< 2 USamuyeli 12 >
1 INkosi yasithuma uNathani kuDavida. Wasefika kuye wathi kuye: Kwakukhona amadoda amabili emzini owodwa; enye inothile, lenye ingumyanga.
၁ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား``အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။-
2 Enothileyo yayilezimvu lenkomo ezinengi kakhulu.
၂သူဌေးတွင်နွားနှင့်သိုးအမြောက်အမြားရှိ၏။-
3 Kodwa engumyanga yayingelalutho ngaphandle kwewundlu elincinyane elilodwa elisikazi eyayilithengile, yalondla; lakhula layo, njalo labantwana bayo ndawonye. Ladla okocezu lwayo, lanatha okwenkezo yayo; lalala esifubeni sayo, lalinjengendodakazi kiyo.
၃သူဆင်းရဲ၌ကားမိမိဝယ်ထားသောသိုးကလေး တစ်ကောင်သာရှိ၏။ သူသည်ထိုသိုးငယ်ကိုကြည့်ရှု စောင့်ရှောက်၏။ သိုးငယ်သည်သမီးသဖွယ်အိမ်တွင် သားသမီးများနှင့်အတူကြီးပြင်းလာသည်။ သူသည်သိုးငယ်အားမိမိစားသည့်အစား အစာကိုကျွေးတတ်၏။ မိမိ၏သောက်ရေခွက် မှရေကိုတိုက်၍ပေါင်ပေါ်တွင်ချီပွေ့ထား တတ်၏။-
4 Kwasekufika isihambi endodeni enothileyo; yasiyekela ukuthatha ezimvini zayo lenkomeni zayo ukulungisela isihambi esasifike kiyo, kodwa yathatha iwundlu elisikazi lendoda engumyanga, yalilungisela umuntu owayefike kiyo.
၄တစ်နေ့သ၌သူဌေး၏အိမ်သို့ဧည့်သည်တစ် ယောက်ရောက်ရှိလာ၏။ သူဌေးသည်ဧည့်ဝတ် ပြုရန်အတွက်မိမိ၏သိုးနွားကိုမသတ် လိုသဖြင့် သူဆင်းရဲ၏သိုးငယ်ကိုယူ၍ သတ်ပြီးလျှင်ဧည့်သည်အားကျွေးမွေးရန် ချက်ပါ၏'' ဟုလျှောက်၏။
5 Ulaka lukaDavida lwaseluvuthela lowomuntu kakhulu, wathi kuNathani: Kuphila kukaJehova, isibili umuntu owenze lokho uyindodana yokufa.
၅ထိုအခါဒါဝိဒ်သည်ထိုသူဌေးအားလွန်စွာ အမျက်ထွက်သဖြင့်``ဤသို့သောအမှုကိုပြုသူ သည်သေဒဏ်ခံသင့်ကြောင်းအသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆိုပါ၏။-
6 Njalo uzalibuyisela iwundlu elisikazi liphindwe kane, ngenxa yokuthi enze le into langenxa yokuthi engabanga lozwelo.
၆သူသည်ဤသို့ရက်စက်သည့်အမှုကိုပြုသည့် အတွက် မိမိယူထားသည့်သိုးငယ်တစ်ကောင် အစားလေးဆပြန်၍ပေးလျော်စေရမည်'' ဟုမိန့်တော်မူ၏။
7 UNathani wasesithi kuDavida: Nguwe lowomuntu! Itsho njalo iNkosi uNkulunkulu kaIsrayeli: Ngakugcoba waba yinkosi phezu kukaIsrayeli, ngakukhulula esandleni sikaSawuli.
၇နာသန်က``ထိုသူကားအရှင်မင်းကြီးပင်ဖြစ် ပါ၏။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်ကို ဣသရေလဘုရင်အဖြစ်ခန့်ထား၍ရှောလု လက်မှကယ်ဆယ်ခဲ့၏။-
8 Ngakunika indlu yenkosi yakho labafazi benkosi yakho esifubeni sakho, ngakunika indlu kaIsrayeli lekaJuda; uba-ke bekukuncinyane, bengingakwengezelela okunje lokunje.
