< Imisebenzi 20 >
1 Kwathi sesiphelile isiyaluyalu, uPawuli wabizela kuye abafundi, esebagonile, waphuma ukuthi aye eMakedoniya.
၁ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ၏။
2 Kwathi esedabule lezongxenye, esebakhuthazile ngamazwi amanengi, wafika eGirisi,
၂ထိုအရပ်များကိုရှောင်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။
3 kwathi esehlale khona inyanga ezintathu, selenziwe iqhinga ngaye ngamaJuda esezasuka ngomkhumbi ukuya eSiriya, wazimisela ukubuyela adabule eMakedoniya.
၃သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့်၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။
4 Wasemphelekezela kwaze kwaba seAsiya uSopatheri weBeriya; lowamaThesalonika, uAristako loSekhundu, loGayusi weDerbe, loTimothi; lamaAsiya, uTikiko loTrofimu.
၄ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု၏သား သောပ တရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။
5 Laba sebehambe phambili basilindela eTrowasi.
၅ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။
6 Kodwa thina sasuka ngomkhumbi eFiliphi emva kwensuku zesinkwa esingelamvubelo, safika kubo eTrowasi ngensuku ezinhlanu, lapho esahlala khona insuku eziyisikhombisa.
၆အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ ရောက်၍ခုနစ်ရက် နေကြ၏။
7 Kwathi ngosuku lokuqala lweviki, abafundi bebuthene ukuhlephula isinkwa, uPawuli watshumayela kubo, elungele ukusuka kusisa, waseselula ilizwi kwaze kwaba phakathi kobusuku.
၇ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
8 Njalo kwakukhona izibane ezinengi endlini ephezulu ababebuthene kiyo.
၈စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။
9 Kwakuhlezi ewindini ijaha elithile ngebizo linguYutikusi, elajunywa yibuthongo obukhulu, uPawuli esetshumayele isikhathi eside, selehlulwe yibuthongo lawela phansi lisuka esitezi sesithathu, laselidojwa lifile.
၉ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော် ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည်ချီ ကြွကြ၏။
10 Kodwa uPawuli wehla waziphosela phezu kwalo, elisingatha wathi: Lingakhathazeki; ngoba umphefumulo walo ukhona kilo.
၁၀ပေါလုသည်လည်းအောက်သို့ ဆင်း၍သူ၏ အပေါ်သို့ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ် သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ ဟုဆို၍ တက်ပြန် လေ၏။
11 Esenyukile njalo esehlephule isinkwa wadla, wakhuluma labo isikhathi eside kwaze kwasa, ngokunjalo wahamba.
၁၁မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည် တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။
12 Basebemletha umfana ephila, basebeduduzwa hatshi lakancane.
၁၂အသက်ရှင်လျက်ရှိသောထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။
13 Kodwa thina, sesihambe phambili ukuya emkhunjini, sasuka ngomkhumbi saya eAsosi, lapho siqonde ukumkhweza uPawuli; ngoba wayemisile ngokunjalo, yena ebezahamba ngenyawo.
၁၃ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကို ခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။
14 Njalo esehlangene lathi eAsosi, samkhweza safika eMithilene,
၁၄အဿုမြို့၌ သူသည်ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။
15 sasuka lapho ngomkhumbi, kusisa safika maqondana leKiyosi; langomhlomunye sasondela eSamosi; sasesihlala eTrogiliumu, ngolulandelayo safika eMilethu.
၁၅ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာရှောက်သွား၍ နောက်တနေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တနေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။
16 Ngoba uPawuli wayezimisele ukuyiceza iEfesu ngomkhumbi, ukuze angalibali eAsiya; ngoba wayephanga, nxa kwakungenzeka kuye, ukuba seJerusalema ngosuku lwePentekoste.
၁၆ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှါ ကြိုးစား သည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာ မနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်း လျက်ရှိနှင့်သတည်း။
17 Kwathi eseMilethu wathumela eEfesu wabizela kuye abadala bebandla.
၁၇မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။
18 Kwathi sebefikile kuye, wathi kubo: Liyazi lina, ukuthi kusukela osukwini lokuqala lokufika kwami eAsiya, ngangihlezi njani isikhathi sonke phakathi kwenu,
၁၈သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင် အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။
19 ngakhonza iNkosi ngokuthobeka konke langezinyembezi ezinengi langezilingo ezangehlela ngamaqhinga amaJuda;
၁၉အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။
20 ukuthi angigodlanga lutho ngayo olusizayo, ukungatshumayeli kini lokungalifundisi obala, lakuzindlu ngezindlu,
၂၀သင်တို့အကျိုးတစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌၎င်း၊ သင်တို့အားဟောပြော ၍ ဆုံးမဩဝါဒ ပေးသဖြင့်၊
21 ngifakaza kumaJuda kanye lakumaGriki ukuphendukela kuNkulunkulu, lokholo ngakuyo iNkosi yethu uJesu Kristu.
