< 2 USamuyeli 19 >
1 Kwasekubikwa kuJowabi kwathiwa: Khangela, inkosi uDavida iyakhala inyembezi, ililela uAbisalomu.
၁ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည် တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ၏။
2 Ukunqoba ngalolosuku kwasekusiba yisililo ebantwini bonke, ngoba abantu bezwa ngalolosuku kuthiwa: Inkosi idabukile ngenxa yendodana yayo.
၂ထိုနေ့၌အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ ကြား၍၊
3 Abantu basebengena ngokunyenya emzini ngalolosuku njengabantu benyenya belenhloni bebaleka empini.
၃စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။
4 Kodwa inkosi yagubuzela ubuso bayo, inkosi yakhala ngelizwi elikhulu yathi: Ndodana yami Abisalomu, Abisalomu, ndodana yami, ndodana yami!
၄ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗ ရှလုံ၊ ငါ့သား၊ ငါ့သားဟု ကြီးသောအသံ နှင့် ငိုကြွေးတော်မူ၏။
5 UJowabi wasengena endlini enkosini wathi: Lamuhla uyangisile ubuso benceku zakho zonke ezisindise impilo yakho lamuhla lempilo yamadodana akho leyamadodakazi akho lempilo yabomkakho lempilo yabafazi bakho abancane.
၅ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏ အသက်မှစ၍ သားတော် သမီးတော်၊ မိဖုရားမောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့အရှက်ကွဲစေတော်မူပြီ။
6 Uyabathanda abakuzondayo, uzonde abakuthandayo. Ngoba ukuveze obala lamuhla ukuthi izinduna lezinceku kazisilutho kuwe; ngoba ngiyananzelela lamuhla ukuthi uba uAbisalomu ubephila, njalo thina sonke besifile lamuhla, ukuthi bekungabe kulungile emehlweni akho.
၆ရန်သူတို့ကိုချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင်ပါ၏။
7 Ngakho-ke sukuma, uphume uyekhuluma enhliziyweni yezinceku zakho; ngoba ngifunga ngeNkosi, uba ungaphumi, sibili kakulamuntu ozahlala lawe ngalobubusuku. Lalokhu kuzakuba kubi kuwe kulakho konke okubi okukwehlele kusukela ebutsheni bakho kuze kube khathesi.
၇ယခုမှာထတော်မူပါ။ ကြွ၍ကိုယ်တော်ကျွန် တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ။ ကြွတော်မမူ လျှင် ယနေ့ညမှာ အထံတော်၌ လူတယောက်မျှမနေပါ။ ထိုအမှုသည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသော အမှုထက်သာ၍ ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော်၊
8 Inkosi yasisukuma, yahlala esangweni. Batshela bonke abantu bathi: Khangela, inkosi ihlezi esangweni; basebesiza abantu bonke phambi kwenkosi. UIsrayeli wayebaleke-ke, ngulowo lalowo waya emathenteni akhe.
၈ရှင်ဘုရင်သည် ထ၍တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။
9 Njalo abantu bonke babephikisana ezizweni zonke zakoIsrayeli besithi: Inkosi yasikhulula esandleni sezitha zethu, njalo yona yasophula esandleni samaFilisti; kodwa khathesi isibalekile elizweni ngenxa kaAbisalomu.
၉ထိုနောက်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူ တို့လက်မှ ငါတို့ကိုကယ်နှုတ်တော်မူပြီ။ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။
10 Kodwa uAbisalomu esamgcoba ukuthi abe phezu kwethu ufele empini. Pho-ke, lithuleleni ngokubuyisa inkosi?
၁၀ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက်ပွဲ၌သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
11 Inkosi uDavida yasithuma kuZadoki lakuAbhiyatha abapristi, isithi: Khulumani labadala bakoJuda lithi: Kungani lingabokucina ukubuyisela inkosi endlini yayo? (Ngoba inkulumo kaIsrayeli wonke ifike enkosini endlini yayo.)
