< UHezekheli 3 >

1 Wasesithi kimi, “Ndodana yomuntu, dlana okuphambi kwakho, dlana umqulu lo; ube ususiyakhuluma kuyo indlu ka-Israyeli.”
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​စာ​လိပ်​ကို စား​လော့။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍​ဟော​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။
2 Ngakho ngavula umlomo wami, wasengipha umqulu ukuba ngiwudle.
သို့​ဖြစ်​၍​ငါ​သည်​ခံ​တွင်း​ကို​ဟ​လိုက်​ရာ ကိုယ်​တော်​သည် ငါ​စား​ရန်​အ​တွက်​စာ​လိပ် ကို​ပေး​တော်​မူ​၏။-
3 Wasesithi kimi, “Ndodana yomuntu, dlana umqulu lo engikunika wona ugcwalise isisu sakho ngawo.” Ngakho ngawudla, njalo emlonyeni wami wawuzwakala umnandi njengoluju.
ကိုယ်​တော်​က``အ​ချင်း​လူ​သား​သင့်​အား ငါ​ပေး​သည့်​စာ​လိပ်​ကို​ဝမ်း​ပြည့်​အောင်​စား လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ငါ​သည်​စား လိုက်​သော​အ​ခါ​ထို​စာ​လိပ်​သည်​ပျား​ရည် ကဲ့​သို့​ချို​၏။
4 Wasesithi kimi, “Ndodana yomuntu, hamba khathesi nje endlini ka-Israyeli ukhulume amazwi ami kubo.
ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍ ငါ​မိန့် တော်​မူ​သ​မျှ​တို့​ကို​ဆင့်​ဆို​လော့။-
5 Kawuthunywa ebantwini abalolimi olungaziwayo lolunzima, kodwa endlini ka-Israyeli,
ငါ​သည်​သင့်​အား​မ​ရေ​ရာ​သော​စ​ကား​နှင့် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​ကို​ပြော​ဆို သူ​တို့​ထံ​သို့​စေ​လွှတ်​သည်​မ​ဟုတ်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​သို့​စေ​လွှတ်​၏။-
6 hatshi ebantwini abanengi abolimi olungaziwayo lolunzima, ongeke uzwe abakutshoyo. Ngeqiniso aluba kade ngikuthume kubo kade bezakulalela.
မ​ရေ​ရာ​သော​စ​ကား​နှင့်​သင်​နား​လည်​ရန် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​များ​ကို ပြော​ဆို​သူ​လူ​မျိုး​များ​ထံ​သို့​သင့်​အား​ငါ စေ​လွှတ်​ခြင်း​မ​ဟုတ်။ အ​ကယ်​၍​စေ​လွှတ်​ပါ​မူ ထို​သူ​တို့​သည်​သင်​၏​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။-
7 Kodwa indlu ka-Israyeli kayifuni ukukulalela ngoba kabafuni kungilalela, ngoba yonke indlu ka-Israyeli ilukhuni njalo ilenkani.
သို့​သော်​အ​ဘယ်​ဣ​သ​ရေ​လ​အ​မျိုး​သား​မျှ သင့်​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို​ပင်​နား​ထောင် ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​အား​လုံး​ပင် ခေါင်း​မာ​၍​အာ​ခံ​တတ်​သူ​များ​ဖြစ်​ကြ​၏။-
8 Kodwa lawe ngizakwenza ube lenkani lobulukhuni njengabo.
ယ​ခု​ငါ​သည်​သင့်​အား​ထို​သူ​တို့​ကဲ့​သို့ ခေါင်း​မာ​၍ ခိုင်​ခံ့​မာ​ကြော​စေ​မည်။-
9 Ngizakwenza ubuso bakho bube njengelitshe elilukhuni kulawo wonke, elilukhuni kulelitshe lomlilo. Ungabesabi kumbe bakuthuthumelise, lanxa beyindlu ehlamukayo.”
