< 1 USamuyeli 17 >

1 Ngalesosikhathi amaFilistiya aqoqa amabutho awo ukuba alwe impi, asebuthana eSokho koJuda. Enza izihonqo e-Efesi Damimi, phakathi kweSokho le-Azekha.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ရှော​ခေါ မြို့​တွင်​စု​ရုံး​ကာ ထို​မြို့​နှင့်​အ​ဇေ​ကာ​မြို့​စပ် ကြား​ဧ​ဖက်​ဒ​မိမ်​အ​ရပ်​တွင်​တပ်​ချ​ထား ကြ​၏။-
2 USawuli labako-Israyeli bamisa izihonqo eSigodini sase-Ela, bahlela ukuba balwe impi lamaFilistiya.
ရှော​လု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် လည်း​စု​ရုံး​၍ ဝက်​သစ်​ချ​ချိုင့်​ဝှမ်း​တွင်​တပ်​ချ ပြီး​လျှင်​ဖိ​လိတ္တိ​တပ်​သား​တို့​အား​တိုက်​ခိုက် ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-
3 AmaFilistiya ayemi kolunye uqaqa abako-Israyeli labo bekolunye, kulesigodi phakathi kwabo.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​တောင်​ကုန်း​တစ်​ခု ပေါ်​တွင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​အ​ခြား​တောင်​ကုန်း​တစ်​ခု​ပေါ်​တွင် လည်း​ကောင်း​နေ​ရာ​ယူ​ထား​ကြ​၏။ သူ​တို့​၏ စပ်​ကြား​တွင်​ကား​ချိုင့်​ဝှမ်း​ခံ​လျက်​နေ​သ​တည်း။
4 Iqhawe elalithiwa nguGoliyathi, owayevela eGathi, waphuma ezihonqweni zamaFilistiya. Ubude bakhe babuzingalo eziyisithupha lesandla.
ဂါ​သ​မြို့​သား​ဂေါ​လျတ်​ဆို​သူ​သည်​ဖိ​လိတ္တိ​တပ် စခန်း​မှ​ထွက်​လာ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မိ​မိ​နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ် လေ​သည်။ သူ​သည်​အ​ရပ်​ကိုး​ပေ ခန့်​မြင့်​၍၊-
5 Wayelengowane yethusi ekhanda lakhe, egqoke ibhatshi lokuvikela elethusi elaliyizinkulungwane ezinhlanu zamashekeli ubunzima balo,
တစ်​ရာ​နှစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သော​ကြေး​ဝါ သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​ကာ​ကြေး​ဝါ​ခ​မောက် ကို​ဆောင်း​ထား​၏။-
6 emibaleni yakhe wayegqoke imigwamazi yethusi, emhlane egaxe umkhonto wethusi.
ကြေး​ဝါ​ခြေ​စွပ်​ကို​လည်း​ဝတ်​လျက်​ကြေး​ဝါ လက်​ပစ်​လှံ​ကို​ပု​ခုံး​တွင်​လွယ်​ထား​၏။-
7 Uluthi lomkhonto wakhe lwalunjengogodo lomaluki, ubunzima besihloko sawo sensimbi bungamashekeli angamakhulu ayisithupha. Umthwali wehawu lakhe wayehamba phambidlana kwakhe.
သူ​၏​လက်​ထိုး​လှံ​အ​ရိုး​သည်​ယက်​ကန်း​လက် လိပ်​တန်​တ​မျှ​ကြီး​၏။ သံ​လှံ​သွား​မှာ​လည်း တစ်​ဆယ့်​ငါး​ပေါင်​ခန့်​လေး​သည်။ သူ​၏​ဒိုင်း လွှား​ကို​ကိုင်​ဆောင်​သူ​စစ်​သည်​က​သူ​၏​ရှေ့ မှ​သွား​ရ​၏။-
8 UGoliyathi wema wamemezela emaviyweni ako-Israyeli esithi, “Kungani liphumele ukuzakulwa impi na? KangisumFilistiya yini, njalo lina kalisizo zinceku zikaSawuli na? Khethani umuntu azeqondana lami.
ဂေါ​လျတ်​သည်​ရပ်​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ လာ​ကြ​သနည်း။ စစ်​တိုက်​ရန်​လော။ အ​ချင်း​ရှော​လု ၏​ကျွန်​တို့၊ ငါ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​ဖြစ်​၏။ ငါ​နှင့်​စစ်​ထိုး​ရန်​သင်​တို့​အ​ထဲ​မှ​လူ​တစ် ယောက်​ကို​ရွေး​ချယ်​ကြ​လော့။-
9 Nxa ezakulwa angibulale, sizakuba yizigqili zenu; kodwa ngingamehlula ngimbulale, lizakuba yizigqili zethu lisikhonze.”
