< UHezekheli 23 >

1 Ilizwi leNkosi lafika kimi futhi lisithi:
တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 Ndodana yomuntu, kwakulabesifazana ababili, amadodakazi omfazi oyedwa.
အချင်းလူသား၊ အမိမကွဲပြားသော ညီအစ်မ နှစ်ယောက်ရှိ၏။
3 Basebesenza ubuwule eGibhithe; benza ubuwule ebutsheni babo; amabele abo abotozwa khonapho, lengono zobuntombi babo zacindezelwa khonapho.
သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသော မေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏ သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။
4 Lamabizo abo ayenguOhola omdala, loOholiba umnawakhe. Njalo babengabami, bazala amadodana lamadodakazi. Lamabizo abo: UOhola uyiSamariya, loOholiba uyiJerusalema.
အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဘွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍၎င်း၊ အဟောလိဗအမည်သည် ယေရုရှလင် ဟူ၍ ၎င်းဆိုလိုသတည်း။
5 UOhola wasesenza ubuwule engaphansi kwami, wakhanuka izithandwa zakhe, amaAsiriya aseduze,
အဟောလသည် ငါ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရားသော မေထုန်ကိုပြု၏။
6 agqoke okuluhlaza okwesibhakabhaka, abalawulimabutho lababusi, bonke bengamajaha aloyisekayo, abagadi bamabhiza begade amabhiza.
မိမိရည်းစားတည်းဟူသော၊ ပြာသောအဝတ်ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက် ၏။
7 Ngokunjalo wanika ubuwule bakhe kubo, bonke belikhethelo labantwana beAsiriya, lakubo bonke obakhanukayo; wazingcolisa ngazo zonke izithombe zabo.
ထိုအာရှုရိလူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသော မေထုန်ကိုပြု၏။ တပ်မက်သော သူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။
8 Futhi kabuyekelanga ubuwule bakhe abuya labo eGibhithe, ngoba ebutsheni bakhe balala laye, bona-ke bacindezela izingono zobuntombi bakhe, bathululela ukuphinga kwabo phezu kwakhe.
အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့် သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။
9 Ngakho ngamnikela esandleni sezithandwa zakhe, esandleni sabantwana beAsiriya ayebakhanuka.
ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိ လူတို့၌ သူ့ကိုငါ အပ်၍၊
10 Bona baveza ubunqunu bakhe; bathatha amadodana lamadodakazi akhe, bambulala ngenkemba; wasesiba libizo phakathi kwabesifazana, lapho benza isahlulelo phezu kwakhe.
၁၀သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏ သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ ၏။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။
11 Kwathi umnawakhe uOholiba ekubona, wonakala ekukhanukeni kwakhe kulaye, lebuwuleni bakhe okwedlula ubuwule bukadadewabo.
၁၁ထိုအမှုကို ညီမအဟောလိဗသည် မြင်သော အခါ၊ အစ်မထက်သာ၍ တပ်မက်သော စိတ်ရှိသည်နှင့်၊ အစ်မတက်သာ၍ မတရားသောမေထုန်ကို ပြု၏။
12 Wakhanuka abantwana beAsiriya, abalawulimabutho lababusi abaseduze, abagqoke okupheleleyo, abagadi bamabhiza begade amabhiza, bonke bengamajaha akhanukekayo.
၁၂တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ် သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။
13 Ngasengibona ukuthi ungcolisiwe; bobabili babelendlelanye.
၁၃ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မ လိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင်၏။
14 Wasesengezelela ebuwuleni bakhe; lapho ebona abesilisa bebazwe ngokugujwa emdulini, izithombe zamaKhaladiya zibazwe ngokugujwa ngokubomvu,
၁၄အထူးသဖြင့် မတရားသောမေထုန်ကို ပြုသော အကြောင်းအရာဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသော ပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက်၊ မွေးဘွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အ သွင်ကိုဆောင်လျက်၊
15 bebhince ibhanti ezinkalweni zabo, belamaqhiye alengayo emakhanda abo, bonke bekhangeleka beyiziphathamandla, umfanekiso wabantwana beBhabhiloni, beKhaladiya, ilizwe lokuzalwa kwabo.
