< UJeremiya 41 >

1 Ngenyanga yesikhombisa u-Ishumayeli indodana kaNethaniya, indodana ka-Elishama, owayeyinzalo yesikhosini, njalo owayengomunye wezikhulu zenkosi, waya kuGedaliya indodana ka-Ahikhami eMizipha
သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သားနာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့ သို့လာ၍၊ ထိုမြို့၌တစုတည်းစားသောက်ကြ၏။
2 lamadodana kaNethaniya lamadoda alitshumi ayelaye basukuma bamgwaza ngenkemba uGedaliya indodana ka-Ahikhami, indodana kaShafani, bambulala lowo owayebekwe yinkosi yaseBhabhiloni ukuba ngumbusi welizwe.
ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူ တကျိပ်တို့သည် ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည် အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကိုထားနှင့်ခုတ်၍ သတ်ကြ၏။
3 U-Ishumayeli wabulala lamaJuda wonke ayeloGedaliya eMizipha kanye lamabutho amaKhaladiya ayelapho.
ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိ ထံ၌ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။
4 Ngosuku olwalandela ukubulawa kukaGedaliya, kungakabi lamuntu owayesesazi ngakho,
ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊
5 kwafika amadoda angamatshumi ayisificaminwembili evela eShekhemu, leShilo leSamariya ayephuce indevu zawo izigqoko zawo zidabukile njalo ezisike imizimba, elethe iminikelo yamabele lempepha endlini kaThixo.
ရှေခင်မြို့၊ရှိလောမြို့၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသော ကိုယ်ရှိလျက်၊ ပူဇော သက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ၏။
6 U-Ishumayeli indodana kaNethaniya wasuka eMizipha ukuyawahlangabeza; wahamba ekhala. Ekuhlanganeni kwakhe labo wathi, “Wozani kuGedaliya indodana ka-Ahikhami.”
ထိုသူတို့ကို ကြိုဆိုအံ့သောငှါ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ၏။
7 Kwathi sebengene phakathi kwedolobho u-Ishumayeli indodana kaNethaniya kanye lamadoda ayelaye, bawabulala bawaphosela emgodini.
မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလ နှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်း ထဲသို့ ပစ်ချကြ၏။
8 Kodwa alitshumi awo athi ku-Ishumayeli, “Ungasibulali! Silengqoloyi lebhali, lamafutha loluju, esikufihle egangeni.” Ngakho wawayekela kaze awabulala lamanye.
ထိုသူတို့တွင်ပါသော လူတကျိပ်တို့က၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
9 Umgodi ayephosele kuwo zonke izidumbu zamadoda ayewabulele kanye loGedaliya ngowawenziwe yinkosi u-Asa kuyingxenye yokuzivikela kwakhe kuBhasha inkosi yako-Israyeli. U-Ishumayeli indodana kaNethaniya wawugcwalisa ngezidumbu.
ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။
10 U-Ishumayeli wabenza baba yizigqili bonke abantu ababeseMizipha kubalisa amadodakazi enkosi kanye labanye bonke ababetshiywe khona nguNebhuzaradani umlawuli wabalindi besikhosini, owayebeke uGedaliya indodana ka-Ahikhami ukuba ngumbusi wabo. U-Ishumayeli indodana kaNethaniya wabathumba, wasuka ukuba achaphele kuma-Amoni.
၁၀ထိုအခါအဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန် အပ်သောမင်းသမီးများအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။
11 Kwathi uJohanani indodana kaKhareya kanye lezikhulu zonke zebutho ezazilaye sebezwe konke okubi okwakwenziwe ngu-Ishumayeli indodana kaNethaniya,
၁၁ထိုသို့နာသနိသား ဣရှမေလပြုသော အမှုဆိုး အလုံစုံတို့ကို၊ ကာရသားယောဟနန်နှင့် သူ့ထံ၌ရှိသမျှ သော တပ်မှူးတို့သည်ကြားလျှင်၊
12 bathatha bonke abantu babo bayakulwa lo-Ishumayeli indodana kaNethaniya. Bamfica phansi kwechibi elikhulu eGibhiyoni.
၁၂လူအပေါင်းတို့ကို ခေါ်၍၊ နာသနိသား ဣရှ မေလကိုတိုက်ခြင်းငှါ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နား မှာတွေ့လေ၏။
13 Kwathi abantu bonke ababelo-Ishumayeli bebona uJohanani indodana kaKhareya lezikhulu zebutho ezazilaye, bathaba.
၁၃ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသား ယောဟနန်နှင့်သူ၌ပါသော တပ်မှူး အပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။
14 Bonke abantu u-Ishumayeli ayebathumbe eMizipha baphenduka baya kuJohanani indodana kaKhareya.
၁၄ထိုအခါမိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။
15 Kodwa u-Ishumayeli indodana kaNethaniya labantu bakhe abayisificaminwembili baphunyuka kuJohanani babalekela kuma-Amoni.
၁၅နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသား တို့ထံသို့ သွားလေ၏။
16 Emva kwalokho uJohanani indodana kaKhareya, lezikhulu zonke zebutho ezazilaye, wathatha bonke abasilayo ababevele eMizipha ayebahlenge ku-Ishumayeli indodana kaNethaniya emva kokubulala kwakhe uGedaliya indodana ka-Ahikhami. Kwakungamabutho, labesifazane, labantwana kanye lezikhulu zasemthethwandaba ayezithethe eGibhiyoni.
၁၆ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎င်း၊ မိဇပါမြို့မှ၎င်းနှုတ်၍ ကျန်ကြွင်းသော သူတည်း ဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ် များ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန်၍၊
17 Baqhubeka bahamba, bayakuma eGeruthi Khimihami eduze leBhethilehema, besiya eGibhithe
၁၇ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား၍ နေကြ၏။
18 ukuba babalekele amaKhaladiya. Babewesaba ngoba u-Ishumayeli indodana kaNethaniya wayebulele uGedaliya indodana ka-Ahikhami owayebekwe yinkosi yaseBhabhiloni ukuba abe ngumbusi welizwe.
၁၈အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိ သား ဣရှမေလသတ်သောကြောင့်၊ ခါလဒဲလူတို့ကို ကြောက်ကြ၏။

< UJeremiya 41 >