အ​ကယ်​၍​ထို​သူ​သည်​ငါ့​ကို​နှိမ်​နင်း​သတ် ဖြတ်​နိုင်​လျှင် ငါ​တို့​သည်​သင်​တို့​ထံ​တွင်​ကျွန် ခံ​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​သူ့​ကို နှိမ်​နင်း​သတ်​ဖြတ်​နိုင်​ပါ​မူ သင်​တို့​သည်​ငါ တို့​ထံ​၌​ကျွန်​ခံ​ရ​ကြ​မည်။-
10 UmFilistiya wabuya wathi, “Lamhlanje ngiyaweyisa amaviyo ako-Israyeli! Ngiphani umuntu siqondane silwe.”
၁၀ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​အား​ငါ နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ်​ပါ​၏။ ငါ​နှင့် တိုက်​ခိုက်​ရန်​လူ​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​လော့'' ဟု​ဆို​၏။-
11 Ekuzweni amazwi omFilistiya, uSawuli labo bonke abako-Israyeli besaba bathuthumela.
၁၁ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ရှော​လု​နှင့် သူ​၏​စစ်​သည်​တပ်​သား​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။
12 UDavida wayeyindoda yomʼEfrathi owayethiwa nguJese, owayengowase Bhethilehema koJuda. UJese wayelamadodana ayisificaminwembili, njalo ngezinsuku zikaSawuli wayesemdala eseluphele kakhulu.
၁၂ဒါ​ဝိဒ်​သည်​ယု​ဒ​ပြည်၊ ဗက်​လင်​မြို့​မှ​ဧ​ဖ​ရတ် အ​ရပ်​သား​ယေ​ရှဲ​၏​သား​ဖြစ်​၏။ ယေ​ရှဲ​တွင် သား​ရှစ်​ယောက်​ရှိ​၏။ ရှော​လု​မင်း​နန်း​စံ​ချိန်​၌ ယေ​ရှဲ​သည်​များ​စွာ​အို​မင်း​လျက်​နေ​လေ​ပြီ။-
13 Amadodana amathathu amadala kaJese ayelandele uSawuli empini: Izibulo kwakungu-Eliyabi; owesibili kungu-Abhinadabi; owesithathu kunguShama.
၁၃သူ​၏​သား​ကြီး​သုံးယောက်​သည်​ရှော​လု​နှင့်​အ​တူ တိုက်​ပွဲ​ဝင်​ရန်​လိုက်​သွား​ကြ​၏။ အ​ကြီး​ဆုံး သည်​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား​မှာ​အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ကား​ရှိ​မာ​ဖြစ်​၏။-
14 UDavida wayengomncane wabo. Abathathu abadala balandela uSawuli,
၁၄ဒါ​ဝိဒ်​သည်​အ​ငယ်​ဆုံး​သား​ဖြစ်​၏။ သား​ကြီး သုံး​ယောက်​တို့​သည်​ရှော​လု​ထံ​တွင်​ခ​စား​လျက် နေ​ကြ​သော်​လည်း ဒါ​ဝိဒ်​မူ​ကား​ရံ​ဖန်​ရံ​ခါ ဗက်​လင်​မြို့​သို့​ပြန်​ပြီး​လျှင်​ဖ​ခင်​၏​သိုး​တို့ ကို​ထိန်း​ကျောင်း​လေ့​ရှိ​၏။
15 kodwa uDavida wasuka kuSawuli wabuyela ukuba ayekwelusa izimvu zikayise eBhethilehema.
၁၅
16 Okwensuku ezingamatshumi amane umFilistiya wayesiya phambili nsuku zonke ekuseni lakusihlwa ajame.
၁၆ဂေါ​လျတ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​နံ​နက်​တစ်​ခါ၊ ည​တစ်​ခါ​အရက်​လေး​ဆယ်​တိုင်​တိုင်​စိန် ခေါ်​လေ​သည်။
17 UJese wasesithi kuDavida indodana yakhe, “Thathela abanewenu ihefa lomumbu okhanzingiweyo kanye lezinkwa lezi ezilitshumi uzise masinyane ezihonqweni zabo.