၁၅အုတ်ထရံ၌ဟင်းသပြတားနှင့်ရေးသော ခါလဒဲ လူ၏ ရုပ်ပုံတို့ကို မြင်သောအခါ၊
16 Wasebakhanuka ekubaboneni ngamehlo akhe, wathuma izithunywa kubo eKhaladiya.
၁၆တပ်မက်သောစိတ်ရှိ၍၊ ခါလဒဲပြည်သို့ တမန်ကို စေလွှတ်လေ၏။
17 Amadodana eBhabhiloni afika kuye embhedeni wothando, amngcolisa ngokuphinga kwawo, wasengcoliswa yiwo; khona umphefumulo wakhe wehlukaniswa lawo.
၁၇ဗာဗုလုန်မြို့သားတို့သည် သူနှင့်သံဝါသပြုရာခုတင်သို့လာ၍၊ မတရားသောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူးစေကြ၏။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည် တိုင်အောင်ညစ်ညူးခြင်းကိုခံလေ၏။
18 Wasesembula ubuwule bakhe, wembula ubunqunu bakhe; khona umphefumulo wami wehlukaniswa laye, njengalokhu umphefumulo wami wehlukaniswa lodadewabo.
၁၈ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှားဘော်ပြသောကြောင့်၊ ငါသည် သူအစ်မကိုရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။
19 Kodwa wandisa ubuwule bakhe, ngokukhumbula izinsuku zobutsha bakhe afebe ngazo elizweni leGibhithe.
၁၉အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။
20 Wasekhanuka izithandwa zabo, onyama yazo iyinyama yabobabhemi, lokukhihliza kwazo kuyikukhihliza kwamabhiza.
၂၀မြည်အင်္ဂါနှင့်တူသော အင်္ဂါ၊ မြင်းသုတ်ရည်နှင့် တူသောသုတ်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက် လေသည်တကား။
21 Ngokunjalo wena wakhumbula amanyala obutsha bakho, ekucindezelweni kwengono zakho ngamaGibhithe, ngenxa yamabele obutsha bakho.
၂၁သို့ဖြစ်၍၊ အိုအဟောလိဗ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကို ရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကို ပွတ် နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသော အဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊
22 Ngakho, wena Oholiba, itsho njalo iNkosi uJehova: Khangela, ngizavusa izithandwa zakho zimelane lawe, owehlukana lazo umphefumulo wakho, ngizilethe zimelane lawe zivela inhlangothi zonke;
၂၂အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်ရွံရှာသော ရည်းစားတို့ကို ငါထစေပြီးလျှင်၊ အရပ်ရပ် တို့ကလာ၍ တိုက်စေမည်။
23 abantwana beBhabhiloni, lamaKhaladiya wonke, iPekodi, leShowa, leKowa, labo bonke abantwana beAsiriya kanye labo, bonke bengamajaha akhanukekayo, abalawulimabutho, lababusi, izinduna, labalodumo, bonke begade amabhiza.
၂၃အာရှုရိလူများနှင့်တကွ အကြီးအကဲ၊ သူဌေး သူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ်ဘွယ်သော လူပျို၊ ဗိုမင်း၊ ဝန်မင်း။ မှူးကြီးမတ်ကြီး၊ မြင်းစီးသူရဲအပေါင်းတို့သည်၊
24 Njalo bazakuza bemelene lawe belezikhali, izinqola, lamavili, langexuku labantu; bazamisa bemelene lawe ihawu lesihlangu lekhowa inhlangothi zonke; njalo ngizabeka isigwebo phambi kwabo, bakugwebe njengokwezigwebo zabo.
၂၄စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့် တကွလာ၍ ဒိုင်း၊ လွှား၊ သံခမောက် လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရား စီရင်သော အခွင့်ကိုသူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။
25 Njalo ngizabeka ubukhwele bami bumelane lawe, bakuphathe ngolaka; bazasusa impumulo yakho lendlebe zakho, lensali yakho izakuwa ngenkemba; bona bazathatha amadodana lamadodakazi akho, lensali yakho izadliwa ngumlilo.
၂၅သူတို့သည် သင့်ကို မယုံမည်အကြောင်း၊ ငါပြု၍သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည်။ သင့်နှာ ခေါင်း၊ နားရွက်တို့ကို ဖြတ်၍အကျန်အကြွင်းကိုထားနှင့် စဉ်းကြလိမ့်မည်။ သင်၏သားသမီးတို့ကို သိမ်းသွား ၍၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြ လိမ့်မည်။
26 Futhi bazakuhlubula izigqoko zakho, bathathe iziceciso zakho ezinhle.
၂၆သင့်အဝတ်ကိုလည်းချွတ်၍၊ တင့်တယ်သော တန်ဆာတို့ကို သိမ်းယူကြလိမ့်မည်။
27 Ngokunjalo ngizaqeda amanyala akho kuwe, lobuwule bakho owasuka labo elizweni leGibhithe, ukuze ungabe uphakamisela amehlo akho kubo, ungabe usakhumbula iGibhithe.
