< UDutheronomi 29 >

1 La ngamazwi esivumelwano iNkosi eyamlaya uMozisi ukusenza labantwana bakoIsrayeli elizweni lakoMowabi, ngaphandle kwesivumelwano eyayisenze labo eHorebe.
သိ​နာ​တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​ပြီး​သည့်​အ​ပြင် ယ​ခု​တစ်​ဖန်​မော​ဘ​ပြည် ၌​မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​သည်။
2 UMozisi wasebiza uIsrayeli wonke, wathi kubo: Lina libonile konke iNkosi eyakwenza phambi kwamehlo enu elizweni leGibhithe, kuFaro lakuzo zonke inceku zakhe lakulo lonke ilizwe lakhe,
မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို ဆင့်​ခေါ်​၍``ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့်​သူ ၏​အ​ရာ​ရှိ​များ​အ​ပါ​အ​ဝင် တစ်​တိုင်း​ပြည် လုံး​ကို​မည်​ကဲ့​သို့​ဒဏ်​ခတ်​ခဲ့​တော်​မူ​ကြောင်း သင်​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-
3 izilingo ezinkulu amehlo akho azibonileyo, izibonakaliso lalezozimangaliso ezinkulu.
သင်​တို့​သည်​ကြောက်​မက်​ဖွယ်​သော​ကပ် ရော​ဂါ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြ​တော် မူ​သော​အံ့​သြ​ဖွယ်​ရာ​တန်​ခိုး​နိ​မိတ်​လက္ခ ဏာ​တော်​များ​ကို​လည်း​မြင်​ခဲ့​ရ​ကြ​သည်။-
4 Kodwa iNkosi kayilinikanga inhliziyo yokuqedisisa lamehlo okubona lendlebe zokuzwa kuze kube lamuhla.
သို့​ရာ​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သ​မျှ ကို​သ​ဘော​ပေါက်​နား​လည်​နိုင်​သည့်​ဉာဏ်​ကို ယ​နေ့​တိုင်​အောင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပေး​တော်​မ​မူ။-
5 Ngilihambise iminyaka engamatshumi amane enkangala. Izembatho zenu kaziguganga phezu kwenu, lenyathela lakho kaliguganga enyaweni lwakho;
ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နှစ်​ပေါင်း လေး​ဆယ်​ပတ်​လုံး တော​ကန္တာ​ရ​ခ​ရီး​ဖြင့်​ပို့ ဆောင်​တော်​မူ​ခဲ့​စဉ်​အ​တွင်း သင်​တို့​၏​အ​ဝတ် အင်္ကျီ​များ​မ​ဟောင်း​မ​နွမ်း၊ သင်​တို့​၏​ဖိ​နပ် များ​လည်း​မ​စုတ်​မ​ပြတ်​ခဲ့​ရ။-
6 kalidlanga sinkwa, kalinathanga iwayini lokunathwayo okulamandla, ukuze lazi ukuthi ngiyiNkosi uNkulunkulu wenu.
သင်​တို့​တွင်​စား​စ​ရာ​အ​စာ၊ သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​သေ​ရည်​သေ​ရက်​မ​ရှိ​ခဲ့ ကြ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​အား​သွန်​သင်​ရန်​သင်​တို့​လို​သ​မျှ ကို​ပေး​တော်​မူ​သည်။-
7 Ekufikeni kwenu kulindawo, uSihoni inkosi yeHeshiboni loOgi inkosi yeBashani baphuma ukumelana lathi empini, kodwa sabatshaya,
ဤ​အ​ရပ်​သို့​ငါ​တို့​ရောက်​ရှိ​သော​အ​ခါ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​နှင့်​ဗာ​ရှန်​ဘု​ရင် သြ​ဃ​တို့​သည်​ထွက်​၍ ငါ​တို့​အား​တိုက် ခိုက်​ခဲ့​ကြ​သည်။ သို့​ရာ​တွင်​ငါ​တို့​သည် သူ တို့​ကို​တိုက်​ခိုက်​အောင်​မြင်​သ​ဖြင့်၊-
8 sathatha ilizwe labo, salinika laba yilifa kwabakoRubeni lakwabakoGadi lakungxenye yesizwe sakoManase.
သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​၍​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မ​နာ​ရှေ​၏​အ​နွယ်​တစ်​ဝက် တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​သည်။-
9 Ngakho gcinani amazwi alesisivumelwano liwenze, ukuze liphumelele kukho konke elikwenzayo.
သင်​တို့​ပြု​လေ​သ​မျှ​တို့​၌​အောင်​မြင်​ရန် ယ​ခု​ပြု​မည့်​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့။
10 Lina lonke limi phambi kweNkosi uNkulunkulu wenu lamuhla, inhloko zenu, izizwe zenu, abadala benu, lezinduna zenu, wonke amadoda akoIsrayeli,
၁၀``ယ​နေ့​တွင်​သင်​တို့​၏​ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ အ​မျိုး​သား​အ​မျိုး​သမီး​များ နှင့် က​လေး​များ၊ သင်​တို့​အ​တွက်​သစ်​ခုတ်​ရေ သယ်​သ​မား​များ​ဖြစ်​ကြ​သော​သင်​တို့​နှင့် အ​တူ နေ​ထိုင်​သည့်​လူ​မျိုး​ခြား​များ​မှ​စ​၍ သင်​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ရပ်​လျက်​ရှိ​နေ​ကြ​၏။-
11 abantwanyana benu, omkenu, lowemzini ophakathi kwenkamba yakho, kusukela kumgamuli wenkuni zakho kuze kube kumukhi wamanzi akho,
၁၁
12 ukwedlulela esivumelwaneni seNkosi uNkulunkulu wakho lesifungweni sayo, iNkosi uNkulunkulu wakho esenza lawe lamuhla,
၁၂သင်​တို့​အ​ပေါင်း​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ယ​နေ့​သစ္စာ​ဆို ၍​ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​မည်။-
13 ukuze ikumise lamuhla ube yisizwe sayo, lokuthi yona ibe nguNkulunkulu wakho, njengokutsho kwayo kuwe lanjengokufunga kwayo kuboyihlo, kuAbrahama, kuIsaka lakuJakobe.
၁၃သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ရှိ​တော်​မူ​သည့်​အ​တိုင်း သင်​တို့​ကို​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​အ​ဖြစ်​အ​တည်​ပြု တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​မည်။-
14 Njalo kangisenzi lani lodwa lesisivumelwano lalesisifungo,
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သာ ဤ ပ​ဋိ​ညာဉ်​ဤ​သစ္စာ​ကို​ပြု​တော်​မူ​သည် သာ​မ​က၊-
15 kodwa lalowo olapha lathi, omiyo lamuhla phambi kweNkosi uNkulunkulu wethu, njalo lalowo ongekho lapha lathi lamuhla.
၁၅ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ယ​နေ့​ရပ်​နေ ကြ​သော​ငါ​တို့​အ​ပေါင်း​နှင့်​သော်​လည်း ကောင်း၊ ယ​ခု​ငါ​တို့​နှင့်​အ​တူ​မ​ရှိ​သေး သော​နောင်​လာ​နောက်​သား​တို့​နှင့်​သော် လည်း​ကောင်း​ပြု​တော်​မူ​၏။
16 Ngoba lina liyazi ukuthi sahlala njani elizweni leGibhithe, lokuthi sadabula njani phakathi kwezizwe eladabula kuzo;
၁၆``အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ အ​ခြား​လူ မျိုး​တို့​၏​နယ်​မြေ​ကို​ဖြတ်​သန်း​သွား​ရာ ၌​လည်း​ကာင်း၊ ငါ​တို့​၏​ဘ​ဝ​အ​တွေ့ အ​ကြုံ​ကို​သင်​တို့​သိ​ကြ​၏။-
17 njalo libonile izinengiso zazo, lezithombe zazo, isigodo lelitshe, isiliva legolide, ezazilazo.
၁၇သူ​တို့​၏​ရွံ​ရှာ​ဖွယ်​သော​သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​များ ကို​လည်း​သင်​တို့​မြင်​ကြ​၏။-
18 Hlezi kube khona phakathi kwenu indoda kumbe owesifazana kumbe usapho kumbe isizwe, onhliziyo yakhe iphambuka lamuhla isuka eNkosini uNkulunkulu wethu ukuyakhonza onkulunkulu balezizizwe. Hlezi kube khona phakathi kwenu impande ethela izithelo ezilobuhlungu lezibabayo.