ငါ​သည်​သင်​၏​န​ဖူး​ကို​ကျောက်​ထက်​ပင် ခိုင်​ခံ့​စေ​၍ စိန်​ကဲ့​သို့​မာ​ကြော​စေ​မည်။ ထို ပုန်​ကန်​တတ်​သူ​တို့​ကို​မ​ကြောက်​နှင့်၊ မ​လန့် နှင့်'' ဟု​မိန့်​တော်​မူ​၏။
10 Njalo wathi kimi, “Ndodana yomuntu, lalela kakuhle njalo uwabeke enhliziyweni wonke amazwi engiwatsho kuwe.
၁၀ကိုယ်​တော်​က​ဆက်​လက်​၍``အ​ချင်း​လူ​သား၊ ငါ​ပြော​သ​မျှ​သော​စ​ကား​တို့​ကို​သေ​ချာ စွာ​နား​ထောင်​မှတ်​သား​လော့။-
11 Hamba khathesi nje ebantwini belizwe lakini abasekuthunjweni ukhulume labo. Uthi kubo, ‘Nanku okutshiwo nguThixo Wobukhosi,’ loba bezalalela kumbe bangalaleli.”
၁၁ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​သူ​သင်​၏​အ​မျိုး သား​များ​ထံ​သို့​သွား​လော့။ သူ​တို့​သင်​၏ စ​ကား​ကို​ဂ​ရု​စိုက်​သည်​ဖြစ်​စေ၊ မ​စိုက် သည်​ဖြစ်​စေ၊ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ပြော ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
12 Lapho-ke uMoya wangiphakamisa, kwathi ngemva kwami ngezwa umdumo ondindizelayo sengathi yinkazimulo kaThixo eyaphakama endaweni eyayime kuyo!
၁၂ထို​နောက်​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​မ​တော် မူ​သော​အ​ခါ ငါ​၏​နောက်​မှ``ကောင်း​ကင်​ဘုံ ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ကို​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​မိုး​ချုန်း​သံ ကဲ့​သို့​ကျယ်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
13 Umdumo wezimpiko zezidalwa eziphilayo zigudlana lomdumo wamavili eceleni kwazo, umdumo wokundindizela okukhulu.
၁၃သတ္တ​ဝါ​လေး​ပါး​တို့​လေ​ထဲ​တွင်​တောင်​ပံ ခတ်​ကြ​သည့်​အ​သံ​ကို​လည်း​ကောင်း၊ ရ​ထား ဘီး​များ​၏​အ​သံ​ကို​လည်း​ကောင်း​ငါ​ကြား ရ​၏။ ထို​အ​သံ​များ​သည်​မြေ​င​လျင်​လှုပ်​သံ နှင့်​တူ​၏။-
14 UMoya wasungiphakamisela phezulu ungisusa, njalo ngahamba ngomoya otshisekayo lokuthukuthela komoya wami lesandla esilamandla sikaThixo siphezu kwami.
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား​သော​တန်​ခိုး ဖြင့်​ငါ့​အ​ပေါ်​သက်​ရောက်​၍ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ သည်​စိတ်​နာ​စိတ်​ဆိုး​လျက်​လိုက်​ပါ​သွား​၏။-
15 Ngafika kwababethunjiwe ababehlala eTheli Abhibhi phansi koMfula uKhebhari. Khonapho-ke, lapho ababehlala khona, ngahlala labo insuku eziyisikhombisa ngiphelelwe ngamandla.
၁၅သို့​ဖြစ်​၍​ငါ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ နေ​ထိုင်​ရာ​ခေ​ဗာ​မြစ်​အ​နီး​တေ​လ​ဗိ​ဗ​ရွာ သို့​သွား​၍ ငါ​တွေ့​မြင်​ခဲ့​ရ​သော​အ​မှု​အ​ရာ များ​ကြောင့်​ခု​နစ်​ရက်​ပတ်​လုံး​အံ့​အား​သင့် လျက်​နေ​၏။
16 Ekupheleni kwensuku eziyisikhombisa ilizwi likaThixo lafika kimi lisithi,
၁၆ခု​နစ်​ရက်​ကုန်​လွန်​သော​အ​ခါ ထာ​ဝရ​ဘု​ရား သည်​ငါ့​အား၊-
17 “Ndodana yomuntu, sengikwenze umlindi wendlu ka-Israyeli; ngakho zwana ilizwi engilikhulumayo ubanike isixwayiso esivela kimi.