၂၇ထိုသို့သင်သည် နောက်တဖန် မျှောမကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှါ၊ သင်ပြုသော အဓမ္မမေထုန်ကို ငါငြိမ်းစေမည်။
28 Ngoba itsho njalo iNkosi uJehova: Khangela, ngizakunikela esandleni salabo obazondayo, esandleni salabo umphefumulo wakho owehlukaniswe labo.
၂၈တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်မုန်းသောသူ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့်၊
29 Njalo bazakuphatha ngenzondo, bathathe wonke umtshikatshika wakho, bakutshiye unqunu uze; lobunqunu bobuwule bakho buzakwembulwa, lamanyala akho lobuwule bakho.
၂၉သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင် ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်းရှိ ရစ်စေကြလိမ့်ည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကို ပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။
30 Lezizinto zizakwenziwa kuwe, ngoba ulandele abezizweni ngokuwula, langenxa yokuthi wangcoliswa ngezithombe zabo.
၃၀သင်သည်တပါး အမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ ငါစီရင် မည်။
31 Uhambile ngendlela kadadewenu; ngakho ngizanikela inkezo yakhe esandleni sakho.
၃၁သင်သည် အစ်မလိုက်သော လမ်းကိုလိုက်သော ကြောင့်၊ သူသောက်သော ခွက်ကို သင့်လက်၌ ငါထား မည်။
32 Itsho njalo iNkosi uJehova: Uzanatha inkezo kadadewenu ezikileyo lebanzi; uzakuba yinhlekisa lokuklolodelwa; imumethe okunengi.
၃၂အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက်၊ ကျယ်၍စောက်သောခွက်ကို သင်သောက်ရမည်။ ထိုခွက်၌ များစွာဝင်သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည်။
33 Uzagcwala ukudakwa losizi, inkezo yesesabiso lencithakalo, inkezo kadadewenu iSamariya.
၃၃သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေ စေသော ခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။
34 Yebo, uzayinatha, uyibhije, uphahlaze indengezi zayo, utshuphule amabele akho; ngoba ngikhulumile, itsho iNkosi uJehova.
၃၄ထိုခွက်ကို သောက်၍စုတ်ပြီးမှ ခွက်ခြမ်းကို ကိုက်ခဲ၍၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
35 Ngakho itsho njalo iNkosi uJehova: Ngoba ungikhohliwe, wangilahlela ngemva komhlana wakho, ngakho lawe thwala amanyala akho lobuwule bakho.
၃၅သို့ဖြစ်၍၊ သင်သည် ငါ့ကို မေ့လျော့၍၊ သင့် ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည် အဓမ္မအမှုနှင့်မတရားသော မေထုန်အမှု၏ အပြစ်ကို ခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
36 INkosi yathi futhi kimi: Ndodana yomuntu, uzakwahlulela uOhola loOholiba yini? Yebo, batshele izinengiso zabo.
၃၆တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ အချင်းလူသား၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့။ အကယ်စင်စစ် သူတို့ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ဘော်ပြရမည်။
37 Ngoba bafebile, legazi lisezandleni zabo, njalo bafebile lezithombe zabo, futhi lamadodana abo, abangizalele wona, bawadabulise emlilweni ukuthi abe yikudla.
၃၇အကြောင်းမူကား၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက်ကို သတ်သောအပြစ်ရှိကြ၏။ ရုပ်တုတို့နှင့် ပင် မျောက်မထားကြပြီ။ ငါ့အဘို့ ဘွားမြင်သောသား တို့ကိုပင် ရုပ်တုစားစရာဘို့ မီးဖြင့်ပူဇော်ကြပြီ။
38 Babuye benza lokhu kimi: Bangcolise indawo yami engcwele ngalolosuku, bangcolisa lamasabatha ami.
၃၈ထိုမှတပါး၊ ငါ၌ပြုသော အမှုဟူမူကား၊ ထိုနေ့ ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကိုရှုတ်ချကြပြီ။
39 Ngoba sebebulalele izithombe zabo abantwana babo, basebengena ngalona lolosuku endaweni yami engcwele ukuthi bayingcolise; khangela-ke, benze njalo phakathi kwendlu yami.