၈သင့်အားရှောလု၏နိုင်ငံနှင့်မိဖုရားတို့ ကိုပေးအပ်ခဲ့၏။ ဣသရေလပြည်နှင့်ယုဒ ပြည်တို့ကိုအစိုးရသောဘုရင်ဖြစ်စေခဲ့၏။ အကယ်၍ဤမျှနှင့်မလုံလောက်သေးပါ မူငါသည်သင့်အားနှစ်ဆတိုး၍ပေးဦး မည်ဖြစ်သည်။-
9 Udeleleleni ilizwi leNkosi ukuthi wenze okubi emehlweni ayo? U-Uriya umHethi umtshayile ngenkemba, lomkakhe wamthatha waba ngumkakho, laye umbulele ngenkemba yabantwana bakoAmoni.
၉သင်သည်အဘယ်ကြောင့်ငါ၏အမိန့်တော် ကိုမနာခံသနည်း။ အဘယ်ကြောင့်ဤဆိုး ညစ်မှုကိုပြုဘိသနည်း။ သင်သည်ဥရိယ အားစစ်ပွဲတွင်ကျဆုံးစေခဲ့၏။ အမ္မုန်ပြည် သားတို့အားသူ့ကိုသတ်ခွင့်ပေးပြီးလျှင် သူ ၏ဇနီးကိုသိမ်းပိုက်ခဲ့ပါသည်တကား။-
10 Ngakho-ke inkemba kayiyikusuka endlini yakho kuze kube nininini, ngenxa yokuthi ungidelele, wathatha umkaUriya umHethi ukuthi abe ngumkakho.
၁၀သင်သည်ငါ့အမိန့်တော်ကိုမနာခံဘဲ ဥရိယ၏ဇနီးကိုသိမ်းယူသောကြောင့် သင်၏ဆွေစဉ်မျိုးဆက်တိုင်း၌သေခြင်း ဆိုးဖြင့်သေရသူများရှိလိမ့်မည်။-
11 Itsho njalo iNkosi: Khangela, ngizakuvusela okubi kuvela endlini yakho, ngithathe omkakho phambi kwamehlo akho, ngibanike umakhelwane wakho, alale labomkakho phambi kwalelilanga.
၁၁ငါသည်သင်၏မိသားစုထဲမှပင်သင့်အား ဒုက္ခပေးမည့်သူတစ်ဦးကိုပေါ်ပေါက်လာ စေမည်။ သင်၏မယားများကိုအခြားသူ အားငါပေးအပ်သည်ကိုသင်မြင်ရလိမ့်မည်။ ထိုသူသည်သင်၏မယားတို့နှင့်နေ့ခင်း ကြောင်တောင်၌ကိုယ်လက်နှီးနှောမှုကိုပြု လိမ့်မည်။-
12 Ngoba wena wakwenza ensitha, kodwa mina ngizakwenza le into phambi kukaIsrayeli wonke laphambi kwelanga.
၁၂သင်သည်ထိုအပြစ်ကိုဆိတ်ကွယ်ရာ၌ပြု ခဲ့၏။ ငါမူကားဣသရေလအမျိုးသား တစ်ရပ်လုံးတွေ့မြင်နိုင်ရန် ထိုအမှုကိုနေ့ ခင်းကြောင်တောင်၌ဖြစ်ပွားစေမည်' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆို၏။
13 UDavida wasesithi kuNathani: Ngonile eNkosini. UNathani wasesithi kuDavida: LeNkosi isusile isono sakho; kawuyikufa.
၁၃ဒါဝိဒ်က``အကျွန်ုပ်သည်ထာဝရဘုရားကို ပြစ်မှားမိပါပြီ'' ဟုဝန်ချလျှင်နာသန် က``ထာဝရဘုရားသည်သင်၏အပြစ်ကို ဖြေလွှတ်၍သေဒဏ်မှချမ်းသာစေတော် မူပြီ။-
