< UDutheronomi 16 >
1 “Gcinani inyanga ka-Abhibhi njalo lihloniphe iPhasika likaThixo uNkulunkulu wenu, ngoba ngenyanga ka-Abhibhi walikhupha eGibhithe ngobusuku.
၁``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် အဗိဗဟုခေါ်သောလတွင်ညဥ့်အခါ သင်တို့အားအီဂျစ်ပြည်မှကယ်တင်ခဲ့သော ကြောင့် ထိုလတွင်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းရန်ပသခါပွဲတော်ကိုကျင်းပ လော့။-
2 Nikelani okwePhasika kuThixo uNkulunkulu wenu ngesifuyo esivela emhlambini wenu loba emhlambini wezimvu endaweni ezakhethwa nguThixo uNkulunkulu wenu ukuba ibe yindawo yebizo lakhe.
၂သင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။-
3 Lingasidli ndawonye lesinkwa esilemvubelo, kodwa okwensuku eziyisikhombisa kumele lidle isinkwa esingelamvubelo, isinkwa sokuhlupheka, ngoba lasuka eGibhithe ngokujaha ukuze insuku zonke zokuphila kwenu likhumbule isikhathi elasuka ngaso eGibhithe.
၃သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။-
4 Akungafunyanwa mvubelo kini lakulo lonke ilizwe lenu okwensuku eziyisikhombisa. Njalo lingatshiyi inyama yomhlatshelo wantambama ivuke ilokhu ikhona ngosuku olulandelayo.
၄သင်တို့နေထိုင်ရာပြည်တွင် ခုနစ်ရက်ပတ် လုံးမည်သူ၏အိမ်၌မျှတဆေးမရှိစေရ။ ပထမနေ့ညနေတွင်သတ်သောတိရစ္ဆာန်၏ အသားကိုလည်း ညတွင်းချင်းကုန်အောင် စားရမည်။''
5 Linganikeli okwePhasika loba kukuliphi idolobho uThixo uNkulunkulu wenu azalinika lona
၅``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-
6 ngaphandle kwalapho azakhetha khona ukuba kube yindawo yeBizo lakhe. Kulapho elizakwenzela khona umhlatshelo wePhasika ntambama, ekutshoneni kwelanga, kuyisikhumbuzo selanga elasuka ngalo eGibhithe.
၆
7 Yoseni libe seliyidlela endaweni uThixo uNkulunkulu wenu azalikhethela yona. Kuzakuthi ekuseni libuyele emathenteni enu.
၇သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။-
8 Okwensuku eziyisithupha lizakudla isinkwa esingelamvubelo kuthi ngosuku lwesikhombisa libuthane kuThixo uNkulunkulu wenu lingenzi msebenzi.”
၈သင်တို့သည်ခြောက်ရက်ပတ်လုံးတဆေးမပါ သောမုန့်ကိုစား၍သတ္တမနေ့တွင်စုဝေးလျက် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။
9 “Balani amaviki ayisikhombisa kusukela mhla liqalisa ukuvuna amabele.
၉``ကောက်ပင်ကိုစတင်ရိတ်သည့်အချိန်မှစ၍ ရက်သတ္တခုနစ်ပတ်ရေတွက်လော့။-
10 Beselithakazelela uMkhosi wamaViki kuThixo uNkulunkulu wenu ngokupha umnikelo wokuzithandela kusiya ngezibusiso uThixo uNkulunkulu wenu aliphe zona.
၁၀ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ကောက်သိမ်း ပွဲတော်ကိုကျင်းပလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်သင်တို့အား ကောင်းချီးပေးတော်မူသည်နှင့်အမျှ စေတနာအလျောက်လှူဖွယ်သကာကို ထိုပွဲတော်သို့ယူဆောင်ဆက်ကပ်လော့။-
11 Ngakho thokozani phambi kukaThixo uNkulunkulu wenu endaweni azayikhethela ukuba ngeyeBizo lakhe, lina lamadodana lamadodakazi enu, izinceku lezincekukazi zenu zesifazane, abaLevi abasemadolobheni enu, kanye labezizweni, izintandane labafelokazi abahlezi phakathi kwenu.