၁၇တစ်​နေ့​သ​၌​ယေ​ရှဲ​သည်​ဒါ​ဝိဒ်​အား``ဤ​ပေါက် ပေါက်​တစ်​တင်း​နှင့်​မုန့်​ဆယ်​လုံး​ကို​ယူ​၍​သင် ၏​အစ်​ကို​များ​ရှိ​ရာ​တပ်​စ​ခန်း​သို့​အ​မြန် သွား​လော့။-
18 Hamba lalezizinkwa zetshizi ezilitshumi kumlawuli weviyo labo. Bona ukuthi abanewenu banjani, ubuye lesiqiniselo esivela kubo.
၁၈တပ်​မှူး​အ​တွက်​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း​ယူ ၍​သွား​ပါ​လေ။ သင်​၏​အစ်​ကို​များ​ကျန်း​မာ သည်​မ​ကျန်း​မာ​သည်​ကို​စုံ​စမ်း​ပြီး​လျှင် သူ​တို့​ကျန်း​မာ​စွာ​ရှိ​ကြောင်း​သက်​သေ​တစ် ခု​ခု​ကို​ယူ​ခဲ့​လော့။-
19 BaloSawuli kanye labantu bonke bako-Israyeli eSigodini sase-Ela, besilwa lamaFilistiya.”
၁၉ရှော​လု​မင်း​မှ​စ​၍​သင့်​အစ်​ကို​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဧ​လာ​ချိုင့်​ဝှမ်း တွင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တိုက်​ပွဲ​ဝင်​လျက် ရှိ​နေ​ကြ​၏'' ဟု​ဆို​၏။
20 Ekuseni kakhulu uDavida watshiya umhlambi wezimvu ulomelusi, wathwala umthwalo wasuka wahamba, njengokulaya kukaJese. Wafika ezihonqweni ibutho liphuma ukuba liye ezindaweni zalo zempi, limemeza isaga sempi.
၂၀ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော​ထ ၍ သိုး​တို့​ကို​အ​ခြား​လူ​တစ်​ယောက်​လက်​တွင် အပ်​ပြီး​နောက် အ​စား​အ​စာ​များ​ကို​ယူ​ကာ ယေ​ရှဲ​မှာ​ကြား​သည့်​အ​တိုင်း​ထွက်​ခွာ​သွား လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် ဖိလိတ္တိ​အ​မျိုး​သား​တို့​စစ်​တိုက်​ရန် ကြွေး​ကြော်​ကာ စစ်​မြေ​ပြင်​သို့​ထွက်​ခွာ​လာ ချိန်​၌​ရောက်​ရှိ​လာ​၏။-
21 U-Israyeli lamaFilistiya babedweba imikhandlu yabo bekhangelene.
၂၁ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် မျက်​နှာ ချင်း​ဆိုင်​နေ​ရာ​ယူ​ကြ​၏။-
22 UDavida watshiya izinto zakhe kumgcini wezimpahla, wagijimela emaviyweni empi wayabingelela abanewabo.
၂၂ဒါ​ဝိဒ်​သည်​မိမိ​ယူ​ဆောင်​လာ​သည့်​အ​စား​အ​စာ များ​ကို ရိက္ခာ​တာ​ဝန်​ခံ​ထံ​တွင်​အပ်​ထား​၍​စစ် မြေ​ပြင်​သို့​ပြေး​သွား​၏။ ထို​နောက်​မိ​မိ​၏ အစ်​ကို​များ​ထံ​သွား​ရောက်​နှုတ်​ဆက်​၏။-
23 Esabakhulumisa, uGoliyathi, iqhawe lamaFilistiya elaseGathi, waphuma kuviyo lakhe, wamemezela ukweyisa kwakhe kwenjayelo, loDavida wakuzwa.
၂၃ယင်း​သို့​သူ​တို့​နှင့်​စ​ကား​ပြော​နေ​ချိန်​၌ ဂေါ​လျတ်​သည် ရှေ့​သို့​ထွက်​လာ​ပြီး​လျှင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​နှင့်​တစ်​ဦး ချင်း​စစ်​ထိုး​ရန်​ယ​ခင်​က​နည်း​တူ​စိန်​ခေါ် လေ​သည်။ ထို​စိန်​ခေါ်​သံ​ကို​ဒါ​ဝိဒ်​ကြား​၏။-
24 Kwathi abako-Israyeli bebona umuntu lowo, bonke bambalekela ngokwesaba okukhulu.
၂၄ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဂေါ​လျတ် ကို​မြင်​လျှင်​ကြောက်​၍​ထွက်​ပြေး​ကြ​၏။-
25 Abako-Israyeli babekade besithi, “Liyambona yini umuntu lo ukuthi uqhubeka njani elokhu ephuma? Uyaphuma ukuba eyise u-Israyeli. Inkosi izamnika inotho enengi umuntu ozambulala. Izamnika lendodakazi yayo ukuba ayithathe, ikhulule labendlu kayise emithelweni ko-Israyeli.”