၁၈ဤ​နေ​ရာ​၌​ယ​နေ့​ရပ်​နေ​ကြ​သော​သူ​တို့ တွင်​မည်​သည့်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ သော်​လည်း​ကောင်း၊ မိ​သား​စု​သို့​မ​ဟုတ် အ​နွယ်​သော်​လည်း​ကောင်း​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ထို​သို့​ပြု မိ​လျှင် ခါး​၍​အ​ဆိပ်​ရှိ​သော​အ​ပင်​ကို ဖြစ်​ပွား​စေ​သည့်​အ​မြစ်​သ​ဖွယ်​ဖြစ် လိမ့်​မည်။-
19 Njalo kuzakuthi nxa esizwa amazwi alesisiqalekiso, azibusise enhliziyweni yakhe esithi: Ngizakuba lokuthula lanxa ngihamba ebuqholweni benhliziyo yami; ukuze kuqedwe okumanzi kanye lokomileyo.
၁၉ယ​နေ့​ဤ​ပ​ညတ်​များ​ကို​ကြား​ရ​ပြီး နောက် မိ​မိ​အ​လို​အ​တိုင်း​ကျင့်​မြဲ​ကျင့်​နေ သော်​လည်း အ​စ​စ​အ​ရာ​ရာ​၌​အ​ဆင် ပြေ​လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​သူ​မ​ရှိ စေ​နှင့်။ သို့​သော်​သင်​တို့​တွင်​ကောင်း​သူ​ဆိုး သူ​မ​ကျန် အား​လုံး​ပျက်​စီး​ဆုံး​ရှုံး​ရ လိမ့်​မည်။-
20 INkosi kayiyikuvuma ukumthethelela, kodwa khona intukuthelo yeNkosi lobukhwele bayo kuzathunqela leyondoda, njalo sonke isiqalekiso esibhaliweyo egwalweni lolu sizalala phezu kwayo, leNkosi icitshe ibizo layo lisuke ngaphansi kwamazulu.
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-
21 LeNkosi izayehlukanisela ububi iyikhuphe kuzo zonke izizwe zakoIsrayeli, njengazo zonke iziqalekiso zesivumelwano ezibhaliweyo egwalweni lwalumlayo.
၂၁ဤ​ပညတ်​တွင်​ရေး​ထား​သော​ပ​ဋိ​ညာဉ်​အ မင်္ဂ​လာ​များ​နှင့်​အ​ညီ​သူ​သည်​ဘေး​ဒဏ် သင့်​သ​ဖြင့် ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း တို့​အ​တွက်​သင်​ခန်း​စာ​ယူ​စ​ရာ​ဖြစ် တော်​မူ​လိမ့်​မည်။
22 Khona sizakuthi isizukulwana esizayo, abantwana benu, abazavela emva kwenu, lowezizwe ovela elizweni elikhatshana, lapho bebona inhlupheko zalelilizwe lezifo iNkosi eligulise ngazo,
၂၂``နောင်​အ​ခါ​၌​သင်​တို့​၏​နောင်​လာ​နောက် သား​များ​နှင့် ရပ်​ဝေး​တိုင်း​နိုင်​ငံ​များ​မှ​လူ မျိုး​ခြား​တို့​သည် သင်​တို့​ပြည်​၌​ထာ​ဝ​ရ ဘု​ရား​ကျ​ရောက်​စေ​တော်​မူ​သော​ဘေး​ဒဏ် များ​နှင့် ဆင်း​ရဲ​ဒုက္ခ​များ​ကို​မြင်​ရ​ကြ​လိမ့် မည်။-
23 ilizwe lonke lalo lizakuba yisibabule letshwayi lokutshiswa, alihlanyelwanga, kalimilisi, kakulalatshani obumila kulo, njengokubhujiswa kweSodoma leGomora, iAdima leZeboyimi, iNkosi eyayibhubhisa entukuthelweni yayo lelakeni lwayo,
၂၃လယ်​မြေ​များ​တွင်​ကန့်​နှင့်​ဆား​ပေါက်​စေ သ​ဖြင့် တော​ကန္တာရ​အ​တိ​ဖြစ်​လိမ့်​မည်။ မည် သည့်​အ​ပင်​ကို​မျှ​စိုက်​ပျိုး​၍​မ​ရ။ ပေါင်း ပင်​များ​ပင်​လျှင်​မ​ပေါက်​နိုင်။ သင်​တို့​ပြည် သည်​ထာ​ဝ​ရ​ဘု​ရား​ပြင်း​စွာ​အ​မျက် ထွက်​၍ ဖျက်​ဆီး​ခဲ့​သော​သော​ဒုံ​နှင့်​ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​ဇေ​ဘိုင်​မြို့ များ​ကဲ့​သို့​ပျက်​စီး​လိမ့်​မည်။-
24 lazo zonke izizwe zizakuthi: Kungani iNkosi yenze kanje kulelilizwe? Kuyini ukuvutha kwalolulaka olukhulu?