၂၁ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကို၎င်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့ သိကြ၏။
22 Lakhathesi khangelani, mina ngiya eJerusalema ngibotshwe nguMoya, ngingakwazi okuzangehlela phakathi kwayo,
၂၂ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကိုမသိ။
23 ngaphandle kokuthi uMoya oyiNgcwele uyafakaza emizini yonke esithi izibopho lezinhlupheko zingilindele.
၂၃သို့သော်လည်းချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသော ဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အား သက်သေခံတော်မူ၏။
24 Kodwa angikhathaleli lutho lwalezizinto, lempilo yami angiyenzi into eligugu kimi, ukuze ngiphelelise uhambo lwami ngentokozo, lenkonzo engayemukela eNkosini uJesu, eyokufakaza ivangeli elomusa kaNkulunkulu.
၂၄သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊
25 Njalo khathesi khangelani, mina ngiyazi ukuthi kalisayikubona ubuso bami lina lonke, engihamba phakathi kwenu ngitshumayela umbuso kaNkulunkulu.
၂၅ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို မမြင်ရကြဟုငါသိ၏။
26 Ngakho ngiyafakaza kini ngalolusuku lwalamuhla, ukuthi mina ngimsulwa egazini labo bonke;
၂၆ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ် သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ ၏။
27 ngoba kangigodlanga ukuthi ngilitshumayeze lonke icebo likaNkulunkulu.
၂၇ဘုရားသခင်၏အလိုတော်ကိုသင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲ မရှောင်ဘဲပြုခဲ့ပြီ။
28 Ziqapheleni-ke lina lomhlambi wonke, alibeke phakathi kwawo uMoya oyiNgcwele ukuthi libe ngababonisi, bokwelusa ibandla likaNkulunkulu, azithengele lona ngegazi lakhe uqobo.
၂၈ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
29 Ngoba mina ngiyazi lokhu, ukuthi emva kokuhamba kwami kuzangena impisi eziphangayo phakathi kwenu, zingawuyekeli umhlambi;
၂၉အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊
30 laphakathi kwenu ngokwenu kuzavela amadoda ekhuluma izinto eziduhisayo, ukuhugela abafundi ngemva kwawo.
၃၀တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း ငါသိ၏။
31 Ngakho lindani, likhumbule ukuthi okweminyaka emithathu ebusuku lemini kangimanga ukuleluleka omunye lomunye ngenyembezi.
၃၁ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြ လော့။
32 Lakhathesi, bazalwane, ngilinikela kuNkulunkulu laselizwini lomusa wakhe, elilamandla okulakha, lokulipha ilifa phakathi kwabo bonke abangcwelisiweyo.
၃၂ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။
33 Kangihawukelanga isiliva kumbe igolide loba isembatho somuntu.
၃၃သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။
34 Lina-ke uqobo lwenu liyazi ukuthi lezizandla zasebenzela inswelo zami lezalabo ababelami.
၃၄ဤလက်တို့သည် ငါ့ကို၎င်း၊ ငါ့အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။
35 Kukho konke ngilitshengisile, ukuthi kumele ukuthi sisize ababuthakathaka sisebenza ngokunjalo, sikhumbule amazwi eNkosi uJesu, ukuthi yena wathi: Kubusisekile kakhulu ukupha kulokwemukela.
၃၅ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊
36 Njalo esetshilo lezizinto, waguqa ngamadolo akhe, wakhuleka labo bonke.
၃၆ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ၏။
37 Kwaba khona ukukhala inyembezi kakhulu kwabo bonke; basebewela entanyeni kaPawuli bamanga,
၃၇ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ၏။
38 belosizi kakhulu ngelizwi alitshoyo, elokuthi kabasayikubona ubuso bakhe. Basebemphelekezela baya laye emkhunjini.
၃၈နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။