၂၅``သူ့​အား​ကြည့်​ကြ​လော့။ သူ​ကြိမ်း​ဝါး​သည် ကို​လည်း​နား​ထောင်​ကြ​လော့။ ရှော​လု​မင်း သည်​ထို​သူ့​ကို​သတ်​ဖြတ်​နိုင်​သူ​အား​ဆု တော်​လာဘ်​တော်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ ပြု​ထား​၏။ မင်း​ကြီး​သည်​ထို​သူ​အား သ​မီး တော်​နှင့်​လည်း​ထိမ်း​မြား​စုံ​ဖက်​တော်​မူ​ပါ လိမ့်​မည်။ ထို့​ပြင်​သူ့​ဖ​ခင်​၏​အိမ်​ထောင်​စု​ကို အ​ခွန်​တော်​များ​လွတ်​ငြိမ်း​ခွင့်​ပြု​တော်​မူ လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​နေ ကြ​၏။
26 UDavida wabuza indoda eyayimi phansi kwakhe wathi, “Kuyini okuzakwenzelwa umuntu obulala umFilistiya lo asuse lehlazo leli ku-Israyeli na? Ungubani umFilistiya lo ongasokanga oweyisa amabutho kaNkulunkulu ophilayo na?”
၂၆ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-
27 Bakutsho futhi kuye ababekade bemtshela khona bathi, “Nanku okuzakwenzelwa umuntu ombulalayo.”
၂၇သူ​တို့​က​လည်း​ဂေါ​လျတ်​ကို​သတ်​နိုင်​သူ သည် မည်​သည့်​အ​ကျိုး​ခံ​စား​ရ​မည်​ကို ဒါ​ဝိဒ်​အား​ပြော​ကြ​၏။
28 Kwathi lapho u-Eliyabi, umnewabo omdala kaDavida, emuzwa ekhuluma lalawomadoda, wamthukuthelela kakhulu wambuza wathi, “Uzefunani lapha na? Njalo izimvu leziyana ezilutshwane uzitshiye lobani enkangala na? Ngiyakwazi ukuthi uzikhukhumeza njani kanye lokuthi inhliziyo yakho imbi kanjani, ulande ukuzabona impi nje kuphela.”
၂၈ထို​သူ​တို့​နှင့်​ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို အစ်​ကို​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် အ​မျက် ထွက်​၍``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ် သို့​လာ​သ​နည်း။ တော​ကန္တာ​ရ​တွင်​သိုး​များ ကို​အ​ဘယ်​သူ​ထိန်း​ကျောင်း​လျက်​နေ​ပါ သ​နည်း။ သင်​၏​စိတ်​နေ​မြင့်​မှု၊ ဆိုး​ညစ်​ယုတ် မာ​မှု​ကို​ငါ​သိ​၏။ သင်​သည်​စစ်​ပွဲ​ကြည့် ရန်​လာ​ရောက်​ခြင်း​သာ​ဖြစ်​၏'' ဟု​ဆို​၏။
29 UDavida wathi, “Manje sengenzeni kanti? Angivunyelwa yini ukukhuluma?”
၂၉ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း။ မေး​ခွန်း​တစ်​ခု​ကို​မျှ​မေး နိုင်​ခွင့်​မ​ရှိ​ပါ​သ​လော'' ဟု​ဆို​၍၊-
30 Emva kwalokho waphendukela komunye, watsho lutho lunye, umuntu lowo wamphendula njengakuqala.
၃၀အ​ခြား​သူ​တို့​ဘက်​သို့​လှည့်​ပြီး​လျှင် ယ​ခင် ကဲ့​သို့​မေး​မြန်း​ပြီး​လျှင်​ရှေး​နည်း​တူ​ပြန် ပြော​ကြ​၏။
31 Okwakutshiwo nguDavida kwazwakala njalo kwabikwa kuSawuli, uSawuli wathi kabizwe.
၃၁လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​ပြော​ဆို​သော​စ​ကား ကို​ကြား​၍ ရှော​လု​အား​သံ​တော်​ဦး​တင်​ကြ သော​အ​ခါ​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​တော် မူ​၏။-
32 UDavida wathi kuSawuli, “Akungabi lomuntu ophelelwa lithemba ngenxa yomFilistiya lo; inceku yakho izakuyakulwa laye.”
၃၂ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ ဤ​ဖိ​လိတ္တိ​အ​မျိုး သား​အား အ​ဘယ်​သူ​မျှ​မ​ကြောက်​သင့်​ပါ။ အ​ကျွန်ုပ်​သည်​သွား​၍​သူ​နှင့်​စစ်​ထိုး​ပါ​မည်'' ဟု​ရှော​လု​အား​လျှောက်​၏။
33 USawuli waphendula wathi, “Kawanelisi ukuyamelana lomFilistiya lo ulwe laye; wena ungumfana nje, yena kade waba ngumuntu wokulwa kusukela ebutsheni bakhe.”
