< 1 USamuyeli 26 >

1 AmaZifi aya kuSawuli eGibhiya athi kuye, “UDavida kacatshanga entabeni yaseHakhila, ekhangele eJeshimoni na?”
တဖန်ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ယေရှိမုန်မြို့ရှေ့မှာ ဟခိလတောင်၌ ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု လျှောက်လျှင်၊
2 Ngakho uSawuli waya eNkangala yaseZifi, elezinkulungwane ezintathu zabantu bakhe abakhethiweyo bako-Israyeli, ukuyadinga uDavida khona.
ရှောလုသည် ထ၍ ရွေးကောက်သော ဣသရေလလူသုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကို ရှာခြင်းငှါသွားလေ၏။
3 USawuli wenza isihonqo phansi komgwaqo entabeni yaseHakhila ekhangele eJeshimoni, kodwa uDavida wahlala enkangala. Kwathi ebona ukuthi uSawuli wayesemlandele khonale,
ရှောလုသည် ယေရှိမုန်မြို့ရှေ့၊ ဟခိလတောင်ပေါ်လမ်းနားမှာ တပ်ချ၏။ ဒါဝိဒ်သည် တော၌နေ၍ ရှောလုလိုက်ရှာကြောင်းကို သိမြင်သောအခါ၊
4 wathuma inhloli wasekwazi ukuthi uSawuli wayefikile impela.
သူလျှိုတို့ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။
5 Ngakho uDavida wasuka waya lapho uSawuli ayemise khona wabona lapho okwakulele khona uSawuli lo-Abhineri indodana kaNeri, umlawuli webutho. USawuli wayelele phakathi kwesihonqo, ibutho lisezihonqweni limhanqile.
ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလု တပ်ချရာအရပ်သို့ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သား အာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ်အလယ်၌ အိပ်လျက်၊ တပ်သားတို့သည် ပတ်လည်၌ နေရာကျကြ၏။
6 UDavida wasebuza u-Ahimeleki umHithi lo-Abhishayi indodana kaZeruya, umfowabo kaJowabi, wathi, “Ngubani ozahamba lami phakathi kwesihonqo kuSawuli na?” U-Abhishayi wathi, “Ngizahamba lawe.”
ဒါဝိဒ်ကလည်း၊ ရှောလုရှိရာ တပ်သို့ ငါနှင့် အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော် လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊
7 Ngakho uDavida lo-Abhishayi baya ebuthweni ebusuku babona uSawuli elele ubuthongo phakathi kwesihonqo umkhonto wakhe ugwaze phansi eduzane lekhanda lakhe. U-Abhineri lamabutho babelele bemhanqile.
ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညဉ့်အခါ တပ်သားများရှိရာသို့ သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်းအနား မြေ၌ စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။
8 U-Abhishayi wasesithi kuDavida, “Lamhla uNkulunkulu unikele isitha sakho ezandleni zakho. Khathesi-ke kahle ngimgwazele phansi kanye nje ngomkhonto wami; kangiyi kugalela kabili.”
အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင်လှံနှင့် တချက်တည်းထိုးပါရစေဟု ကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း၊
9 Kodwa uDavida wathi ku-Abhishayi, “Ungambulali. Ngubani ongabeka isandla kogcotshiweyo kaThixo angabi lecala na?”
ဒါဝိဒ်ကသူ့ကို မပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သူကို အဘယ်သူ အပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲအား ပြန်ဆို၏။
10 Wasesithi, “Ngeqiniso elinjengoba uThixo ekhona, uThixo yena ngokwakhe uzamtshaya; mhlawumbe isikhathi sakhe sizafika afe, loba aye empini abhubhe.
၁၀တဖန်ဒါဝိဒ်က၊ ထာဝရဘုရားအသက် ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။
11 Kodwa uThixo kanqabele ukuba ngibeke isandla kogcotshiweyo kaThixo. Thatha umkhonto lesigxingi samanzi okuphansi kwekhanda lakhe, sihambe.”
၁၁ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
12 Ngakho uDavida wathatha umkhonto lesigxingi samanzi okwakuphansi kwekhanda likaSawuli, basebehamba. Bonke babelele ngoba uThixo wayebehlisele ubuthongo obukhulu.
၁၂လှံတော်နှင့် ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍ သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။
13 UDavida wachaphela ngakwelinye icele wema phezu kwentatshana khatshana; kwakulebanga elibanzi phakathi kwabo.
၁၃ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊
14 Wamemeza ibutho lo-Abhineri indodana kaNeri, wathi, “Kanti kawungiphenduli, Abhineri na?” U-Abhineri waphendula wathi, “Ungubani wena omemeza inkosi na?”