၃၉ကိုယ်သားသမီးတို့ကိုရုပ်တုရှေ့တွင်သတ်ပြီးမှ၊ ထိုနေ့ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ လာကြ၏။ ထိုသို့ ငါ့အိမ်တော်အလယ်၌ ပြုကြပြီတကား။
40 Lalokho ukuthi bathumele kumadoda avela khatshana, okwathunywa kiwo isithunywa, khangela-ke, afika; owawagezelayo, wacomba amehlo akho, wazicecisa ngeziceciso.
၄၀ထိုမှတပါး၊ သင်သည်တမန်တို့ကို စေလွှတ်၍၊ ဝေသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဘို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကို ပြုပြီးလျှင်၊
41 Wahlala embhedeni okhazimulayo, letafula lalungiswa phambi kwawo, owabeka phezu kwalo impepha yami lamafutha ami.
၄၁အသရေရှိသော ခုတင်ပေါ်၌ထိုင်၍၊ ငါ့နံ့သာ ပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ၏။
42 Lelizwi lexuku elonwabileyo lalilaye; lakumadoda exuku labantu kwalethwa amaSabeya avela enkangala, afaka amasongo ezandleni zawo, lomqhele omuhle emakhanda awo.
၄၂ပျော်မွေ့လျက် နေသောလူအလုံးအရင်း မြည်သံကိုလည်း ကြားရ၏။အခြားသောသူအများတို့နှင့် အတူ တောကလာ၍၊ လက်၌လက်ကောက်၊ ခေါင်း၌ တင့်တယ်သော သရဖူကို ဆောင်းသော သေသောက် ကြူးတို့လည်း ပါကြ၏။
43 Ngasengisithi kowesifazana owayeguge ngokufeba: Khathesi bazakwenza ubuwule laye, yena-ke labo.
၄၃ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍မတရားသော မေထုန်ကို ပြုကြလိမ့်မည်လောဟု၊ အိုသည်တိုင်အောင် ပြည်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆိုသော်၊
44 Basebengena kuye, njengoba besiya kowesifazana oyisifebe; ngokunjalo bangena kuOhola lakuOholiba, abesifazana abalamanyala.
၄၄ပြည်တန်ဆာမိန်းမရှိရာသို့ ယောက်ျား ဝင်တတ် သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗ ရှိရာသို့ ဝင်ကြ၏။
45 Kodwa amadoda alungileyo wona azabagweba, ngokwendlela yezifebekazi langendlela yabesifazana abachitha igazi; ngoba bayizifebekazi, njalo igazi lisezandleni zabo.
၄၅သို့ဖြစ်၍၊ မျောက်မထားသောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသော မိန်းမဖြစ်သောကြောင့်၊ မျောက်မထားသောမိန်မ၊ လူအသက်ကိုသတ်သော် မိန်းမကို စီရင်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြ လိမ့်မည်။
46 Ngoba itsho njalo iNkosi uJehova: Ngizabenyusela ixuku, ngibanikele babe yisesabiso njalo babe yimpango.
၄၆အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကိုငါချီစေ၍၊ လုယက် သိမ်းသွားစေခြင်းငှါ အခွင့်ပေးမည်။
47 Njalo ixuku lizabakhanda ngamatshe, libaqume ngezinkemba zalo, libulale amadodana abo lamadodakazi abo, litshise izindlu zabo ngomlilo.
၄၇ထိုအလုံးအရင်းသည် မိန်းမတို့ကိုခဲနှင့် ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ် တို့ကိုလည်း မီးရှို့ကြလိမ့်မည်။
48 Ngokunjalo ngizakwenza amanyala aphele elizweni, ukuze bonke abesifazana bafundiswe ukuthi bangenzi ngokwamanyala enu.
၄၈ထိုသို့အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှါ၊ သင်တို့ အဓမ္မအမှုကို တပြည်လုံး၌ ငါပယ်ရှင်းမည်။
49 Ngokunjalo bazabeka amanyala enu phezu kwenu, lithwale izono zezithombe zenu. Lizakwazi-ke ukuthi ngiyiNkosi uJehova.
၄၉လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု၏ အပြစ်နှင့်အလျောက်စီရင်၍၊ သင်တို့သည် ရုပ်တုများနှင့် ဆိုင်သော အပြစ်ကိုခံရလျက်၊ ငါသည် အရှင်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< UHezekheli 23 >