၃၃ရှော​လု​က``အ​ဘယ်​သို့​လျှင်​သင်​သည်​သူ​နှင့် စစ်​ထိုး​နိုင်​ပါ​မည်​နည်း။ သင်​သည်​သူ​ငယ်​မျှ သာ​ရှိ​သေး​၏။ ထို​သူ​မူ​ကား​တစ်​သက်​လုံး စစ်​သူ​ရဲ​လုပ်​ခဲ့​သူ​ဖြစ်​၏'' ဟု​ဆို​သော်၊
34 Kodwa uDavida wathi kuSawuli, “Inceku yakho yayiselusa izimvu zikayise. Kwathi kufike isilwane kumbe ibhele lajwamula imvu emhlambini,
၃၄ဒါ​ဝိဒ်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် ဖ​ခင်​၏​သိုး​များ​ကို​ထိန်း​ကျောင်း​ရ​သူ ဖြစ်​ပါ​၏။ သိုး​တစ်​ကောင်​ကို​ခြင်္သေ့​သော် လည်း​ကောင်း၊ ဝက်​ဝံ​သော်​လည်း​ကောင်း ကိုက်​ချီ​သွား​ပါ​လျှင်၊-
35 ngalilandela, ngalitshaya ngahlenga imvu emlonyeni walo. Lathi liyangihlasela ngalidumela ngoboya balo, ngalitshaya ngalibulala.
၃၅အ​ကျွန်ုပ်​သည်​ထို​သား​ရဲ​ကို​လိုက်​လံ​တိုက်​ခိုက် ကာ သိုး​ငယ်​ကို​ကယ်​ဆယ်​ပါ​၏။ အ​ကယ်​၍​ခြင်္သေ့ သို့​မ​ဟုတ်​ဝက်​ဝံ​သည် အ​ကျွန်ုပ်​ကို​လှည့်​၍​ကိုက် ခဲ့​သော်​အ​ကျွန်ုပ်​သည်​သူ​၏​လည်​မြို​ကို​ကိုင်​၍ ရိုက်​သတ်​ပါ​၏။-
36 Inceku yakho seyabulala kokubili isilwane lebhele; umFilistiya lo ongasokanga uzakuba njengokunye kwakho, ngoba weyise amabutho kaNkulunkulu ophilayo.
၃၆အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-
37 Uthixo owangikhululayo enzitsheni zesilwane lasenzitsheni zebhele uzangikhulula esandleni somFilistiya lo.” USawuli wathi kuDavida, “Hamba, uThixo kabe lawe.”
၃၇ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား​ခြင်္သေ့ ဘေး၊ ဝက်​ဝံ​ဘေး​မှ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား ဤ​ဖိ​လိတ္တိ အ​မျိုး​သား​၏​လက်​မှ​လည်း​ကယ်​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ ရှော​လု​က``ကောင်း​ပြီ၊ သွား​လော့။ ထာ​ဝ​ရ ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော'' ဟု​ဆို​ကာ၊-
38 Emva kwalokho uSawuli wagqokisa uDavida ibhatshi lakhe. Wamgqokisa lesivikelo sensimbi kanye lengowane yethusi ekhanda lakhe.
၃၈မိ​မိ​ကိုယ်​ပိုင်​လက်​နက်​စုံ​ကို​ဒါ​ဝိဒ်​အား တပ်​ဆင်​ပေး​၏။ ကြေး​ဝါ​ခ​မောက်​ကို​ဆောင်း ပေး​ပြီး​လျှင်​သံ​ချပ်​အင်္ကျီ​ကို​ဝတ်​ဆင်​စေ တော်​မူ​၏။-
39 UDavida wabophela inkemba yakhe phezu kwesembatho setshunika wazama ukuhambahamba, ngoba wayengazejwayelanga. Wathi kuSawuli, “Angingeke ngihambe ngigqoke lokhu, ngoba angikwejwayelanga.” Ngakho wakukhupha.