၁၁သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
12 Khumbulani ukuthi laliyizigqili eGibhithe, ngakho landelani leziziqondiso ngonanzelelo.”
၁၂သင်တို့သည်ဤပညတ်များကိုစောင့်ထိန်းရန် သတိပြုကြလော့။ သင်တို့သည်အီဂျစ် ပြည်တွင်ကျွန်ခံခဲ့ဖူးကြောင်းမမေ့နှင့်။''
13 “Gcinani uMkhosi weziHonqo okwensuku eziyisikhombisa ngemva kokubutha amabele enu ezindaweni zokubhulela lezokuhluzela iwayini.
၁၃``သင်တို့သည်ကောက်နယ်တလင်းမှစပါးနှင့် ကျင်းထဲမှစပျစ်သီးများကိုနယ်ပြီးသည့် အခါ သစ်သီးသိမ်းပွဲတော်ကိုခုနစ်ရက် ပတ်လုံးကျင်းပရမည်။-
14 Thokozani emkhosini wenu, lina, amadodana enu kanye lamadodakazi enu, izinceku lezincekukazi zenu, kanye labaLevi, abezizweni, izintandane kanye labafelokazi abahlezi emadolobheni enu.
၁၄သင်တို့မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လေဝိ အမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ ကလေးများ၊ မုဆိုးမများနှင့်အတူတကွ ထိုပွဲတော်ကိုကျင်းပလော့။-
15 Okwensuku eziyisikhombisa thakazelelani umkhosi kuThixo uNkulunkulu wenu ezindaweni ezakhethwa nguThixo. Ngoba uThixo uNkulunkulu wenu uzalibusisa esivunweni senu sonke kanye lemisebenzini yezandla zenu, ukuze kupheleliswe intokozo yenu.
၁၅သင်တို့ဘုရားသခင်ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းသည့်ဤပွဲတော်ကိုခုနစ်ရက် တိုင်တိုင်တစ်ခုတည်းသောဝတ်ပြုရာဌာန တော်တွင်ကျင်းပရမည်။ ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် သင်တို့သည် အသီးအနှံရိတ်သိမ်းရသောကြောင့်လည်း ကောင်း၊ သင်တို့၏လုပ်ငန်းများအောင်မြင် သောကြောင့်လည်းကောင်းပျော်ပွဲခံကြ လော့။''
16 Kathathu ngomnyaka, wonke amadoda kumele aziveze phambi kukaThixo uNkulunkulu wenu endaweni azayikhetha, eMkhosini weSinkwa esingelaMvubelo, eMkhosini wamaViki kanye leMkhosini weziHonqo. Akungabi lamuntu ozabuya phambi kukaThixo engaphathanga lutho:
၁၆``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''
17 Ngamunye phakathi kwenu kumele lize liphethe isipho kusiya ngokuthi liphiwe labusiswa ngokunganani nguThixo uNkulunkulu wenu.”
၁၇
18 “Khethani abehluleli lezikhulu ezizwaneni zenu zonke kuwo wonke amadolobho enu elizawaphiwa nguThixo uNkulunkulu wenu, njalo bahlulele abantu ngemfanelo.
၁၈``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-
19 Lingonakalisi ukulunga loba libandlulule. Lingavumi ukufunjathiswa ngoba ukufunjathiswa kufiphaza amehlo abahlakaniphileyo kulahlekise amazwi omuntu ongelacala.
၁၉တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-
20 Landelani ukulunga lilandele khona kuphela, khona lizaphila lilithumbe ilizwe uThixo uNkulunkulu wenu alinika lona.”
၂၀သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူသောပြည်ကိုသိမ်းယူ၍ ထို ပြည်တွင်ဆက်လက်နေထိုင်နိုင်အံ့သောငှာ သင်တို့သည်တရားမျှတစွာအစဉ်ပြုမူ ကျင့်ကြံရကြမည်။''
21 “Lingazimiseli o-Ashera bezigodo phansi kwe-alithari elizalakhela uThixo uNkulunkulu wenu,
၂၁``သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုတည်သောအခါပလ္လင် အနီးတွင်အာရှရဘုရားမ၏သစ်တိုင် ကိုမစိုက်မထူရ။-
22 njalo lingamisi ilitshe elizakuthi lina lingcwele, ngoba uThixo uNkulunkulu wenu uyakuzonda lokho.”
၂၂ရုပ်တုကိုးကွယ်ခြင်းကျောက်တိုင်ကိုလည်း မစိုက်မထူရ။ ထာဝရဘုရားသည်ထို အရာများကိုရွံရှာတော်မူ၏။''