14 Loba kunjalo, ngoba wenze izitha zeNkosi zidelele lokudelela ngalindaba, laye umntwana ozalelwe wena uzakufa lokufa.
၁၄သို့ရာတွင်သင်သည်ထိုအပြစ်ကိုကူးလွန် ရာတွင် ထာဝရဘုရားအားလွန်စွာမထီ မဲ့မြင်ပြုရာရောက်သဖြင့်သင့်ကလေး သည်သေရလိမ့်မည်'' ဟုဆင့်ဆိုပြီးလျှင်၊-
15 UNathani wasesiya endlini yakhe. INkosi yasimtshaya umntwana umkaUriya amzalela uDavida, wagula kakhulu.
၁၅အိမ်သို့ပြန်လေ၏။ ဥရိယ၏ဇနီးနှင့်ဒါဝိဒ်ရသောကလေး ငယ်ကို ထာဝရဘုရားသည်ပြင်းစွာဖျား နာစေတော်မူ၏။-
16 Ngakho uDavida wamncengela umntwana kuNkulunkulu; uDavida wasezila izilo lokudla, wangena, walala emhlabathini ubusuku bonke.
၁၆ဒါဝိဒ်သည်ထိုကလေးကျန်းမာလာစေရန် ဘုရားသခင်အားဆုတောင်းပတ္ထနာပြု၏။ မင်းကြီးသည်အဘယ်အစားအစာကိုမျှ မစား။ ညစဉ်ညတိုင်းမိမိ၏အခန်းသို့ဝင် ပြီးလျှင် ကြမ်းပြင်ပေါ်တွင်တစ်ညဥ့်လုံးလှဲ လျောင်းလျက်နေ၏။-
17 Abadala bendlu yakhe basebesukuma baya kuye ukumvusa emhlabathini; kodwa kafunanga, futhi kadlanga ukudla labo.
၁၇နန်းတွင်းအရာရှိများသည်လာ၍သူ့အား ကြိုးစားပြီးအထခိုင်းကြသော်လည်း မင်း ကြီးသည်ငြင်းဆန်လျက်သူတို့နှင့်အတူ အစားအစာသုံးဆောင်တော်မမူ။-
18 Kwasekusithi ngosuku lwesikhombisa umntwana wafa. Izinceku zikaDavida zasezisesaba ukumtshela ukuthi umntwana ufile; ngoba zathi: Khangela, umntwana esaphila sakhuluma laye, kalalelanga ilizwi lethu; pho, singamtshela njani ukuthi umntwana ufile? Angazilimaza.
၁၈သီတင်းတစ်ပတ်မျှကြာသောအခါကလေး ငယ်သည်သေဆုံးသွားသဖြင့် ဒါဝိဒ်၏မှူး မတ်တို့သည်ထိုသတင်းကိုသူ့အားမပြော ဝံ့ကြ။ သူတို့က``ကလေးငယ်အသက်ရှင် လျက်ရှိစဉ်အခါ၌မင်းကြီးသည် ငါတို့ လျှောက်ထားချက်များကိုပြန်၍ပင်ဖြေ ကြားတော်မမူပါ။ သို့ဖြစ်၍ကလေးငယ် သေကြောင်းကိုသူ့အားငါတို့အဘယ်သို့ လျှောက်ထားနိုင်ပါမည်နည်း။ သူသည်မိမိ ကိုယ်ကိုအန္တရာယ်ပြုကောင်းပြုလိမ့်မည်''ဟု ဆိုကြ၏။
19 Kodwa uDavida ebona ukuthi inceku zakhe ziyanyenyezelana, uDavida waqedisisa ukuthi umntwana usefile; ngakho uDavida wathi ezincekwini zakhe: Umntwana usefile yini? Zasezisithi: Usefile.
၁၉ဒါဝိဒ်သည်ထိုသူတို့အချင်းချင်းတီးတိုး ပြောဆိုနေကြသည်ကိုမြင်လျှင် ကလေး သေကြောင်းကိုရိပ်မိသဖြင့်သူတို့အား``ကလေး သေပြီလော'' ဟုမေး၏။ သူတို့ကလည်း``မှန်လှပါ၊ ကလေးသေပါပြီ'' ဟုလျှောက်ကြ၏။
20 UDavida wasevuka emhlabathini, wageza, wagcoba, wantshintsha izigqoko zakhe, wangena endlini yeNkosi, wakhonza; wasesiya endlini yakhe, wacela, babeka ukudla phambi kwakhe, wadla.
