< U-Esta 6 >
1 Ngalobobusuku ubuthongo benkosi babaleka; yasisithi kakulethwe ugwalo lwezikhumbuzo lwemilando; yasibalwa phambi kwenkosi.
၁ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
2 Kwasekutholakala kubhaliwe ukuthi uModekhayi wabika ngoBigithana loTereshi, abathenwa ababili benkosi, abalindi bombundu, ababedinge ukwelulela isandla enkosini uAhasuwerusi.
၂ယင်းမှတ်တမ်းများတွင်အဆောင်တော်စောင့် မိန်းမစိုးဗိဂသန်နှင့်တေရက်တို့သည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်မှု ကိုအဘယ်သို့မော်ဒကဲတွေ့ရှိရသည့် အကြောင်းပါရှိလေသည်။-
3 Inkosi yasisithi: Dumo lobukhulu bani obenziwa kuModekhayi ngalokhu? Izinceku zenkosi ezaziyikhonza zasezisithi: Kakwenziwanga lutho kuye.
၃မင်းကြီးက``ဤအမှုအတွက်မော်ဒကဲအား ငါတို့အဘယ်သို့ဂုဏ်ပြုချီးမြှင့်ကာဆု တော်လာဘ်တော်များပေးခဲ့ပါသနည်း'' ဟုမေးတော်မူ၏။ နန်းတွင်းအစေခံများက``ထိုသူ၏အတွက် အဘယ်သို့မျှမပြုရသေးပါ'' ဟုပြန် လည်လျှောက်ထားကြ၏။
4 Inkosi yasisithi: Ngubani osegumeni? UHamani wayesengene egumeni elingaphandle lendlu yenkosi ukukhuluma enkosini ukuthi ilengise uModekhayi egodweni ayemlungisele lona.
၄မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။ ထိုအချိန်၌ဟာမန်သည်နန်းတော်တွင်းသို့ ဝင်ရောက်လာ၏။ သူသည်မိမိစိုက်ထူခဲ့သည့် လည်ဆွဲတိုင်တွင် မော်ဒကဲအားကွပ်မျက်ရန် မင်းကြီးထံခွင့်ပန်မည်အကြံနှင့်ရောက်ရှိ လာခြင်းဖြစ်၏။-
5 Izinceku zenkosi zasezisithi kuyo: Khangela, uHamani umi egumeni. Inkosi yasisithi: Kangene.
၅ထိုအခါနန်းတွင်းအစေခံများက``ဟာမန် ရှိပါသည်။ သူသည်ရှေ့တော်သို့ဝင်ရန်စောင့် နေပါသည်'' ဟုလျှောက်ကြ၏။ မင်းကြီးက``သူ့အားဝင်စေ'' ဟုမိန့်တော်မူ၏။
6 UHamani wasengena; inkosi yasisithi kuye: Kwenziweni kumuntu inkosi ethokoza kudumo lwakhe? UHamani wasesithi enhliziyweni yakhe: Ngubani inkosi engathokoza ukumnika udumo okwedlula mina?
၆ထို့ကြောင့်ဟာမန်သည်ရှေ့တော်သို့ဝင်ရောက် လာလေသည်။ ထိုအခါမင်းကြီးကသူ့အား``ငါ ဂုဏ်ပြုချီးမြှင့်လိုသူတစ်ယောက်ရှိသည်။ ထို သူကိုအဘယ်သို့ဂုဏ်ပြုချီးမြှင့်ရပါမည် နည်း'' ဟုမေးတော်မူ၏။ ဟာမန်သည်``အဘယ်သူအားမင်းကြီးဂုဏ်ပြု ချီးမြှင့်လိုပါလိမ့်မည်နည်း။ ငါ့ကိုသာလျှင် ဖြစ်တန်ရာ၏'' ဟုတွေးတောပြီးလျှင်၊-
7 UHamani wasesithi enkosini: Umuntu inkosi ethokoza kudumo lwakhe,
၇မင်းကြီးက``ဘုရင်မင်းကြီးဆင်ယင်တော် မူသောမင်းမြောက်တန်ဆာ၊ စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသောရာဇသရဖူ ကိုယူခဲ့စေတော်မူပါ။-
8 kakulethwe isembatho sobukhosi inkosi uqobo esigqokayo, lebhiza inkosi eligadayo, lokuthi umqhele wobukhosi ubekwe enhlokweni yalo;
၈
9 lesembatho lebhiza kunikwe esandleni somunye weziphathamandla zenkosi ezihloniphekayo, lokuthi bagqokise lowomuntu inkosi ethokoza kudumo lwakhe, bamgadise ibhiza adabule igceke lomuzi, bamemeze phambi kwakhe bathi: Kwenziwa nje emuntwini inkosi ethokoza ngodumo lwakhe.