၁၇``အ​ချင်း​လူ​သား၊ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​သင့်​အား​ကင်း​စောင့်​အ​ဖြစ်​ခန့် ထား​မည်။ ငါ​သ​တိ​ပေး​သည့်​စ​ကား​များ​ကို ကြား​နာ​၍ သင်​သည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်။-
18 Nxa ngisithi emuntwini omubi, ‘Wena uzakufa impela,’ wena ungamxwayisi kumbe ukhulume ukuba umyekelise izindlela zakhe ezimbi ukuze asindise ukuphila kwakhe, lowomuntu omubi uzafela izono zakhe, kuthi wena ngikubeke icala legazi lakhe.
၁၈ငါ​က​မ​ကောင်း​မှု​ပြု​သူ​တစ်​စုံ​တစ်​ယောက် သည်​သေ​ရ​လိမ့်​မည်​ဟု​ဆို​သော်​လည်း​ထို​သူ မ​သေ​ရ​လေ​အောင် သင်​သည်​သူ​၏​လမ်း​စဉ်​ကို ပြင်​ဆင်​ရန်​သ​တိ​မ​ပေး​ဘဲ​နေ​ပါ​မူ ထို​သူ သည်​မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက်​သေ ရ​လိမ့်​မည်။ ထို​အ​ခါ​ထို​သူ​သေ​ရ​သည့်​အ တွက်​သင့်​မှာ​တာ​ဝန်​ရှိ​သည်။-
19 Kodwa nxa umuntu omubi umxwayisa yena angaphenduki ebubini bakhe kumbe ezindleleni zakhe ezimbi, uzafela izono zakhe, kodwa wena uyabe uziphephisile.
၁၉သင်​သည်​အ​ပြစ်​ကူး​လွန်​သူ​တစ်​စုံ​တစ် ယောက်​အား​အ​မှန်​ပင်​သတိ​ပေး​သော်​လည်း သူ​သည်​မိ​မိ​၏​ဒု​စ​ရိုက်​ကို​မ​ရပ်​မ​စဲ​ဘဲ​နေ ခဲ့​သော် မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် သေ​ရ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သင့်​အား အ​သက်​ချမ်း​သာ​ပေး​မည်။''
20 Njalo nxa umuntu olungileyo eguquka ekulungeni kwakhe enze okubi, mina ngibeke isikhubekiso phambi kwakhe, uzakufa. Njengoba nxa wena ungamxwayisanga, uzafela izono zakhe. Izinto ezilungileyo azenzayo kaziyikukhunjulwa, njalo wena ngizakubeka icala legazi lakhe.
၂၀``သူ​တော်​ကောင်း​တစ်​ယောက်​သည်​မ​ကောင်း​မှု ကို​ပြု​လာ​သ​ဖြင့် ငါ​သည်​သူ့​အား​အန္တ​ရာယ် ရှိ​သော​အ​ခြေ​အ​နေ​သို့​ရောက်​စေ​၍​သူ​သည် သေ​ရ​မည်။ ထို​အ​ခါ​သင်​သည်​သူ့​ကို​သ​တိ မ​ပေး​ဘဲ​နေ​ပါ​မူ သူ​သည်​မိ​မိ​ကူး​လွန် သည့်​အ​ပြစ်​အ​တွက်​သေ​ရ​လိမ့်​မည်။ ယ​ခင် က​သူ​ပြု​သည့်​ကောင်း​မှု​များ​ကို​ငါ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ခါ​ထို​သူ​သေ​ရ သည့်​အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​၏။-
