< UHezekheli 11 >
1 Lapho-ke uMoya wangiphakamisela phezulu wangisa esangweni lendlu kaThixo elikhangele empumalanga. Khonapho ekungeneni kwesango kwakulamadoda angamatshumi amabili lanhlanu, njalo phakathi kwawo ngabona uJazaniya indodana ka-Azuri kanye loPhelathiya indodana kaBhenayiya, abakhokheli babantu.
၁ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ထာဝရဘုရား၏ အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ် ငါးယောက်ရှိ၏။ သူတို့တွင်မင်းပြုသောသူ၊ အဇုရသား ယာဇညာ၊ ဗေနာယသားပေလတိတို့ကို ငါမြင်၏။
2 UThixo wathi kimi, “Ndodana yomuntu, laba yibo abantu abenza amacebo amabi, benika lezeluleko ezimbi kulelidolobho.
၂ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤ သူတို့သည် မကောင်းသောအကြံကို ကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။
3 Bathi, ‘Masinyane nje akuyikuba yiso na isikhathi sokwakha izindlu? Idolobho leli liyimbiza yokupheka, njalo thina siyinyama.’
၃သူတို့က၊ အမှုမရောက်သေး။ အိမ်ဆောက်ကြ ကုန်အံ့။ ဤမြို့သည် အိုးကင်း၊ ငါတို့သည် အမဲသား ဖြစ်သည်ဟု ဆိုတတ်ကြ၏။
4 Ngakho-ke phrofetha okubi ngabo; phrofetha ndodana yomuntu.”
၄သို့ဖြစ်၍ အိုလူသား၊ သူတို့တဘက်၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
5 Lapho-ke uMoya kaThixo weza kimi wangitshela ukuba ngithi, Nanku okutshiwo nguThixo: “Lokho yikho wena okutshoyo, wena ndlu ka-Israyeli, kodwa mina ngiyakwazi okusengqondweni yakho.
၅ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည် ဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလ အမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ၏။
6 Sewabulala abantu abanengi phakathi kwedolobho leli wagcwalisa imigwaqo yalo ngabafileyo.”
၆သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ။
7 Ngakho-ke nanku okutshiwo nguThixo Wobukhosi: “Izidumbu oziphosele lapho ziyinyama njalo idolobho leli liyimbiza, kodwa wena ngizakuxotshela ngaphandle kwalo.
၇ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။
8 Inkemba uyayesaba, njalo inkemba yiyo engizayiletha ukuba imelane lawe, kutsho uThixo Wobukhosi.
၈သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
9 Ngizakuxotshela ngaphandle kwedolobho ngikunikele kwabezizweni ngiphinde ngikujezise.
၉ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင်၊ တကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။
10 Uzabulawa ngenkemba, njalo ngizakwahlulela emingceleni yako-Israyeli. Lapho-ke uzakwazi ukuthi mina nginguThixo.
၁၀သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
11 Idolobho leli kaliyikuba yimbiza yakho, kumbe wena ube yinyama phakathi kwalo; ngizakwahlulela emingceleni yako-Israyeli.
၁၁ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့ သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
12 Njalo uzakwazi ukuthi mina nginguThixo, ngoba izimiso zami kawuzilandelanga kumbe wagcina imithetho yami kodwa ulandele izenzo zezizwe ezikuhanqileyo.”
၁၂အကြောင်းမူကား၊ သင်တို့သည် ငါ၏ဘုရား လမ်းသို့မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ ပတ်လည်၌နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ၏။
13 Kwathi lapho ngisaphrofitha, uPhelathiya indodana kaBhenayiya wafa. Ngakho ngathi mbo phansi ngobuso ngakhala ngelizwi eliphezulu ngisithi, “Awu, Thixo Wobukhosi! Uzaqothula insalela ka-Israyeli na?”
၁၃ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသားပေလတိသည် သေ၏။ ငါသည်လည်း ပြပ်ဝပ်၍၊ အိုအရှင် ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏။
14 Ilizwi likaThixo lafika kimi lisithi:
၁၄တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
15 “Ndodana yomuntu, abafowenu, abafowenu abayizihlobo zakho zegazi kanye lendlu yonke ka-Israyeli, yibo labo abantu baseJerusalema abathe ngabo: ‘Bakhatshana loThixo kakhulu; ilizwe leli saliphiwa ukuba libe yilifa lethu.’”
၁၅အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။
16 “Ngakho-ke wothi: ‘Nanku okutshiwo nguThixo Wobukhosi: Lanxa ngabasa khatshana phakathi kwezizwe njalo ngabahlakazela phakathi kwamazwe, ikanti okwesikhatshana ngibe yindlu engcwele kubo emazweni abaye kuwo.’
၁၆ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။
17 Ngakho-ke wothi: ‘Nanku okutshiwo nguThixo Wobukhosi: Ngizakubutha ezizweni ngikubuyise ngikususa emazweni owawuhlakazekele kuwo, njalo ngizakunika ilizwe lako-Israyeli futhi.’
၁၇အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။
18 Bazabuyela kulo basuse zonke izifanekiso zalo ezihlazisayo kanye lezithombe ezenyanyekayo.
၁၈သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။
19 Ngizabanika inhliziyo engehlukananga ngifake lomoya omutsha phakathi kwabo; ngizasusa kubo inhliziyo yabo yelitshe ngibaphe inhliziyo yenyama.
၁၉ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊
20 Lapho-ke bazalandela izimiso zami baqaphele ukugcina imithetho yami. Bazakuba ngabantu bami, lami ngizakuba nguNkulunkulu wabo.
၂၀သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
21 Kodwa labo abanhliziyo zabo zinikelwe ezifanekisweni zabo ezihlazisayo lasezithombeni ezenyanyekayo, lokhu abakwenzileyo ngizakwehlisela phezu kwamakhanda abo, kutsho Thixo Wobukhosi.”
၂၁သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့၏ အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
22 Lapho-ke amakherubhi, ayelamavili emaceleni, elula impiko zawo, njalo inkazimulo kaNkulunkulu ka-Israyeli yayingaphezu kwawo.
၂၂ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။
23 Inkazimulo kaThixo yaya phezulu isuka phakathi kwedolobho yayakuma ngaphezu kwentaba ngasempumalanga kwedolobho.
၂၃ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲက တက်၍၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။
24 UMoya wangiphakamisela phezulu wangisa kwabathunjiweyo eBhabhiloni ngombono owawulethwe nguMoya kaNkulunkulu. Emva kwalokho umbono engangiwubonile wasuka kimi,
၂၄ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့ နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။
25 ngasengitshela abathunjiweyo konke Thixo ayengitshengise khona.
၂၅ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။