၂၀ဒါဝိဒ်သည်ကြမ်းပြင်ပေါ်မှထ၍ ရေချိုး ခေါင်းဖီးပြီးလျှင်အဝတ်အစားများကို လဲ၏။ ထိုနောက်ထာဝရဘုရား၏အိမ်တော် သို့သွား၍ဝတ်ပြုကိုးကွယ်၏။ နန်းတော် သို့ပြန်လည်ရောက်ရှိလာသောအခါမင်း ကြီးသည် စားသောက်ဖွယ်တို့ကိုတောင်း၍ ချက်ချင်းပင်စားတော်ခေါ်လေသည်။-
21 Inceku zakhe zasezisithi kuye: Iyini le into oyenzileyo? Ngenxa yomntwana ophilayo uzile ukudla wakhala inyembezi; kodwa lapho umntwana esefile, uvukile wadla isinkwa.
၂၁မှူးမတ်များက``အကျွန်ုပ်တို့သည်အရှင်ပြု တော်မူပုံကိုနားမလည်နိုင်ကြပါ။ အရှင် သည်ကလေးအသက်ရှင်နေစဉ်အခါက ငိုယိုလျက်အစားအစာကိုမစားဘဲနေ ပါ၏။ သို့ရာတွင်ယခုကလေးသေဆုံးသည် နှင့်တစ်ပြိုင်နက်ထ၍စားတော်ခေါ်ပါသည် တကား'' ဟုလျှောက်ထားကြ၏။
22 Wasesithi: Umntwana esaphila, ngizile ukudla, ngakhala inyembezi, ngoba ngathi: Ngubani owaziyo iNkosi ingangihawukela ukuthi umntwana aphile.
၂၂ဒါဝိဒ်ကလည်း``ကလေးအသက်ရှင်နေစဉ် အခါ၌ငါသည်အစာရှောင်လျက်ငိုယို လျက်နေသည်မှာမှန်ပါ၏။ ထာဝရဘုရား သည်ငါ့ကိုသနားသဖြင့် ကလေး၏အသက် ကိုချမ်းသာပေးလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။-
23 Kodwa khathesi usefile, ngizazilelani? Ngilakho ukumbuyisa yini futhi? Ngizakuya kuye, kodwa yena kayikubuyela kimi.
၂၃သို့သော်ယခုမှာကလေးသေဆုံးပြီဖြစ် ၍ငါသည် အဘယ်ကြောင့်အစာရှောင်ရမည် နည်း။ ငါသည်ကလေးအားအသက်ပြန်၍ ရှင်စေနိုင်မည်လော။ တစ်နေ့သောအခါ၌ ငါသည်သူရှိရာအရပ်သို့သွားရလိမ့်မည်။ သူမူကားငါ့ထံသို့အဘယ်အခါမျှ ပြန်လာနိုင်တော့မည်မဟုတ်'' ဟုပြန်၍ မိန့်တော်မူ၏။
24 UDavida wasemduduza uBathisheba umkakhe, wangena kuye, walala laye; wazala indodana, wabiza ibizo layo wathi nguSolomoni. UJehova wasemthanda.
၂၄ထိုနောက်ဒါဝိဒ်သည်သူ၏မိဖုရားဗာသ ရှေဘအား နှစ်သိမ့်စေပြီးနောက်သူနှင့်ကိုယ် လက်နှီးနှောမှုကိုပြု၏။ ဗာသရှေဘသည် လည်းသားယောကျာ်းလေးကိုဖွားမြင်လေ သည်။ ထိုသားကိုဒါဝိဒ်သည်ရှောလမုန်ဟု နာမည်မှည့်၏။ ထာဝရဘုရားသည်ထို သူငယ်ကိုချစ်မြတ်နိုးတော်မူသဖြင့်၊-
