< UmTshumayeli 6 >

1 Kukhona ububi esengibubonile ngaphansi kwelanga, njalo buvamile ebantwini:
လူ တို့တွင် အတွေ့များ ၍ ၊ နေ အောက် ၌ ငါမြင် ရသော အမှုဆိုး ဟူမူကား၊
2 Umuntu uNkulunkulu amnike inotho lengcebo lodumo ukuze angasweleli umphefumulo wakhe ulutho kukho konke akufisayo, kodwa uNkulunkulu angamniki amandla ukuthi adle kukho, kodwa owemzini uyakudla; lokhu kuyize, njalo kuyisifo esibi.
အလို ဆန္ဒရှိသမျှ ပြေလောက်အောင် စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို ဘုရား သခင်ပေး သော်လည်း ၊ ခံစားရသောအခွင့်ကိုပေး တော်မမူသောကြောင့်၊ ကိုယ်တိုင်မခံစားရ။ မ ဆိုင်သော သူတပါးဝင်၍ ခံစား ရသောအမှု သည် အနတ္တ အမှု၊ ဆိုး သောအမှု ဖြစ်၏။
3 Uba umuntu ezala abantwana abalikhulu, aphile iminyaka eminengi, ukuze insuku zeminyaka yakhe zibe zinengi, kodwa umphefumulo wakhe ungasuthiswa ngokuhle, futhi angabi lakungcwatshwa, ngithi umphunzo ungcono kulaye.
လူ သည် နှစ် ပေါင်းများစွာ အသက် ရှည်၍ ၊ သား တရာ ပင် ရှိငြား သော်လည်း၊ အလို ဆန္ဒမ ပြည့်စုံဘဲ၊ သင်္ဂြိုဟ် ခြင်းကို မ ခံရ ဘဲ သေသွားလျှင်၊ ထိုသူ ထက် ပျက် သောကိုယ်ဝန်သည်သာ၍မြတ် ၏။
4 Ngoba uza ngeze, uye emnyameni, lebizo lawo lisitshekelwe emnyameni;
အကြောင်း မူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီး ပေါ် လာ၏။ မှောင်မိုက် ထဲ မှာ ထွက် သွား၏။ သူ့ အမည် ကား၊ မှောင်မိုက် နှင့် ဖုံးလွှမ်း လျက် ရှိလိမ့်မည်။
5 futhi kawulibonanga ilanga, kawulalwazi; lo ulokuphumula kulaye.
နေ ကိုလည်း မ မြင် ရ။ အဘယ်အရာကိုမျှမ သိ ရ။ သို့သော်လည်း ၊ အရင်ဆိုသောသူထက် သာ၍ချမ်းသာ ရ၏။
6 Yebo, lanxa ephila iminyaka eyinkulungwane, ephindwe kabili, kanti engabonanga okuhle; bonke kabayi yini endaweni eyodwa?
အကယ်၍ အရင်ဆိုသောသူသည် အနှစ် နှစ် ထောင် အသက်ရှင် သော်လည်း ၊ အကျိုး ကျေးဇူးမ ရှိ။ အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ သွား ရကြသည် မ ဟုတ်လော။
7 Wonke umtshikatshika womuntu ngowomlomo wakhe, kube kanti inkanuko kayisuthi.
လူ ကြိုးစား အားထုတ်သမျှ တို့၌ ဝမ်း ဘို့ သာ ကြိုးစားအားထုတ်သော်လည်း၊ စား ချင်သောစိတ် မ ပြေ နိုင်။
8 Ngoba ohlakaniphileyo ulani okwedlula isithutha? Ulani umyanga owazi ukuhamba phambi kwabaphilayo?
ပညာရှိ သောသူသည် မိုက် သောသူထက် အဘယ် ကျေးဇူး ရှိသနည်း။ အသက်ရှင် သောသူများရှေ့ မှာ ကျင့်ကြံ ပြုမူတတ်သော ဆင်းရဲသား ၏ အကျိုးကျေးဇူးကား အဘယ်သို့ နည်း။
9 Kungcono ukubona kwamehlo kulokuzulazula kwenkanuko. Lokhu lakho kuyize lokukhathazeka komoya.
ကိုယ်တိုင်တွေ့မြင် ခြင်း အကျိုး သည် လောဘ ပြန့်ပွား ခြင်း အကျိုးထက် သာ၍ကြီး၏။ ထို အမှုအရာ သည် အနတ္တ အမှု၊ လေ ကိုကျက်စား သောအမှုဖြစ်၏။
10 Osekukhona sekuke kwathiwa ibizo lakho, njalo kuyaziwa ukuthi kungumuntu, lokuthi kalakho ukuphikisana lolamandla kulaye.
၁၀ရှိသမျှ သော အခြင်းအရာများကို မှတ်သား နှင့် ပြီ။ လူ ၏အခြင်းအရာ သက်သက်ဖြစ်သည်ကို သိ ရ၏။ လူ သည် မိမိ ထက် တန်ခိုး ကြီးသောသူနှင့် မ ပြိုင် နိုင် ရာ။
11 Ngoba zinengi izinto ezandisa ize; kuyinzuzo bani emuntwini?
၁၁အနတ္တ တိုးပွား စရာအကြောင်းများပြား သည် ဖြစ် ၍၊ လူ သည် အဘယ် ကျေးဇူး ရှိသနည်း။
12 Ngoba ngubani okwaziyo okulungele umuntu empilweni, enanini lensuku zempilo yakhe eyize ayichitha njengesithunzi? Ngoba ngubani ongatshela umuntu lokho okuzakuba khona emva kwakhe ngaphansi kwelanga?
၁၂အရိပ် ကဲ့သို့ လွန် တတ်သော အနတ္တ အသက် ကာလ ပတ်လုံး၊ လူ ၌ ကျေးဇူး ပြုတတ်သော အရာ ကို အဘယ်သူ သိ နိုင်သနည်း။ နေ အောက် ၌ လူ နောက် မှာ ဖြစ် လတံ့သော အမှု အရာတို့ကိုလည်း၊ အဘယ်သူ ပြော နိုင်သနည်း။

< UmTshumayeli 6 >