၉ထိုနောက်မှူးကြီးမတ်ကြီးတစ်ပါးကို ထိုသူ အားထိုတန်ဆာတော်များကိုဝတ်ဆင်ပေး စေပြီးလျှင် မြင်းပေါ်တွင်တင်၍မြင်းကို ဆွဲကာမြို့ကိုလှည့်လည်လျက်`ဘုရင်မင်းမြတ် သည်မိမိဂုဏ်ပြုချီးမြှင့်လိုသူအားအဘယ် သို့ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့' ဟု ကြွေးကြော်စေတော်မူပါ'' ဟုလျှောက်၏။
10 Inkosi yasisithi kuHamani: Phangisa thatha isembatho lebhiza njengokutsho kwakho, wenze njalo kuModekhayi umJuda ohlala esangweni lenkosi; kungawi lalizwi kukho konke okukhulumileyo.
၁၀ထိုအခါမင်းကြီးသည်ဟာမန်အား``အဝတ် တန်ဆာနှင့်မြင်းတော်ကိုအမြန်ယူ၍ယုဒ အမျိုးသားမော်ဒကဲအားဂုဏ်ပြုချီးမြှင့် လော့။ သင်ပြောသမျှအတိုင်းပြုလော့။ သူ သည်နန်းတော်အဝင်ဝတွင်ထိုင်လျက်နေ သည်ကိုသင်တွေ့ရှိလိမ့်မည်'' ဟုမိန့်တော် မူ၏။
11 UHamani wasethatha isembatho lebhiza, wagqokisa uModekhayi, wamgadisa wadabula igceke lomuzi, wamemeza phambi kwakhe wathi: Kwenziwa nje emuntwini inkosi ethokoza kudumo lwakhe.
၁၁ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
12 Wasebuyela uModekhayi esangweni lenkosi, kodwa uHamani wahaluzela waya endlini yakhe elila embomboze ikhanda.
၁၂ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊-
13 UHamani wasetshela uZereshi umkakhe labo bonke abangane bakhe konke okumehleleyo. Abahlakaniphileyo bakhe loZereshi umkakhe basebesithi kuye: Uba uModekhayi engowenzalo yamaJuda, osuqalise ukuwa phambi kwakhe, kawuyikumelana laye, kodwa uzakuwa lokuwa phambi kwakhe.
၁၃မိမိဇနီးနှင့်မိတ်ဆွေများအား မိမိကြုံတွေ့ ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံကိုပြောပြ လေသည်။ ထိုအခါဇနီးဖြစ်သူနှင့်မိတ်ဆွေ ပညာရှိတို့က``ကိုယ်တော်သည်မော်ဒကဲကို ရှုံးစပြုလေပြီ။ သူသည်ယုဒအမျိုးသား မှန်လျှင်ကိုယ်တော်သည်သူ့ကိုမနိုင်။ သူသည် ကိုယ်တော်ကိုမုချအနိုင်ရလိမ့်မည်'' ဟု ပြောကြားကြ၏။
14 Besakhuluma loHamani, abathenwa benkosi basondela, bahaluzela ukuletha uHamani edilini uEsta ayelenzile.
၁၄ထိုသူတို့ဤသို့ပြောဆိုနေကြစဉ်ပင်နန်း တော်မိန်းမစိုးများသည် ဟာမန်အားဧသတာ ၏ညစာစားပွဲသို့ခေါ်ဆောင်ရန်အလျင်စလို ရောက်ရှိလာကြလေသည်။