25 Wasethuma ngesandla sikaNathani umprofethi, wabiza ibizo layo wathi nguJedidiya, ngenxa kaJehova.
၂၅မိမိချစ်မြတ်နိုးမှုကိုထောက်၍ထိုသူငယ် ကိုယေဒိဒိ ဟုနာမည်မှည့်ရန်ပရောဖက်နာသန်အား အမိန့်ပေးတော်မူ၏။
26 UJowabi walwa-ke leRaba eyabantwana bakoAmoni, wathumba umuzi wobukhosi.
၂၆ဤအတောအတွင်း၌ယွာဘသည် အမ္မုန်ပြည် ၏မြို့တော်ရဗ္ဗာမြို့ကိုတိုက်ခိုက်သဖြင့်မြို့ တော်ကျခါနီးသောအခါ၊-
27 UJowabi wasethuma izithunywa kuDavida wathi: Ngilwe leRaba, njalo ngathumba umuzi wamanzi.
၂၇ဒါဝိဒ်ထံသို့``အကျွန်ုပ်သည်ရဗ္ဗာမြို့ကို တိုက်ခိုက်၍ရေကန်ကိုသိမ်းယူပြီးပါပြီ။-
28 Ngakho-ke buthanisa abantu abaseleyo, umise inkamba maqondana lomuzi, uwuthumbe, hlezi mina ngiwuthumbe umuzi, lebizo lami libizwe phezu kwawo.
၂၈အရှင်သည်ကျန်ရှိနေသေးသောစစ်သည် အလုံးအရင်းနှင့်ကြွတော်မူ၍ ထိုမြို့ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည်ထိုမြို့ကို သိမ်းယူသူအဖြစ်ဖြင့်နာမည်ကောင်းမယူ လိုပါ'' ဟုစေတမန်များကိုလွှတ်၍ အစီရင်ခံလေသည်။-
29 UDavida wasebuthanisa bonke abantu, waya eRaba, walwa layo, wayithumba.
၂၉ထို့ကြောင့်ဒါဝိဒ်သည်မိမိ၏စစ်သည်တော် များကိုစုရုံး၍ ရဗ္ဗာမြို့သို့သွားရောက်တိုက် ခိုက်နှိမ်နင်းတော်မူ၏။-
30 Wasethatha umqhele wenkosi ekhanda lakhe, osisindo sawo sasilithalenta legolide lelitshe eliligugu, waba sekhanda likaDavida. Wasekhipha impango yomuzi enengi kakhulu.
၃၀မင်းကြီးသည်မိလကုံနတ်ဘုရားရုပ်တု၏ ဦးခေါင်းမှရွှေသရဖူကိုယူ၍ဆောင်းတော် မူ၏။ ထိုသရဖူကားအလေးချိန်ခွက်တစ် ဆယ်ရှိ၍အဖိုးထိုက်သည့်ကျောက်မျက်တစ် လုံးတပ်ဆင်ထား၏။ မင်းကြီးသည်ကျောက် မျက်ကိုချွတ်၍မိမိသရဖူတွင်တပ်ဆင်၏။ မင်းကြီးသည်ထိုမြို့မှတိုက်ရာပါပစ္စည်း အမြောက်အမြားကိုလည်းသိမ်းယူတော် မူ၏။-
31 Wakhupha labantu ababephakathi kwawo, wababeka emasaheni, lezikhalini ezicijileyo zensimbi, lemahlokeni ensimbi, wabadlulisa emahondweni ezitina; wenza njalo kuyo yonke imizi yabantwana bakoAmoni. UDavida labo bonke abantu basebebuyela eJerusalema.
၃၁ထိုမြို့မှလူတို့အားခေါ်ဆောင်ကာ လွှ၊ ပေါက် တူး၊ ပုဆိန်တို့ဖြင့်လုပ်ကိုင်ရသောအလုပ် ကြမ်းကိုလည်းကောင်း၊ အုတ်ဖုတ်သောအလုပ် ကိုလည်းကောင်းလုပ်စေတော်မူ၏။ မင်းကြီး သည်အမ္မုန်ပြည်၏အခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်လုပ်ကိုင်စေ တော်မူ၏။ ထိုနောက်သူနှင့်သူ၏လူတို့ သည်ယေရုရှလင်မြို့သို့ပြန်သွားကြ၏။