၁၁ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဖာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒ အမျိုးသက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသား အပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။
12 Lingabafowethu, lilithambo lami lenyama yami; ngakho kungani lingabokucina ukubuyisa inkosi?
၁၂သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသား ဖြစ်၍၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့် နောက်ကျကြသနည်းဟူ၍၎င်း၊
13 Lithi-ke kuAmasa: Angithi ulithambo lami lenyama yami? UNkulunkulu kenze njalo kimi engezelele ngokunjalo, uba ungayikuba yinduna yebutho phambi kwami zonke izinsuku esikhundleni sikaJowabi.
၁၃အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့ အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့ မှာ ယွာဘ၏ကိုယ်စားအစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍၎င်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။
14 Wasethobisa inhliziyo yabantu bonke bakoJuda, njengamuntu munye; basebethuma enkosini besithi: Buyela wena lazo zonke inceku zakho.
၁၄ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။
15 Inkosi yasibuyela yafika eJordani; uJuda wasesiza eGiligali ukuyahlangabeza inkosi, ukuchaphisa inkosi iJordani.
၁၅ထိုအခါ ရှင်ဘုရင်သည် ပြန်၍ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီး ဦးကြိုပြု၍ ယော်ဒန်မြစ်တဘက်သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွားကြ၏။
16 UShimeyi indodana kaGera umBhenjamini, owaseBahurimi, wasephangisa wehla labantu bakoJuda ukuhlangabeza inkosi uDavida,
၁၆ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ၏။
17 labantu abayinkulungwane bakoBhenjamini belaye, loZiba inceku yendlu kaSawuli, lamadodana akhe alitshumi lanhlanu, lenceku zakhe ezingamatshumi amabili belaye. Basebephangisa baya eJordani phambi kwenkosi.
၁၇သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သားတကျိပ် ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။
18 Kwasekuchapha isikepe sokuchapha ukuchaphisa abendlu yenkosi lokwenza okulungileyo emehlweni ayo. UShimeyi indodana kaGera wasewela phansi phambi kwenkosi ekuchapheni kwayo iJordani.
၁၈ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ၎င်း၊ အလိုတော်ကိုဆောင်ခြင်းငှါ၎င်း၊ သွားလာလျက် ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပြပ်ဝပ်၍၊
19 Wasesithi enkosini: Inkosi yami ingangibaleli isiphambeko, futhi ungakhumbuli lokho inceku yakho eyaphambeka ngakho mhla inkosi yami, inkosi, iphuma eJerusalema, ukuthi inkosi ikubeke enhliziyweni yayo.
၁၉ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်း တော်မမူပါနှင့်။
20 Ngoba inceku yakho iyazi ukuthi mina ngonile; khangela-ke, ngifikile lamuhla ngingowokuqala wendlu yonke kaJosefa ukwehla ukuhlangabeza inkosi yami, inkosi.
၂၀ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ် တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ လာပါပြီဟု လျှောက် လေ၏။
21 Kodwa uAbishayi indodana kaZeruya waphendula wathi: UShimeyi kayikubulawa yini ngalokhu, ngoba wathuka ogcotshiweyo weNkosi?
၂၁ဇေရုယာသား အဘိရှဲကလည်း၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော ဟုဆိုသော်၊
22 UDavida wasesithi: Ngilani lani, madodana kaZeruya, ukuthi libe yisitha kimi lamuhla? Kuzabulawa umuntu lamuhla koIsrayeli yini? Ngoba kangazi yini ukuthi lamuhla ngiyinkosi phezu kukaIsrayeli?
၂၂ဒါဝိဒ်က၊ အိုဇေရုယာသားတို့၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟုမိန့်တော်မူ၍၊
23 Inkosi yasisithi kuShimeyi: Kawuyikufa. Inkosi yasifunga kuye.
၂၃ရှိမိအားလည်း၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ၏။
24 UMefiboshethi indodana kaSawuli wasesehla ukuhlangabeza inkosi. Wayengalungisanga inyawo zakhe, engalungisanga lendevu zakhe, engawatshanga lezigqoko zakhe, kusukela mhla inkosi ihamba kwaze kwaba mhla ibuya ngokuthula.