၃၉ဒါ​ဝိဒ်​သည်​သံ​ချပ်​အင်္ကျီ​အ​ပေါ်​တွင် ရှော​လု ၏​ဋ္ဌား​ကို​ချိတ်​ဆွဲ​ကာ​လမ်း​လျှောက်​ကြည့်​၏။ သို့​ရာ​တွင်​သံ​ချပ်​အင်္ကျီ​ဝတ်​ကျင့်​မ​ရှိ​သ​ဖြင့် သူ​သည်​လမ်း​လျှောက်​၍​မ​ရ။ ထို့​ကြောင့်​ရှော​လု အား``အ​ကျွန်ုပ်​သည်​ဤ​တန်​ဆာ​မျိုး​ကို​ဝတ် ကျင့်​မ​ရှိ​ပါ'' ဟု​လျှောက်​ပြီး​လျှင်​ချွတ် လိုက်​၏။-
40 Emva kwalokho wathatha umqwayi wakhe, wakhetha amatshe abutshelezi amahlanu esifuleni. Wawabeka esikhwameni somxhaka wakhe wokwelusa, njalo ephethe isavutha wamlanda umFilistiya.
၄၀သူ​သည်​မိ​မိ​၏​သိုး​ထိန်း​တောင်​ဝှေး​ကို​ယူ​၍ စမ်း​ချောင်း​ထဲ​မှ​ကျောက်​ခဲ​ငါး​လုံး​ကို​ကောက် ယူ​ကာ​လွယ်​အိတ်​ထဲ​သို့​ထည့်​လိုက်​၏။ ထို​နောက် လောက်​လွှဲ​ကို​အ​သင့်​ကိုင်​၍ ဂေါ​လျတ်​နှင့် တွေ့​ဆုံ​ရန်​ထွက်​သွား​လေ​သည်။
41 Ngasikhathi sinye, umFilistiya, umthwali wehawu lakhe ephambi kwakhe, wayelokhu esondela eduze kukaDavida.
၄၁ဂေါ​လျတ်​သည်​မိ​မိ​၏​ဒိုင်း​လွှား​ကိုင်​ဆောင် သူ​၏​နောက်​မှ​နေ​၍ ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း ကပ်​လာ​၏။-
42 Wamkhangela uDavida wabona ukuthi wayengumfana nje, ebomvana emuhle, wameyisa.
၄၂သူ​သည်​ဒါ​ဝိဒ်​ကို​သေ​ချာ​စွာ​ကြည့်​သော အ​ခါ ဒါ​ဝိဒ်​ကား​ရှု​ချင်​ဖွယ်​ကောင်း​သည့် သူ​ငယ်​တစ်​ယောက်​မျှ​သာ​ဖြစ်​သည်​ကို​တွေ့ ရှိ​ရ​သော​ကြောင့် သူ့​အား​မ​ထီ​လေး​စား​ပြု လေ​သည်။-
43 Wasesithi kuDavida, “Kanti ngiyinja yini, usiza kimi uphethe izinti?” UmFilistiya waqalekisa uDavida ngabonkulunkulu bakibo.
၄၃သူ​က​ဒါ​ဝိဒ်​အား``တောင်​ဝှေး​နှင့်​အ​ဘယ်​ကြောင့် လာ​ပါ​သ​နည်း။ ငါ့​အား​ခွေး​ထင်​မှတ်​သ​လော'' ဟု​ဆို​ပြီး​လျှင်​မိ​မိ​၏​ဘု​ရား​ကို​တိုင်​တည်​၍ ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လေ​သည်။-
44 Wathi, “Woza lapha, ngizanika izinyoni zasemoyeni lezinyamazana zeganga inyama yakho!”
၄၄ထို​နောက်``လာ​ခဲ့​လော့။ ငါ​သည်​သင့်​အ​သား ကို​ငှက်​များ​နှင့်​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​စေ​အံ့'' ဟု​ဆို​၏။
45 UDavida wathi kumFilistiya, “Wena uzemelana lami ngenkemba lomkhonto kanye lomdikadika, kodwa mina ngizemelana lawe ngebizo likaThixo uSomandla, uNkulunkulu wamabutho ka-Israyeli wena omeyisayo.
၄၅ဒါ​ဝိဒ်​က``သင်​သည်​ဋ္ဌား၊ ပစ်​လှံ၊ ထိုး​လှံ​တို့​နှင့် သာ​လာ​၏။ ငါ​မူ​ကား​သင်​အံ​တု​သည့်​ဣ​သ​ရေ လ​စစ်​သည်​တော်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် နှင့်​လာ​၏။-
46 Lamhla uThixo uzakunikela kimi, ngizakulahla phansi ngiqume ikhanda lakho. Lamhlanje izinyoni zasemoyeni lezinyamazana zasemhlabeni ngizazinika izidumbu zebutho lamaFilistiya, njalo umhlaba wonke uzakwazi ukuthi kuloNkulunkulu ko-Israyeli.
