< 1 USamuyeli 12 >
1 USamuyeli wathi kubo bonke abako-Israyeli, “Ngikuzwile konke elikukhulumileyo kimi njalo sengilibekele inkosi.
၁ထိုနောက်ရှမွေလသည် ဣသရေလအမျိုး သားတို့အား``ငါသည်သင်တို့တောင်းဆို သည့်အတိုင်းသင်တို့အားဘုရင်ကိုခန့် အပ်ပေးသဖြင့်၊-
2 Khathesi selilenkosi engumkhokheli wenu. Mina sengiluphele lenwele sezimpunga, lamadodana ami lilawo khonapha. Kade ngingumkhokheli wenu kusukela ebutsheni bami kuze kube lamhla.
၂ယခုသင်တို့သည်ခေါင်းဆောင်ကိုရရှိကြ လေပြီ။ ငါမူကားအသက်အရွယ်အိုမင်း ၍ဆံပင်ဖြူလျက်ရှိ၏။ ငါ၏သားများ သည်လည်းသင်တို့နှင့်အတူရှိနေကြ၏။ ငါသည်အသက်ငယ်စဉ်မှအစပြု၍ သင်တို့အားဦးစီးခေါင်းဆောင်ပြုခဲ့၏။-
3 Ngikhonapha. Fakazani okubi ngami phambi kukaThixo logcotshiweyo wakhe. Ngubani engake ngathatha inkabi yakhe na? Ngubani engake ngathatha ubabhemi wakhe na? Ngubani engake ngamqilibezela? Ngubani engake ngamncindezela na? Kukwezikabani izandla engake ngamukela isivalamlomo ukuba ngivale amehlo ami na? Nxa ngake ngenza okunye kwalokhu, ngizakubuyisela.”
၃ယခုငါရှိနေသေးစဉ်အကယ်၍ငါ့မှာ အပြစ်တစ်စုံတစ်ရာရှိပါက ဘုရားသခင် ၏ရှေ့တော်တွင်လည်းကောင်း၊ ကိုယ်တော်ဘိ သိက်ပေးတော်မူသည့်ဘုရင်၏ရှေ့တွင်လည်း ကောင်း သင်တို့သည်ယခုငါ့အားစွပ်စွဲဖော် ပြကြလော့။ ငါသည်အဘယ်သူ၏နွားကို ယူဖူးပါသနည်း။ အဘယ်သူ၏မြည်းကို မတရားသိမ်းယူဖူးပါသနည်း။ ငါသည် လူတစ်စုံတစ်ယောက်အားလိမ်လည်လှည့် စားမှုကိုသော်လည်းကောင်း၊ ညှင်းဆဲနှိပ် စက်မှုကိုသော်လည်းကောင်းပြုခဲ့ဖူးပါ သလော။ တံစိုးလက်ဆောင်ယူဖူးပါသ လော။ ဤအမှုတစ်ခုခုကိုပြုမိခဲ့သော် ငါသည်မိမိယူမိသည့်အရာကိုပြန် ၍ပေးလျော်ပါအံ့'' ဟုဆို၏။
4 Baphendula bathi, “Kawuzange usiqilibezele loba usincindezele. Kawuthathanga lutho esandleni somuntu.”
၄လူတို့က``အရှင်သည်အကျွန်ုပ်တို့အားလိမ် လည်လှည့်စားမှုကိုသော်လည်းကောင်း၊ ညှဉ်း ဆဲနှိပ်စက်မှုကိုသော်လည်းကောင်းမပြုခဲ့ ပါ။ မည်သူ၏ပစ္စည်းဥစ္စာကိုမျှလည်းမယူ ခဲ့ဖူးပါ'' ဟုလျှောက်ကြ၏။
5 USamuyeli wasesithi kubo, “Uthixo ungufakazi umelane lani, logcotshiweyo wakhe ungufakazi ngalelilanga, ukuthi kalitholanga lutho esandleni sami.” Bona bathi, “Yena ungufakazi.”
၅ရှမွေလက``ငါ၌လုံးဝအပြစ်မရှိကြောင်း သင်တို့တွေ့ရှိချက်ကိုထာဝရဘုရား သက်သေဖြစ်တော်မူ၏။ ကိုယ်တော်ဘိသိက် ပေးတော်မူသောဘုရင်သည်လည်းသက်သေ ဖြစ်တော်မူ၏'' ဟုဆိုလျှင်၊ လူတို့က``မှန်ပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏သက်သေဖြစ်တော်မူပါ သည်'' ဟုဆိုကြ၏။
6 USamuyeli wasesithi ebantwini, “NguThixo owakhetha uMosi lo-Aroni wakhupha oyihlomkhulu eGibhithe.
၆ရှမွေလသည်ဆက်လက်၍``မောရှေနှင့်အာရုန် တို့ကိုရွေးချယ်တော်မူသောသင်တို့၏ဘိုး ဘေးများအား အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောအရှင်ကားထာဝရ ဘုရားပင်ဖြစ်၏။-
7 Khathesi-ke, manini khonapha, ngoba ngizamelana lani ngobufakazi phambi kukaThixo ngazozonke izenzo ezilungileyo uThixo owazenzela lina laboyihlo.