၂၄ထို​အ​ခါ​အ​ပြည်​ပြည်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​က `ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ပြည် ကို​အ​ဘယ်​ကြောင့်​ဖျက်​ဆီး​ပစ်​တော်​မူ သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​မက် ဖွယ်​အ​မျက်​ထွက်​တော်​မူ​သ​နည်း' ဟု​မေး ကြ​လိမ့်​မည်။-
25 Khona bazakuthi: Ngoba batshiyile isivumelwano seNkosi uNkulunkulu waboyise, eyasenza labo ekubakhupheni kwayo elizweni leGibhithe.
၂၅အ​ဖြေ​သည်​ကား`ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​၏​ဘိုး​ဘေး​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​အ​ခါ​၌ သူ​တို့​ဘိုး​ဘေး တို့​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သူ​တို့​ချိုး ဖောက်​သော​ကြောင့်​ဖြစ်​၏။-
26 Bahamba bakhonza abanye onkulunkulu babakhothamela, onkulunkulu abangabaziyo, eyayingababelanga.
၂၆သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​မ​ကိုး​ကွယ် ရန်​တား​မြစ်​ထား​သော​ဘု​ရား​များ​ဖြစ်​သည့် ယ​ခင်​က​မ​ကိုး​ကွယ်​ဘူး​သော​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။-
27 Lentukuthelo yeNkosi yalivuthela lelilizwe, ukwehlisela kulo zonke iziqalekiso ezibhaliweyo egwalweni lolu.
၂၇ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို​အ​မျက်​ထွက်​သ​ဖြင့် ဤ ကျမ်း​တွင်​ဖော်​ပြ​ထား​သော​ဘေး​ဒဏ် အ​ပေါင်း​တို့​ကို​သူ​တို့​ပြည်​၌​ကျ​ရောက် စေ​တော်​မူ​သည်။-
28 Njalo iNkosi yabasiphuna elizweni labo ngentukuthelo langolaka langenzondo enkulu, yabaphosela kwelinye ilizwe njengalamuhla.
၂၈ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် သူ​တို့​ကို​နေ​ရင်း​ပြည်​မှ​ထုတ် ပယ်​၍ တိုင်း​တစ်​ပါး​သို့​နှင်​ပစ်​တော်​မူ​လိုက် ရာ ယ​နေ့​တိုင်​သူ​တို့​သည်​ထို​ပြည်​၌​နေ ထိုင်​လျက်​ရှိ​ကြ​၏' ဟူ​၍​ဖြစ်​သည်။
29 Imfihlo ngezeNkosi uNkulunkulu wethu, kodwa izinto ezembuliweyo zingezethu lezabantwana bethu kuze kube nininini, ukwenza wonke amazwi alumlayo.
၂၉``ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထုတ်​ဖော်​မ​ပြ​သော​အ​ကြောင်း​အ​ရာ​များ ရှိ​၏။ သို့​ရာ​တွင်​ငါ​တို့​အား​ထုတ်​ဖော်​ပြ သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား ပ​ညတ် တ​ရား​တော်​ဖြစ်​သ​တည်း။ ငါ​တို့​နှင့်​ငါ တို့​၏​နောင်​လာ​နောင်​သား​တို့​သည် ထို ပ​ညတ်​တ​ရား​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​ထိန်း​ရ​ကြ​မည်။

< UDutheronomi 29 >