၂၄ရှောလု၏သားမေဖိဗောရှက်သည်လည်း ရှင် ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ လာ၏။ ရှင်ဘုရင်ထွက် သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော် မမူမှီတိုင်အောင်၊ သူသည် ခြေတို့ကိုမပြုစု၊ မုတ်ဆိတ်ကို မပြင်ဆင်၊ အဝတ် ကို မလျှော်ဘဲနေပြီ။
25 Kwasekusithi esefikile eJerusalema ukuhlangabeza inkosi, inkosi yathi kuye: Kungani ungahambanga lami, Mefiboshethi?
၂၅ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ယေရုရှလင်မြို့ သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော် မူလျှင်၊
26 Wasesithi: Nkosi yami, nkosi, inceku yami yangikhohlisa; ngoba inceku yakho yathi: Ngizazibophelela isihlalo kubabhemi ukuze ngimgade, ngihambe lenkosi, ngoba inceku yakho iyaqhula.
၂၆အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွားခြင်းငှါ မြည်းကိုကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန် သည် ကျွန်တော်ကို လှည့်စားပါ၏။
27 Njalo iyihlebile inceku yakho enkosini yami, inkosi; kodwa inkosi yami, inkosi, injengengilosi kaNkulunkulu; ngakho yenza okulungileyo emehlweni akho.
၂၇အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။
28 Ngoba yonke indlu kababa ibingesilutho ngaphandle kokuba ngabantu bokufa phambi kwenkosi yami, inkosi; loba kunjalo wayibeka inceku yakho phakathi kwabadla etafuleni lakho. Pho, ngiselalungelo bani ukuthi ngibuye ngikhale enkosini?
၂၈ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင် မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲ တော်၌ စားသောသူတို့နှင့် အတူကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊
29 Inkosi yasisithi kuye: Usakhulumelani ngendaba zakho? Ngithe: Wena loZiba lizakwehlukaniselana insimu.
၂၉ရှင်ဘုရင်က သင်၏အမှုအရာတို့ကို အဘယ် ပြောစရာရှိသနည်း။ သင်နှင့်ဇိဘသည်မြေကို ဝေ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ၏။
30 UMefiboshethi wasesithi enkosini: Yebo, kayithathe yonke, lokhu inkosi yami, inkosi, isibuyile endlini yayo ngokuthula.
၃၀မေဖိဗောရှင်ကလည်း၊ အရှင်မင်းကြီးသည် နန်းတော်သို့တဖန် ငြိမ်ဝပ်စွာရောက်တော်မူသော ကြောင့်၊ သူသည်အလုံစုံတို့ကိုပင် ယူပါစေဟု လျှောက် လေ၏။
31 UBarizilayi umGileyadi wasesehla evela eRogelimi, wachapha iJordani kanye lenkosi ukuyiphelekezela phetsheya kweJordani.
၃၁ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တဘက်သို့ ပို့ခြင်းငှါ ကိုယ်တော်နှင့်အတူ ကူးလေ၏။
32 UBarizilayi wayesemdala kakhulu, eleminyaka engamatshumi ayisificaminwembili; yena wayisekela inkosi ekuhlaleni kwayo eMahanayimi, ngoba wayengumuntu omkhulu kakhulu.
၃၂ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ၍ အိုသော သူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ်မြို့မှာ တပ်ချသော ကာလပတ်လုံးရှင်ဘုရင်ကို လုပ်ကျွေး၏။ အလွန်ရတတ် သော သူလည်းဖြစ်၏။
33 Inkosi yasisithi kuBarizilayi: Chapha kanye lami wena, ngizakusekela lami eJerusalema.
၃၃ရှင်ဘုရင်ကလည်း ငါနှင့်အတူ လိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင်၊
34 Kodwa uBarizilayi wasesithi enkosini: Zingaki insuku zeminyaka yempilo yami ukuthi ngenyukele eJerusalema lenkosi?
၃၄ဗာဇိလဲက၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင် မြို့သို့ သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက်ကျန်ကြွင်းပါသေးသနည်း။
35 Lamuhla ngileminyaka engamatshumi ayisificaminwembili; ngingehlukanisa phakathi kokuhle lokubi yini? Inceku yakho inganambitha engikudlayo lengikunathayo yini? Ngingabe ngisawezwa yini amazwi amadoda ahlabelayo lawabesifazana abahlabelayo? Kungani-ke inceku yakho isizakuba ngumthwalo enkosini yami, inkosi?