၄၆ယ​နေ့​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား ငါ​၏​လက်​တွင်​အပ်​နှင်း​တော်​မူ​လိမ့်​မည်။ ငါ သည်​သင့်​ကို​နှိမ်​နင်း​၍​သင်​၏​ဦး​ခေါင်း​ကို ဖြတ်​ပစ်​မည်။ ဖိ​လိတ္တိ​တပ်​သား​တို့​၏​အ​သေ ကောင်​များ​ကို​ငှက်​များ၊ သား​ရဲ​တိရစ္ဆာန်​များ ၏​အ​စာ​ဖြစ်​စေ​မည်။ ထို​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင် ဘု​ရား​ရှိ​တော်​မူ​ကြောင်း တစ်​ကမ္ဘာ​လုံး​သိ​ကြ​လိမ့်​မည်။-
47 Bonke labo ababuthene lapha bazakwazi ukuthi uThixo kahlengi ngenkemba loba ngomkhonto, ngoba impi ngekaThixo, njalo lonke uzalinikela ezandleni zethu.”
၄၇ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ် တင်​ရန်​အ​တွက် ဋ္ဌား၊ လှံ​လက်​နက်​များ​ကို​အ​သုံး ပြု​တော်​မူ​ရန်​မ​လို​ကြောင်း​ကို​လည်း ဤ​အ​ရပ် တွင်​ရှိ​သ​မျှ​သော​လူ​တို့​တွေ့​မြင်​ရ​ကြ​လိမ့် မည်။ ကိုယ်​တော်​သည်​စစ်​မက်​ရေး​ရာ​ကို​ပိုင် တော်​မူ​သ​ဖြင့် သင်​တို့​အား​လုံး​ကို​ငါ​တို့ လက်​သို့​အပ်​နှင်း​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
48 Kwathi umFilistiya esondela eduze ukuba amhlasele, uDavida ngokuphangisa wagijimela phambili endaweni yokulwela ukuba amhlangabeze.
၄၈ဂေါ​လျတ်​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​တစ်​ဖန်​ချဉ်း​ကပ် လာ​၏။ ဒါ​ဝိဒ်​သည်​သူ​နှင့်​စစ်​ထိုး​ရန်​ဖိ​လိတ္တိ တပ်​ဦး​သို့​အ​လျင်​အ​မြန်​ပြေး​၍၊-
49 UDavida wangenisa isandla sakhe emxhakeni wakhe wathatha ilitshe, waliphosa ngesavutha latshaya umFilistiya ebunzini. Ilitshe latshona ebunzini lakhe, wawela phansi ngobuso.
၄၉မိ​မိ​လွယ်​အိတ်​မှ​ကျောက်​ခဲ​တစ်​လုံး​ကို​နှိုက်​ယူ ပြီး​လျှင် လောက်​လွှဲ​နှင့်​ဂေါ​လျတ်​အား​ပစ်​လိုက်​၏။ ကျောက်​ခဲ​သည်​ဂေါ​လျတ်​၏​န​ဖူး​ကို​ထိ​မှန်​၍ န​ဖူး​ပေါက်​သ​ဖြင့်​ဂေါ​လျတ်​သည်​မြေ​ပေါ်​သို့ ငိုက်​စိုက်​လဲ​ကျ​သွား​တော့​၏။-
50 UDavida wamnqoba kanjalo umFilistiya ngesavutha langelitshe; engelankemba esandleni sakhe wamlahla phansi umFilistiya wambulala.
၅၀ဤ​ကဲ့​သို့​ဒါ​ဝိဒ်​သည်​ဋ္ဌား​မ​ပါ​ဘဲ လောက်​လွှဲ​နှင့် ကျောက်​ခဲ​တစ်​လုံး​ဖြင့်​ဂေါ​လျတ်​အား​သေ လောက်​သည့်​ဒဏ်​ရာ​ရ​စေ​လျက်​နှိမ်​နင်း​လိုက် သ​တည်း။-
51 UDavida wagijima wema phezu kwakhe. Wabamba inkemba yomFilistiya wayihwatsha esikhwameni sayo. Esembulele, waquma ikhanda lakhe ngenkemba. Kwathi amaFilistiya ebona ukuthi iqhawe lawo laselifile, aphenduka abaleka.
