< UmTshumayeli 4 >
1 Ngakhangela njalo ngabona konke ukuncindezelwa okwakukhona ngaphansi kwelanga: Ngabona inyembezi zabancindezelwayo babengelabaduduzi; amandla ayekulaba abancindezelayo abalaye umduduzi.
၁တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
2 Ngangifakaza ukuthi abafileyo, abavele sebefile, bayathokoza kulabaphilayo, abalokhu besaphila.
၂သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ၏။
3 Kodwa okungcono kulakho kokubili ngulowo ongakabikhona, ongakaboni ububi obenziwayo ngaphansi kwelanga.
၃သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ၍ မင်္ဂလာရှိ၏။
4 Ngasengibona ukuthi konke ukusebenza lokuphumelela konke kuvela emhawini womuntu ngomakhelwane wakhe. Lokhu lakho kuyize, kuyikuxotshana lomoya.
၄တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
5 Isiwula sigoqa izandla zaso sidilize impilo yaso.
၅မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိ အသားကို စားတတ်၏။
6 Kungcono isandla esisodwa esigcweleyo silokuthula kulezandla ezimbili ezingagcwalanga ezilomtshikatshika lokuxotshana lomoya.
၆ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက်သာ၍ ကောင်း၏။
7 Njalo ngabona okunye okuyize ngaphansi kwelanga:
၇တဖန်ငါထပ်၍၊ နေအောက်မှာအနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား၊
8 Kwakulendoda eyayiyodwa zwi; yayingelandodana loba umfowabo. Yayisebenza gadalala ingaphumuli, kodwa amehlo ayo ayengasuthiswa yinotho yayo. Yabuza yathi, “Ngiginqela bani kangaka, njalo kungani ngizincitsha intokozo?” Lokhu lakho kuyize umsebenzi othelela usizi!
၈လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
9 Ababili bangcono kuloyedwa, ngoba balomvuzo obonakalayo ngomsebenzi wabo.
၉လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။
10 Omunye angawa, umngane wakhe uyamncedisa amvuse. Kodwa maye lowomuntu owayo kungelamuntu ongamsiza amvuse!
၁၀တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
11 Njalo nxa ababili belala ndawonye bazakhudumezana. Kanti umuntu angakhudumala kanjani eyedwa na?
၁၁လူသည် နှစ်ယောက်အတူအိပ်လျှင် နွေးတတ် ၏။ တယောက်တည်းသောသူမူကား၊ အဘယ်သို့ နွေးနိုင် သနည်း။
12 Loba umuntu engehlulwa nxa eyedwa, ababili bangazivikela. Intambo elemicu emithathu kayiqamuki lula.
၁၂လူတယောက်သည် တယောက်ကိုနိုင်လျှင် ထိုလူကိုနှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။
13 Lingcono ijaha elingumyanga kodwa lihlakaniphile kulenkosi endala eyisiwula eyalayo ukwamukela izixwayiso.
၁၃ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သော ရှင် ဘုရင်ထက်၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍မြတ်၏။
14 Ijaha lelo kungabe ngeliphuma ejele libe yinkosi, loba lingelazalelwa ebuyangeni elizweni lalowombuso.
၁၄ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
15 Ngabona ukuthi bonke ababephila behamba ngaphansi kwelanga balilandela lelojaha elathatha isikhundla sobukhosi.
၁၅နေအောက်မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
16 Amakhosi la (endala lencinyane) kungabe ayelodumo elandelwa ngabantu abanengi abangelakubalwa. Kodwa izizukulwane ezilandelayo azimthandanga lowo owathatha ubukhosi. Lokhu lakho kuyize, yikuxotshana lomoya.
၁၆ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။