၃၅ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော် ပိုင်းခြား၍ သိနိုင်ပါ မည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီးချင်းသည်မိန်းမဆိုသောအသံကိုကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည်အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
36 Inceku yakho izake ichaphe iJordani ingcosana nje kanye lenkosi; kungani-ke inkosi izangenanisa ngomvuzo ongaka?
၃၆ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့် အတူ ယော်ဒန်မြစ်တဘက်သို့ အနည်းငယ်လိုက်ပါမည်။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ် ကြောင့် ချပေးတော်မူမည်နည်း။
37 Ngiyakuncenga, yekela inceku yakho ibuyele, ukuze ngifele emzini wami eduze lengcwaba likababa lelikamama. Kodwa khangela, inceku yakho uKhimihamu, kayichaphe lenkosi yami, inkosi, uyenzele okulungileyo emehlweni akho.
၃၇ကိုယ်တော်ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း၊ ပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ သို့ရာတွင် ကိုယ်တော်ကျွန်ခိမဟံ ရှိပါ၏။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်းသူ၌ ပြုတော်မူပါဟု လျှောက် လေ၏။
38 Inkosi yasisithi: UKhimihamu uzachapha lami; njalo mina ngizamenzela okulungileyo emehlweni ami, lakho konke okufunayo kimi ngizakwenzela khona.
၃၈ရှင်ဘုရင်ကလည်း၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင် အလိုရှိသည်အတိုင်းသူ၌ ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဘို့ ငါပြုမည်ဟု မိန့်တော်မူ၏။
39 Bonke abantu basebechapha iJordani, lenkosi yachapha, inkosi yamanga uBarizilayi, yambusisa, wasebuyela endaweni yakhe.
၃၉လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ၏။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ၊ ဗာဇိလဲကို နမ်း၍ ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် မိမိနေရာ သို့ ပြန်သွား၏။
40 Inkosi yasisedlulela eGiligali, loKhimihamu wedlula layo; labo bonke abantu bakoJuda bayidlulisela phambili inkosi, futhi lengxenye yesizwe sakoIsrayeli.
၄၀ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ၏။ ခိမဟံသည်လည်း လိုက်လေ၏။ ယုဒအမျိုးသားရှိသမျှ တို့နှင့် ဣသရေလအမျိုး သားတဝက်တို့သည် ရှင်ဘုရင် ကို ပို့ကြ၏။
41 Khangela-ke, bonke abantu bakoIsrayeli beza enkosini bathi enkosini: Abafowethu, abantu bakoJuda, bakuntshontsheleni, bachaphisa inkosi lendlu yayo iJordani labo bonke abantu bakaDavida belaye?
၄၁တဖန်ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ် သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကို ခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သားကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တဘက်သို့ ပို့ရကြမည် နည်းဟုလျှောက်ကြသော်၊
42 Bonke abantu bakoJuda basebephendula amadoda akoIsrayeli bathi: Ngoba inkosi iyisihlobo sethu; pho-ke, lithukuthelelani ngalindaba? Sike sadlani okwenkosi? Kumbe isinike isipho yini?
၄၂ယုဒအမျိုးသားအပေါင်းတို့က၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဘော်တော်သည်ဖြစ်၍၊ ဤအမှု၌ သင်တို့ သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစုံတခု သော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုး သားတို့အား ပြန်ပြောကြ၏။
43 Njalo amadoda akoIsrayeli aphendula amadoda akoJuda, athi: Silengxenye ezilitshumi enkosini, futhi lakuDavida silelungelo okwedlula lina. Pho, lasidelelelani ukuthi ilizwi lethu lingabi ngelokuqala ukubuyisa inkosi yethu? Kodwa ilizwi lamadoda akoJuda lalilukhuni kulelizwi lamadoda akoIsrayeli.
၄၃ဣသရေလအမျိုးသားတို့ကလည်း၊ ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေးဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလ အမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့ စကားသည်သာ၍ ခိုင်ခံ့၏။