၅၁သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-
52 Lapho-ke abantu bako-Israyeli labakoJuda balangathela besiya phambili bememeza, baxotshana lamaFilistiya baze bayafika entubeni lasemasangweni ase-Ekroni. Abafileyo bakibo babegcwele emgwaqweni waseShaharayimu kusiya eGathi lase-Ekroni.
၅၂ဣ​သ​ရေ​လ​နှင့်​ယု​ဒ​တပ်​သား​များ​သည်​လည်း အော်​သံ​ပေး​ကာ​ဂါ​သ​မြို့​နှင့် ဧ​ကြုန်​မြို့​တံ​ခါး​များ​တိုင်​အောင်​သူ​တို့​အား လိုက်​လံ​တိုက်​ခိုက်​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ဒဏ်​ရာ​ရ​၍ ဂါ​သ​မြို့​နှင့်​ဧ​ကြုန်​မြို့ တိုင်​အောင်​ရှာ​ရိမ်​လမ်း​တစ်​လျှောက်​လုံး​၌ ကျ​ဆုံး​ကြ​ကုန်​၏။-
53 Kwathi abako-Israyeli sebephendukile ekuxotsheni amaFilistiya, baphanga izihonqo zawo.
၅၃ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​လံ တိုက်​ခိုက်​ရာ​မှ​ပြန်​လာ​ကြ​ပြီး​နောက် ဖိ​လိတ္တိ တပ်​စ​ခန်း​ကို​ဝင်​ရောက်​လု​ယက်​ကြ​လေ​သည်။-
54 UDavida wathatha ikhanda lomFilistiya, walisa eJerusalema, wabeka izikhali zomFilistiya ethenteni lakhe.
၅၄ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏​ဦး​ခေါင်း​ကို​ယူ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​သွား​၏။ ဂေါ လျတ်​၏​လက်​နက်​များ​ကို​မူ​မိ​မိ​၏​တပ် စ​ခန်း​တွင်​သိမ်း​ဆည်း​ထား​၏။
55 Kwathi uSawuli ekhangele uDavida esiyahlangana lomFilistiya, wathi ku-Abhineri, umlawuli webutho, “Abhineri, ijaha leliyana liyindodana kabani na?” U-Abhineri waphendula wathi, “Ngeqiniso elinjengoba uphila, nkosi, angazi.”
၅၅ဂေါ​လျတ်​နှင့်​စစ်​ထိုး​ရန် ဒါ​ဝိဒ်​ထွက်​သွား​သည် ကို​ရှော​လု​မြင်​သော​အ​ခါ ဗိုလ်​ချုပ်​အာ​ဗ​နာ အား``အာ​ဗ​နာ၊ ထို​သူ​ငယ်​ကား​အ​ဘယ်​သူ နည်း'' ဟု​မေး​တော်​မူ​၏။ အာ​ဗ​နာ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​လျှောက်​၏။
56 Inkosi yasisithi, “Buza ukuthi ijaha leli liyindodana kabani.”
၅၆ရှော​လု​က``မ​သိ​လျှင်​သွား​၍​စုံ​စမ်း​လော့'' ဟု မိန့်​တော်​မူ​၏။
57 Kwathi khonokho nje uDavida esevela ekubulaleni umFilistiya, u-Abhineri wamthatha wamusa kuSawuli, uDavida elokhu ephethe ikhanda lomFilistiya.
၅၇ထို့​ကြောင့်​ဂေါ​လျတ်​ကို​ဒါ​ဝိဒ်​သတ်​ပြီး​နောက် တပ်​စ​ခန်း​သို့​ပြန်​လာ​သော​အ​ခါ​အာ​ဗ​နာ သည်​သူ့​ကို​ခေါ်​၍ ရှော​လု​၏​ရှေ့​တော်​သို့​သွင်း လေ​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏ ဦး​ခေါင်း​ကို​ကိုင်​ဆောင်​လျက်​ပင်​ရှိ​သေး​၏။-
58 USawuli wambuza wathi, “Uyindodana kabani, jaha?” UDavida wathi, “Ngiyindodana yenceku yakho uJese waseBhethilehema.”
၅၈ရှော​လု​က``အ​ချင်း​လူ​ငယ်၊ သင်​ကား​အ​ဘယ် သူ​၏​သား​နည်း'' ဟု​မေး​တော်​မူ​လျှင်၊ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​စေ​ခံ၊ ဗက်​လင်​မြို့​သား​ယေ​ရှဲ​၏​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

< 1 USamuyeli 17 >