် ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု၏။
3 Njalo tshono umfanekiso kuyo indlu evukelayo uthi kubo: Itsho njalo iNkosi uJehova: Beka imbiza, ibeke, futhi uthele amanzi kuyo,
ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌ တင်ထား၍ ရေကိုလောင်းလော့။
4 ubuthele iziqa zayo kiyo, zonke iziqa ezinhle, umlenze lomkhono, uyigcwalise ngekhethelo lamathambo.
အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း၌အပြည့်ထည့်လော့။
5 Thatha ikhethelo lomhlambi, ubuthelele lamathambo ngaphansi kwayo, kwenze kubile kuhle, kuphekwe lamathambo awo phakathi kwayo.
သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့ တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ၊ ကျပ်ကျပ်ဆူစေလော့။
6 Ngakho itsho njalo iNkosi uJehova: Maye kuwo umuzi wegazi, imbiza omengulo wayo uphakathi kwayo, lomengulo wayo kawuphumanga kuyo! Khupha isiqa ngesiqa, inkatho kayingaweli kuyo.
ဤအမှု၌ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ လူအသက်ကိုသတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေး သောအိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တခုနောက်တခုထုတ်လော့။ စာရေးတံမပြုနှင့်။
7 Ngoba igazi lawo liphakathi kwawo, ulibeke edwaleni elize, kawulithululelanga phezu komhlabathi ukuligqibela ngenhlabathi.
အကြောင်းမူကား၊ ထိုမြို့သတ်သော သူ၏ အသွေးသည် မြို့အလယ်၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာသွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ။
8 Ukuze ngivuse intukuthelo, ukuze ngiphindisele impindiselo, ngibekile igazi lawo edwaleni elize, ukuze lingagqitshelwa.
ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမြတ်ထွက်စေခြင်းငှါ၊ ထိုအသွေကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။
9 Ngakho itsho njalo iNkosi uJehova: Maye kuwo umuzi wegazi! Lami ngizakwenza ibonda libe likhulu.
ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့သည် အမင်္ဂလာရှိ၏။ ကြီးစွာသော မီးပုံကို ငါစီရင်မည်။
10 Yandisa izinkuni, uphembe umlilo, uqede inyama, uxubanise izinongo, lamathambo atshiswe.
၁၀ထင်းများကို ပုံထား၍မီးရှို့လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ်စေလော့။ အရိုးတို့ကို လည်း ကျွမ်းစေ။
11 Ubusuyibeka phezu kwamalahle ayo ingelalutho, ukuze kutshise kuvuthe ithusi layo, lokungcola kwayo kuncibilike phakathi kwayo, kuqedwe umengulo wayo.
၁၁ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသော အညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။
12 Izidinisile ngomtshikatshika, lomengulo wayo omnengi kawuphumanga kuyo. Umengulo wayo usemlilweni.
၁၂ကြိုးစား၍ ပင်ပန်းသော်လည်း၊ များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။
13 Kulamanyala ekungcoleni kwakho; ngoba ngikuhlambulule, kodwa kawuhlambulukanga, kawuyikuhlambuluka ekungcoleni kwakho futhi, ngize ngihlalise ukuthukuthela kwami phezu kwakho.
၁၃သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေး ကြောရ။
14 Mina Nkosi ngikhulumile; kuzafika, ngikwenze; kangiyikuyekela, kangiyikuba lesihawu, kangiyikuzisola; njengokwendlela zakho lanjengokwezenzo zakho bazakugweba, itsho iNkosi uJehova.
၁၄ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
15 Ilizwi leNkosi lafika kimi futhi, lisithi:
၁၅တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
16 Ndodana yomuntu, khangela, ngizasusa kuwe isiloyiso samehlo akho ngokutshaya; kodwa ungalili, ungakhali inyembezi, futhi inyembezi zakho zingaveli.
၁၆အချင်းလူသား၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည် မကျရ။
17 Bubula, uthule, ungenzi isililo ngabafileyo, ubophe iqhiye yakho phezu kwakho, ufake amanyathela akho enyaweni zakho, ungambombozi indevu zendebe yakho yangaphezulu, ungadli isinkwa sabantu.