၇သင်တို့သည်ယခုထ၍ရပ်ကြလော့။ ထာဝရ ဘုရား၏ရှေ့တော်တွင်သင်တို့ကိုငါပြစ်တင် စွပ်စွဲမည်။ ကိုယ်တော်သည်သင်တို့နှင့်ဘိုးဘေး တို့အား မဟာအမှုတော်များအားဖြင့်ကယ် ဆယ်တော်မူခဲ့ပုံကိုသတိရကြလော့။-
8 Emva kokuba uJakhobe esefikile eGibhithe, bakhalela usizo kuThixo, uThixo wasethuma uMosi lo-Aroni, abakhupha okhokho benu eGibhithe bazabahlalisa kule indawo.
၈ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-
9 Kodwa bamkhohlwa uThixo uNkulunkulu wabo; ngakho wabanikela esandleni sikaSisera, umlawuli webutho laseHazori, lasezandleni zamaFilistiya kanye lasenkosini yamaMowabi, balwa labo.
၉သို့ရာတွင်လူတို့သည်မိမိတို့အရှင်ထာ ဝရဘုရားအားမေ့လျော့သွားကြသဖြင့် ကိုယ်တော်သည်ဖိလိတ္တိအမျိုးသားများ အားလည်းကောင်း၊ မောဘဘုရင်နှင့်ဟာဇော် တပ်မှူးသိသရအားလည်းကောင်းသူတို့ ကိုတိုက်ခိုက်နှိမ်နင်းခွင့်ပြုတော်မူ၏။-
10 Bakhala kuThixo bathi, ‘Sonile, simdelile uThixo sakhonza oBhali labo-Ashithorethi. Kodwa khathesi ake usikhulule ezandleni zezitha zethu, sizakukhonza.’
၁၀ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
11 Lapho-ke uThixo wathuma uJerubhi-Bhali, loBhedani, loJeftha kanye loSamuyeli, walikhulula ezandleni zezitha zenu inxa zonke, yikho lahlala livikelekile.
၁၁ထို့ကြောင့်ထာဝရဘုရားသည်ဂိဒေါင်၊ ထို နောက်ဗာရက်၊ ထိုနောက်ယေဖသ၊ နောက်ဆုံး ၌ငါ့အားစေလွှတ်တော်မူ၏။ ငါတို့အသီး သီးသည်သင်တို့အားရန်သူများလက်မှ ကယ်ခဲ့ကြသဖြင့် သင်တို့သည်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြ၏။-
12 Kodwa kwathi lapho libona ukuthi uNahashi inkosi yama-Amoni wayesizalihlasela, lathi kimi, ‘Hatshi, sifuna inkosi yokusibusa,’ lanxa uThixo uNkulunkulu wenu wayeyinkosi yenu.
၁၂သို့ရာတွင်သင်တို့အားအမ္မုန်ဘုရင်နာဟတ် ကတိုက်ခိုက်မည်ပြုသောအခါ သင်တို့သည် ထာဝရဘုရားအားဘုရင်အဖြစ်မှပစ် ပယ်ကာသင်တို့ကိုအုပ်စိုးမည့်ဘုရင်ကို ခန့်ပေးရန်ငါ့ထံတွင်တောင်းဆိုကြ၏။
13 Khathesi nansi inkosi eliyikhethileyo, yona elayicelayo; khangelani, uThixo uselibekele inkosi phezu kwenu.
၁၃``သင်တို့ရွေးချယ်သည့်ဘုရင်သည်ယခုသင် တို့ရှေ့မှောက်တွင်ရှိ၏။ သင်တို့တောင်းဆိုသည့် အတိုင်း ထာဝရဘုရားသည်သူ့ကိုဘုရင် အဖြစ်ချီးမြှောက်တော်မူလေပြီ။-
14 Nxa limesaba uThixo limkhonze njalo limlalele lingahlamukeli imilayo yakhe, njalo nxa lina kanye lenkosi elibusayo lilandela uThixo uNkulunkulu wenu, kuhle!
၁၄သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေစွာဝတ်ပြုကိုးကွယ် လျက် အမိန့်တော်များကိုမလွန်ဆန်ဘဲစကား တော်ကိုလိုက်နာ၍ သင်တို့၏ဘုရင်နှင့်အတူ ကိုယ်တော်၏ကျေးဇူးသစ္စာတော်ကိုစောင့်ထိန်း ကြလျှင်သင်တို့၏ဘဝသာယာလိမ့်မည်။-
15 Kodwa nxa uThixo lingamlaleli, njalo nxa lihlamukela imilayo yakhe, isandla sakhe sizamelana lani, njengoba sasimelane laboyihlo.