၁၄အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
15 UDavida wathi, “Uyindoda, kawusiyo na? Njalo ngubani onjengawe ko-Israyeli na? Kungani ungayilindanga inkosi yakho na? Umuntu othile ufikile ukuba abulale inkosi yakho.
၁၅ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှါ လူတယောက်ဝင်လေပြီ။
16 Okwenzileyo kakukuhle. Ngeqiniso elinjengoba uThixo ephila, wena labantu bakho lifanele ukufa, ngoba kaliyilindanga inkosi yenu, ogcotshiweyo kaThixo. Khangelani emaceleni enu. Ungaphi umkhonto wenkosi lesigxingi samanzi okube kuphansi kwekhanda layo na?”
၁၆သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။
17 USawuli walazi ilizwi likaDavida, wasesithi, “Yilizwi lakho lelo yini, Davida ndodana yami?” UDavida waphendula wathi, “Yebo yilo, nkosi, nkosi yami.”
၁၇ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ၏။
18 Wengeza wathi, “Kanti kungani inkosi yami ixotshana lenceku yayo na? Kuyini engikwenzileyo, njalo licala bani engilalo na?
၁၈တဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော်အဘယ်အပြစ် ရှိပါသနည်း။
19 Khathesi-ke nkosi, nkosi yami, lalela amazwi enceku yakho. Nxa uThixo ekuqubule ukuba umelane lami, kamkele umhlatshelo. Kodwa nxa kwenziwe ngabantu, kabathukwe phambi kukaThixo! Khathesi sebengixotshile esabelweni sami elifeni likaThixo njalo bathi, ‘Hamba uyekhonza abanye onkulunkulu.’
၁၉ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
20 Ungenzi igazi lami lichithekele phansi khatshana lobukhona bukaThixo. Inkosi yako-Israyeli iphumile ukuzadinga insikizi njengomuntu ozingela isikhwehle ezintabeni.”
၂၀သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော်၌ မြေသို့ မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာလိုက်၍ ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကို ရှာခြင်းငှါ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို၏။
21 Lapho-ke uSawuli wathi, “Ngenze isono. Buya Davida, ndodana yami. Ngenxa yokuthi ukhangele impilo yami njengegugu lamhla, kangiyikuzama futhi ukwenza okubi kuwe. Ngempela ngenze ubuwula njalo ngiphambanise kakhulu.”
၂၁ရှောလုကလည်း ငါပြစ်မှားပါပြီ။ ငါ့သားဒါဝိဒ် ပြန်လာပါ။ သင်သည် ယနေ့ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တဖန် သင့်ကို ငါမညှဉ်းဆဲ။ ငါသည် လူမိုက်ဖြစ်၏။ အလွန် မှားယွင်းပြီဟု ဆိုသော်၊
22 UDavida waphendula wathi, “Nanku umkhonto wenkosi. Wothi omunye wezinsizwa zakho keze ngapha azewuthatha.
၂၂ဒါဝိဒ်က၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တယောက်လာ၍ ယူစေတော်မူပါ။
23 UThixo uyamnika umvuzo umuntu wonke ngenxa yokulunga kwakhe lokuthembeka kwakhe. UThixo ukunikele ezandleni zami lamhla, kodwa kade ngingeke ngibeke isandla kogcotshiweyo kaThixo.
၂၃လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူသော်လည်း ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော်မထိခိုက်ပါ။
24 Ngeqiniso njengoba ngiqakathekise ukuphila kwakho lamhla, sengathi kanjalo-ke uThixo angaqakathekisa ukuphila kwami angisindise kukho konke ukuhlupheka.”
၂၄ယနေ့ ကိုယ်တော်အသက်ကို ကျွန်တော် နှမြောသည် နည်းတူ ကျွန်တော်အသက်ကို ထာဝရဘုရားနှမြော၍ ကျွန်တော်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူပါစေသောဟု ပြန်လျှောက်လျှင်၊
25 Lapho-ke uSawuli wathi kuDavida, “Sengathi ungabusiseka, ndodana yami Davida; uzakwenza izinto ezinkulu njalo unqobe.” UDavida wasuka wazihambela, uSawuli wasebuyela ekhaya.
၂၅ရှောလုက၊ ငါ့သားဒါဝိဒ်၊ သင်သည် မင်္ဂလာရှိပါစေသော။ ပြုလေရာရာ၌ အောင်မြင်ပါစေသောဟု ဒါဝိဒ်အားဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား၍ ရှောလုသည်လည်း မိမိနေရာသို့ ပြန်လေ၏။

< 1 USamuyeli 26 >