၁၇တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်။ ခေါင်းပေါင်းပေါင်း၍ ခြေနင်း ကိုစီးလော့။ နှုတ်ကိုမဖုံးနှင့်။ ဆင်းရဲသောသူ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ၏။
18 Ngasengikhuluma labantu ekuseni, lakusihlwa umkami wafa. Ngasengisenza ekuseni njengokulaywa kwami.
၁၈ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အား ကြားပြော၏။ ညဦးအချိန်၌ ငါ့ခင်ပွန်းသည် သေ၏။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု၏။
19 Abantu basebesithi kimi: Kawuyikusitshela yini ukuthi lezizinto ziyini kithi, ukuthi wenze nje?
၁၉လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါတို့အားမပြော သလောဟု ငါ့အားမေးကြသော်၊
20 Ngasengisithi kubo: Ilizwi leNkosi lafika kimi lisithi:
၂၀ငါက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
21 Tshono kuyo indlu kaIsrayeli: Itsho njalo iNkosi uJehova: Khangela, ngizangcolisa indawo yami engcwele, udumo lwamandla enu, isiloyiso samehlo enu, lokuzwelwa ngumphefumulo wenu; njalo amadodana enu lamadodakazi enu eliwatshiyileyo azakuwa ngenkemba.
၂၁အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသား ဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာ ဌာန၊ သင်တို့အစွမ်းသတ္တိအထွဋ်အမြတ်၊ သင်တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြောသော အရာကို ငါရှုတ်ချမည်။ သင်တို့ဘွားမြင်သောသားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။
22 Khona lizakwenza njengoba ngenzile; kaliyikumbomboza indevu zendebe yangaphezulu, kaliyikudla isinkwa sabantu.
၂၂ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုကြ ရလိမ့်မည်။ နှုတ်ကိုမဖုံး၊ ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။
23 Lamaqhiye enu azakuba phezu kwamakhanda enu, lamanyathela enu ezinyaweni zenu; kaliyikulila kaliyikukhala inyembezi; kodwa lizacikizeka ngenxa yeziphambeko zenu, libubule, omunye komunye.
၂၃ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးရကြလိမ့် မည်။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည်။
24 Ngokunjalo uHezekeli uzakuba yisibonakaliso kini; lizakwenza njengakho konke akwenzileyo; lapho sekufika lokhu, lizakwazi ukuthi ngiyiNkosi uJehova.
၂၄ထိုသို့ဇေကျေလသည် သင်တို့အား ပုပ္ပနိမိတ် ဖြစ်ရ၏။ သူပြုသမျှအတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည်။
25 Futhi, wena ndodana yomuntu, kakuyikuba njalo yini ngalolosuku lapho engizasusa kubo inqaba yabo, intokozo yobuhle babo, isiloyiso samehlo abo, lokuphakama komphefumulo wabo, amadodana abo lamadodakazi abo,
၂၅အချင်းလူသား၊ သင်၏အမှုမူကား၊ သူတို့ အစွမ်းသတ္တိ၊ ဝါကြွားစရာဘုန်း၊ ကြည့်ရှုလိုဘွယ်သော အရာ၊ စိတ်စွဲလမ်းသောအရာကို၎င်း၊ သားသမီးတို့ကို၎င်း ငါပယ်ရှားသောအခါ၊
26 ngalolosuku kuzafika kuwe ophunyukileyo, ukwenza indlebe zakho zizwe?
၂၆လွတ်သောသူ တစုံတယောက်သည် သင်ရှိရာသို့ရောက်လာ၍ ကြားပြောလိမ့်မည်။
27 Ngalolosuku umlomo wakho uzavulekela yena ophunyukileyo; njalo uzakhuluma, ungabe usaba yisimungulu; ngokunjalo uzakuba yisibonakaliso kubo; khona bazakwazi ukuthi ngiyiNkosi.
၂၇ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင်၏နှုတ်ပွင့်လိမ့် မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အား ပုပ္ပနိမိတ်ဖြစ်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< UHezekheli 24 >