၁၅``သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏စကားကိုနားမထောင်ဘဲ အမိန့်တော်ကို လွန်ဆန်ကြပါလျှင် ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရင်အားဆန့်ကျင်ဘက် ပြုတော်မူလိမ့်မည်။-
16 Khathesi-ke manini lithule libone into enkulu uThixo asezayenza phambi kwamehlo enu!
၁၆သို့ဖြစ်၍သင်တို့သည်မိမိတို့ရှိရာအရပ် တွင်ရပ်နေကြလော့။ ထာဝရဘုရားပြ တော်မူမည့်တန်ခိုးတော်ကိုမြင်ရကြ လိမ့်မည်။-
17 Kanti khathesi akusisikhathi sokuvuna ingqoloyi na? Ngizakhuleka kuThixo ukuba athumele umdumo lezulu. Njalo lizabona ukuthi yinto embi njani elayenzayo emehlweni kaThixo lapho licela inkosi.”
၁၇ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။
18 Emva kwalokho uSamuyeli wakhuleka kuThixo, njalo khona mhlalokho uThixo wathumela umdumo lezulu. Ngakho abantu bonke bamesaba uThixo loSamuyeli.
၁၈ရှမွေလသည်ဆုတောင်းပတ္ထနာပြုသဖြင့်ထို နေ့၌ပင်လျှင် ထာဝရဘုရားသည်မိုးကိုထစ် ချုန်းစွာရွာသွန်းစေတော်မူ၏။ ထိုအခါလူ အပေါင်းတို့သည်ထာဝရဘုရားနှင့် ရှမွေလ အားကြောက်လန့်ကြသည်ဖြစ်၍၊-
19 Bonke abantu bathi kuSamuyeli, “Khulekela izinceku zakho kuThixo uNkulunkulu wakho ukuze singafi, ngoba sesengeze kwezinye zonke izono zethu ngobubi bokucela inkosi.”
၁၉ရှမွေလအား``အရှင်၊ အကျွန်ုပ်တို့မသေရလေ အောင် အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ကျွန်ုပ်တို့အဖို့ဆုတောင်းတော်မူပါ။ ကျွန်ုပ်တို့ သည်ရှင်ဘုရင်ကိုတောင်းသောကြောင့်အပြစ် များတို့အပေါ်မှာထပ်ဆင့်၍အပြစ်ကိုပြု မိပါပြီ'' ဟုဆို၏။
20 USamuyeli waphendula wathi, “Lingesabi. Selibenzile bonke lobububi; kodwa lingamfulatheli uThixo; kodwa khonzani uThixo ngezinhliziyo zenu zonke.
၂၀ရှမွေလက``မကြောက်ကြနှင့်။ သင်တို့သည် ဤသို့ဆိုးယုတ်သည့်အမှုကိုပြုခဲ့မိသော် လည်း ထာဝရဘုရားကိုမစွန့်ပယ်ကြနှင့်။ ကိုယ်တော်အားစိတ်နှလုံးအကြွင်းမဲ့ဝတ်ပြု ကိုးကွယ်ကြလော့။-
21 Lingaphendukeli ezithombeni ezingasizi lutho. Zingeke zilenzele lutho, kumbe zilihlenge, ngoba kazilasizo.
၂၁ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။-
22 Ngenxa yebizo lakhe elikhulu uThixo kayikubalahla abantu bakhe, ngoba uThixo wathokoziswa yikulenza libe ngabakhe.
၂၂ထာဝရဘုရားသည်သင်တို့အား မိမိ၏လူမျိုး တော်အဖြစ်ဖြင့်ခန့်ထားတော်မူပြီးဖြစ်၏။ ထို့ ကြောင့်ကိုယ်တော်သည်နာမတော်ကိုထောက်၍ သင်တို့အားစွန့်ပစ်တော်မူလိမ့်မည်မဟုတ်။-
23 Mina-ke kangiyikukwenza ukuthi ngenze isono kuThixo ngokungalikhulekeli. Njalo ngizalifundisa indlela enhle lelungileyo.
၂၃ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-
24 Kodwa mesabeni ngeqiniso uThixo, limkhonze ngobuqotho ngezinhliziyo zenu zonke. Khumbulani izinto ezinkulu alenzela zona.
၂၄ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍စိတ် နှလုံးအကြွင်းမဲ့သစ္စာနှင့်ဝတ်ပြုကြလော့။ သင်တို့သည်ကိုယ်တော်ပြုတော်မူခဲ့သည့်ထူး မြတ်သောအမှုတော်တို့ကိုအောက်မေ့သတိရ ကြလော့။-
25 Kodwa lingaphikelela ukwenza okubi, lina lenkosi yenu lizakhukhulwa.”
၂၅သို့ရာတွင်သင်တို့သည်အပြစ်ကူးမြဲကူး နေကြပါမူ ဘုရင်နှင့်တကွသင်တို့ဆုံးပါး ပျက်စီးရကြလိမ့်မည်'' ဟုလူတို့အားမိန့်ဆို လေ၏။