21 Kodwa nxa uxwayisa umuntu olungileyo ukuba angoni lakanye uyabe uziphephisile.”
၂၁သင်​သည်​ဖြောင့်​မတ်​သော​သူ​တစ်​စုံ​တစ်​ယောက် အား အ​ပြစ်​မ​ကူး​လွန်​စေ​ရန်​သ​တိ​ပေး​၍ သူ​သည်​လည်း​သင့်​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ်​မ​ကူး​လွန်​ဘဲ​နေ​ပါ​မူ​သူ​သည်​သေ ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​လည်း​အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
22 Isandla sikaThixo sasiphezu kwami lapho, njalo wathi kimi, “Sukuma uye egcekeni ngizakhuluma lawe khona.”
၂၂ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​အ​ရှိန် ကို​တွေ့​ထိ​ခံ​စား​ရ​၍​ကိုယ်​တော်​က​ငါ့ အား``ထ​၍​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​လော့။ ထို အ​ရပ်​တွင်​သင့်​အား​ငါ​မိန့်​ကြား​မည်'' ဟု မိန့်​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၏။
23 Ngakho ngasukuma ngaya egcekeni. Inkazimulo kaThixo yayimi lapho, injengenkazimulo engangiyibone phansi koMfula uKhebhari, ngathi mbo phansi ngobuso.
၂၃သို့​ဖြစ်​၍​ငါ​သည်​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​ရာ ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ​ဖူး​မြင်​ရ​သ​ကဲ့ သို့ ထို​အ​ရပ်​တွင်​ဘုရား​သ​ခင်​၏​ဘုန်း​အ​သ ရေ​တော်​ကို​ဖူး​မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ် သို့​လှဲ​ချ​ပျပ်​ဝပ်​လိုက်​၏။-
24 Lapho-ke uMoya wangena kimi wangimisa ngezinyawo zami. Wakhuluma wathi kimi, “Hamba uyezivalela endlini yakho.
၂၄သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ငါ​၏​အ​တွင်း​သို့​ဝင်​၍​ငါ့​အား​မတ်​တပ်​ရပ် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘုရား​က``သင်​သည် မိ​မိ​အိမ်​သို့​ပြန်​ပြီး​လျှင်​အိမ်​တွင်​ပိတ်​နေ​လော့။-
25 Njalo, wena ndodana yomuntu, bazakubopha ngemichilo; uzabotshwa ukuze ungayi phandle ebantwini.
၂၅အ​ချင်း​လူ​သား​သင့်​အား​ကြိုး​ဖြင့်​ချည် နှောင်​ထား​မည်​ဖြစ်​၍ သင်​သည်​လူ​အ​များ​၏ ရှေ့​သို့​ထွက်​နိုင်​လိမ့်​မည်​မ​ဟုတ်။-
26 Ngizakwenza ulimi lwakho lunamathele elwangeni lomlomo wakho ukuze uthule unganelisi ukubakhuza lanxa beyindlu ehlamukayo.
၂၆ဤ​ပုန်​ကန်​တတ်​သူ​တို့​အား​သ​တိ​မ​ပေး နိုင်​စေ​ရန် ငါ​သည်​သင်​၏​လျှာ​ကို​အာ​ခေါင် တွင်​ကပ်​၍​နေ​စေ​မည်။-
27 Kodwa nxa sengikhuluma lawe ngizavula umlomo wakho, njalo uzakuthi kubo, ‘Nanku okutshiwo nguThixo Wobukhosi.’ Loba ngubani ozalalela myekele alalele, njalo loba ngubani ozakwala myekele ale; ngoba bayindlu ehlamukayo.”
၂၇ထို​နောက်​သင့်​အား​ငါ​တစ်​ဖန်​ပြော​ကြား​စေ လို​သော​အ​ခါ​၌​သင်​၏​နှုတ်​ကို​ဖွင့်​မည်။ ထို အ​ခါ​သင်​သည်​သူ​တို့​အား​ငါ့​အ​ရှင်​ထာ​ဝရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်​ဟု​ဆင့်​ဆို​ရ မည်။ အ​ချို့​သော​သူ​တို့​သည်​သင့်​စ​ကား​ကို နား​ထောင်​၍ အ​ချို့​တို့​သည်​နား​မ​ထောင်​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ဖြစ်​သော ကြောင့်​တည်း။''

< UHezekheli 3 >